Part_12

1.7K 56 1
                                    

မနက်က ကျွန်တော်ရွေးပေးလိုက်တဲ့ပန်းရောင်hoodieလေးနဲ့ သိပ်ကိုအပြစ်ကင်းစွာချစ်စရာကောင်းနေသည်ကတော့အမှန် ။ခွေးဂေဟာသွားတော့ ပကတိကောင်းတဲ့ခွေးတွေရှိသလို ဒဏ်ရာရနေတဲ့ခွေးတွေရှိတာပော့ ။

အဲ့ဒာတွေကိုမြင်တော့ မျက်နှာညိုးငယ်ငယ်နဲ့ စိတ်မကောင်းဖြစ်နေရှာတာ မျက်ရည်မကျရုံတမယ်။ အဲ့ကတာဝန်ရှိသူ  အစ်မ တွေကိုလည်း ဒီခွေးလေးက ဒဏ်ရာဘယ်လိုရတာလဲ သူ့ကိုဘယ်နေရာကကောက်ရတာလဲ လမ်းပေါ်ကလား အယ် ဓားဒဏ်ရာကြီးနဲ့သနားပါတယ် မျက်ခုံးလေးရှုံ့ ပြီးမေးနေတဲ့ပုံက မသိရင် ခွေးကို ဓားနဲ့ပစ်တဲ့သူကို သူကိုယ်တိုင်စုံစမ်းဖော်ထုတ်ပြီးအိမ်မွေးတိရစ္ဆာန် နှိပ်စက်မှု့နဲ့အပြစ်ပေးတော့မဲ့ လူကြီးလေးလို တကယ်အသည်းယားစရာလေး။

"ဆရာကျွန်တော်အလုပ်ရရင်ဒီလိုခွေးဂေဟာဖွင့်မှာ လစဉ်အလှူရှင်ထဲဆရာပါကိုပါရမှာနော်''

လူကိုစည်းရုံးပုံလေးကလက်ညိုးလေးတထောင်ထောင်။

အဲ့ဂေဟာဦးစီးတဲ့အစ်မကို
"ကျွန်တော်လစဉ်လှူမယ်နော် ဆန်တစ်အိတ်
ကျွန်တော့် မုန့်ဖိုးထဲကဖဲ့လှူမှာ''

"ကောင်းတယ် မောင်လေးရေ ကုသိုလ်ပိုရတာပေါ့''

"ဟုတ်ကဲ့ ပြန်လိုက်အုံးမယ် အစ်မ''

တိရစ္ဆာန်လေးတွေချစ်တတ်တဲ့လူတွေကတခြားသူတွေထက်ပိုအသည်းနုတယ်လို့ဖတ်ဖူးတယ်။ နုချက်က ဟိုတစ်ခါစာသွားသင်တော့ သူ့Idolတွေရဲ့sick and injuries mmတွေကြည့်ပြီးတရှုံ့ ရှုံ့ နဲ့ ။ကျွန်တော်စာမသင်ပဲထိုင်ချော့ရတော့မလိုလို ။ထက်ထက်မေးကြည့်မှ ရူးနေတာ ဆရာရေ အဲ့ဒါတွေကြည့်ပြီးအဲ့လိုဖြစ်နေတာ  တဲ့ ။

ဒီနေ့တစ်ရက်ခွင့်ရဖို့အရင်ရက်ကအလုပ်တွေအသေဖြတ်ထားရတာ  သူ့လိုက်ပို့ဖို့လေ ။နေပူမရှောင်မိုးရွာမရှောင်လုပ်ရတဲ့ကျွန်တော်တို့ဆောက်လုပ်ရေးကပင်ပန်းတယ။် အိမ်ပြန်ရောက်ရင်ရေချိုးထမင်းစားနားပြီး ဘာမှကိုမလုပ်နိုင်ဘူး အိပ်ယာထဲဒိုင်ဗင်ထိုးပြီးစက်တော်ခေါ်ရတာပဲ။

Flashback 2 days ago▪▪▪▪▪▪
  ကလေးခွေးပုံလေးတွေအရမ်းရှယ်တာ ပါပီလေးတွေသဘောကျလောက်တယ် ။မွေးနေ့အမှီတော့ဝယ်ပေးချင်တယ်။
သူလည်းအပျင်းပြေတာပေါ့  ခွေးလေးရှိတော့ ထက်ကြီးဆီဖုန်းဆက်မေးအုံးမယ်။

~ADORE YOU~Where stories live. Discover now