အိမ်နဲ့siteကတော့အလှမ်းဝေးတယ်တောင်ဖျားနဲ့မြောက်ဖျားဆိုသလို ။ဝမ်ဝမ်းတို့တပ်နဲ့တော့အနီးလေးရယ် ။
ဒီနေ့ကsiteထဲဆင်းရမဲ့နေ့ လူက၁ပတ်ကျော်ကျော်နားလိုက်ရလို့လားမသိဘူး အပျင်းဓာတ်တွေကူးပြီး၇ခွဲမှထဖြစ်တယ် တွဲလုပ်ရမဲ့စီနီယာကလည်းခင်နေလို့တော်သေး။ပုံမှန်နောက်ကျနေပြီဆိုသွက်သွက်ပြင်ဆင်တတ်တဲ့ကျွန်တော်က အခုတော့၁၅မိနစ်နောက်ကျနေတာကိုတောင်သီချင်းလေးညည်းလို့ ။အကြောင်းကတော့ အိမ်မက်ထဲ ဟိုကလေးလေးက ထက်ထက်နဲ့ရန်ဖြစ်ပြီး ကျွန်တော့်လာတိုင်နေတာ။ ငိုလဲငိုလို့ တဲ့ဗျာ။
ကိုယ့်ကိုယ်ကို လည်းရယ်ချင်တယ် ဒီအသက်အရွယ်ကျမှ အချစ်နဲ့ပက်သတ်ပြီး စိတ်လှုပ်ရှား ရင်ခုန်နေတဲ့ဆယ်ကျော်သက်ကောင်လေး လုပ်နေတာ ။ကိုယ်မြတ်နိုးနေတဲ့ကလေးက ကိုယ်နဲ့ လိင်တူ ဖြစ်နေတာရယ် အသက်အရွယ်ကွာနေတာရယ် လက်လျှော့ချင်လောက်အောင်အားငယ်မိတယ် ။
ကဲ ကဲ အတွေးတွေရပ်ပြီးအလုပ်ကိုရောက်ချိန်အလုပ်ကိစ္စတွေအာရုံစိုက်ရမယ။် စိတ်ကနည်းနည်းလောက်ပျံ့သွားတာနဲ့ လွဲသွားမှာ။
"ကိုဇော် Sorry! ဗျာ ကျွန်တော်နောက်ကျနေလို့''
"အေး ညီ ရပါတယ် မင်းမလာသေးတာနဲ့ ငါလည်းလေဘာတွေကို မနက်စာအရင်စားခိုင်းထားတာ သူတို့မလာခင် ဒါလေးရှင်းရအောင်''
"ဟုတ်ပြီဗျာ "
ကျွန်တော်နဲ့အလုပ်တွဲလုပ်ရမယ့်စီနီယာကောင်းလို့အလုပ်ကတော်တော်အဆင်ပြေတယ်။ တချို့ဆို လစာကတော့ကောင်းတယ် နားရက်ကမရှိ အဆူအငေါက်ကခံရသေး OTကြေးမရ သွားရတဲ့အလုပ်နဲ့နေရာကမနီး။ စီနီယာကမကောင်း stressကပိနဲ့ တကယ်ပင်ပန်းတယ် ။ကျွန်တော် အလုပ်ခွင်ဝင်ကတည်းက အဲ့လိုမျိုး အနေအစားဆင်းရဲရတဲ့အထိတော့မဖြစ်ဖူးသေးဘူး ။ကျွန်တော့်ဖွားဖွားကျေးဇူးလို့ပဲပြောရမယ် ။မန္တလေးမှာကျောင်းလာတက်ဖို့ ဖွားကခေါ်တော့ အဲ့မှာပဲတက္ကသိုလ်ကျောင်းသားဘဝကုန်ဆုံးတယ် ။
ဖွားကကျွန်တော့်ကိုပဋ္ဌာန်းရွတ်ဆိုပုံသင်ပေးတယ် ။မနက်တိုင်း၎နာရီနှိုးပြီးရှိခိုးခိုင်းတယ် ။
ယုံယုံကြည်ကြည်ရွတ်ဖတ် ပူဇော် တယ် ။
ဥပမာ_ကျွန်တော်ကိစ္စတစ်ခုမှာခက်ခဲနေရင် အဲ့ကိစ္စကတစ်စုံတစ်ယောက်ကြောင့်အဆင်ပြေသွားမျိုး တေ့လွဲလွဲသွားတာမျိုး ။
အဲ ဝမ်ဝမ်းလေး လည်း ဒါရွတ်ဖို့ပြောရအုံးမယ် ဟိုတလောသူညည်းနေတာ စာအရမ်းမေးခံနေရတယ်ဆိုပဲ
