📲 Good Bye Good Bye!! 이 별를 알았다면 그 토록 사랑하자 말 걸 그랬나 봐요🎼
EXOပါမက iKONပါကြိုက်မိလာသောအခါ
နှစ်ရက်တစ်ခါပြောင်းတတ်သော ကျွန်တော့် ဖုန်း raintone။
လူကသာ အဖြစ်မရှိတာ အဲ့အသည်းကွဲသီချင်းလေးနဲ့ဖီလ်းကောင်းလို့ raintoneပါထားပစ်လိုက်တယ် အေးရော။ဖွင့်မရသောမျက်စိဖြင့် ဟိုစမ်းဒီစမ်း ရှာနေပါသော်လည်း မိမိဖုန်းမှာ ရှာနေသောလက်၏ ဆန့်ကျင်ဘက်၌သာရှိနေ၏။
အား အရေးထဲဆို
''ဟယ်လို''
"ဟယ်လိုကနောက်မှလုပ် ခုထပြီးမျက်နှာသစ်တော့ ညကစောစောအိပ်ဖို့ငါနင့်ပြောထားတယ်နော် ဒီနေ့မနက် ထပြေးဖို့နိုးတာ အန်တီ့လည်းပြောထားပြီးပြီ ''
"အေ သိတယ် အခုမှ ၃ခွဲပဲရှိသေးတာလေ ထက်ထက်ရာ ။''
"နင်ကအခုချိန်လောက်နှိုးမှတော်ကာကြတာ တစ်ခါသွားတိုက်ရင်တစ်လလောက်ကြာတယ် နောက်၁၅မိနစ်နေရင်ငါလာပြီ ဒါဘဲ''
အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ သူငယ်ချင်း သူငယ်ချင်း ပြီးရင် သူ့ဓာတ်ပုံရိုက်ပေးပြီး ပြန်လာရမှာသေချာတယ် ချမ်းပါတယ်ဆိုကွာ ထရအုံးမယ်။
မကွေးဆောင်းကိုအံတုပြီးမနက်၃ခွဲထရသော ဝမ်ဝမ်းလေးပါပဲ။ အုတ်ကန်ထဲကရေက အေးလွန်းတာထက်ပိုနေတော့ ၃မိနစ်ရေနွေးအိုးလေးတည်ရင်းငုတ်တုတ်ငိုက်ကာ စူလာမည့်ရေနွေးကိုထိုင်စောင့်နေရသည်။
အိပ်ရေးမဝသော်လည်း စတိုင်ကျမှ ဝမ်ဝမ်းပီသမည်ဖြစ်သောကြောင့် 😎 ရှမ်းပြည်ကကြီးကြီးပို့ပေးထားတဲ့ဆွယ်တာအဝါနုနုလေးအပေါ် အားကစားအင်္ကျီလေးထပ်ကာ အစင်းနှစ်ကြောင်းဘီနဲ့ အဖြူရောင်Bootsလေးစီးကာ စောင့်နေတော့သည် ။နောက်၁၅မိနစ်ဆိုလာပြီ ပြောပြီး အခုထိပေါ်မလာသေးသော အစ်မတော်ကို အိမ်ရှေ့ဒန်းပေါ်ငိုက်ရင်း စောင့်နေလိုက်သည်။
ဖက်~ဖက်~ဖက်
သြော် ဒီလောက်မှောင်နေတာကို အကြောက်အလန့်မရှိ တစ်ယောက်တည်း ပြေးလာနေတယ်။
"ဟဲ့ ငါရောက်ပြီ''
"နင်ကလည်း ခြေချင်လာမယ်ဆိုလည်းပြောလေ ငါလာခေါ်မှာပေါ့ပြီးတော့ မှောင်နေတာကို ဖုန်းမီးလေးဘာလေးဖွင့်လာလေ''
