[UNICODE] ဖတ်မရရင်ပြောပေးပါအုံး
ပုံမှန်လို အားရပါးရ ပြန်ဖက်ပေးပြီး ချွဲတတ်တဲ့ ဝမ်ဝမ်း ကော ဘယ်ရောက်သွားလဲ ။ကိုယ်ပဲ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းမိလို့လား ဘာအမှားများလုပ်မိလို့လဲ မျက်နှာထားက တင်းခံနေပုံများကလေးရယ် ။လူပြည့်နေတဲ့ လမ်းပေါ်မလို့ ရှက်များသွားတာလား ။
"အာ...Sorry! လမ်းပေါ်ရောက်နေတာ မေ့သွားလို့ ကလေး ။အင်း....လုပ်ပြီ အဖျားရှိပါတယ်ဆို လက်ကရေခဲချောင်းနဲ့ ဘယ်လိုလဲကွာ ဝမ်ဝမ်း ။မှန်း....အင်း.....ချွေးလေးစို့ပြီး ကိုယ်ပူသိပ်မရှိတော့လို့တော်ပါသေး ။စိတ်ပူနေမှာသိရက်နဲ့ မတည့်တဲ့အအေးတွေစားတယ် ဆင်ခြင်ရမယ်လေ ကလေးရဲ့ ။ဆေးထိုးတာကြောက်တယ်လည်းပြောသေး ။ခုချိန်ရောဂါဆန်းဆန်းတွေကခေတ်စားနေတာ ကိုယ်ခံအားနည်းပြီး ဖက်..ဖက်.. ဖြစ်သွားရင်မလွယ်ဘူးကလေး ။လက်ထဲကရေခဲကြီးဆက်စားအုံးမှာလား ?? "
ပြောလို့ စ်ိတ်ကောက်သွားပြီး လက်ထဲကရေခဲချောင်း အမှိုက်တောင်းထဲ ဖက်ကနဲ လွင့်ပစ်ပြီး ။
"အင်း ပြောလို့ပြီးပြီလား ။ကျွန်တော် အပေါ်တက်တော့မယ် ။''
"ဟင်....ဝမ်ဝမ်း ။ကိုယ့်စိတ်ပူစကားတွေကြောင့် စိတ်ရှုပ်သွားတာလား ။''
"မဟုတ်ဘူး ။'' တစ်လုံးနဲ့ ဒုံးတိရပ်ပြီး မျက်နှာသေနဲ့မြေကြီးကိုစိုက်ကြည့်နေသတဲ့ ။
"တစ်ခုခုဖြစ်နေတာသေချာပြီပဲ ။ ကိုယ်တို့အခုခြေနေမှာ ပွင့်လင်းမှုကအဓိကကျနေတယ်ကလေး ။ အဝေးကနေ အလောတကြီးပြန်လာတွေ့ရတာ ခရီးပန်းတာထက် ဝမ်ဝမ်းစိတ်မကြည်တဲ့ပုံမြင်ရတာ ပိုနေရခက်နေတယ် ။ပြောပါကွာ အကြောင်းရင်းတစ်ခုခု ။''
"ကျွန်တော်တို့ ရပ်လိုက်ရအောင် ။ ပင်ပန်းတယ်မလား ။လိုက်မလာပါနဲ့ အပေါ်တက်တော့မယ် ။''
ပြေးထွက်မဲ့သူ၏ လက်ကိုတင်းတင်းဆွဲကာ ...
"ဆုံးရှုံး မခံနိုင်လို့ အမှတ်မရှိတဲ့လူလို့ထင်လည်းရတယ် ။ မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ မထားခဲ့ပါနဲ့ကွာ ။''
လက်ကိုအတင်းပုတ်ချပြီး ထပ်ပြေးဖို့လုပ်တယ် ။ပခုံးကနေ ကိုင်လှည့်ပြီး မျက်နှာချင်းဆိုင်အနေထားပြန်ပြင်ယူကာ လက်နှစ်ဖက်နှင့် ခေါင်းလုံးလုံးကိုထိန်းကိုင်လိုက်သည် ။ကိုယ့်ကို စိတ်တိုနေပုံများကတော့ မျက်လုံးချင်းစုံအောင်တောင်မကြည့် ။
