"Philip ဒီအပတ်ထဲ ဖားကန့်သွားရမယ့် ကိစ္စရှိတယ်မလား "
"ရှိတယ်ဦး ဘာထပ်မှာစရာရှိသေးလို့လဲ"
လောပန်ကို philip ပြန်မေးလိုက်သည် ဒီလိုထပ်ပြောနေပုံထောက်ရင် တခုခုပါဘဲ
"ဒီတခါက တပတ်ဆယ်ရက်လောက်ဆိုတော့ မင်းထက်ကိုပါ ခေါ်သွားပါလား philipလည်း ဆယ်တနိးပြီးကတည်းက လေ့လာခဲ့တာဘဲ မင်းထက်ကိုလည်း လေ့လာစေချင်နေပြီ ဆယ်တန်းပြီးကာစကတော့ နေပါစေဆိုပြီး လွှတ်ထားတာ အခု တက္ကသိုလ်တောင်ရောက်ပြီဆိုတော့ သူ့ကို လေ့လာစေချင်ပြီ အဲ့ဒါမှ ကျောင်းပြီးတာနဲ့ သူ့ကို အားကိုးလို့ရမှာ"
"ဦးပြောတာ မှန်ပါတယ် မင်းထက်လည်း အလုပ်ထဲစိတ်ဝင်စားသွားရင် အခုလို စည်းလွတ်ဝါးလွတ် နေတော့မှာ မဟုတ်ဘူး"
Philip လောပန်စကားကို ထောက်ခံပေးလိုက်သည် ဒီမိသားစုက သူ့အပေါ် အစစအရာရာ ကူညီစောင့်ရှောက်ပေးခဲ့သူမို့ ဒီမိသားစုကို အဆင်ပြေနေတာဘဲ ဖြစ်စေချင်ပါသည်
"မင်းထက်"
"အင်း"
သူငယ်ချင်း ခေါ်တာကို မင်းထက် စိတ်မပါလက်မပါ ထူးလိုက်သည်
"မင်းထူးတာကြီးကလည်းကွာ စိတ်မပါလက်မပါ ရှိလိုက်တာ ဘာတွေဖြစ်နေတာလဲ "
"အိမ်ကဖားသားကြီးက ပွားနေလို့ဟေး ဒီအပတ်ထဲ ဖားကန့်သွားရမယ်တဲ့"
"ဘယ်သူနဲ့လဲ မင်းအိမ်က tomboy နဲ့လား"
"ဟုတ်တယ် philip နဲ့ လိုက်သွားရမှာ philip ကလည်း ဘာလို့ အဲ့ဒီလို အလုပ်တွေကြိုးစားနေလဲ မသိဘူး သူက အဲ့ဒီလိုနေတော့ ငါက ခဏခဏ အဆူခံရတာပေါ့ "
မင်းထက် စိတ်ပျက်လက်ပျက်နဲ့ ညည်းလိုက်သည်
"မင်းကလည်းကွာ နှစ်ယောက်ခရီးအတူထွက်ရတာ ဘယ်လောက်တောင် သာယာလဲ"
"ဟာကွာ မင်းတို့ကလည်း မကောင်းကျောင်းပို့ ဘာလို့သာယာရမလဲကွ tomboy နဲ့ မိန်းကလေးဆိုလည်း တော်သေး"
သူငယ်ချင်းပြောသော စကားကို မင်းထက် တုံ့ပြန်လိုက်သည် philip အိမ်စရောက်ကတည်းက ခင်ဖို့ကောင်းသော သူငယ်ချင်းတယောက်လို ဆက်ဆံခဲ့သည် အခုလိုတွေ သူ လုံးဝမစဉ်းစားခဲ့ဖူးပါ
"ဟ tomboy လည်း မိန်းကလေးဘဲလေ တခါတလေလေး ထူးခြားသွားတာဘဲ"
"တော်စမ်းပါကွာ စိတ်ညစ်ရတဲ့အထဲ မင်းတို့ကတမျိုး"
မင်းထက် တယောက်တပေါက်ပြောနေသော သူငယ်ချင်းများကို ပြောဆိုရင်း ထထွက်လာခဲ့သည် တော်တော်လည်း ပေါက်ပေါက်ရှာရှာတွေးတဲ့ကောင်တွေ
(တချို့သောလူတွေမှာ tomboy လည်းဘယ်လိုဘဲ ဆိုတဲ့ အောက်တန်းကျတဲ့အတွေးတွေ တကယ်ရှိကြပါတယ် စမ်းကြည့်ချင်တဲ့စိတ်တွေလည်း ရှိကြပါတယ် ညီလေးဆိုပြီး စကားရောဖောရောနဲ့ အခွင့်အရေး ယူချင်တဲ့သူတွေလည်း ရှိတတ်ပါတယ်)
မင်းထက် စိတ်ပျက်လက်ပျက်နဲ့ အထုပ်အပိုးပြင်နေလိုက်သည် လိုက်ကိုလိုက်ရမည်ဆိုတာသိရက်နဲ့ အဖေ့ကို သွားပုန်ကန်လိုက်ရင် ရထားတဲ့ အခွင့်အရေးလေးတွေ ဆုံးရှူံးသွားနိုင်သည် တခါတလေတော့လည်း အလျှော့ပေးမှ ဖြစ်မည်
ဖားကန့်ရောက်ကတည်းက နားရတယ်မရှိ ဟိုမှဒီ ပြေးလွှားနေရသည် philip ကတက်ကြွသလောက် မင်းထက်က အိမ်မှာကျန်ခဲ့သည်က များသည် အိမ်မှာ ဂိမ်းဆော့လိုက် အရက်သောက်လိုက် philip အပြင်ခေါ်လျှင် ဝတ္တရားအရလိုက်သွားလိုက်နဲ့ အချိန်ကုန်စေသည်
"အား"
အိမ်ရှေ့အော်သံကြောင့် မင်းထက် ပြေးထွက်လာခဲ့သည်
"Philip ဘာဖြစ်တာလဲ"
"ဒီရှေ့က အပင်လေးရေလောင်းပေးမလို့ ရေသယ်လာတာ ခြေခေါက်သွားတယ်"
အခုမှ သတိထားကြည့်မိသည် ဘေးမှာရေပုံး ကလည်း မှောက်ကျနေသည် ညို့သကျည်းက အုတ်ခုံနဲ့ဆောင့်မိသည်မို့ ပွန်းသွားပုံရသည်
"လက်ဖယ်စမ်းပါ ကြည့်ရအောင် များလားလို့်"
ညိုသကျည်းပေါ်က အုပ်ထားသောလက်ကို ဆွဲခွာကြည့်တော့ နည်းနည်းညိုပြီး ပွန်းနေသည်
"ဘာမှတော့မဖြစ်ပါဘူး မတ်တပ်ရပ်နိုင်လား ထူပေးရမလား"
"ရတာ် ရတယ် ကိုယ့်ဘာသာထနိုင်တယ်"
မင်းထက်လည်း သောက်ထားသည့်အရှိန်နဲ့မို့ ဇွတ်ဆွဲထူမနေဘဲ Philip ထနေတာ ကြည့်လိုက်သည် ပြီး philip နောက်ကနေ လျှောက်လာခဲ့သည်
ရေစိုနေသောကြောင့် ဘောင်းဘီတိုက ခန္ဓာကိုယ်မှာ ကပ်နေသည် လမ်းလျှောက်နေသောကြောင့် နိမ့်တုံမြင့်တုံ ဖြစ်နေသော တင်ပဆုံကို ထင်ထင်ရှားရှား မြင်နေရသည် သူအခုမှ philip ကို သတိထားပြီး ကြည့်နေမိသည် ခြေသလုံးကလည်း ဖွေးနေပြီး ခြေဖနောင့်နီရဲရဲနဲ့ အတော်လေးလိုက်ဖက်သည်
"ဟာ ဘာတွေတွေးနေတာလဲ"
မင်းထက် အသာရေရွတ်ရင်း ကိုယ့်ခေါင်းကိုယ် ပြန်ထုလိုက်သည် မစဉ်းစားအပ်သောအတွေးများ မဟုတ်လား
"Philip အဝတ်အစားလဲပြီး ဆေးထည့်လိုက်ဦးနော် "
မင်းထက်ပြောပြီး ကိုယ့်အခန်းဘက်ပြန်ရန် ခြေဦးတော်လိုက်သည်
"မင်းထက် ဒီနေ့ည သောက်ရအောင် အလုပ်အကြောင်းတွေချည်း စဉ်းစားပြီး ဆက်တိုက်လုပ်နေရတာ တော်တော်ပင်ပန်းနေပြီ ဒီနေ့တော့ ကောင်းကောင်းအနားယူရမယ်"
အခန်းထဲဝင်ရန်ပြင်နေသော မင်းထက်ကို philip ပြောလိုက်သည်
"အင်းပါ philip အားတဲ့အချိန် ဈေးဝယ်ထွက်တာပေါ့ ညကျမှ အေးဆေးသောက်မယ်"
မင်းထက်ပြန်ပြောရင်း အခန်းထဲဝင်ကာဂိမ်းဆော့နေလိုက်သည်
"ဟာကွာ fuck ရှူံးပြန်ပြီ"
"ဒုန်း"
ပွဲတိုင်းရှူံးနေသည်မို့ ဖုန်းကို ပစ်ပေါက်လိုက်သည် တကယ်တမ်း သူကိုယ်တိုင်လည်း အာရုံများနေသည် ညနေက philipပုံစံကို သူ့ခေါင်းထဲက ထုတ်လို့မရ ဖြစ်နေသည်
ဒီတခေါက် ဖားကန့်လာရတာ သူ့အတွတ်တော်တော် အကျိုးရှိသည်မို့ philip ဝမ်းသာနေမိသည် ပစ္စည်းကောင်းတော်တော်များများကို သူ့ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်နိုင်ခဲ့ပြီဖြစ်သည် ဒီနှုန်းအတိုင်းဆို ကျောင်းပြီးရင် ဆုအိမ့်နဲ့ မပူမပင် ဘဝလေးတခုတည်ဆောက်နိုင်ပြီ အတွေးနဲ့တင် ပျော်နေမိသည်
"မင်းထက် မင်းထက်"
Philip အခန်းတံခါး ခေါက်ရင်း နာမည်ခေါ်လိုက်သည်
"ဟုတ် လာပြီ"
Philip အိပ်ရာမှ လူးလဲထပြီး တွန့်ကြေနေသော အင်္ကျီကို ဆွဲဖြန့်လိုက်သည် ဒီလောက်ဆိုရပြီ
"သွားကြစို့ တအားမှောင်ရင် မကောင်းဘူး "
Philip ပြောပြောဆိုဆို နဲ့ မင်းထက်ပုခုံးကိုဖက်ပြီးခေါ်ခဲ့သည် သူတို့မိသားစုရဲ့ အကူအညီကြောင့်သာ သူ အစစအရာရာ အဆင်ပြေခဲ့တာမို့ အမြဲကျေးဇူးတင်မိသည်
ခါတိုင်း philipနဲ့ အတူသွားအတူလာနေခဲ့သော်လည်း အခုလို ရှိန်းတိန်းတိန်းနဲ့ နေရခက်တာမျိုး မခံစားရခဲ့ဖူးပါ ဒီနေ့တော့ စိတ်ထဲမှာ အသက်ရှူမဝတာလိုလို ခြေတွေလက်တွေအေးပြီး တမျိုးကြီး ဖြစ်နေသည်
"မင်းထက် နေမကောင်းဘူးလား တခုခုဖြစ်နေသလိုဘဲ"
မင်းထက်ပုံစံကြည့်ရတာ ပုံမှန်မဟုတ်သလို ခံစားရသောကြောင့် philip မေးလိုက်သည်
"ကောင်းပါတယ်philipရ အေးဆေးပါ ဒီနေ့ အိမ်ထဲမှာအနေများတော့ ငြီစီစီကြီး ဖြစ်နေလို့ပါ"
မင်းထက် ပြုံးပြရင်း ပြန်ဖြေလိုက်သည် ဒီနေ့သူ့စိတ်ထဲ တမျိုးကြီး ခံစားနေရသည် အပေါင်းအသင်းတွေပြောသော စကားများပြန်ကြားယောင်ရင်း နေ့လည်က ပုံရိပ်တွေကိုသာ ပြန်မြင်ယောင်နေမိသည်
ဆိုင်ကနေ အရက်ပုလင်းနဲ့ အမြည်းတချို့ဝယ်လာပြီး အိမ်ပြန်ခဲ့သည် ဖားကန့်လာလည်း ဘာမှပူစရာမလို အိမ်တလုံးသက်သက် ဆောက်ထားသည်မို့ အေးအေးဆေးဆေး နေလို့ရသည်
"မင်းထက် ပျင်းနေပြီလား နောက်ထပ် သုံးရက်လောက်နေပြီးရင်တော့ ပြန်ရတော့မှာပါ"
ငိုင်နေသော မင်းထက်ကို philip ဖြေသိမ့်လိုက်သည်
"အင်း ပြန်ချင်နေပြီ တနေ့တနေ့ အခန်းအောင်းပြီး ဂိမ်းဆော့လိုက် ဘာမှန်းမသိတာတွေ လုပ်လိုက်နဲ့ ပျင်းနေပြီ နောက်တခါတော့ မလိုက်တော့ဘူး"
မင်းထက် စကားကြောင့် philip စိတ်မကောင်း ဖြစ်ရသည် သူ့အဖေက ဖြစ်ထွန်းစေချင်သလောက် သားက ပေါက်ရောက်မည့်ပုံမပေါ်ပါ
"မင်းထက် ရေချိုးပြီးရင် ထွက်ခဲ့လေ အကိုလည်း ရေချိုးတော့မယ် အကြာကြီးလည်း ချိုးမနေနဲ့ဦး ဖျားနေမယ်"
မင်းထက်ကို ပြောရင်း အထုပ်တွေကို စားပွဲပေါ်တင်ပြီး အခန်းထဲ ဝင်ခဲ့သည် ဆု နဲ့ သေချာဖုန်းမပြောရော သုံးရက်ရှိပြီ မန္တလေးရောက်မှဘဲ သေချာပြောတော့မယ်
"Cheer"
သူတို့နှစ်ယောက် ခွက်ချင်းတိုက်ပြီး မော့ချလိုက်သည် ရှိန်းတိန်းတိန်း ပူနွေးနွေး အရသာက လည်ချောင်းတလျှောက်ပြန့်သွားသည်
"Philip အလုပ်အရမ်း မကြိုးစားနဲ့ဗျာ"
နည်းနည်းမှန်လာပြီမို့ မင်းထက် စကားများလာသည်
"ဘာလို့လဲကွ"
"Philip ကအလုပ်ကြိုးစားတော့ အဖေက ကျွန်တော့်ကို ပြောတာပေါ့ တခါတလေ အနှိုင်းခံရရင် သိပ်စိတ်ညစ်တာဘဲ ကျွန်တော်က လူငယ်လေ လူငယ်ပီပီ ပျော်ပါးနေချင်တာပေါ့ အဲ့ဒါကို အဖေက နားမလည်ဘူး စီးပွားရေးဘဲ တသက်လုံး လုပ်ရမယ့်ဟာကို "
လျှာလေးအာလေးနဲ့ မင်းထက် စကားပေါချင်တိုင်း ပေါနေတော့သည်
"အကိုက မကြိုးစားလို့ မရဘူးကွ အကိှု့မှာ ရည်ရွယ်ချက် ရှိတယ်"
Philip စိတ်ကူးပုံရိပ်တချို့ကို မြင်ယောင်ရင်း ပြုံးကာ ဖွင့်ပြောလိုက်သည်
"ဘာရည်ရွယ်ချက်လဲဗျ"
"အကို့ကောင်မလေးနဲ့ သာယာတဲ့ဘဝတခု တည်ဆောက်ချင်တာ အဲ့ဒါကြောင့် ကြိုးစားနေတာ"
Philip စကားအဆုံးမှာ မင်းထက်ရှူံ့မဲ့သွားသည်
"အဲ့ဒါအတွက်ဆို ဘာမှကြိုးစားမနေနဲ့ သူလည်း ပချိန်တန်ရင် ယောက်ျားယူသွားမှာဘဲ ဘာမှသိပ်အပင်ပန်းခံမနေနဲ့"
မင်းထက်စကားကြောင့် philip မျက်နှာပျက်သွားသည်
"မင်းကိုငါခင်လို့ သည်းခံလိုက်မယ် နောက်တခါ အဲ့ဒီလိုစကားပြောရင် ငါ့အဆိုးမဆိုနဲ့"
"ပြောတော့ ဘာဖြစ်လဲဗျာ philip လည်း မိန်းကဘေးဘဲ အချိန်တန်ရင် ယောက်ျားယူရမှာဘဲ သူလည်း မိန်းကလေးဘဲ အချိန်တန် လင်ယူမှာဘဲ"
မင်းထက်ရဲ့ မိုက်မိုက်ရိုင်းရိုင်း စကားတွေကြောင့် ဘာမှဆက်မပြောဘဲ philip နေရာကထလိုက်သည် သူ ဆက်မထိုင်ချင်တော့ပါ မင်းထက်ကို ဒီလိုစိတ်ရှိလိမ့်မယ်လို့လည်း သူမထင်ခဲ့ဖူးပါ
"ဘယ်သွားမှာလဲ"
ထရန်ပြင်နေသော philip ကို မင်းထက် ခုံပေါ်ပြန်တွန်းချလိုက်သည်
"ငါ့ကို မထိနဲ့ မူးရင်လည်း အေးဆေးနေ"
Philip ပြန်ပြောရင်း ခုံပေါ်က ထလိုက်သည်
သို့သော် မင်းထက် ကပြန်တွန်းချပြီး အပေါ်ကနေ တက်ခွပြီး ဖိထားသည် ခံစားလိုက်ရသော အတွေ့အထိ ညနေက ပုံရိပ်တို့ကြောင့် မင်းထက် အရာအားလုံးကို ထိန်းချူပ်မှုအာက်မှေ လွှတ်ပေးလိုက်သည်
"လွှတ် လွှတ်စမ်း မင်းထက်"
Philip ဘယ်လိုပင် ရုန်းကန်ပါသော်လည်း ရမ္မက်ဇောကပ်နေသော မင်းထက်ရဲ့အားကို ဘယ်လိုမှ မတွန်းလှန်နိုင်ပါ
အဲ့ဒီလို
အဲ့ဒီလိုနဲ့.
KAMU SEDANG MEMBACA
အဖြူရောင်မေတ္တာ
Romansaနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်