စာမေးပွဲရဲ့ကိုယ်ပိုင်စာကျက်ရက်တွေကတော့ တွေးရင်းငေးရင်းနဲ့သာ တရွေ့ရွေ့ကုန်ဆုံးနေသည်။
မည်သူနှင့်မျှမတွေ့ချင် ဘာမှပင်မလုပ်ချင် အိပ်ယာပေါ်ခွေခွေလေးသာလဲလျောင်းချင်နေသည်။
ထမင်းစားခေါ်ရင်ထွက်စားတယ်ပြီးရင်အခန်းထဲလော့ချပြီးစာကြည့်တယ် ။
ဂရုစိုက်ခြင်းနဲ့နွေးထွေးမှုတွေကို မလိုအပ်သလိုဟန်ဆောင်ပြီး ဖြတ်တောက်ခဲ့တဲ့ ကျွန်တော်ကတော့ အခန်းငယ်ထဲ ဒဏ်ခတ်ခံနေရသလို ပူဆွေးခြင်းတွေနဲ့သာပြည့်နက်နေတယ်။
ပျင်းသာပျင်းတာ စာကျက်မှဖြစ်မယ် ဆိုတဲ့အတွေးကြောင့် တအိအိကျက်ရင်းမေဂျာဘာသာတွေတောင်ပြတ်ပြီ။ tutoဖြေရင်ခိုးကူးမရတဲ့ တီချယ့် ကျေးဇူးကြောင့် မိုင်နာဘာသာတွေကရပြီ ကျက်ပြီးသားကြီးလေ ပြန်နွေးရမှာ ။ ပေတေပြီးစာမကျက်ပဲအကျခံ ပြီးမနေရဲဘူး ဖေဖေ့ခါးပတ်စာမိမှာကြောက်သည်လေ ။
ဆရာနဲ့ကျွန်တော် ရဲ့အကြောင်းပြန်တွေးမိတိုင်း သက်ပြင်းရှည်ရှည်ကြီး ချနေမိတယ် ။ဒီလိုရှောင်ရုံနဲ့ ကိစ္စကမပြီးသွားသည်ကိုသိသော်လည်း ဆရာ့ကိုဂိုက်မလုပ်ခိုင်းဖို့မေမေနဲ့စစ်ခင်းကတိကဝတ်တွေပေးရ ဆရာ့အိမ်ရှေ့ ကုန်ကုန်ပြောရင် သူတို့ရပ်ကွက်ထိပ်ရှေ့ကိုမဖြတ်ရဲ ။
ကြိုက်လှပါချည်ရဲ့ဆိုတဲ့ siteရှေ့က တွန်းလှည်းအန်တီဆီကအသုပ်လည်းသွားမဝယ်ရဲ ။
ဆရာကတော့ကျွန်တော့်လိုသူရဲဘောမကြောင်ပဲ။ သူ့ပို့နေကြ မုန့်တွေ energy drinkတွေ ပြီးတော့မနက်စာဖို့ စောစောထပြီးဝယ်မှရတဲ့ဆိုင်က ကြက်သားပေါက်စီ အသားပေါင်းနဲ့ လ္ဖက်ရည် ။
ညနေဆို ကိုရီးယားအစားအစာရတဲ့ မီဆိုဆိုင်မှာ Fish cake၊ဂင်မ်ဘတ်နဲ့ တော့ပိုကီ အဲ့လို ပါးစပ်အကျင့်ဖြစ်အောင်လုပ်ပေးသေးတာ ။အအိပ်မက်တဲ့ကျွန်တော်ကတော့ အဲ့မနက်စာမျိုးဆရာပို့ပေးမှစားရတော့တယ် ။ မတွေ့သာမတွေ့ရဲတာ စားစရာရှိတာတော့စားရမည်လေ ။
သေချာပြန်တွေးရင် ဆရာကသိပ်လည်းရင့်ကျက်တယ်။ ယောက်ျား တစ်ယောက်ကိုချစ်နိုင်တာ ကျွန်တော်ချီးကျူးတယ် ယောကျာ်းတိုင်းလုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။
