"ကို မေမြို့ကို ခဏခဏ ပြန်ခဲ့နော် ဆု ကိုအကြာကြီး ပစ်မထားနဲ့ "
Hiromi cafe'ရဲ့ အပေါ်ထပ် တဝိုင်းနဲ့တဝိုင်း သစ်သားတိုင်ခပ်စိပ်စိပ်ကာထားသော စားပွဲဝိုင်းမှာ သူတို့အေးဆေးထိုင်ဖြစ်ကြသည်
ရင်ခွင်ထဲမှီရင်း ခပ်ချွဲချွဲ ပြောလာသော ချစ်သူစကားကြောင့် philip ပြုံးမိသည်
"ပြန်လာမှာပေါ့ ကိုအားတိုင်း ပြန်လာခဲ့မှာပါ စိတ်ချ ကိုလည်း ဆုကို နေ့တိုင်းလွမ်းနေရတာ ခုခဏခွဲနေရတယ်ဆိုတာလည်း ကိုတို့ တသက်လုံး တူတူနေရမယ်ဆိုတဲ့ အတွေးနဲ့ အားတင်းပြီးနေရတာ"
Philip စကားကြောင့် ဆုအိမ့် သက်ပြင်းချမိသည် သူတို့လို lgbt အချစ်ခရီးလမ်းက သာမာန်ယောက်ျားမိန်းမချစ်ခြင်းများလောက် မဖြောင့်ဖြူးသောကြောင့် ပိုစိတ်မောရသည်
"အင်းပါ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက် ညဘက်တွေလည်း မထွက်နဲ့ မန္တလေးက ခုတလော အမှုခဏခဏဖြစ်သံကြားနေရတယ် သေချာဂရုစိုက်ဦး"
"ဟုတ်ပါပြီ အမရဲ့အမိန့်တိုင်းပါဘဲဗျာ"
ပြောင်စပ်စပ်လုပ်ပြနေသော philip အမူအရာကြောင့် ဆုအိမ့်သဘောကျစွာ ရယ်မိသည် john လည်း ဒီလိုမျိုး ပြောင်နေကျမဟုတ်ပါလား john နဲ့တောင် သေချာ မတွေ့ရသေးဘူး ဒီညနေတော့ သွားတွေ့ဦးမှပါ
"ဆု ကို မန္တလေး ပြန်ဆင်းရဦးမှာနဲ့ ပြန်ကြစို့"
Philip နာရီကြည့်ရင်း ဆုအိမ့်ကို ပြောလိုက်သည် ချစ်သူနဲ့တွေ့နေချိန်တွင် အချိန်များက မြန်မြန်ကုန်သွားသလို ခံစားရသည် အခုလည်း တွေ့ရတာ ခဏလေးလို့သာ စိတ်ကထင်နေသော်လည်း နာရီလက်တံတို့က မဟုတ်ကြောင်း သက်သေနေသည်
ဂိမ်းဆော့ရင်းက ဖုန်းလာသောကြောင့် မင်းမင်း စိတ်မရှည်စွာနဲ့ ဖုန်းချလိုက်မည်လုပ်သော်လည်း ခုတလော ဂီတာတီးဖက်ဖြစ်နေသောကြောင့် ကိုင်လိုက်သည်
"အေး ဘာလဲ မြန်မြန်ပြော ငါမအားဘူး ဂိမ်းဆော့နေတာ"
"မင်းမင်း john ဆုံးပြီတဲ့"
ကြားလိုက်ရသောကြောင့် မင်းမင်း ကြောင်တက်တက်ဖြစ်သွားသည်
"ခွေးကောင် ချီးဘဲ ဒါနောက်စရာများမှတ်နေလား နောက်တခါ အဲ့ဒီလိုစရင် မင်းကို ငါသတ်မယ်"
မင်းမင်း စိတ်ဆိုးမာန်ဆိုးနဲ့ ငါကိုင်တုတ်ပြီး ဆဲလိုက်သည် ညကမှ သူငယ်ချင်း တွေနဲ့ ရန်ဖြစ်ပြီး စိတ်မကြည်ရတဲ့အထဲ
"ငါအတည်ပြောတာ ငါ့အမေနားက မုန့်ဖိုးသွားတောင်းရင်း အရေးပေါ်ခန်းထဲမှာ john အဖေ သူနာပြုနဲ့ပြောတာကြားတာကွ"
အတည်ပေါက်ပြောလာသောစကားကြောင့် မင်းမင်း လန့်သွားသည် ဒီကောင့် အမေက ဆေးရုံကြီးမှာ သူနာပြု သူတို့အားလုံးက ဆေးရုံးဝန်းထဲမှာဘဲ နေကြသည်
"မင်းမင်း"
တဖက်က နာမည်ခေါ်သံကြားမှ မင်းမင်း ကမန်းကတန်း ဖုန်းချပြီး အိမ်ထဲကနေ ပြေးထွက်လာခဲ့သည်
"မွှေး မွှေး မိမွှေး"
စွပ်ကျယ်ချိုင်းပြတ်နဲ့ ပုဆိုးကိုကိုင်ကာ အိမ်ထဲပြေးဝင်လာသော မင်းမင်းကြောင့် မွှေး လန့်သွားသည်
"မင်းမင်း ဘာဖြစ်"
"John ဆုံးပြီတဲ့"
အမေးပင်မဆုံးသေးဘဲ ဖြတ်ပြောလိုက်သော မင်းမင်းစကားကြောင့် မွှေး လန့်သွားသည်
"နင် ဘာတွေလာပြောနေတာလဲ မနေ့ကဘဲ ငါနဲ့သူ စကားပြောသေးတာကို"
"John ဆုံးပြီတဲ့"
မွှေးရဲ့ စကားတွေကို အရေးမစိုက်ဘဲ မင်းမင်း ထပ်ပြောလိုက်သည်
"လာ မွှေး ငါတို့ ဆေးရုံကြီးကို လိုက်သွားရမယ်"
မင်းမင်း မွှေးကို ဇွတ်ဆွဲပြီး အိမ်ထဲကနေ ခေါ်လာခဲ့သည်
"ခဏလေး နင့်ဆိုင်ကယ်သော့ရော မွှေး ငါတို့ဆိုင်ကယ်နဲ့ သွားကြမယ်"
သွေးရူးသွေးတန်း ဖြစ်နေသော မင်းမင်းရဲ့ ပုံစံက မွှေး လက်မခံချင်သော အကြောင်းအရာက အမှန်တရားဖြစ်ကြောင်း သက်သေပြနေသလိုပင် မွှေး အတွက်တော့ အိပ်မက်မက်နေသလို ဝါးတားတားကြီးသာ ခံစားနေရသည်
"မွှေး ဆိုင်ကယ်သော့"
"စားပွဲပေါ်မှာ "
မင်းမင်းရဲ့ အာခေါင်ခြစ်အော်သံကြောင့် မွှေး ယောင်နနနဲ့ ပြန်ဖြေလိုက်သည်
မင်းမင်း အိမ်ထဲပန်ပြေးဝင်ကာ စားပွဲပေါ်က ဆိုင်ကယ်သော့ကို ယူသည်
"မွှေး တက်ဟ မြန်မြန်"
မွှေးခေါင်းထဲမှာ ဘာမှမရှိတော့ မင်းမင်းအော်နေသမျှကိုသာ လိုက်လုပ်နေမိသည်
မွှေး တက်ပြီးသည်နှင့် မင်းမင်း ဆိုင်ကယ်ကို တရကြမ်း မောင်းထွက်လာခဲ့သည်
လမ်းထိပ်မှာ philip တို့ဆိုင်ကယ်နဲ့ ရှောင်မိကြသည် မင်းမင်းက အာရုံနဲ့မို့ သတိမထားမိသော်လည်း philip က သေချာရှောင်ပေးလိုက်သည်
ဆုအိမ့်ဆိုင်ကယ်နောက်ကနေ မွှေးအား လက်လှမ်းပြပြီး ရယ်ပြလိုက်သည်
"ဆုအိမ့် လိုက်ခဲ့ မြနိမြန် အရေးကြီးတယ်"
အဲ့ဒီတော့မှ မွှေးလည်း သတိဝင်ပြီး လက်ယပ်ခေါ်ကာ အာခေါင်ခြစ်အော်ရတော့သည်
မျှော်လင့်မထားသော မွှေးရဲ့ အသံကြောင့် philipရော ဆုအိမ့်ပါ လန့်သွားသည်
"ကို မြန်မြန်ကွေ့ပါ ဆုတို့ လိုက်သွားရအောင်"
မင်းမင်းရဲ့ အလောတကြီးပုံစံ မွှေးအော်ခဲ့သော စကားတို့ကြောင့် philip ဆိုင်ကယ်ပြန်ကွေ့ကာ မင်းမင်း တို့ဆိုင်ကယ်သွားရာဘက် မှန်းပြီးလိုက်ခဲ့သည်
အရေးပေါ်ဆောင်နဲ့ အနီးဆုံးဆိုင်ကယ်စတန်းမှာ ဆိုင်ကယ်ကို ရပ်ပြီးနှစ်ယောက်သား အရေးပေါ်ဆောင်ကို ပြေးကြသည်
အရေးပေါ်ဆောင်ရှေ့ အုတ်လှေကားထစ်ပေါ်၌ ကိုကိုလေးရင်ဘတ်ထုကာ အားရပါးရ ငိုနေသော john မေမေ့ကို တွေ့လိုက်ရချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ လက်ကျမ်မျှော်လင့်ချက်လေးကား အငွေ့ပျံသွားသည်
မင်းမင်း အဆောင်ရှေ့တန်းလျားပေါ်၌ ငူငူကြီးထိုင်နေသော john ဖေဖေဆီ ပြေးသွားလိုက်သည်
"ဦး john"
ခေါင်းခါပြရင်း မျက်ရည်တွေစီးကျနေသော john ဖေဖေပုံစံကြောင့် မင်းမင်း ယောက်ျားတန်မဲ့ အော်ကြီးဟစ်ကျယ်ငိုမိသည်
မွှေးကတော့ ဆေးရုံတိုင်ခြေမှာ ငုတ်တုတ်ထိုင်ရင်း အားရပါးရရှိုက်ငိုနေလိုက်သည်
Philip ဆိုင်ကယ်ကို ဆေးရုံကြီးဝင်းထဲချိုးဝင်ရင်း မျက်လုံးရှာနေမိသည် မင်းမင်းဆိုင်ကယ်ချိုးဝင်သွားတာ မြင်လိုက်သော်လည်း သူ သိပ်မသေချာသည်မို့ ဆိုင်ကယ်စတန်းကို သေချာကြည့်လိုက်သည် မွှေး ဆိုင်ကယ်တွေ့တော့ သူမျက်မှောင်ကြုတ်မိသွားသည် ဒီကို ဘာလာလုပ်ကြတာလဲ
"ဦး ဒီဆိုင်ကယ်ကလူတွေ ဘယ်သွားတာလဲ မှတ်မိလား"
ဆိုင်ကယ်အပ်ရင်း ဆိုင်ကယ်စတန်းကလူကို philip ,မေးကြည့်လိုက်သည်
"အေးကွယ် သူတို့ဆိုင်ကယ်တောင် မအပ်နိုင်ရှာဘူး အရေးပေါ်ဆောင်ဘက် ပြေးသွားကြတယ်"
ဘာကိစ္စများပါလိမ့် မစဉ်းစားတတ်စွာနဲ့ဘဲ သူတို့ အရေးပေါ်ဆောင်ဘက် လျှောက်ခဲ့သည်
"မွှေး"
ငုတ်တုတ်လေးငိုနေသော မွှေးအနားကို ဆုအိမ့်ပြေးသွားသည်
"John မရှိတော့ဘူး ငါတို့ကို ထားခဲ့ပြီ"
မွှေး ပြောလိုက်သော စကားများကြောင့် ဆုအိမ့်ဖင်ထိုင်ကျသွားသည်
{Philip နင့်ကို မနက်ဖြန်ဖုန်းဆက်မှာပါ ငါအာမခံတယ် ဟုတ်ပြီလား}
John နဲ့သူမ ဖုန်းပြောခဲ့ကြသေးသည် john ကိုတောင် အပူကပ်ခဲ့သေးတာကို ဘာလို့ ရုတ်တရပ်ကြီး
"အန်တီ john လေး "
"သမီးရယ် သမီးဆုအိမ့် သမီးသူငယ်ချင်းက အန်တီတို့ကို ထားသွားပြီ"
ဆုအိမ့် ကြောင်အမ်းအမ်း ဖြစ်ရာမှ john မေမေစကားကြောင့် မျက်ရည်တို့က စီးကျလာသည်
ပုံရိပ်အားလုံးတို့ကphilip အတွက် အိပ်မက် မက်နေသလိုပါဘဲ philip ကြောင်နေသော မျက်လုံးများနဲ့ အားလုံးကို ကြည့်နေမိသည်
"ဦး သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ရေခဲတိုက်မှာထား ထားပါတယ် ရဲတပ်သားလည်း ဒဏ်ရာစစ်ချက်ယူနေတော့ ဦးတို့ စစ်ဆေးပြီး အိမ်ပြန်သယ်ဖို့ စီစဉ်လို့ပါတယ်"
ဦးမြတ်စိုး john လေးကိုကြည့်ရန်အတွက် အားတင်းပြီး ထလိုက်သည်
"သားငယ် မြင့် လာ john လေးအနားသွားရအောင်"
ဦးမြတ်စိုး တံတွေးမြိုချရင်း ဇနီးနဲ့သားဖြစ်သူအား သွားခေါ်လိုက်သည် မွှေးနဲ့ ဆုအိမ့်လည်း တယောက်လက်ကို တယောက်တွဲကာ နောက်ကနေရှိုက်ရင်း ပါလာသည် သူနာပြုဆရာမကတော့ ရှေ့ကနေ ဦးဆောင်သွားသည်
နောက်ကနေလိုက်ရန် ခြေလှမ်း လှမ်းနေသော philip ကို မင်းမင်း လက်လှမ်းဆွဲကာ အဆောင်ရဲ့ ဘေးဘက်ခေါ်လာခဲ့သည် philip လည်း ယောင်နနနဲ့ ပါလာခဲ့သည်
"မင်း ဘာလာလုပ်တာလဲ မင်းဘဲ ထွက်သွားခိုင်းတာလေ john ကို မင်းဘဲ ထွက်သွားဆို "
မင်းမင်းစကားကြောင့် philip ကြောင်မေရာမှ သတိဝင်လာပြီး အားရပါးရ အော်ငိုမိသည်
"မငိုနဲ့ philip မင်းထွက်သွားခိုင်းတာလေ johnကို ခုကျေနပ်ပြီမလား"
"ငါလည်း အဲ့ဒီလိုပြောပြီးကတည်းက စိတ်ထဲမကောင်းပါဘူးကွာ ငါလည်း ပျော်လို့ပြောခဲ့တယ်များ ထင်လို့လား"
"ဘာမှထပ်မပြောနဲ့ မင်းသွား မင်း မလာနဲ့ john အနားကို"
"မသွားဘူး ဘာလို့သွားရမှာလဲ မသွားဘူး john နဲ့ငါက အချစ်ဆုံးသူငယ်ချင်းတွေဘဲ ငါတို့ခဏလေးစိတ်ဆိုးနေတာမင်းမင်းရ သူက စိတ်ဆိုးသန်တယ် သူစိတ်ဆိုးလို့ စနေတာနေမှာ ဟီး"
ပြောရင်း ကလေးတယောက်လို ငိုချလိုက်သော philip ကို ကြည့်ရင်း မင်းမင်း ဆက်အပြစ်မတင်ရက်တော့ပါ"
ရေခဲတိုက်ထဲဝင်သွားတော့ ရေခဲတိုက်စောင့်နဲ့အတူ အခင်းဖြစ်ပွားရာနယ်မှ တာဝန်ကျရဲသားကိုပါ တွေ့ရသည်
"ဆရာ ဒီလူတွေက သေဆုံးသူရဲ့မိဘတွေပါ"
"ဟုတ်ကဲ့ဦးတို့ အန်တီတို့ အရင်ဆုံး လူသေကို အတည်ပြုပေးပါ"
ရေခဲတိုက်စောင့်က သူတို့ကို ဦးဆောင်သွားသည်
"ဒီမှာပါ ဦး"
စင်ပေါ်မှ အလောင်းတလောင်းကို ပြလိုက်သည်
ဦးမြတ်စိုး သက်ပြင်းချပြီး လှမ်းကြည့်လိုက်သည်
"ဟာ ဒါ john လေးမှမဟုတ်တာ"
ဦးခေါင်းခွံတခြမ်းလုံးကြေမွနေသော ပုံစံနဲ့ မိန်းကလေးက john လေးမဟုတ်ခဲ့ပါ
"ဗျာ"
"ဟုတ်တယ် john လေးမဟုတ်ဘူး"
"ကားချောက်ထဲထိုးချလို့ ရောက်လာတဲ့သူကတော့ သုတယောက်ဘဲရှိတယ်ဗျ သေချာကြည့်ပါဦး ရုပ်ကနည်းနာ်းပျက်နေတော့"
"ဟာ မဟုတ်ဘူး ကျွန်တော့်သမီး ကျွန်တော်သိတာပေါ့"
သူတို့အားလုံး သေချာကြည့်ပြီးjohn မှမဟုတ်တာ john ဘယ်မှာလဲဆိုသော စကားကိုသာ ရေရွတ်နေမိသည်
"ဆရာ ဒါ ကျွန်တော့်သမီး မဟုတ်ဘူးဗျ"
ဦးမြတ်စိုး ရဲဆီသွားပြောလိုက်သည်
"အကို့ကို ဘယ်သူအကြောင်းကြားပေးတာလဲဗျ ကျွန်တော်တို့က ဘာမှမလုပ်ရသေးလို့ပါ"
"ဆေးရုံကြီးက သူငယ်ချင်းဆရာဝန်ပါ ဒေါက်တာအောင်ထိုက်ပါ"
သူ့စကားကြောင့် သူနာပြုဆရာမလေးတွေသွားသည်
"ဒေါက်တာအောင်ထိုက်ကတော့ ခွဲစိတ်ခန်းဝင်သွားပါတယ် သူလည်း ခွဲစိတ်မယ့်လူနာကို သိနေပုံရပါတယ် ဒါပေမယ့်လူနာက ယောက်ျားလေးထင်တယ်"
ဦးမြတ်စိုးခေါင်းထဲမှာ တချက်လက်ခနဲ ဖြစ်သွားသည်
"ကျွန်တော့်သမီးက tomboy ပါ ဟူဒီမီးခိုးရောင်ပါးပါးနဲ့ ဂျင်းဘောင်ဘီရှည်ဝတ်ထားပါတယ်"
"အဲ့ဒါဆိုဟုတ်တယ် လူနာက အထူးကြတ်မပ်ခွဲစိတ်ဆောင်မှာပါ ဦး တောင်းပန်ပါတယ်ရှင် သမီးဆိုတော့"
သူနာပြုစကားကြောင့် သူတို့ ထခုန်မတက် ဝမ်းသာသွားသည်
"ဆရာမ ပို့ပေးလို့ရမလား"
"ရပါတယ်ရှင့်လိုက်ခဲ့ပါ"
သူတို့မျှော်လင့်ချက်ကလေးနဲ့ တိတ်ဆိတ်စွာ သူနာပြုဆရာမနောက် လိုက်လာခဲ့သည်
"ဒီမှာပါ ဦး ဟိုထိုင်နေတဲ့ ရဲနားမှာ အတည်ပြုလို့်ရပါတယ်"
ဦးမြတ်စိုး ခွဲစိတ်ခန်းရှေ့က ရဲသားဆီ ပြေးသွားသည်
"ဆရာ ခွဲစိတ်နေတဲ့လူနာက ကားမှောက်လို့ရောက်လာတဲ့လူနာလား ဘယ်လိုပုံစံလဲဗျ"
ရဲက မှတ်တမ်းယူထားသော ပုံကိုပြသည် ဟုတ်ပါတယ် johnလေးမှ John အစစ်
"ဖေဖေ"
သူ့ကိုခေါ်လာသော သားငယ်အား သူပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်
သူတို့အားလုံး ခွဲစိတ်ခန်းရှေ့မှာ ရင်တုန်ပန်းတုန်နဲ့ ထိုင်စောင့်ရပြန်သည်
မင်းမင်း နဲ့ philip တယောက်လက်တယောက်ဆွဲကာ ရေခဲတိုက်ဘက် လာခဲ့သညိ သူတို့ရောက်တော့ ရဲနြ့ ရေခဲတိုက်စောင့်သာ ရှိနေသည်
"အကို ခဏနေက သူနာပြုအမခေါ်လာတဲ့ လူတွေရောဗျ"
ရဲအား မင်းမင်းမေးလိုက်သည်
"သူတို့်က သေးဆုံးသူနဲ့ မသက်ဆိုင်ပါဘူး သူတို့လူနာက ခွဲစိတ်ဆောင်မှာဆိုလို့ သွားခဲ့ကြတယ်"
"ဒါဆို မသေသေးဘူးပေါ့"
Philip ဝုန်းဆို ချက်ချင်းရောက်လာပြီး မေးတော့သည်
"ဟုတ်ပါတယ် ခွဲစိတ်နေတုန်းပါ"
မင်းမင်းကြောင်ရပ်နေစဉ် philip က ဆေးရုံဘက်ပြန်ပြေးသည် ဆေးရုံထဲက ဆရာမကိုမေးပြီး ခွဲစိတ်ဆောင်ဘက် တန်းပြေးခဲ့သည်
သူတို့အားလုံး နှေးကွေးဗသာ နာရီလက်တံများကို ကြည့်ရင်း ရင်တမမနဲ့ ဘုရားတကာ စောင့်နေကြသည်
{John မင်းပြန်လာပါကွာ မင်းပြန်လာရင် အားလုံ မင်းစိတ်ကြိုက်ဖြစ်စေရပါ့မယ်}
Philip ဆုအိမ့်ဘေးမှာ ဝင်ထိုင်ရင်းက အတွေးပေါင်းစုံ တွေးနေမိသည်
"ကျွီ"
ခွဲစိတ်ခန်းတံခါး ဖွင့်ချိန်မှာတော့ သူတို့အားလုံးရဲ့ အာရုံတွေက ဆရာဝန်ကြီးဆီ ရောက်သွားသည်
"သူငယ်ချင်း "
ဦးမြတ်စိုး အားကိုးတကြီးနဲ့ ဒေါက်တာအောင်ထိုက်ကို ခေါ်လိုက်သည်
"စိတ်အေးအေးထားပါ ခဏနေ john ကို လူနာခန်းထဲ ရွှေ့မှာပါ အသက်အန္တရာယ်တော့ မရှိတော့ပါဘူး သူ ၂၄နာရီအတွင်း သတိရလာမှာပါ"
"ကျေးဇူးပါ သူငယ်ချင်း"
ဦးအောင်ထိုက် စိုးရိမ်ပူပန်မှုတွေ ပြည့်နေသော သူငယ်ချင်းပုခုံးအားပုတ်လိုက်သည်
သူတို့အားလုံး အခုမှဘဲ သက်ပြင်းချရတော့သည် တနေ့လုံး ဝမ်းနည်းပူပင်နေခဲ့ရသည် မဟုတ်ပါလား
ကျေးဇူးပါ john ပြန်လာပေးလို့
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်