အပိုင်း-၁၄

687 57 2
                                    

ထင်းရှူးပင်​ ကိုမှီပြီးထိုင်​ရင်းက ​ဘောလုံးကွင်းကို ​ငေးကြည့်​​နေမိသည်​ တချိန်​တုန်းက သူငယ်​ချင်း​တွေ နဲ့ ​ပျော်​ရွှင်​ခဲ့ဖူး​သော ပုံရိပ်​​တွေက အ​တွေးထဲမှာ အစီအစဉ်​ တကျ​ပေါ်လာသည်
"John "
မွှေး အသံ​ပေးရင်း john ရဲ့​ဘေးမှာ ဝင်​ထိုင်​​လိုက်​သည်
"​မွှေး ဘယ်​လို​ရောက်​လာတာလဲ"
မ​မျှော်​လင့်​ဘဲ ​မွှေးကို ​တွေ့လိုက်​ရ​သော​ကြောင့်​ john ​မေးလိုက်​သည်
"ဒီလိုဘဲ ​ရောက်​လာတာ john"
"သူသိသွားပြီ ​မွှေး"
"အဲ့ဒီ​တော့ နင့်​ကို သူက ထိုးလိုက်​တယ်​​ပေါ့"
John အသာ​ခေါင်းယမ်းပြလိုက်​သည်
"ငါတို့ ရန်​ဖြစ်​ခဲ့ကြတာ ​မွှေး ရဲ့ ငါတို့ငယ်​ငယ်​ကတည်းက ခဏခဏရန်​ဖြစ်​ခဲ့ကြ​ပေမယ့်​ ပြန်​တည့်​ခဲ့ကြတယ်​ ဒီတခါ ရန်​ဖြစ်​တာက ပြန်​​တောင်​တည့်​နိုင်​ဦးမလား မသိပါဘူး ​မွှေးရယ်​"
"ဘာဖြစ်​လို့ မတည့်​ရမှာလဲ john ရယ်​ နင်​လည်း အတတ်​နိုင်​ဆုံး ကြိုးစား​ခဲ့တာဘဲ နင့်​စိတ်​ရင်းမှန်​ကို အချိန်​တန်​ရင်​ philip နားလည်​မှာပါ "
"Philip က ငါ့ကို ထွက်​သွားတဲ့ လူတ​ယောက်​ကို ချစ်​မိတာ အဲ့ဒီ​လောက်​​တောင်​ အပြစ်​ကြီးလား ​မွှေးရယ်​"
မွှေး john မျက်​နှာကို အလန့်​တကြား ကြည့်​မိသည်
"ထွက်​သွားတဲ့လား အဲ့ဒီလို ဘာ​ကြောင့်​ ထွက်​သွားခိုင်းရတာလဲဟာ ခုက နင်​လည်း ဆုအိမ့်​အ​ပေါ်ထားတဲ့ ခံစားချက်​​တွေကို ပြန်​ရုတ်​သိမ်း​နေပြီလို့ ​philip ကို မ​ပြောပြဘူးလား"
"ငါ​ပြောပြပါတယ်​ ဒါ​ပေမယ့်​ philip က မယုံဘူးဟ ပိုဆိုးတာက မ​နေ့ညက မင်းမင်းက ငါ့ကို ကားတင်​​ပြေးလို့ စတာကိုသူတကယ်​ထင်​​နေတာ "
"အဲ့ဒီလို ထွက်​သွားခိုင်းတာကြီးက​တော့ သဘာဝမကျဘူး john နင်​ဘယ်​မှ ထွက်​သွားစရာမလိုဘူး နင်​လည်း ဆုအိမ့်​ကို အတင်းတွယ်​ကပ်​ပြီး ကြိုးစား​နေတာမှမဟုတ်​တာ"
မွှေး စကားအဆုံးမှာ john သက်​ပြင်းချလိုက်​သည်
"ငါတို့ငါး​ယောက်​က ဟိုးသူငယ်​တန်းဘဝက​နေပြီး ခုချိန်​ထိ အတူတူ ​ပေါင်းခဲ့တဲ့ သူငယ်​ချင်း​တွေ အမြဲတမ်း ​ကောင်းအတူဆိုးအတူ ​နေပြီး ​ပေါင်းခဲ့ကြတာ ​ပြောရရင်​ ငါ့မိသားစုလိုပါဘဲ ငါ philip ကို အဆုံးရှူံး မခံနိုင်​ဘူး ​မွှေး ငါ ထွက်​သွားမယ်​"
ဘောလုံးကွင်းကို ရီ​ဝေ​ဝေ စိုက်​ကြည့်​ရင်း ​ပြော​နေ​သော john ရဲ့မျက်​နှာကို ​မွှေး ​ငေး​နေမိသည်
"John နင်​ ဘယ်​ကို ထွက်​သွားမှာလဲ "
"ငါလား ​မေမြို့နဲ့ အ​ဝေးဆုံး ​တ​နေရာ​ပေါ့"
မွှေး သက်​ပြင်းချလိုက်​သည်
"john ငါ ဘွဲ့ယူတဲ့​နေ့ကျရင်​​တော့ နင်​ပြန်​လာခဲ့ပါ ငါ philip ဘက်​ကလူ မဟုတ်​သလို နင့်​ဘက်​ကိုလည်း ငါ မပါဘူး နင်​တို့နှစ်​​ယောက်​ မျက်​နှာချင်းဆိုင်​ ​ဖြေရှင်းပြီး အ​ဖြေထုတ်​ခဲ့တဲ့ အ​ဖြေကိုလည်း ငါ မစွပ်​ဖက်​​တော့ပါဘူး ဒါ​ပေမယ့်​ ငါ ဘွဲ့ယူတဲ့​နေ့ကျရင်​ ပြန်​လာပါ john နင်​လည်း အဲ့ဒီချိန်​ဆို နင့်​အိမ်​အလုပ်​​တွေကို လုပ်​ရ​တော့မယ်​ မဟုတ်​လား ထွက်​သွား john ဘယ်​သူ့ကိုမှ အဆက်​အသွယ်​ မလုပ်​ဘဲ အတိတ်​က နာကျင်​စရာ​တွေကို ​မေ့ခဲ့"
John ​မွှေး ရဲ့ မျက်​နှာကို အလန့်​တကြား ကြည့်​လိုက်​သည်
"​မွှေး"
"ငါ ​ပြောသလိုလုပ်​ပါ john နင့်​အ​ပေါ် philip အမြင်​ရှင်း​စေချင်​တာ မဟုတ်​လား ထွက်​သွားလိုက်​ သူတို့ကိုပါ အဆက်​အသွယ်​ မလုပ်​နဲ့ ပြီး​တော့ ငါတို့ကို​ရောဘဲ အကုန်​လုံး ပြီးသွားတဲ့​နေ့ကျရင်​ အရင်​လိုဘဲ ပြန်​ချစ်​ရ​အောင်​"
ပါး​ပေါ်စီးကျလာ​သော မျက်​ရည်​များကို လျစ်​လျူရှု ပြီး ​မွှေး ​ပြော​နေမိသည်
"နင်​ ​ပြောတာ သဘာဝကျပါတယ်​ ဒါ​ပေမယ့်​ ငါ့ကို​တော့ ​မေ့မသွားပါနဲ့ နင်​တို့​လေး​ယောက်​ဆုံတိုင်း ငါ့အ​ကြောင်း ​ပြောဖို့ သတိရပါဟာ "
မျက်​ရည်​ကြားထဲက​နေ ​မွှေး ပြုံးပြမိသည်
"​ကျောင်းပြီးရင်​ ပြန်​​တွေ့ကြမယ်​ john"
"ပြန်​​တွေ့ကြမယ်​ ​မွှေး"
John ​​မွှေးအား တင်းတင်းကျပ်​ကျပ်​ ဆွဲဖက်​ရင်းက ပြန်​​ပြောလိုက်​သည်
"Philip Philip"
ဆုအိမ့်​ philip အိမ်​ထဲမှာ အသံ​ပေး​သော်​လည်း ဘယ်​သူမှမထူး​သော​ကြောင့်​ philip အခန်းဘက်​ တတ်​လာခဲ့သည်
"Philip"
အခန်းတံခါး ဖွင့်​ဖွင့်​ချင်း မြင်​လိုက်​​ရ​သော မြင်​ကွင်းက သူမအား ဆို့နင့်​သွား​စေသည်​ နံရံကိုမှီပြီး ထိုင်​​နေ​သော philip မျက်​နှာမှာ အညိုအမဲအရာနဲ့
"Philip ဘာဖြစ်​တာလဲ တခုခု​ပြောပါဦး"
ဆုအိမ့်​​ ထိုင်​ချပြီး​မေးလိုက်​​တော့ philip က သူရင်​ခွင်​ထဲ မျက်​နှာအပ်​ကာ ငို​တော့သည်
"ဆု ကို့ ကို ထားမသွားပါနဲ့​နော်​"
ငိုရင်းက​နေ ဗလုံးဗ​ထွေး ​ပြော​နေမိသည်
"ထားမသွားပါဘူး philip ရယ်​ ဆုအိမ့်​က ဘာလို့ philip ကို ထားသွားရမှာလဲ ထားမသွားပါဘူး ဆုအိမ့်​နဲ့ philip က တသက်​လုံး တူတူ​နေကြမယ့်​သူ​တွေ​လေ philip ရဲ့"
Philip အငိုတိတ်​​တော့မှ philip ရဲ့မျက်​နှာကို ​သေချာကြည့်​မိသည်
"မျက်​နှာက ဒဏ်​ရာ​တွေက ဘာဖြစ်​တာလဲ"
ချစ်​ရ​သောသူရဲ့ စိတ်​ပူ​နေ​သော မျက်​နှာကိုကြည့်​ရင်း philip ပြုံးမိသည်
"ရန်​ဖြစ်​တာ"
"ဘယ်​သူနဲ့ ဖြစ်​တာလဲ"
"John နဲ့"
ဆုအိမ့်​ အံ့သြသွားသည်
"ဘာလို့ ဖြစ်​ကြတာလဲ"
"သူ ​မေမြို့ပြန်​တာ ကို့ ကို မ​​ခေါ်လို့"
Philip စကား​ကြောင့်​ ဆုအိမ့်​ ရယ်​လိုက်​သည်
"က​လေး​တွေကျ​နေတာဘဲ အဲ့ဒီလို ကိစ္စ​လေးနဲ့ ရန်​ဖြစ်​ရတယ်​လို့"
"ကို တို့က ခုမှ က​လေးဘဲရှိ​သေးတာကို"
Philip ရဲ့ စကားအဆုံးမှာ နှစ်​​ယောက်​သား ပြိုင်​တူရယ်​​မောလိုက်​သည်
"ဆု ကို အိမ်​ပြန်​​ရောက်​တာ ဘယ်​လိုသိလဲ"
"​မွှေး ဖုန်းဆက်​တာ"
မွှေး ဘယ်​ချိန်​ကများ ငါ့ကို​တွေ့သွားပါလိမ့်​ ထားပါ ခု​တော့ ချစ်​ရသူနဲ့​တွေ့တုန်း ​အေး​ဆေးဘဲ ​နေချင်​သည်
"ဆု ကို့ ကို ခွဲမသွားနဲ့​နော်​"
ဆုအိမ့်​ philip ရဲ့ ရင်​ခွင်​ထဲ ဝင်​ပြီး ဖက်​လိုက်​သည်
"ခွဲမသွားပါဘူး ကို ရယ်​ ကို က ဆု အချစ်​ဆုံး"
"ကတိ​နော်​ "
"ကတိ"
သူတို့နှစ်​​ယောက်​ အရာအားလုံး ကို​မေ့ထားပြီး တ​ယောက်​ကို တာက်​ဖက်​ရင်း ရင်​ခုန်​သံအတိုင်း စီး​မျောခံစား​နေမိသည်
"John ဘာဖြစ်​လာတာလဲ"
မျက်​နှာ​ပေါ်က အညိုအမဲ​တွေ မြင်​​တော့ ​မေ​မေက ထိတ်​လန့်​တကြား ​မေးသည်
"သမီးကို လိုက်​​နှောင့်​ယှက်​တဲ့ သူ​တွေနဲ့ ရန်​ဖြစ်​လာတာပါ အန်​တီ"
John ဘယ်​လိုပြန်​​ပြောရမလဲ မသိခင်​မှာဘဲ ​မွှေးက ဝင်​​ပြောကူသည်
"ဖြစ်​ရ​လေ john ရယ်​ "
John​ ​မေ​မေက ညည်းတွားရင်း john မျက်​နှာအား ​ဆေးထည့်​​ပေးဖို့ ပြင်​လိုက်​သည်
"ကို ကို့မျက်​နှာ ​ဆေးထည့်​ရ​အောင်​"
ဆုအိမ့်​ရဲ့ စကားအဆုံးမှာ philip မျက်​လုံးပြူးသွားသည်
"ဆု ကို့ ကို ဘယ်​လို​ခေါ်လိုက်​တာ"
ကိုယ့်​ဘာသာ ​ပြော​နေတုန်းက အ​ကောင်း philip ဝင်​​ထောက်​​လိုက်​​တော့မှ ဆုအိမ့်​ခမျာရှက်​ပြီး ဘာမှ မ​ပြောနိုင်​​တော့
"​ခေါ်ပါဦး ဆုရဲ့ ကို သ​ဘောကျလို့"
"ကို"
Philip မျက်​နှာကြီးကား ပြုံးဖြီး​နေပြီး သွား​စေ့၍ မရ​တော့ပါ
"ခဏ​နေကတည်းက ​ခေါ်တာ သူ့ဘာသာ သတိမထားမိဘဲနဲ့"
ဆုအိမ့်​ မျက်​နှာ​လေး စူပုတ်​ရင်း ​ပြောလိုက်​သည်
"ဟုတ်​လား ကို ခုဏက စိတ်​မကြည်​လို့ သတိမထားမိဘူး"
"ကဲပါ ​မျက်​နှာကို ကြပ်​ထုတ်​ထိုးရ​အောင်​"
ဆုအိမ့်​ philip ရဲ့မျက်​နှာကို ​ကြပ်​ထုပ်​ ထိုး​ပေးဖို့ ပြင်​လိုက်​သည်
"ကဲ ည​နေ​ရောက်​ပြီ ဆု ပြန်​​တော့မယ်​ မနက်​ဖြန်​မှ ပြန်​လာခဲ့မယ်​ အိမ်​မှာ အ​မေ့အတွက်​ ထမင်းချက်​ရဦးမယ်​"
"ကို လိုက်​ပို့မယ်​​လေ"
"မပိုနဲ့​တော့ နီးနီး​လေးဘဲဟာ ကို နားလိုက်​ဦး"
Philip ရဲ့ နဖူး​ကို နမ်းပြီး ဆုအိမ့်​ပြန်​သွားသည်
ဆုအိမ့်​ ပြန်​​တော့မှ philip ခုတင်​​ပေါ်လှဲချရင်​ ပြန်​​တွေး​နေမိသည်​ john အ​ပေါ် သူမတရားလုပ်​သလိုများ ဖြစ်​သွားလား ငယ်​ငယ်​​လေးကတည်းက ခင်​ခဲ့ချစ်​ခဲ့ရ​သော သူငယ်​ချင်း မို့ သူ့စိတ်​ထဲမှာ တမျိုးကြီး ခံစား​နေရသည်
ဘာဘဲဖြစ်​ဖြစ်​ပါ မုန်းသွားကြတာမှမဟုတ်​တာ အချစ်​နဲ့စစ်​မှာ မတရားတာ မရှိဘူးတဲ့ philip ကိုယ့်​ကိုယ်​ကို ​ဖြေသိမ့်​ရင်း အိပ်​ဖို့ကြိုးစားလိုက်​သည်
"Philip philip"
သန္တာမျိုးသန့်​ philip အခန်း​ရှေ့မှာရပ်​ပြီး ​အော်​​ခေါ်​နေလိုက်​သည်
"ဗျာ မမ ဘာဖြစ်​လို့လဲ "
"ည​နေ​တောင်​​စောင်း​နေပြီ အိပ်​​နေတုန်းလား ထမင်းစားရ​အောင်​​ ​ရေချိုးပြီး ဆင်းခဲ့"
"ဟုတ်​ မမ"
Philip အမဖြစ်​သူအား ပြန်​​ဖြေရင်း ​ရေချိုးဖို့ ပြင်​လိုက်​သည်
ရေချိုးပြီး​တော့ မျက်​နှာက ဒဏ်​ရာ​တွေကို သူဘယ်​လို လုပ်​ရမလဲမသိ သူ့အ​ဖေစရိုက်​နဲ့ဆို ​အဆူခံ ​အ​ပြောခံဖို့ ရာနှုန်းပြည့်​ ​သေချာ​နေသည်​ သူဆင်းသွား​တော့ ​ဖေ​ဖေနဲ့ မမ​တောင်​ ထမင်းစား​နေကြပြီ
"Philip လာ ထမင်းခူးပြီးပြီ"
မမက လှမ်း​ပြောရင်း သူ့မျက်နှာမြင်​​တော့ အံ့သြသွားပုံရသည်
"မျက်​နှာက ဘယ်​လိုဖြစ်​တာလဲ"
ထမင်းစားပွဲတွင်​ ဝင်​ထိုင်​​နေ​သော သူ့ကို မမက ​မေးခွန်းထုတ်​လိုက်​သည်
"ဒီအတိုင်းပဲ အိပ်​ရင်းနဲ့ ကုတင်​​ပေါ်က ပြုတ်​ကျတာ"
သူ့မျက်​နှာကိုကြည့်​ပြီး ​ဖေ​ဖေက ရှူံ့မဲ့သွားသည်
"ဖြစ်​နိုင်​လို့လား စန္ဒီမျိုးသန့်​ နင့်​မျက်​နှာနင်​ မှန်​ထဲကြည့်​ပြီးမှ ယုတ္တိရှိရှိလိမ်​"
"ထမင်းစားပြီးမှ ​ပြောလို့ဖြစ်​တယ်​မလား ​ဖေ​ဖေ"
ဒေါသတကြီး​ပြောလာ​သော ​ဖေ​ဖေ့စကားကို သူ​အေး​ဆေးဘဲ တုန့်​ပြန်​လိုက်​သည်
"​တောက်​ နင်​ နင်​"
"ဟုတ်​သားဘဲ ​ဖေ​ဖေ ထမင်းအရင်​စားရ​အောင်​"
မမက ​ဖေ​ဖေ့လက်​ကို လှမ်းကိုက်​ရင်း ​ဒေါသ​ဖြေ​စေလိုက်​သည်
သူတို့ သားအဖသုံး​ယောက်​ ထမင်းဝိုင်းက တိ​တ်​တိတ်​ဆိတ်​ဆိတ်​ လျင်​လျင်​မြန်​မြန်​နဲ့ ပြီးသွားသည်
"နင့်​ကိုယ်​နင်​ ဘာထင်​​နေလဲ စန္ဒီမျိုးသန့်​ "
ပန်းကန်​​ဆေးပြီး ဧည့်​ခန်းထဲဝင်​လာ​သော သူ့ကို ​ဖေ​ဖေက ဆီး​ငေါက်​လိုက်​သည်​ သူဘာမှ ပြန်​မ​ပြောဘဲ ​ဖေ​ဖေ့​ဘေးက ထိုင်​ခုံမှာ ဝင်​ထိုင်​ပြီး ​ခေါင်းငုံ့ထားလိုက်​သည်
"ငါ​မေးတာ​ဖြေ​လေ "
"​​ဖေ​ဖေ​မေးတဲ့ ​မေးခွန်း ကို မ​ဖြေတတ်​ဘူး"
သူ့ရဲ့ စိတ်​မပါလက်​မပါ ​ဖြေသံက ​ဖေ​ဖေ့ကို ပိုပြီး ​ဒေါသထွက်​ စေပုံရသည်​ အချစ်​ဆုံးသူငယ်​ချင်းနဲ့ ပြဿနာဖြစ်​ပြီး​နောက်​မှာ ဘယ်​သူက ဘာ​ပြော​ပြော ဓ့အတွက်​ ဘာမှထူးမည်​မဟုတ်​​တော့ပါ
"နင်​ မန္တ​လေး သွား​နေတာ ဘယ်​​လောက်​ကြာ​သေးလို့ ငါ့ကို အာခံ​နေတာလဲ နင့်​ပုံစံ​တွေကို ငါမကြိုက်​ဘူး​နော်​ နင့်​ရဲ့အချိုး​တွေကိုပြင်​ စန္ဒီမျိုးသန့်​ "
"​ဖေ​ဖေက ကျွန်​​တော့်​ပုံစံကို ဘယ်​တုန်းကမှ မကြိုက်​ခဲ့ပါဘူး ​ဖေ​ဖေ အဲ့ဒါကို ခုမှ အထူးတဆန်း ​ပြော​နေလား ​ဖေ​ဖေ"
"နင်​ နင်​"
မဲ့ပြုံးပြုံးပြီး ​ပြော​နေ​သော သု့ရဲ့စကားအဆုံးမှာ ​ဖေ​ဖေ့​ဒေါသတို့ ​ပေါက်​ကွဲထွက်​လာပုံရသည်​ ​ဖေ​ဖေ့ ညာလက်​ဝါးသည်​ ​လေ​ပေါ်​မြှောက်​တက်​သွားသည်
ူသူမျက်​လုံးမှိတ်​ချပြီး ပါး​ပေါ်ကျလာမည့်​ ​ဖေ​ဖေ့လက်​ဖဝါးကို ​စောင့်​​နေလိုက်​သည်
သို့​သော်​ အချိန်​အ​တော်​ကြာသည်​အထိ ​ရောက်​မလာ​သော​ကြောင့်​ သူမျက်​လုံးဖွင့်​ကြည့်​လိုက်​ရာ ​နောက်​​ကျော​ပေးပြီး ရပ်​​နေ​သော ​ဖေ​ဖေ့အား​တွေ့လိုက်​ရသည်
"​ဖေ​ဖေ ​ပြောစရာမရှိရင်​ ​မွှေး အိမ်​ ခဏသွားဦးမယ်​"
သားအဖနှစ်​​ယောက်​ စကားဆက်​​ပြော​နေလည်း အဆင်​​မ​ပြေမယ့်​အတူတူ သူ​ရှောင်​ထွက်​ခဲ့သည်
"​ဖေ​ဖေ ​​မေ​မေ "
ဧည့်​ခန်းထဲမှာ tv ကြည့်​​နေ​သောေ​ဖ​ဖေနဲ့ ​မေ​မေ​ဘေး john ဝင်​ထိုင်​လိုက်​သည်
"​ပြော john ​လေး"
မေ​မေက​ ညိုမဲ​နေ​သော သူ့မျက်​နှာကို ပွတ်​သပ်​ရင်း ​မေးသည်
John သက်​ပြင်းတချက်​ချပြီး စကား​ပြောဖို့ အားယူလိုက်​သည်
"ကျွန်​​တော်​ ဦးငယ်​ရှိတဲ့ဆီ သွားချင်​တယ်​ "
သူ့စကား​ကြောင့်​ ​မေ​မေက မျက်​လုံးပြူးပြီး သူ့ကို လှမ်းကြည့်​သည်
"ဘယ်​ ဦးငယ်​လဲ ခိုင်​​ဇော်​​အောင်​လား"
မေ​မေ့ အ​မေးကို သူ​ခေါင်းညိတ်​ပြလိုက်​သည်
"John ​လေးက American ဘာသွားလုပ်​မလို့လဲ"
ဖေ​ဖေက ​လေသံ​အေး​အေးနဲ့ ​မေးရှာသည်
"​မေမြို့က အပန်း​ဖြေမြို့​တော်​ဘဲ​ဖေ​ဖေ ဒီမြို့မှာ hotel &tourism နဲ့ပက်​သက်​ပြီး အခွင့်​အလမ်း ​တွေ အများကြီး ရှိ​နေတာဘဲ​လေ အဲ့ဒါ​ကြောင့်​ သက်​သက်​​တော့ မဟုတ်​ပါဘူး ငယ်​တုန်းဆို​တော့ ဒီလိုဘဲ စွန့်​စားကြည့်​ချင်​တယ်​"
"ဟုတ်​တာ​ပေါ့ john ​လေးအ​တွေးကို ​ဖေ​ဖေသ​ဘောကျတယ်​ ​ မ ပိုပြီး အမြင်​ကျယ်​တာ​ပေါ့ ဒါ​ပေမယ့်​ အဲ့ဒီလမ်း​ကြောင်း​လျှောက်​မယ်​ဆို ကိုယ့်​အားကိုယ်​ကိုးရလိမ့်​မယ်​ ​ဖေ​ဖေ ခိုင်​​ဇော်​​အောင်​ နဲ့ စကား​ပြောကြည့်​မယ်​ အဲ့ဒါမှ john သွားဖို့ ဘာလုပ်​​ပေးရမလဲ သိမှာ jon စဉ်းစား​နော်​ ​ အဲ့ဒီမှာဆို ​ဖေ​ဖေတို့က ဘာမှ​ထောက်​ပံ့နိုင်​မှာ မဟုတ်​ဘူး john ပင်​ပန်းမှာ​နော်​ "
"ကိုမြတ်​ ရှင်​ john ​လေးကို တကယ်​လွှတ်​မလို့လား"
မေ​မေ့ရဲ့ စိုးရိမ်​တကြီး ​မေးလာ​သော ​မေးခွန်းကို ​ဖေ​ဖေက ​ခေါင်းညိတ်​ပြလိုက်​သည်
"John လုပ်​နိုင်​မှာပါ သူလည်း စဉ်းစားတတ်​​နေပြီဘဲ ကိုယ်​တို့​တွေလည်း ခုထိ အလုပ်​လုပ်​နိုင်​​နေတဲ့ အချိန်​မှာ သူသ​ဘောကျတာ​လေး လုပ်​ပါ​စေ ခိုင်​​ဇော်​​အောင်​ လည်းရှိတာဘဲ စိတ်​ချရပါတယ်​"
"​ယုံကြည်​ပေးလို့ ​ကျေးဇူးပါေ​ဖဖေ အဲ့ဒါဆို ​ဖေ​ဖေတို့ ဦးငယ်​နဲ့ စကား​ပြောလိုက်​ဦး မနက်​ဖြန်​မနက်​​စော​စော မန္တ​လေး ပြန်​​တော့မယ်​"
သူေ​ဖ​ဖေ နဲ့ ​မေ​မေအား ဖက်​ရင်း ​ပြောလိုက်​သည်
"​အေးပါေ​ဖဖေ အားချင်းစီစဉ်​​ပေးမယ်​ မြန်​မြန်​သွားပြီး မြန်​​ပြန်​လာခဲ့"
"ဟုတ်​ကဲ့ပါ ​ဖေ​ဖေ ဒီမှာ တက္ကသိုလ်​တတ်​ဖို့​လျှောက်​ထားတဲ့ကိစ္စ​တွေေ​ဖ​ဖေ စီစဉ်​​ပေးပါဦး"
သူတို့မိသားစု ​ရှေ့ဆက်​မယ့်​ ကိစ္စ​တွေကို ​တိုင်​ပင်​ကြသည်
"​မွှေး"
ဧည့်​ခန်းထဲမှာ tvကြည့်​​နေ​သော ​မွှေးကို philip အိမ်​တံခါးဝက​နေ လှမ်း​ခေါ်လိုက်​သည်
"Phiilp"
မ​မျှော်​လင့်​ဘဲ ရုတ်​တရက်​​တွေ့လိုက်​ရ​သော​ကြောင့် ​မွှေး အံအားသင့်​စွာဖြင့် philip နာမည်​အား ​ခေါ်ရင်း အိ​မ်​အပြင်​ထွက်​ခဲ့သည်
"​မွှေး ငါဘာ​တွေ လုပ်​မိ​နေလဲမသိဘူးဟာ"
သူမကို ​သွေးရူး​သွေးတန်း ​တွေ့​တွေ့ချင်း ​ပြောချလိုက်​​သော philip စကားများ​ကြောင့်​ ​မွှေး သက်​ပြင်းချမိသည်
"John နဲ့ ရန်​ဖြစ်​တဲ့ကိစ္စလား"
"နင်​ သိပြီးပြီလား john ​ပြောပြတာလား"
"မနက်​က john နင့်​အိ​မ်​က ဒဏ်​ရာ​တွေနဲ့ ထွက်​သွားကတည်းက ဆုအိမ့်​ကို ဖုန်းဆက်​ပြီး နင့်​အိမ်​လွှတ်​တယ်​ ပြီး​တော့ ငါ သူ့ဆီလိုက်​သွားတယ်​ သူ့ကို ဘယ်​​နေရာမှာ​တွေ့လဲ သိလား"
"ဘယ်​​နေရာမှာလဲ"
"ငါတို့ ​ကစား​နေကြ ​ဘောလုံးကွင်း​ဘေးမှာ "
မွှေးစကားအဆုံးမှာ philip ​ခေါင်းငုံ့သွားသည်
"သူက ဆု အ​ပေါ်မှာ မရိုးသားစိတ်​ထားတာကိုးဟ"
"ထားတာမဟုတ်​ဘူး philip ထားခဲ့တာ သူဆုအိမ့်​နဲ့ ခု​နောက်​ပို​င်း ကင်းကင်းရှင်းရှင်း ​နေတာ သတိမထားမိဘူးလား"
"ထားတာမဟုတ်​ပါဘူး ထားခဲ့တာ လူတ​ယောက်​က လူတ​ယောက်​ကို ချစ်​မိသွားတယ်​ အဲ့ဒီလူပိုင်​ရှင်​ရှိမှန်းသိတဲ့အချိန်​မှာ ​နောက်​ဆုတ်​ဖို့ကြိုးစားတယ်​ အဲ့ဒါဘာများ ပြဿနာရှိ​​နေလို့လဲ philip နင်​​သေချာစဉ်းစားကြည့်​ နင်​တို့ဖွင့်​ဟပြီးတဲ့​နောက်​မှာ​ရော ဆုအိမ့်​ကို john အတင်းတွယ်​ကပ်​​နေတာ ရှိလား"
Philip က​တော့ ဘာမှပြန်​မ​ပြောဘဲ ​မွှေး စကားကိုသာ ​ခေါင်းငုံ့ရင်း နား​ထောင်​​နေလိုက်​သည်
"ကဲပါ နင်​တို့နှစ်​​ယောက်​သ​ဘောတူ ဆုံးဖြတ်​ပြီးပြီဆို​တော့ john ထွက်​သွားပြီး ပြန်​လာတဲ့အချိန်​ကျရင်​သာ အရင်​လိုဘဲ ခင်​ခင်​မင်​မင်​ ပြန်​​နေကြဖို့ ​ငါ ​တောင်းဆိုပါတယ်​ဟာ"
"ဘာ"
"John က ဘယ်​ကို ထွက်​သွားမှာလဲ ဘာလို့လဲ မ​နေ့ညက​တောင်​ ငါနဲ့ စကား​ပြော​နေ​သေးတာ အဲ့ဒီတုန်းက​တောင်​ သူ ငါ့ကို ဘာမှ မ​ပြောဘူး
ခြံတံခါးတွန်းဖွင့်ရ​င်း ​မေးလိုက်​​သော မင်းမင်းဆီ philip ​ရော ​မွှေးပါ အြ့ကည့်​​ရောက်​သွားသည်
"​မ​နေ့ညက မင်းတို့စကား​ပြောတာ ငါကြားတယ်​ ဆု ကို ကားတင်​​ပြေးဖို့ အကြံ​ပေး​​နေတာကို ငါကြားခဲ့တာ မင်းမင်း"
Philip စကားအဆုံးမှာ မင်းမင်း မျက်​​မှောင်​ကြုတ်​ လိုက်​သည်
"အဲ့ဒါက မ​နေ့ညကမှ ငါ နဲ့သူ အဲ့ဒီအ​ကြောင်း​ပြောရင်း သူ့ကို ငါစလိုက်​တာ မင်းစဉ်းစား​လေ သူက​ရော အဲ့ဒီလို စည်းလွတ်​၀ါးလွတ်​ အလုပ်​လုပ်​မယ့်​သူလား ငယ်​ငယ်​ကတည်းက ​ပေါင်းလာတာပါ philip ဘယ်​သူက ဘယ်​လိုဆိုတာ သိပြီးသားလူ​တွေပါကွာ"
"သိတယ်​ မင်းမင်း ဒါ​ပေမယ့်​ ဆု နဲ့ ပက်​သက်​ပြီး ဘာမျ အတိမ်းအ​စောင်းမခံနို​င်​ဘူး မင်းမင်း"
"​တော်​ကြပါ​တော့ဟာ ငါ သူငယ်​ချင်း​တွေ ရန်​ဖြစ်​တာကို ထပ်​မမြင်​ချင်​​တော့ဘူးဟာ ပြီး​တော့ philip နဲ့ john သ​ဘောတူညီမှု ယူပြီးသွားပြီ မင်းမင်းရဲ့ သူတို့ဆုံးဖြတ်​ချက်​ကို ​လေးစား​ပေးလိုက်​ပါဟာ"
မွှေး စကား​ကြောင့်​ philip ​ရော မ​င်းမင်းပါ ငြိမ်​သွားသည်
"ငါ မင်းတို့နှစ်​​ယောက်​ကို တခု​တော့ ​တောင်းဆိုပါရ​စေ ဒီကိစ္စ​တွေ အားလုံးကို ဆုကို ဖုံးကွယ်​ထား​ပေးပါ နို့မို့ဆိုရင်​ သူ့တဘဝလုံး ခိုးလို့ ခုလု ခံစား​နေရမဆိုးလို့ပါ"
မင်းမင်း​ရော ​မွှေးပါ ပြိုင်​တူ​ခေါင်းညိတ်​ပြလိုက်​သည်​ဘာဘဲဖြစ်​ဖြစ်​ ဒီကိစ္စ​တွေက ​ဆုအိမ့်​မသိတာ အ​ကောင်းဆုံးလို့ဘဲ သူတို့ ခံယူထားကြသည်
"​အေးပါ အဲ့ဒါဆို ငါပြန်​​တော့မယ်​ john ပြန်​လာတဲ့​နေ့ကျမှ ငါတို့သူငယ်​ချင်း​တ​တွေ ပြန်​ဆုံကြတာ​ပေါ့"
ပြော​​ပြောဆိုဆိုနဲ့ လှည့်​ထွက်​သွား​သော မ​င်းမင်းရဲ့​ကျောပြင်​ကို philip နဲ့ ​မွှေး အံအားသင့်​စွာကြည့်​ရင်း ကျန်​ခဲ့သည်
သူတို့နှစ်​​ယောက်​လုံး အချိန်​အ​တော်​ကြာတဲ့အထိ ဘာစကားမှမ​ပြောနိုင်​ဘဲ ​ကြောင်​ပြီး ရပ်​​နေမိသည်
"​မွှေး ငါလုပ်​ခဲ့တဲ့ ကိစ္စ​တွေ မှား​နေပြီလို့ ငါစဉ်းစားမိ​ပေမယ့်​ ငါ့အတ္တက​တော့ ငါ့ကို မှန်​တယ်​လို့ ​ပြော​နေတုန်းဘဲ ငါပြန်​မယ်​ ​မွှေး ပြန်​ဆုံမယ့်​ တ​နေ့ကျရင်​​တော့ ငါ နင်​တို့သုံး​ယောက်​လုံးကို ​တောင်းပန်​ပါ့မယ်​"
သက်​ပြင်းချရင်း ​လေး​လေးပင်​ပင်​ ​ပြောလိုက်​​သော philip ရဲ့စကားများက ​မွှေး ကို ငိုင်​ကျသွား​စေသည်
Philip ရဲ့​ခြေသံကို မကြားရ​တော့တဲ့အချိန်​ထိ ​မွှေး ​ခေါင်းမ​မော့မိပါ ရင်​ဘတ်​ထဲက လှိုက်​တက်​လာ​သော နာကျင်​မှုများနဲ့အတူ မျက်​ဝန်းမှ မျက်​ရည်​ တို့က အတားအဆီးမဲ့စွာ တ​ပေါက်​​ပေါက်​ စီးကျ​နေသည်​ ဘယ်​လိုမျိုး အ​ခြေအ​နေ​တွေကများ ငါတို့သူငယ်​ချင်း​တွေကို ဒီအ​ခြေအ​နေ​ရောက်​​အောင်​ တွန်းပို့ခဲ့တာလဲဟာ ခုချိန်​မှာ ငါ့ရဲ့အကြီးမားဆုံး ​မျှော်​လင့်​ချက်​က ငါတို့ငါး​ယောက်​ ပြန်​ဆုံ​တွေ့တဲ့အချိန်​မှာ အရင်​လို ချစ်​ချစ်​ခင်​ခင်​ စည်းစည်းလုံးလုံးနဲ့ ပြန်​​တွေ့ကြဖို့ဘဲ ​မျှော်​လည်း​မျှော်​လင့်​မိပါတယ်​ ဆုလည်းဆု​တောင်း​နေမှာပါ

အဖြူ​ရောင်​​မေတ္တာDonde viven las historias. Descúbrelo ahora