Part_3

3.8K 177 0
                                        

ဗိုလ်အိမ်နဲ့လိုင်းခန်း( အခန်းတွဲ)တွေကိုသက်သက်ခွဲထားတယ် ။

ထက်ရဲ့ဖေဖေရာထူးကတော့အခြားဆင့်ထဲတွေထဲကရုံးအုပ် ။တပ်တစ်ခုရဲ့စရင်းအင်းတွေကိုင်တွယ်တွက်ချက်သူ တစ်နည်းအားဖြင့်ဒုဗိုလ်လို့လည်းခေါ်တယ် ။အငယ်ဆုံးတပ်သားအဆင့်ကနေတပ်ကြပ်အဆင့်ထိက နှစ်ထပ်ပျဉ်ထောင်အိမ် ကို၆ခန်းတွဲ‌ပေးထားတယ် နောက်ထပ်ကအုတ် အပေါ်ထပ်က ပျဉ်‌ပေါ့ဗျာ ။တပ်ကြပ်ကြီးကနေဒုဗိုလ်အဆင့်ထိကျ တစ်ထပ်တိုက်အဆောက်အဦး‌ခြောက်ခန်းတွဲ အစရှိသဖြငင့်တပ်မိသားစုကိုအဲ့လိုဖွဲ့စည်းထားတယ် ။

လုံးချင်းအိမ်၁ထပ်တိုက်ပုလေးရတယ်ဗိုလ် ဗိုလ်ကြီး ဗိုလ်မှူး စတဲ့ရာထူးတွေကတော့ ။တပ်ရင်းမှူးကတော့အကြီးဆုံးပါပဲ တပ်ကိုထိန်းချုပ်ကွပ်ကဲရတဲ့အကြီးကဲ။

ကျွန်တော်တို့နေရာနဲ့ ငါးမိနစ်လောက်လမ်းလျှောက်ရင် ထက်ထက်တို့အိမ်ရောက်ပြီ ဒီတော့မိထက်တို့ဆီသွားပြီးကစားမယ် သူ့တူလေးတွေထိန်းမယ် ။ကျွန်တော်ကကလေးတိရစ္ဆာန်ချစ်တတ်တယ် အဲ့ထဲရန်ပြုတတ်တဲ့အကောင်တွေတော့မပါဘူး ။

သူ့တူနှစ်‌ယောက်မှာ တစ်ယောက်ကုလားဆင် တစ်ယောက်ကတရုတ်ပေါက် ။ချစ်စရာလေးတွေစရိုက်ကလည်းမတူဘူး အငယ်တရုတ်လေးကဂျစ်ကန်ကန် အကြီးကုလားလေးကပျော့ဖတ်ဖတ် ကျွန်တော့မှာသူတို့်ကိုသည်းနေအောင်ပါပဲဗျာ ။ညာကလည်းစားတတ်သေး ကိုကို့ကို ဘွားလုပ်ပြီးရင် မုန့်ကျွေးရမှာနော် ဆိုတာကလာသေး ။

ညနေ၄နာရီကျမှာထားတဲ့ ပစ္စည်းတွေလည်းသွားယူရအုံးမယ် ။အတွေးတို့လက်စသတ်ပြီးခုတင်ပေါ်ကဝုန်းကနဲထပြီးတစ်ကိုယ်ရည်သန့်ရှင်းရေးလုပ် ထမင်းဘာညာစားးပီး ဖေဖေရုံးသွားတာနဲ့ကြုံလို့တစ်ခါတည်းထက်တို့အိမ်လိုက်ပို့ခိုင်းလိုက်တယ် ။

''ဝမ်ဝမ်း
ဒီနေ့စာစသင်မယ် ။ညခုနှစ်နာရီကနေ ရှစ်နာရီ အချိန်ညှိပြီးပြီ စနေ တနင်္ဂနွေ တနင်္လာ သုံးရက်သင်မယ် ထက်ထက်လည်းပြောလိုက်အုံး''။

''ဟုတ်ကဲ့...ဖေဖေ''

်သြဇာညောင်းလှတဲ့အသံခပ်ပြတ်ပြတ်အောက်ကျွန်တော်မလွန်ဆိုင်နိုင်ပေ ။ နောက်အပတ်လောက်ဆိုတော်သေး ခုကရုတ်တရက် ကြီး ။စာအတွက်နဲ့ဆို အမြဲအသင့် မဖြစ်တဲ့ကျွန်တော်ပါ ။

~ADORE YOU~Where stories live. Discover now