Ending Part_1

3.7K 80 40
                                        

တီတီ ပလာတာ စားချင်တယ် ဆိုတဲ့တူတော်မောင်တောင်းဆိုမှုကြောင့် အိမ်ချင်မူးတူးနဲ့တပ်ထိပ်ထွက်ပြီး ဝယ်မလို့ ။

ဟာကွာ ...ဂိတ်စောင့်တဲ့ဦးလေးကြီးတွေကလည်း ခုထိတံခါးထမဖွင့်ကြဘူး ဆိုပြီး စောစောစီးစီး ငြီးတွားမိသေး။ ဆိုင်ကယ်ဒေါက်ထောက်ပြီး အပြေးလေးသွားလှပ်ရင်း အုတ်ခုံအဖြူနားမှာ ကာတွန်းဘောင်းဘီစလေး မြင်လိုက်ပါတယ်ဆိုပြီး သွားကြည့်တော့.... အမလေး ....ကျွန်မသူငယ်ချင်းကြီး ဖြစ်နေပါရော။

ဘေးကလက်ဆွဲအိတ်ထုတ်နှင့် လက်ထဲကျစ်ကျစ်ဆုပ်ထားသည့်ကားလက်မှတ်မှာ မျက်ရည်စတို့စွန်းစိုလျက် ။ဒီလောက်ဆို ကောင်းကောင်းသဘောပေါက်သွားပြီ ။
ဝမ်ဝမ်းပုံစံကြည့်ရင်း...ဘယ်လိုမှတင်းထားမရသော မျက်ရည်ကြီးငယ်တို့ကျလာသည် ။ သူသည်လည်းထိုနည်းလည်းကောင်း ။ စိတ်မလန်းလို့ လူကမှိုင်းဖျော့နေတယ် ။

"ဝမ်း... ဘယ်သွားမလို့လဲ ငါ့ကိုထားသွားမလို့လားဟာ ....။''

ပြောရင်းပြေးဖက်တော့ သူ့လိုက်ပို့တဲ့ဦးလေးက အသာလေးရှောင်ပေးတယ်။
ငိုထားတဲ့မျက်လုံးတို့မမြင်အောင် ငိုက်ဆောင်းထားတဲ့လျှာထိုးဦးအုပ်လေး ချွတ်ပြီး----ဆံပင်ပျော့ပျော့ကိုလှန်တင်ရင်း ။

"မငိုပါနဲ့ဟာ ငါအပြီးထွက်သွားတာမှမဟုတ်တာ ။အိမ်ကပြန်ခေါ်ရင်ပြန်လာမှာပါ ။''

သူကိုယ်သူ Fashion Kingလို့တင်စားပြီး ကျော့ကျော့မော့မော့ဝတ်စားတတ်တဲ့သူက ခုတော့ဖြစ်သလို ။ စွပ်ကျယ်ကအဝါဘက်သန်းပြီး  ဝတ်ထားတဲ့အပေါ်ထပ် တံတောင်ဆစ်နေရာကပြဲလို့ပြဲ ။စီးထားတဲ့ဂွင်းထိုးဖော့ဖိနပ်က တပ်ကပေးထားတဲ့ဟာ ။
ဘယ်လောက်ငိုထားသလဲ ကြည့် မျက်စိ နဲ့နှာခေါင်းလုံးလုံးလေးကိုရဲလို့ ။
ထပ်ငိုပစ်လိုက်စမ်းပါဟာ အံကြိတ်ထားတာ နားထင်းသွေးကြောတောင်ထောင်နေတာ နင်ကတကယ်ငါ့သတ်နေတာ ဝမ်ဝမ်း ။

"ငါ့မှာဆိုင်ကယ်ပါတယ် နင့်အဖေဆီ သွားပြောရအောင်ဟာ ။ ကိုယ့်ကိုကိုယ် အဲ့လောက်စိတ်ဒုက္ခမခံပါနဲ့ ဝမ်ဝမ်း ။ငါတောင်းပန်ပါတယ်ဟာ---။အဲ့ဘက်ထိ နင်တစ်ယောက်တည်းသွားရမှာ ငါဘယ်လိုစိတ်ချရမှာလဲ ။ ဆရာသိရင်လည်း မိုးမီးလောင်မှာဟာ တကယ် ။တီနန်း ရောသိလား ဟမ်...ပြောပါအုံး ။''

~ADORE YOU~Where stories live. Discover now