သူငယ်ချင်း ငါးယောက်ရှိလေသည် ဟုတ်ပါတယ် သူတို့အဖွဲ့က သူငယ်ချင်းငါးယောက်အဖွဲ့ပါ ငယ်ငယ်ကတည်းက အတူသွား အတူစားပြီး တူတူစာကျတ် တူတူဆိုးကြသည့် ငယ်သူငယ်ချင်း ငါးယောက်ပါ
သစ်ပင်တွေအုံ့မှိုင်းနေတဲ့ပြင်ဦးလွင်မြို့ရဲ့ ကတ္တရာလမ်းတွေပေါ် အတူတူ စက်ဘီးစီးရင်း သူတို့ငါးယောက် ဆရာမအိမ် သွားလည်ကြသည် ၉တန်းကျောင်းသားတွေမို့ သူတို့အတွက်က ဝန်မပိသော အချိန်မို့ ပေါ့ပေါ့ပါးပါးပါဘဲ
သူတို့ငါးယောက်မှာ ယောက်ျားလေး တယောက်ရယ် tomboy နှစ်ယောက်ရယ် မိန်းကလေး နှစ်ယောက်ရယ်ပါ တယောက်တည်းသော ယောက်ျားလေးနာမည်က မျိုးမင်းထွဋ်ကျန်တဲ့သူတွေအားလုံးက မင်းမင်းလို့သာ ခေါ်ကြသည် tomboy နှစ်ယောက်ကတော့ ယဉ်ယဉ်ချောငယ် ရယ် စန္ဒီမျိုးနိုင်ရယ်ပါ (အဲ့လိုဘဲ tomboy တွေနာမည်က နန်းဆန်တယ်)နှစ်ယောက်လုံးက နာမည်ရင်းကို ဘယ်တော့မှမခေါ်ခိုင်း အင်္ဂလိပ်ကျောင်းတတ်တုန်းက နာမည်ကိုသာ သုံးကြသည် ယဉ်ချောငယ်က john လို့သာ သုံးပြီး စန္ဒီမျိုးနိုင်ကတော့ philip လို့သာသုံးသည် မိန်းကလေးနှစ်ယောက်ကတော့ ဆုအိမ့်မြတ်ရယ် အင်ကြင်းမွှေးရယ်ပါ ခုလည်း သူတို့ကုန်းပေါ်အတက်ကို စက်ဘီတွန်းပြီး လမ်းသလားနေကြသည်
"အိမ်က ဖားသားကြီးက ငါ့ကို မန္တလေးက အကိုကြီးအိမ်ကနေ ဆယ်တန်းတတ်ခိုင်းမယ်တဲ့"
john ရဲ့စကားအဆုံးမှာ သူတို့အားလုံး တိတ်သွားကြသည် သူတို့ရဲ့တယောက်တပေါက် အသံတွေ ပျောက်သွားသလို မျက်နှာပေါ်က အပြုံးတွေလည်း ပျောက်သွားကြသည်
"ဘာလို့်လဲ ခုလည်း အဆင်ပြေနေတာဘဲလေ အဆောင်မှာဒေးတတ်ပြီး ကျောင်းသွားတတ်နေကြတာဘဲဟာ"
မင်းမင်းရဲ့စကားကို ကျန်တဲ့သူတွေက ခေါင်းငုံ့ပြီး ထောက်ခံလိုက်သည်
"ငါက ပိုတောင်မသွားချင်သေး ဒါပေမယ့် အဖေ့ကို ငါဘယ်တုန်းက လွန်ဆန်လို့ရခဲ့လို့လဲ ဒီလိုပုံနေတာတောင် အပေါ်ကအကိုနှစ်ယောက်ကြောင့် သူစိတ်လျှော့ထားတာ"
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်