'ယောက်ျားရေ....ဝမ်ဝမ်းတစ်ယောက်တည်းနေခဲ့တဲ့ နန်းတို့အိမ် ဟုတ်ပါတယ်နော် ။''
"အင်း...သန့်ရှင်းရေးလုပ်ထားတာကလွဲရင် ဟုတ်ပါတယ် ။''
"ပြန်လာမှမေးရအုံးမယ် ။စောနဖုန်းဆက်တော့ ကန်ပြားဝင်နေပြီတဲ့ ခဏနေရောက်လာကြတော့မယ် ။''
ဟိုက်ဂျက်လေး တလိမ့်လိမ့်အိမ်ရှေ့ရောက်လာရော သားငယ်က ကားပေါ်ကနေ တမေမေနဲ့ ခေါ်နေရှာတာ ဒီတောတွင်းတော်တော်လွမ်းနေတယ်ထင်ပါ့တော် ။အထုပ်တွေကူမချပဲ အမေ့အရင်ပြေးဖက်နေတယ် ဘုန်းပြည့်ကတစ်ယောက်တည်းလုပ်လို့ ။သူ့အကိုပေါ် ဆိုးချင်ချင် လုပ်နေတုန်းပဲ ဒီကလေး ။
"မေမေ.....သားလွမ်းနေတာ သိလား။''
"အမလေးဟယ် ။ချွဲ ပြီ မောင်စိုင်းခန့်တို့ကတော့ ။ဖုန်းတောင် ၂ရက်တစ်ခါဆက်လို့လား ။ဒီကဆက်တော့လည်းမကိုင်ဘူး ဘုန်းပြည့်ဆီဆက်မှ စကားပြောရတယ် ။''
"အာ...မေမေ အဲ့ဒါကသားဖုန်းသိပ်မသုံးဘူးဆိုတာ သက်သေပြတာ ။တကယ်လွမ်းတာပါဆို မနမ်းဖြစ်တာကြာတဲ့မေမေ့ပါးလေးရော....မွ ''
"ဟုတ်ပါပြီ...လာ...လာ ဘုန်းပြည့် လည်းကူလိုက်ရအောင် ။''
"ရပြီ အန်တီ သူ့ကျောပိုးအိတ်ရယ် ထမင်းချိုင့်ရယ် ဒါပဲပါတာ ။ဦးကုလားသွားထားနေတယ် ။ ဒါနဲ့ ဦးလေးကော ။''
"သူကတော့ ရောက်ကြောင်းသွားသတင်းပို့ပြီး၂ပတ်လောက်ထားခဲ့တဲ့အလုပ်တွေပြန်လုပ်ဖို့သွားပြီ ။သားတို့ရှေ့လေးတင် ။''
"ဟုတ်ပါ့ ။ဖေဖေ့မျက်နှာမြင်ရခဲတယ် ။မနက်မနိုးခင်သွားပြီ နေ့လယ်ထမင်းစားချိန်နဲ့ ညနေရေပြန်ချိုးချိန်ပဲတွေ့ဖြစ်တယ် ညဆိုလဲရုံး ဖေဖေပြန်လာရင် ကျွန်တော်ကအိပ်နဲ့ ။စကားပြောချိန်ကိုရှားတယ်နော် မေမေ့ ။''
"အင်း...မေ့သားငယ် ခြေထောက်ကဘာဖြစ်လာတာလဲ ။လမ်းလျှောက်တာ ထော့နဲ့ထော့နဲ့ ဖြစ်နေတာ ။''
"အာ...မေမေ့ သားကြွက်တက်လာတာ ရေကူးတုန်း။အဲ့နားလမ်းလျှောက်ရင် အောင့်နေတာ ။ဆရာနဲ့မဆိုင်ဘူးနော်သားဘာသာဖြစ်တာ ။''
မေမေကခြေထောက်ဘာဖြစ်တာလဲမေးတော့ ဆရာ့မှာမျက်စိမျက်နှာပျက်နေတာ ။သူနဲ့မဆိုင်ပါဘူး ကျွန်တော့်ဘာသာဖြစ်တာကို ။ဟိုမှာ ကြွက်တက်တာသိရော' နှိပ်ပေးရမလားဘာလုပ်ပေးရမလဲ တော်ပါသေးတယ် ဘေးနားလူရှိလို့ ကိုယ့်ကြောင့်ပါ အပြင်ထွက်မိလို့ ။နောက်ဒီထက်ပိုဂရုစိုက်ပါ့မယ် ဝမ်ဝမ်းလေးနဲ့' သူများစိတ်ပူတတ်တာလဲလွန်ရော ။
