လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ......
အာ ရက်စက်ပြီကွာ ကလေးရာ
ဘာလို့ဖုန်းပိတ်ထားတာလဲ ဒီလူကအရူးမီးဝိုင်းဖြစ်နေပြီ။မေမေ့သံကြားကြားခြင်းလူကကြောင်သွားတာာ ။ဒီချိန်ကြီးလာမယ်မထင်ဘူး ၄နာရီဆိုတာဒီရာသီနဲ့ဆိုနေမစောင်းသေးပဲပူလွန်းတာကြောင့် ။
ကလေးကsurpriseလုပ်တာ သူလည်းရှော့ပြန်ရသွားလောက်တယ် ။မေမေ့သံကြားတော့ ငူငူကြီးရပ်နေမိသေးတယ် ဟိုဘက်ကဟဲလိုဆိုမှ အသိပြန်ဝင်ပြီး သဘတ်ဆွဲပြီးလိုက်တာ ။
ဟိုကရှက်ပြီးပြေးထွက်သွားတာ ချိုင့်တောင်မယူသွားနိုင် ။ ချက်ချင်းလိုက်သွားတာတောင် မမှီတော့ ။ဒီကလေးနှယ် ဆိုင်ကယ်ဘယ်လောက်တောင်အရှိန်ပြင်းပြင်းနဲ့စီးပါလိမ့် ။ချိုင့်အိမ်ထိလိုက်ပေးတော့လည်း အန်တီနဲ့ပဲတွေ့ခဲ့ရတယ် မေးတော့ ရေချိုးနေတယ်တဲ့ ။ ညာတယ်ကွာ ကလေးကညာတယ် ကိုယ့်ရှေ့လေးတင်ပြန်ရောက်တာကို ။
ညနေ နေစောင်းစောင်းအောက်စီးလာတဲ့ဆိုင်ကယ်ရဲ့အိပ်ဇောက ဘေးကဖြတ်သွားတာတာင် အပူငွေ့ဟက်နေတုန်း သော့လည်းတန်းလန်းထားခဲ့တယ် ။ မီးဖိုချောင်ထဲကနေ ပန်းကန်စဉ်ကြားချောင်းကြည့်နေတယ် ကိုယ်သိတယ် မီးမဖွင့်ထားပေမဲ့ မင်းရဲ့မျက်လုံးတစ်ဖက်ကအရည်ကြည်လဲ့ပြီးထင်းနေတာ ဒီလူကအနီးမှုန်ပေမဲ့ အဝေးတော့ကောင်းကောင်းမြင်နိုင်စွမ်းရှိသေးတယ် ။
အမေဖြစ်သူကိုယ်တိုင်ရေချိုးနေတယ်ပြောတော့ အထွန့်တက်ပြီးထိုင်စောင့်နေလည်းမဖြစ်လို့ မတွေ့ချင်တဲ့သူရဲ့သဘောတိုင်း ပြန်လှည့်တာပေါ့။ပြန်ထွက်သွားသော ကားသံဆုံးကာမှ ထွက်လာပြီး သေချာလားမသေချာလား မေမေ့အပြင်ထွက်ကြည့်ခိုင်းပြီး အတည်ပြုရသေးတယ်။
ဆိုင်ကယ်ရပ်ပြီး အိမ်ထဲစဝင်တုန်းရှိသေး သူ့ကားသံကြားတော့ လူကိုဓာတ်လိုက်သွားသလို ပူထူပြီးအိမ်ထဲပြေးပုန်းတာ အချိန်မရတဲ့ကြားကမေမေနဲ့ဇာတ်ပြေးတိုက်ရသေးတယ် ။
ဆိုင်ကယ်ဦးထုပ်လဲ မချွတ်နိုင် ဦးထုပ်ကလစ်လေးဖြုတ်တုန်း ရောက်ချလာတာဆိုတော့ ကျွန်တော်တစ်ယောက်တည်းပြေးလိုက်လွှားလိုက်နဲ့။ နောက်ဖေးကချောင်းကြည့်နေတုန်း ဆရာမျက်နှာငယ်လေးနဲ့ လာမေးတာ မေမေ့ကို အဲ့လိုကျစိတ်ကမကောင်း။
