"မင်းမင်း လက်က ငါ့ကျောပိုးအိတ်ကို ဆွဲမထားနဲ့လေ ကိုယ့်ဘာသာတောင် ထိန်းဆင်းနေရတဲ့အထဲ"
မွှေး အလိုမကျစွာနဲ့ မင်းမင်းအား အော်လိုက်သည်
"နင်ကလည်း ငြိုငြင်တာလား သူငယ်ချင်း အချင်းချင်းတောင် ဖေးဖေးမမ မရှိဘူး"
"ရှိစရာလား မောနေတာချင်း အတူတူကို နင်က ချောင်ခိုချင်တာလေ ပြိးတော့ ဒီကို နင်ဘဲလာချင်တာလေ"
"မွှေးကလည်း ပြင်ဦးလွင်သားဖြစ်ပြီး ဓာတ်တော်ချိုင့် မရောက်ဖူးရင် ဘယ်ကောင်းပါ့မလဲဟ အဲ့ဒါကြောင့် ငါ နင်တို့ကို ခေါ်လာတာ"
မင်းမင်းခမျာ မောသံပေါက်နေတဲ့ကြားကပင် မွှေးအား ရှင်းပြနေသည်
"မင်းမင်းရာ အကွေ့တွေက ဇောက်ထိုးကြီးတွေ မွှေးတောင် သူ့ဘာသာ ထိန်းဆင်းနေရတာ မင်းက လိုက်ဒုက္ခပေးနေတယ်"
John လှမ်းပြောရင်း မွှေးနဲ့ မင်းမင်းနား ရောက်လာသည်
"ဟိုအတွဲ မြန်မြန်လာ နေက ဒီ့ထက်ပူရင် ပိုမောတော့မှာ"
မင်းမင်း နောက်ကနေ တယောက်လက်ကို တယောက် ဆုပ်ကိုင်ထားရင်း ဆင်းနေသော ဆုအိမ့်နဲ့ philip အား လှမ်းခေါ်လိုက်သည်
"လာနေပါပြီဟ မောရတဲ့အထဲ စကားများလိုက်တာ"
မင်းမင်းကို ပြန်အော်ရင်း ညည်းညူနေသော philip ကိုကြည့်ရင်း ဆုအိမ့် ရယ်လိုက်သည်
ရှေ့ကသွားနေသော သုံးယောက်ကို ကြည့်ရင်း ဆုအိမ်စိတ်ထဲမှာ တမျိုးကြီး ခံစားနေရသည် အရင်ကဆို ဘယ်နေရာ သွားသွား john က အနားမှာဘဲ နေတတ်သည် philip က သူမတို့နှစ်ယောက်အကြောင်း ပြောပြိးကတည်းက john က သူမအနား သိပ်မကပ်တော့ အရင်ကလို စတာ ချွဲတာတွေတောင် သိပ်မရှိတော့ပါ
"ဆု ဘာဖြစ်သွားတာလဲ"
philip ရှေ့ကသွားနေသော သုံးယောက်ကို ငေးကြည့်နေသော ချစ်သူအား မေးလိုက်သည်
"သူတို့သုံးယောက်က ဆုအိမ့်တို့ကို အရင်လို မခင်ကြတော့တာလား သူတို့ဘာသာဘဲ စကားပြောပြီး ရှေကနေ သွားနှင့်တယ် ဆုအိမ့်တို့ကိုလည်း မစောင့်ဘူး"
ဆုအိမ့်ပြောရင်း ငိုသံလေးပါ ပါလာသည်
"ဆုကလည်း သူတို့က ကိုတို့နှစ်ယောက်ကို လွတ်လွတ်လပ်လပ် နေရအောင် ဖြစ်မှာပါ ဘာလို့ ကို တို့ငါးယောက်ကြားက ခင်မင်မှုက အဲ့ဒီလို တန်ဖိုးမဲ့ရမလဲ"
ချစ်သူလေးကို ဆုပ်ကိုင်ရင်း philip ဖြေသိမ့်ပေးလိုက်သည် ပြောရင်းနဲ့ ရှေ့ကသုံးယောက်ကို လှမ်းကြည့်ရာ မြင်တောင်မမြင်ရတော့ ရှေ့နားကအကွေ့ကို လွန်သွားတာဖြစ်မည် phiip ဆုအိမ့်လက်ဆွဲရင်း ခပ်သုတ်သုတ် လျှောက်လိုက်သည်
"ဝါး"
"အား"
"အမလေး"
သုံးယောက်သား အကွေ့နားက ချူံပင်တွေကွယ်ပြီး သူတို့ရှေ့ကို philip တို့အတွဲရောက်သည်နှင့် နောက်ကနေ ခြောက်လှန့်လိုက်သည်
philip နဲ့ ဆုအိမ့်မှာ အတွေးကိုယ်စီနဲ့ တောင်ဆင်းလမ်းကို လျှောက်လာရင်းက နောက်က ပေါ်ထွက်လာသော အသံနက်ကြီးကြောင့် လန့်ပြီး အော်ရင်းက တယောက်ကိုတယောက် ဖက်ထားလိုက်သည်
"တအား ro နေပါပြီနော်"
မင်းမင်းပြောရင်းနဲ့ philip တို့အတွဲရှေ့မှာ ခါးထောက်ရပ်လိုက်သည်
"ခွေးကောင်"
ထိုအချိန်မှ philip လည်း သတိဝင်လာကာ မင်းမင်းအားဆဲရင်း လက်သီးနဲ့လိုက်ထိုးတော့သည်
"ဟာ ဘာလို့ငါမှလဲ johnနဲ့ မွှေးလည်းပါတာဘဲ"
မင်းမင်းအော်ရင်း တောင်အောက် ပြေးဆင်းတော့သည်
"ဆုအိမ့် လာ"
ဆုအိမ့်ဆုပ်ကိုင်လာသော လက်ကိုကြည့်လိုက်ရာ မွှေးရဲ့လက်ဖြစ်နေသည် john ကတော့ ပြေးဆင်းသွားသော philip နဲ့ မင်းမင်းကို ကြည့်ရင်း ရယ်နေသည်
"ငါ နင်တို့ကို အဝေးကြီးရောက်သွားပြီ ထင်နေတာ"
"မဟုတ်ပါဘူး နင်တို့ကို စ ချင်လို့ ငါတို့မြန်မြန်လျှောက်ပြီး အဲ့ဒီချူံထဲ ဝင်နေတာ"
john ပြောရင်းနဲ့ မွှေး နဲ့ ဆုအိမ့်နောက်ကနေ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ရင်း လျှောက်လာခဲ့သည်
"မောတာဟာ အဆင်းတောင် ဒီလောက်မောနေတာ အတက်ဆို သေပြီဘဲ မင်းမင်းဘာအတွေးနဲ့ ဓာတ်တော်ချိုင့် လာချင်တာလဲ မသိဘူး the view ကနေ လှမ်းကြည့်လည်း ရရဲ့သားနဲ့"
ချွေးသုတ်ရင်း ပြောလိုက်သောမွှေးကို ကြည့်ရင်း ဆုအိမ့်ရယ်မိသည်
"နင်ကလည်း ငါတို့လည်း တခေါက်မှ မရောက်ဖူးတာ ဒီအောက်ကို ကိုယ်တိုင်ဆင်းရတဲ့ အရသာနဲ့ the view ကနေ လှမ်းကြည့်ရတဲ့ အရသာ တူမလားဟ"
မွှေးကိုသာ ပြောနေရသည် သူမလည်း တအားမောနေသည်
"အားတင်းပြီး လျှောက်ကြပါစို့"
မွှေး ပြောင်ချော်ချော် ပြောရင်း ဆုအိမ့်လက်ကိုဆွဲပြီး ဆက်ဆင်းလိုက်သည်
ရှေ့ကသွားနေသော ဆုအိမ့်နဲ့ မွှေးကို ကြည့်ရင်း john သဘောကျနေမိသည် ဟိုးငယ်ငယ်ကတည်းက မိသားစု လိုချစ်ခင်ခဲ့ရသူများ ဆုအိမ့်အပေါ်ကို ချစ်ခဲ့မိသော်လည်း သူငယ်ချင်းသံယောစဉ်ကို သူ အဆုံးရှူံးမခံနိုင်ပါ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခြင်းကို သူစိတ်ရင်းနဲ့ ဝမ်းသာဂုဏ်ပြုပေးသင့်သည်မဟုတ်လား
"ဟား ဟား အဲ့ဒီတော့ မင်းတို့နှစ်ယောက် ခွေးလိုက်လို့ ပြေးခဲ့ရတာပေါ့ ဟုတ်လား"
"အေပေါ့ကွ john ခမျာ ဆိုင်ကယ်နောက်ကနေ ခြေထောက်ကြီးတောင် မြှောက်ထားသေးတယ် မင်း လိုက်မလာတာ ကံကောင်းတယ် သုံးယောက်ဆို ဆိုင်ကယ်ပေါ်တက်နေတာနဲ့ တယောက်တော့ အကိုက်ခံရမှာ"
မင်းမင်း စကားကြောင့် philip ငိုင်သွားသည်
"မင်းသိလား မင်းမင်း ခွေးကိုက်ခံရမယ်ဆိုရင်တောင် ငါ လိုက်ချင်တယ် ခုတော့ အဲ့ဒီအမှတ်တရ အဖြစ်အပျက်လေးကို ပြန်ပြောတိုင်း ငါ ပါမှာမဟုတ်တော့ဘူး တခါတလေ ငါ အရမ်းစိတ်ပျက်တယ် အဖေက ငါ့ကို တအားချူပ်ကိုင်ထားသလိုဘဲ"
"philip ကလည်း မင်းအဖေက မင်းကို အရမ်းချစ်လို့နေမှာပါ သူပြောတာတွေကလည်း မင်းအတွက်ပါဘဲကွာ"
"တော်တော့မင်းမင်း အဲ့ဒီငါ့အတွက် ဆိုတဲ့ စကားကို ငါ အရမ်းမုန်းနေပြီ ငါလည်း လူငယ်ဘဲ တခါတလေ လွတ်လပ်ချင်တယ်ကွ ခုဒီကို လိုက်လာဖို့တောင် မမ ပြောကူရတာကွ အဲ့ဒါတွေထားပါ မှူးနဲ့ အခြေနေဘယ်လိုရှိလဲ"
philip စိတ်မချမ်းသာစရာ ကိစ္စတွေကို ထပ်မပြောချင်သောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်
"ငါလည်း အိမ်ပြန်ရောက်တော့ စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းဆက်တာပေါ့ အဲ့ဒါက သူက ငါ့ကို ထင်တိုင်းလုပ်ရပါ့မလားဆိုပြီး ပြန်စိတ်ဆိုးသွားတာ"
"အဲ့ဒီတော့ မင်း ပြန်ချော့လိုက်ရတာပေါ့ "
philip စကားကြောင့် မင်းမင်း ရယ်လိုက်သည်
"မချော့ဖြစ်ပါဘူး ကိုယ့်ဘာသာတောင် စိတ်မကြည်ဖြစ်နေရတဲ့အထဲ သူ့ကို ဘာလို့ချော့ရမလဲ"
မင်းမင်းစကားကြောင့် philip မျက်နှာ ရှူံ့တွသွားသည်
"မင်းကလည်း ကိုယ့်ချစ်သူကိုယ်ချော့တာဘဲ အချိန်အခါရွေးရဦးမှာလား မင်း မှူးကို တကယ်ရော ချစ်ရဲ့လား"
"ငါလည်း အဲ့ဒါဘဲ သိချင်တာဘဲကွ ငါ့စိတ်ထဲမှာ မှူးနဲ့ပက်သက်ပြီး အရမ်းကြီး လေးလေးနက်နက်မရှိဘူးကွ"
မင်းမင်းစကားကြောင့် philip မျက်လုံးပြူးသွားသည်ဒါပေမယ့် သိပ်တော့ မထူးဆန်းပါ ဒီကောင်က ၉တန်းလောက်ကတည်းက ရည်းစားတယောက်ပြီးတယောက် ထားခဲ့သူမဟုတ်ပါလား
"philip ဒီနေရာကနေ မွှေးတို့ကို စောင့်ရအောင် တောင်ခြေလည်းရောက်ပြီဘဲ ရေငွေ့လေးတောင် ရနေပြီ"
"အစကတည်းက စောင့်သင့်တာကွ ဆုနဲ့ တူတူဆင်းလာရမယ့်ဟာ မင်းသာသနာဖျက်လို့ အဆင်ရောပြေရဲ့လား မသိဘူး"
philip စကားကြောင့် မင်းမင်း ရှူံ့မဲ့လိုက်သည်
"စိတ်ပူမနေပါနဲ့ ဆုအိမ့်တယောက်တည်းမှ မဟုတ်တာ john နဲ့ မွှေးရော ပါတဲ့ဟာကို အကဲပိုနေတာ"
"ငါက မင်းလို ကိုယ့်ရည်းစာကိုယ်တကယ်ချစ်လား မချစ်လား စဉ်းစားနေရတဲ့ကောင်မဟုတ်ဘူး တကယ်ချစ်တာကွ သူ့ဘာသာ ဘယ်နယောက်ပါပါ စိတ်ပူတာက ပူတာဘဲ"
"ဟိုမှာမြင်နေရပြီ တွေ့လား"
မင်းမင်း ပြောသောကြောင့် တောင်ဆင်းလမ်းကို လှမ်းကြည့်လိုက်ရာ မွှေးနဲ့ လက်တွဲလျက်ဆင်းလာသော ဆုအိမ့်ကို တွေ့ရ၍ လက်ပြလိုက်သည်
ဆုအိမ့်လည်း မွှေးနဲ့တွဲထားသော လက်ကို လက်တွဲလျက်နဲ့ပင် တောင်ခြေကနေ လက်လှမ်းပြနေသော philip ကို လက်လှမ်းပြလိုက်သည်
"ကဲ နောက်ဆုံးတော့ ရောက်ပြီ"
john မောဟိုက်နေသောလေသံဖြင့် ရေရွတ်လိုက်သည်
သူငယ်ချင်းငါးယောက်သား ရေမှုန်ရေဖွားတွေ လွှင့်ကျနေသော ရေတံခွန်ကို လှမ်းကြည့်ရင်းနဲ့ ရေတံခွန်နားက ကွပ်ပျစ်မှာထိုင်ကြသည်
"ကဲ ထမင်းစားကြစို့"
philip ဆော်သြရင်း သူကိုယ်တိုင် ကျောပိုးအိတ်ထဲက ထမင်းဘူးကို ထုတ်လိုက်သည်
ငါးယောက်သား စရင်းနောက်ရင်းနဲ့ပင် ထမင်းစားပြီးသွားကြသည် ရေတံခွန်မှ ရေမှုန်ရေမွှားတို့သည် ခပ်ဝေးဝေး နေရာသို့တိုင်အောင် လွှင့်ကျနေသည်
သူတို့တနေကုန် စားသောက်လိုက် ရေကူးလိုက်နဲ့ အချိန်ကုန်ခဲ့ကြသည် ညနေအတက်တက်တော့ သူတို့ငါးယောက်လုံး လေးဘက်မထောက်ရုံတမယ် ခြေထောက်တရွက်တိုက်ဆွဲ၍ တက်ခဲ့သည်
"အမလေး သေတော့မလိုကို ခံစားရတယ် မင်းမင်းရာ နေရာရွေးတော်လိုက်တာ"
အသက်ခပ်ပြင်းပြင်းရှူရင်းက philip မင်းမင်းအား လှမ်းပြောလိုက်သည်
"မင်း ငါတို့ကို ဘယ်ကတည်းက မကျေနပ်နေတာလဲ ခွီး မောလိုက်တာ ဆိုင်ကယ်စီးပြီး အိမ်ပြန်ရဦးမယ် အား "
john အားရပါးရ အော်လိုက်သည်
"နင်တို့ကလည်း တအားကို အပြစ်တင်နေတာဘဲ သူလည်း ငါတို့ကို ရောက်ဖူးသွားတာ ရေတံခွန်ကြီးက တော်တော်လှတဲ့ဟာကို"
မွှေး john နဲ့ philip ကို လှမ်းအပြစ်တင်လိုက်သည်
မင်းမင်းကတော့ မျက်နှာငယ်လေးနဲ့ ရယ်နေရှာသည်
တနွေလုံး သူတို့ငါးယောက် အတူတူ လည်ကြသည် အတူတူ အချိန်ဖြုန်းကြသည် နေ့ရက်တိုင်းကို အပူအပန်ကင်းစွာ ကျော်ဖြတ်ကြသည်
ဒီလိုဘဲ ဒီလိုလေးဘဲ ဖြတ်သန်းရင်း အိုမင်းသွားကြမလား ဘယ်ဖြစ်နိုင်ပါ့မလဲ အနာဂတ်ဆိုတာ ကြိုမမြင်ခဲ့ကြဘဲ ကြိုမတွေးကြဘဲ သူငယ်ချင်းငါးယောက် အတူတူရှိတုန်း အတူပျော်ခွင့်ရတုန်း ပျော်အောင်နေခဲ့ကြတာ အဲ့ဒီအနာဂတ်မှာ သူတို့နာကျင်ရမယ်ဆိုရင်.........
KAMU SEDANG MEMBACA
အဖြူရောင်မေတ္တာ
Romansaနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်