Part_6

2.9K 130 2
                                    

'ဧရာဝတီ မြစ်ကြီးကွေ့ ပြီ်းဖြတ်သန်းစီးဆင်းသွားသော မြစ်ကွေ့ခေါ်မကွေးမြို့ '

ကမ်းပားကိုရိုက်ခတ်နေသော လှိုင်းပုတ်သံသဲ့သဲ့။ဧရာဝတီတံတားပေါ် တစီစီဖြတ်သန်းသွားလာနေသော ယာဉ်အမျိုးမျိုး  နဲ့အေးချမ်းသာယာလှသည့် မကွေးမြို့ ။‌ဆောင်းနံနက်ခင်း လှပမှုသည်မည်သည့် အရာမျှပင်နှိုင်းယဉ်၍မရနိုင်။
ဆောင်းရာသီစဖြစ်သော်လည်း အပူပိုင်းဒေသဖြစ်သည့်အလျောက် အေးချမ်းမှုကိုအနည်းငယ်မျှမခံစားရသေး။ ရာသီနှင့်အပြိုင် ထွန်းနေသောသောင်ပြင်ငယ်ဝယ်။

ကမ်းနားထိုင်ပြီး ပန်းချီသွားဆွဲမလား ။စာအုပ်ထိုင်ဖတ်မလား။ နှစ်ကိုယ်တူနေဝင်ဆည်းဆာ သွားကြည့်မလား။ လေအေးဖြူးဖြူးလေးနဲ့ အပန်းဖြေအနားယူမလား  ။သူငယ်ချင်း တွေနဲ့ သောင်ပြင်အကြော်သွားစားမလား။
နုန်းမြေသဲနုနုပေါ်ဖိနပ်ချွတ်ပြီး ပြေးတန်းလိုက်တန်းကစားမလား။ အို  စုံလို့ချည်ရယ် လည်စရာပတ်စရာ ။နေတတ်ရင်ပျော်စရာကောင်းတဲ့ နယ်မြို့လေး။

"Attention Please ။ကဲကဲ  ကလေးတွေ ခဏ ။
မနက်ဖြန် Freshers Welcome ရှိတယ် အဲ့ဒါ ချယ်တို့ အဓိပတိလမ်းရဲ့တစ်ဖက် ဋ္ဌာနရှေ့ကTheaterကိုနေ့လည် ၁နာရီမထိုးခင်အရောက်လာခဲ့ပေးကြပါ အဲ့ဒါလာပြောတာ။ နောက်တစ်ချိန်ရှိသေးတယ်မလား။ ECသွားခေါ်နေပြီလားဆရာမကို ။ဆက်စောင့်နေကြနော် အတန်းလဲလစ်မနေကြနဲ့''

"စိုင်းခန့် မင်းAmချိန်လာမှာလား ညနေတစ်ချိန်တည်း''

"မင်းကလစ်မလို့လား ငါထက်ထက်နဲ့ညှိလိုက်အုံးမယ်''

"သူ့မပြောလည်းမင်းကလိုက်မရဘူးလား မင်းတို့ကတတွဲတွဲနဲ့ ပြီးတော့သူကစကားအရမ်းများတာ ။ငါဂိမ်းသေချာဆော့မရဘူး  Convo(convocation)နားသွားထိုင်မလို့အဲ့နားကအေးချမ်းပြီးတိတ်ဆိတ်တယ်wifiလည်းရတယ်''

"ဟာ မဟုတ်ဘူးကွ သူ့မပြောပဲလိုက်ရင် ငါ့လာထောင်းမှာ။ ဟိုကဇွတ်သမား ပြီးတော့ အတန်းလစ်ပြီးလျှောက်သွားနေတာလို့ တိုင်‌ပြောရင် ငါသေပြီ ။ ငါ့အဖေ့ကစစ်သားပိုစိတ်ကြီးတယ် ။wifiရရင်နှစ်ခါခေါ်စရာတော့လိုဘူး ။ထက်ထက်တော့ ခေါ်ရမှာ ။ဒီချိန်ပြီးရင်သွားမယ်ကွာ နေအုံး ရဲမင်းသန့်ကိုမခေါ်တော့ဘူးလား တစ်ယောက်ထဲကျန်ရင်ကြောင်နေမှာပေါ့''

~ADORE YOU~Where stories live. Discover now