အပိုင်း-၃၅

799 57 10
                                    

John စိတ်​ကို အတတ်​နိုင်​ဆုံး တည်​ငြိမ်​​အောင်​ ထိန်းရင်း ကားကို ​မောင်းလာခဲ့သည်​ သူ ​လေဝင်​​လေထွက်​ကို မှန်​​အောင်​ထိန်းရင်း သူ့အကိုအိမ်​ကို ဦးတည်​ခဲ့သည်​ john ကားကို ခြံအပြင်​ဘက်​မှာရပ်​ပြီး ခြံတခါး​သော့ကို တုန်​ယင်​​နေ​သောလက်​ဖြင့်​ ဖွင့်​လိုက်​သည်
ည​နေကကိုကိုကြီး ​​ပေးထား​သော အိမ်​​သော့အပိုကို ထုတ်​ရင်း သူ မနည်းဖွင့်​​နေရသည်
"ကိုကိုကြီး ကိုကိုကြီး "
ကိုကိုကြီးတို့လင်​မယားအခန်း​ရှေ့က​နေ သူ ​အော်​ပြီး အခန်းတံခါး ​ခေါက်​လိုက်​သည်
"ဘာလဲ john ​လေး ဘာဖြစ်​လာတာလဲ"
အိပ်​ချင်​မူးတူးနဲ့ ထလာ​သော ကိုကိုကြီးအ​မေးကို john ဂရုမစိုက်​နိုင်​ပါ
"ကိုကိုကြီး john ကို ပိုက်​ဆံ​ပေးပါ "
တုန်​လှုပ်​​နေ​သော john ပုံစံနဲ့ စကား​ကြောင့်​ ကိုကိုကြီး သံသယဝင်​လာရသည်
"John ဘာဖြစ်​လာတာလဲလို့ ​မေး​နေတယ်​​လေ"
"​နောက်​မှ​မေးပါ အခု ပိုက်​ဆံရှိ​သ​လောက်​​ပေးပါ"
ဆက်​​မေးလည်း ထူး​တော့မှာ မဟုတ်​တာ​ကြောင့်​ သူ ဗီရိုထဲမှ ပိုက်​ဆံ သိန်း ၃၀ ထုတ်​​ပေးလိုက်​သည်
"ကိုကိုကြီး john ဘာမှမမှားခဲ့ဘူး အဲ့ဒါကိုမှတ်​​ပေးပါ ကျွန်​​တော်​သွားပြီ"
Johnက​သောက​မျော​ပြောပြီး သူအိပ်​တဲ့အခန်းထဲ ဝင်​ကာ အဝတ်​အိတ်​အ​သေး​လေးယူသည်​ ကိုကိုကြီးက​တော့ ဘာလုပ်​ရမှန်းမသိ​တော့တာ​ကြောင့်​ ​john ​နောက်​က​နေ လိုက်​​နေမိသည်
"ကိုက်ုကြီး ​နေခဲ့​တော့ john သွားပြီ"
John ခြံအပြင်​ဘက်​ ​​ပြေးထွက်​ပြီး ကားကို အမြန်​ဆုံး​မောင်းလာခဲ့သည်​ အ​ဝေးဆုံး မန္တ​လေးမြို့ကြီးနဲ့ အ​ဝေးဆုံးကိုပါ
ကားသံ​တွေ​ကြောင့်​ မင်းမင်း နိုးလာသည်​ သတိနဲ့အိပ်​တာ စစ်​တက္ကသိုလ်​ကတည်းက အကျင့်​ရ​နေသည်​ သူကြားရတဲ့ ကားသံ​တွေက တရကြမ်း​မောင်းသံ​တွေ​ဖြစ်​တာ​ကြောင့်​ သူ အိပ်​ရာကထလိုက်​သည်​ သူအိမ်​အပြင်​ထွက်​ကြည့်​​တော့ john အိမ်​​ရှေ့မှရဲကားများ​ကြောင့်​ သူလန့်​သွားသည်​ သူချက်​ချင်း john အိမ်​ဘက်​​ပြေးလာခဲ့သည်
ရဲတချို့က john မိဘ​တွေနဲ့ ကိုကို​လေးကို စကား​ပြော​နေသည်
"ကိုကို​လေး ဘာဖြစ်​တာလဲ ဘာဖြစ်​လို့လဲ"
မင်းမင်း အ​လောတကြီး​မေးပြီး အိမ်​ထဲဝင်​သွားသည်​ john ​မေ​မေက တုန်​လှုပ်​​သောမျက်​လုံးများနဲ့ ကြည့်​လာသည်
"သားသူငယ်​ချင်းက လူသတ်​သွားတယ်​တဲ့ သားရယ်​"
အန်​တီ့စကား​ကြောင့်​ မင်းမင်း မှင်​သက်​သွားသည် john က လူသတ်​သွားတယ်​တဲ့လား
"ဒီက ညီ​လေးက "
ဘေးက ရဲမှူးက ​မေးလာမှ မင်းမင်း သတိဝင်​လာပြီး တံ​တွေးမျိုချလိုက်​သည်
"John သူငယ်​ချင်းပါခင်​ဗျာ "
မင်းမင်း မနည်းအားစိုက်​ပြီး ​ဖြေလိုက်​သည်
"ညီ​လေးသူငယ်​ချင်းက Paragonia club မှာ ဦးမင်းထက်​ကို သတ်​တဲ့သူအဖြစ်​ ဝရမ်းထုတ်​ခံထားရပါတယ်​ ဒီအ​တောအတွင်း ညီ​လေးဆီ တစုံတရာ ဆက်​သွယ်​ခဲ့ရင်​ အကိုတို့ဆီ ဆက်​သွယ်​​ပေးပါ"
ရဲမှူးစကားထဲက မင်းထက်​ဆို​သော နာမည်​​ကြောင့်​ မင်းမင်း နားလည်​လိုက်​သည်​ philipရဲ့အဆင်​မ​ပြေမှုကို ဒီလိုရူးရူးမိုက်​မိုက်​ ​ဖြေရှင်းလိုက်​တာလား john မင်း ညံ့လိုက်​တာကွာ
"ဟုတ်​ကဲ့ပါ ဆရာ ကျွန်​​တော်​ တခြားသူငယ်​ချင်း​တွေကို ​ပြောလိုက်​ပါဦးမယ်​"
မင်းမင်း ​ဘာမှဂရုစိုက်​နိုင်​ဘဲ ​ယောင်​နနနဲ့ လမ်း​လျှောက်​ခဲ့သည်​ သူငယ်​ချင်းရယ်​ ငါတို့ပြန်​ဆုံးတာ ဘယ်​​လောက်​ကြာ​သေးလို့လဲကွာ မိုက်​လိုက်​တာ ဆန်​လို့လားကွာ တန်​လို့လား သူယူကြုံးမရစွာ နဲ့ အားရပါးရ ရှိုက်​ငိုလိုက်​သည်
ခြံတခါးလှုပ်​သံ​ကြောင့်​ philip နိုးလာသည်​ သူပြတင်း​ပေါက်​က ကြည့်​လိုက်​​တော့ မင်းမင်းကို​တွေ့တာ​ကြောင့်​​ပြေးဆင်းလာလိုက်​သည်
"မင်းမင်းပါ အ​ဖေ ကျွန်​​တော်​သွားလိုက်​မယ်​ အ​ဖေပြန်​အိပ်​လိုက်​ဦး"
အိမ်​တံခါးဖွင့်​​နေ​သော အ​ဖေ့ကို ​သူ​ပြောရင်းအပြင်​ထွက်​လာခဲ့သည်
"မင်းမင်း ဘာဖြစ်​လာတာလဲ"
သူ့အ​မေးကို မ​ဖြေဘဲ ​မော့ကြည့်​လာ​သော မင်းမင်းမျက်​နှာ​ကြောင့်​ philip လန့်​သွားသည်​ မျက်​ရည်​စီး​ကြောင်းများရယ်​ နာကျင်​​နေ​သော မျက်​ဝန်းများရယ်​​ကြောင့်​ ခြံတံခါးကို သူအမြန်​ဖွင့်​လိုက်​သည်
"John ဘဝသွားပြီ john ဘဝသွားပြီကွ"
ပြော​ပြောဆိုဆို နဲ့ ငိုလိုက်​​သော မင်းမင်း​ကြောင့်​ philip ​မေးခွန်း​တွေ ပါးစပ်​ဖျားမှာ စုပြုံသွားသည်
"မင်းထက်​ကို သတ်​ပြီးထွက်​​ပြေးသွားတယ်​တဲ့"
မင်းမင်းရဲ့ စကား​ကြောင့်​ philip ဆွံ့အသွားသည်
"အားးးး မဟုတ်​ဘူး"
ရုတ်​တရက်​​ပေါ်ထွက်​လာ​သော ​အော်​သံ​ကြောင့်​ မင်းမင်း​ရော philip ပါ ​အသံကြားရာဆီ ကြည့်​လိုက်​မိ​တော့ ​မြေပြင်​​ပေါ်မှာ အရုပ်​ကြိုးပြတ်​ ထိုင်​​နေ​သော ​မွှေးကို ​တွေ့လိုက်​ရသည်
"​မွှေး နင်​နိုး​နေတာလား"
မင်းမင်းရဲ့ အ​မေးက ​မွှေးရဲ့ နားထဲမှာ မကြားတချက်​ကြားတချက်​ပါ
မဖြစ်​နိုင်​ပါဘူး ဒါ အိပ်​မက်​ဆိုးမက်​​နေတာပါ ​မောင်​က အလုပ်​ကိစ္စနဲ့ မန္တ​လေးသွား​နေတာ နှစ်​ရက်​ရှိပြီ အ​မေရိကန်​က ​မောင့်​သူငယ်​ချင်း​တွေနဲ့ Hotel တည်​​ဆောက်​မယ့်​ပုံစံ​တွေ တည်​​နေရာ​တွေလုပ်​ဖို့ မန္တ​လေး သွား​နေတာ ပြီး​တော့ ​​မောင်​က အဲ့ဒီလို မလုပ်​​လောက်​ပါဘူး ​မွှေးအတွက်​ ​မောင်​ အမြဲတမ်း စဉ်းစား​ပေးတာ
"​မွှေး ​မွှေး"
မင်းမင်းနဲ့ philip မှာ ကိုယ့်​အကူကိုယ်​ ဂရုမစိုက်​နိုင်​ဘဲ ​မွှေးတို့ခြံတံခါး​ရှေ့ရပ်​ရင်း ​မွှေးကို ​အော်​​နေမိကြသည်
အိမ်​အပြင်​ဘက်​မှ အသံ​တွေ​ကြောင့်​ ​ဖွေး အိမ်​အပြင်​ထွက်​လာ​​တော့ ခြံတံခါး ​ရှေ့မှာ မင်းမင်းနဲ့ philip ကို​တွေ့လိုက်​ရသည်
"မမ​ဖွေး ​မွှေး"
မင်းမင်း မမ​ဖွေးကို ​အော်​ရင်း ​မွှေး ရှိရာလက်​ညိုးထိုးပြလိုက်​သည်
မင်းမင်းလက်​ညိုးညွှန်​ရာကို ကြည့်​လိုက်​​တော့ ​​မြေ​​ပြင်​​ပေါ်မှာ ထိုင်​​နေ​သော ညီမဖြစ်​သူ​ကို လှမ်းမြင်​လိုက်​ရသည်​ သူမလန့်​ပြီး ​မွှေးနား​ပြေးသွားသည်
"​မွှေး "
သူမ​ပြေး​ပွေ့လိုက်​ချိန်​မှာ​တော့ ​မွှေး က​လေးတ​ယောက်​လို ချူံးပွဲချငို​တော့သည်
"​မောင်​ မဖြစ်​ရဘူး "
မွှေးရဲ့ ယူကြုံးမရဖြစ်​​နေ​သောပုံစံက philip ကို ပို၍​သွေးပျက်​​စေငည်​ ငါက မင်းအ​ပေါ် အမြဲတမ်း အပြစ်​လုပ်​ခဲ့တဲ့ ​ကောင်​ပါ johnရယ်​ ဒီတခါလည်း ငါ​ကြောင့်​ဘဲလား ငါဘယ်​လိုစိတ်​နဲ့ ရှင်​သန်​ရမှာလဲကွာ ဘာလို့ငါက မင်းကို အမြဲဒုက္ခ​တွေဘဲ ​ပေး​​နေမိတာလဲ သူခြံတံခါး ​ရှေ့မှာ ထိုင်​ချလိုက်​သည်
သွေးပျက်​​သောညပါဘဲ နတ်​ဆိုးတ​ကောင်​ဖန်​ဆင်း​သော ​သွေးပျက်​တဲ့ညပါ
>>>​မွှေး ​မောင့်​ကို မမုန်းပါနဲ့<<<
မုန်းတယ်​​မောင်​ ရိုးတွင်းခြင်​ဆီက​နေ စိမ့်​​နေ​အောင်​ကို မုန်း​နေတာ ​မောင်​မရှိရင်​ မဖြစ်​ပါဘူးဆိုတဲ့ ​မွှေးကို လက်​လွှတ်​စပယ်​ ​မောင်​ပစ်​ထားခဲ့တာ ဖုန်းထဲမှာ ​မောင့်​ရဲ့ ​နောက်​ဆုံးဝင်​ထား​သော စာ​လေးကို ကြည့်​ရင်း ​မွှေး အကြိမ်​ကြိမ်​ ​ရေရွတ်​​နေမိသည်
သတိ​မေ့​နေ​သော မင်းထက်​ကိုကြည့်​ရင်း philip အကြိမ်​ကြိမ်​သကိပြင်းချ​နေမိသည်​ မြန်​မြန်​သတိရစမ်းပါ လူညစ်​ပတ်​​ကောင်​ရယ်​ မင်း​ကြောင့်​ ငါ့သူငယ်​ချင်းဘဝ အပျက်​မခံနိုင်​ဘူး မင်းလိုချင်​တာ မင်းဖြစ်​​စေချင်​တာ အကုန်​ဖြစ်​​စေရမယ်​ သတိ​လေးဘဲလည်​လာစမ်းပါ အထူးကြတ်​မတ်​ခန်းထဲ လူနာ​စောင့်​တ​ယောက်​သာ ဝင်​ခွင့်​ရ​သော​ကြောင့်​ philip ​လောပန်​ကို ​တောင်းပန်​ကာ ကိုယ်​တိုင်​​စောင့်​​နေမိသည်​ john အတွက်​ မင်းသတိရမှဖြစ်​မယ်​ မင်းထက်

အဖြူ​ရောင်​​မေတ္တာWhere stories live. Discover now