ဝမ်ဝမ်းမှာ အပယ်ခံကလေးလို တစ်ယောက်တည်းကွဲနေသတဲ့ ။ဖုန်းထည့်ဖို့လွယ်ထားတဲ့ ကြိုးရှည်ချည်အိတ်လေးကိုင်ရင်း တစ်လှမ်းချင်း တအိအိဖြင့် ။
"ဝမ်ဝမ်း ။ ချည်ဘောင်းဘီတွေ လာကြည့်။ အိမ်နေရင်းပေါ့ပေါ့ပါးပါးဝတ်ရအောင် ဝယ်ပေးမလို့ ။''
ဟင့်.... စလာပြီ ကိုကြီးက အဲ့ကောင်လေးအပေါ်သိတတ်မှုတွေ။ ယမင်းကလွဲ တခြားသူကိုပေးတဲ့ ကိုကြီးရဲ့ဂရုစိုက်ကြင်နာမှုတွေ အဲ့အရာတွေကို ယမင်းတစ်ယောက်ပဲခံယူချင်တာ ။ကိုကြီး တခြားသူပေါ် သဘောကောင်းအလေးပေးလေ ယမင်းခံပြင်းလေ ။
ဟိုတစ်ခါ ဒီကောင်လေးကြောင့် သူ့သူငယ်ချင်းနဲ့စကားများကတည်းက သူ့ကြည့်မရတော့ပါ ။ကိုကြီးဘုန်းပြည့်နဲ့ တခြားသူနီးနီးကပ်ကပ် တွေ့မြင်ရရင်ကို ယမင်း နည်းနည်းလေးမှ မကြိုက်ပါ။ဘယ်လိုဖြစ်ဖြစ် ကိုကြီးရဲ့ဟန်တွေက ဒီကောင်လေးနဲ့တွေ့ရင် ကြင်နာမူပိုနေတာ အမှန် ။
မိမိထက်လှသော စိုပြေပြေအသားရည် နှုတ်ခမ်းသွေးရဲရဲနဲ့ မျက်နှာမြင် ချစ်ခင်ပါစေဆုပြည့်ထားသူမို့ မနာလိုဝန်တိုမှုတိုးကာ သူတို့ကြားဝင်မိသည် ။"ကိုကြီးကလဲ ဝမ်ဝမ်းဟာအသာထား ။ယမင်းရွေးထားတဲ့ ချည်ဝမ်းဆက်လေးလိုက်ကြည့်ပေးအုံး ။''ဆိုကာ လက်ကိုအတင်းချိတ်၍ နောက်တစ်ဆိုင်သို့ဝင်သွားလေရဲ့။
ဝမ်ဝမ်းမှာ ရှေ့တစ်လှမ်းတိုးလို့ ဆိုင်ထဲဝင်ကြည့်ရုံကြံသေး ဖြတ်ပြောလာသော ယမင်းကြောင့် ခြေလှမ်းတို့မှာ တန့်ကနဲ ရပ်သွားသည် ။
အားလုံးကိုယ့်အာရုံနှင့်ကိုယ် ပွဲဈေးတန်းတွင်ခင်းထားသောပစ္စည်းများအား ငေးမောနေသောကြောင့် ရုတ်ချည်းပျက်သွားသော ဝမ်ဝမ်းမျက်နှာအားမည်သူမျှမမြင်လိုက် ။
"ဦးလေးကြီး... ပွဲဈေးက ဘယ်ထိမှ ဆုံးမှာလဲ ။ကျွန်တော် ညောင်းကိုက်နေပြီ... အိ့...။ဒီနားက ထမင်းဆိုင်တစ်ဆိုင်မှာပဲ တစ်ခုခုစားပြီး နေခဲ့လိုက်တော့မယ် ။''
"အာ... ဖြစ်မလားကွ ။နေအုံး ။
ကဲ...ဝယ်စရာရှိကြသေးလား ။မဟုတ်ရင် ကားဆရာခေါ်ပြီး အထက်စက်တော်ရာတက်တော့မလို့ ။အပေါ်မှာလဲ အသည်တွေအများကြီးပဲ အဲ့ရောက်မှဝယ်မလား ။''