ဆုအိမ့်ပြန်သွားကတည်းက philip မှာ အလုပ်ကိုဘဲ ပိုပြီး အာရုံစိုက်သည် အရင်ထက်ပိုပြီး လေ့လာသည်
"Philip ည ဘားသွားရအောင်"
မင်းထက်စကားကြောင့် philip ကျောက်တွေကို ဓာတ်မီးနဲ့ထိုးကြည့်နေရာမှ မော့ကြည့်လိုက်သည်
"တော်ပါပြီကွာ ငါလုပ်စရာတွေရှိတယ် မင်းထက် မင်းလည်း တအားမသောက်ပါနဲ့ ဒီအိမ်ကအလုပ်တွေကို တချိန်ကျ မင်းဦးစီးရမယ် မဟုတ်လား ကြိုးစားပါကွာ ကိုယ် ကိုယ်တိုင်ကျွမ်းကျင်နေမှ အဆင်ပြေမယ်မဟုတ်လား ဒီလောကအကြောင်း မင်းလည်း ဒီလောကအကြောင်းကို သိရဲ့သားနဲ့"
"အာ philip ကလည်း အခု အဖေလုပ်နေတာဘဲ ပြီးတော့ ကျွန်တော်လည်း ကျောင်းမှမပြီးသေးတာ ကျောင်းပြီးရင် လေ့လာမှာပေါ့ မလိုက်ချင်ရင်လည်း ပြီးရော ကျွန်တော့်ဘာသာ သွားမယ်"
ပြောရင်း ကားသော့ယူကာ ထွက်သွားသော မင်းထက်ကိုကြည့်ပြီး philip ခေါင်းယမ်းလိုက်သည် ဆယ်တန်းအောင်ကတည်းက အိမ်ကတအားမြှောက်စားထားတော့ ဒီကောင် ပျက်စီးချင်နေပြီ ပြိုင်ကားလေးတဝှီဝှီနဲ့ ငွေကို ရေလိုသုံးနိုင်တော့ အပေါင်းအသင်းတွေကလည်း ဝိုင်းမြှောက်သည် ကိုယ် ကိုယ်တိုင်ကလည်း သူနဲ့လိုက်သွားရင် သောက်မိသောကြောင့် သူ့မှာ မလိုက်ဘဲ ရှောင်နေရသည်
"Philip အလုပ်တွေအရမ်းကြိုးစားတာကိုး"
လောပန်က ပြောရင်း သူ့ဘေးကခုံမှာ ဝင်ထိုင်လိုက်သည်
"မင်းထက်ကိုလည်း တွဲခေါ်ပါဦးကွယ် ဦးမှာလည်း သားသမီးကနှစ်ယောက်ဘဲ ရှိတာမလား သူ့ကိုဘဲ အားကိုးရမှာမို့ပါ အဲ့ဒါကြောင့် ချော့ပြီး သူ့ကို တွဲခေါ်ပါဦး"
သူ့ကို စကားလာပြောနေသော လောပန်ကိုကြည့်ရင်း သူစိတ်မကောင်းမိတာကြောင့် ခပ်ဖွဖွပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်
"အိမ်မပြန်ဘူးလား မျိုးသန့်ကတော့ ဦးကို အလုပ်တွေ အရမ်းခိုင်းတယ်ဆိုပြီး စိတ်ဆိုးနေတော့မယ်"
"မဆိုးလောက်ပါဘူး ဦးရယ် အိမ်မှာလည်း ဘာမှမလုပ်ဖြစ်မယ့်အတူတူ ဒီမှာနေတော့ ပညာရတာပေါ့"
စကားပြောရင်းနဲ့ ချစ်သူဆီက ဖုန်းလာတာကြောင့် philip လောပန်ကို အသာပြုံးပြရင်း ခြံထဲဆင်းလာသည်
"Hello"
"ကို ဒီမှာ မိုးရွာနေတယ် မန္တလေးမှာရော မရွာဘူးလား"
"အွန်း အဲ့ဒီလိုမိုးတော့ မရွာဘူး ဆုရဲ့"
Philip စကားကြောင့် ဆုအိမ့်ကြောင်သွားသည်
"ဘယ်လိုမိုးရှိသေးလို့လဲ"
"ဒီမှာလား မေမြို့သူလေးကို လွမ်းလို့ အလွမ်းမိုးတွေ ရွာနေတယ်"
"ဟာကွာ အတည်ပြောနေတယ်ထင်တာ"
"အတည်ပြောနေတာ ဆု ရဲ့ တအားလွမ်းနေတာ"
"လွမ်းရင် မေမြို့ပြန်ခဲ့လေ မွှေးနဲ့ မင်းမင်းကတောင် ပြောနေတာ ကို ပြန်မလာလို့တဲ့"
"ဟုတ်လား သူတို့က ကို့ ကို သတိရနေတာတဲ့လား"
"ဟုတ်တယ် အဲ့ဒါ ကို အားရင်ပြန်ခဲ့ဦး ဆု တို့သူငယ်ချင်းတတွေ ပြန်ဆုံရအောင်"
"အင်းပါ ကို လည်း သူတို့ကို တွေ့ချင်တယ် ကိုအားရင် ပြန်လာခဲ့မယ် ဟုတ်ပြီလား"
နေ့တိုင်း နေ့တိုင်း ဒီအချိန်လေးကို သူသဘောကျသည် ချစ်ရတဲ့သူနဲ့ စကားပြောနေရသောအချိန်များတွင် သူကြည်နူးရသည် သင်္ကြန်တော့ သူငယ်ချင်းတွေဆီ ပြန်ဖြစ်အောင် ပြန်မည် အိမ်မှာ အကြာကြီး အနားယူရမည် philip တွေးရင်း ပြုံးလိုက်သည်
"မွှေး"
ဆုအိမ့် မွှေး အိမ်ရှေ့ကနေ အသံပေးလိုက်သည်
"ဟာ ဆုအိမ့် ထူးထူးဆန်းဆန်း ပါလား "
မွှေး ပြောရင်း သူငယ်ချင်းကို ခြံတံခါး ဖွင့်ပေးလိုက်သည်
"ထူးထူးဆန်းဆန်းဆို နင်ကမှ ငါ့အိမ်မလာတာ အဲ့ဒီတော့ ငါလာရတာပေါ့ "
"ငါလာမလို့ပါဘဲ ဒါပေမယ့် ငါက ခဏပြန်လာတာဆိုတော့ အိမ်မှာ လုပ်စရာရှိတာတွေ လုပ်နေလို့ပါ"
"အေးပါ သင်္ကြန်ကျမှ အေးဆေးတွေ့ကြတာပေါ့ philip လည်းပြန်လာမယ်တဲ့"
"ဟုတ်လား ငါတို့လေးယောက် ပြန်တွေ့ကြတာမှာပေါ့"
"အေးပေါ့ ဒါပေမယ့် မင်းမင်းက ပြန်လို့ရပါ့မလား "
"သူ အပြင်ထွက်ခွင့်ရတဲ့နေ့ တွေ့ကြတာပေါ့"
"John ရော နေကောင်းလား"
"နေကောင်းပါတယ် သူတော်တော်ထွားလာတယ် သူ ခုထိ နင့်ကို စကားလာမပြောသေးဘူးလား"
"ဟင့်အင်း "
"နင်ကဘဲ နားလည်ပေးလိုက်ပါ သူ့အတွက်လည်း အကုန်လုံးကို ပြန်ကြိုးစားနေရတာဆိုတော့ အကုန်လံး တပြိုင်နက်တည်း မလုပ်နိုင်ဘူးလေ"
"ငါနားလည်ပါတယ်ဟာ ငါဒီလိုဘဲ မေးကြည့်တာပါ ဘာဘဲဖြစ်ဖြစ် သူကလည်း ငါ့ရဲ့ အချစ်ရဆုံး သူငယ်ချင်းတယောက်ဘဲလေ"
သူ့ကို အမြဲစနောက်နေတတ်သော john ရဲ့ပုံရိပ်တွေကို ပြန်မြင်ပြီး ဆုအိမ့်ပြောမိသည် ခွင့်လွှတ်ပါjohn နင့်အတွက် ငါ့အချစ်တွေ မပေးနိုင်ခဲ့တာကို ငါ့အတွက် နင်က ချစ်သူတယောက်လို မခံစားရဘူး ငါ့ရဲ့ မောင်လေးတယောက်လို အဲ့ဒီလို ဖြူစင်တဲ့အချစ်တွေနဲ့ဘဲ ငါချစ်တာjohn
သိချင်စိတ်ပြင်းပြလာသောကြောင့်လား ဒေါက်တာကဘဲ သူ့စိတ်အခြေနေကို နားလည်သောကြောင့်လားမသိ jon အခြေနေတော်တော့်ကို တိုးတက်လာသည် အထူးသဖြင့် ကိုကိုလေးရဲ့ စကားတွေ ညီအစ်ကိုတတွေ အတူပျော်ခဲ့တွေ အတူတူမူးခဲ့တာတွေ ဖေဖေ နဲ့မေမေ အပေါ်ချွဲနေတတ်တာတွေကို သူမှတ်မိလာသည်
>>ဖေဖေ<<
>>john ဘာပြောမလို့လဲ<<
>>တခါတလေတော့လည်း ဖေဖေ လိုက်ရိုက်တာကို ပတ်ပြေးချင်သေးတယ်<<
>>အယ် john မှတ်မိနေပြီလား<<
>>နည်းနည်းပေါ့<<
>>အေးပါ ဖြည်းဖြည်းချင်းပေါ့ ဟော်မုန်ဆေးထိုးတာရော အဆင်ပြေရဲ့လား ခိုင်ဇော်အောင် ကအပြတ်အသတ် ထောက်ခံလို့သာ ဖေဖေ ခွင့်ပြုတာ စိတ်ပူတယ်<<
>>စိတ်မပူပါနဲ့ ဖေဖေ ကျွန်တော် စနစ်တကျ သေချာလေ့လာပြီးမှ လုပ်တာပါ<<
>>ခွဲစိတ်မှုတွေတော့ မလုပ်ဖူးမလား<<
>>ဟာဖေဖေကလည်း ခွဲစိတ်ချင်လို့မှ ဆေးထိုးနေတာပါဆို ဖေဖေမခွဲစိတ်ခိုင်းရင် မြန်မာပြည် ပြန်မလာတော့ဘူး ဖေဖေနဲ့လည်း စကားမပြောတော့ဘူးနော်<<
John ရဲ့ ကလေးဆန်ဆန် အကြပ်ကိုင်မှုကြောင့် ဦးမြတ်စိုး ရယ်လိုက်သည်
>>အေးပါ တခုခုဆို ဖေဖေ့ကိုပြော <<
ဖေဖေ့အတွက် john ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်နေရင် နေပြီjohn ဘာဘဲဖြစ်ဖြစ် ကြိုးစားပြီး ရှင်သန်ပါ သူတို့ကို ဟော်မုန်းကုသမှုခံယူမယ်လို့ သူတို့လန့်သွားရသည် သူတို့လည်း သိပ်အကျွမ်းတဝင်မရှိတာကြောင့် သဘောမတူခဲ့ပါ အဲ့ဒါကို ဟိုကနေ အမျိုးမျိုး ဆန္ဒပြသည် သူ့ဦးလေးကို ရအောင်စည်းရုံးပြီး စစ်ကူတောင်းသည် နောက်ဆုံးတော့ သေချာဂရုစိုက်ဖို့်မှာပြီး ခွင့်ပြုပေးလိုက်ရသည်
ဒီနေ့ တနင်္ဂနွေ ဖြစ်တာရယ် မွှေးလည်း သင်္ကြန်နီး ကျောင်းပိတ်တာရယ်ကြောင့် ဆုအိမ့်ရဲ့အိမ်ရှေ့မှာ သုံးယောက်သား စကားပြောနေကြသည်
"Philip"
ခြံထဲဝင်လာသော သူငယ်ချင်းကို မင်းမင်း ဝမ်းသာအားရ ခေါ်လိုက်သည်
"ကို"
ဖားကန့်သွားနေရဦးမယ်ဆိုပြီး ကိုနဲ့ အဆက်အသွယ်ပြတ်နေတာ သုံးလနီးပါးလောက်ရှိပြီမလား
သူတို့ဝမ်းသာအားရ ခေါ်သော်လည်း philip မျက်နှာက ခပ်တည်တည်ရယ်ပါ
"ငါ မင်္ဂလာဆောင်တော့မယ်"
Philip စကားကြောင့် သုံးယောက်လုံး အံသြသွားသည် ခပ်တည်တည်နှင့် အေးအေးဆေးဆေးပဲ ပုံပေါက်နေသောပုံစံက စ တာမဟုတ်ကြောင်း သက်သေခံနေသည်
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်