ညနေစောင်းမှာတော့ သူတို့ ငါးယောက်သား မွှေးအိမ်မှာ စုမိကြသည်
"ငါ့မှာ နင်တို့နဲ့ တွေ့ချင်လွန်းလို့ မနေ့ကတည်းက သိမ်းစရာရှိတာ အကုန်သိမ်းပြီး ဒီနေ့ကျောင်းကနေ အဆောင်ပြန်ရောက်တာနဲ့ ချက်ချင်းအဆောင်ကနေ ထွက်လာတာ"
မွှေးမှာ သူငယ်ချင်းတွေကို အာပေါင်အာရင်းဖြင့် ရှင်းပြနေသည် မတွေ့ရတာကြာပြီမို့ သူတို့မျက်နှာမှာ ပီတိတွေနှင့် ပြည့်နေသည်
"ငါလည်း ကျောင်းကနေ ရောက်ရောက်ချင်း အဆောင်ထွက်တာဘဲ ငါ့သူငယ်ချင်းတွေကို တွေ့ချင်လွန်းလို့"
မင်းမင်းကပါ အားကျမခံ ဝင်ပြောသည်
"ငါလည်း အားချင်း မန္တလေး ကနေ ပြင်ဦးလွင် ချက်ချင်း ပြန်လာတာပါဟ"
John ကတော့ သူ့ပုံစံအတိုင်း တက်ကြွ၍နေလေသည်
"လာမပြောနဲ့ john တနှစ်လုံး ငါတို့ကို ပစ်သွားတာ"
မွှေးစကားကြောင့် john ရယ်လိုက်သည်
"ပစ်ထားတာ မဟုတ်ပါဘူးဟ ငါ့စိတ်ငါ မနိုင်မစိုးလို့ ပြန်မလာတာပါ ခုလည်း နင်တို့ဆီ ငါချက်ချင်း ပြန်လာတာဘဲ ငါ နင်တို့အပေါ် ဘယ်လောက်သံယောစဉ် ကြီးတယ်ဆိုတာ နင်တို့အသိဆုံးပါ"
ရယ်ရင်းပြောနေသော john ကိုကြည့်ရင်း မင်းမင်း မျက်ခုံးပင့်လိုက်သည်
"John မင်း ပြောင်းလဲသွားတယ် အရင်ကဆို မင်းကို အဲ့ဒီလို အပြောခံရရင် မျက်နှာငယ်လေး ဖြစ်သွားနေကြ ခုတော့ မင်းက ရယ်ရင်းနဲ့တောင် ပြန်ပြောနေတယ် မင်းအရမ်း ရင့်ကျတ်လာတာဘဲ"
"ဟုတ်တယ် နင့်ပုံစံက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့"
မွှေးကပါ ဝင်ပြောလိုက်သည်
"နင်တို့နှစ်ယောက် ပြောသလိုဘဲ ငါလည်း အိမ်နဲ့ ငါ့သူငယ်ချင်းတွေအဝေးမှာဆိုတော့ မနည်းကြိုးစားရင်းက ခုလိုမျိုး ဖြစ်လာတယ် ထင်ပါတယ် ငါ့မိဘတွေ ဖြစ်စေချင်သလိုပေါ့ သူတို့စီစဉ်တာ မှန်တယ်လို့ ပြောရမယ်"
John ပြန်ပြောရင်းက ဘာမှဝင်မပြောဘဲ တိတ်ဆိတ်နေသော philip နဲ့ ဆုအိမ့်ကို စောင်းကြည့်လိုက်သည်
"Philip ငြိမ်လှချည်လား ဆုအိမ့်ရောဘဲ ဘာဖြစ်နေတာလဲ"
"ဟုတ်တယ် နင်တို့နှစ်ယောက် အရမ်းငြိမ်နေကြတယ် ဘာဖြစ်နေတာလဲ "
မွှေးကပါ john စကားကို ထောက်ခံလိုက်သည်
"ငါ မင်းတို့ကို အရေးတကြီး ပြောစရာရှိတယ်"
Philip ဆုအိမ့် ကိုကြည့်ရင်း တလုံးချင်း ပြောလိုက်ရာ ကျန်သုံးယောက်လုံး စိတ်ဝင်တစား နားထောင်နေကြသည်
"ငါနဲ့ ဆုအိမ့် ချစ်သူတွေ ဖြစ်သွားပြီ ငါတို့အမြဲ လက်တွဲသွားဖို့ ဆုံးဖြတ်ပြီးပြီ"
Philip ဆုအိမ့်လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်
Philip စကားအဆုံးမှာ မွှေး john ကိုကြည့်လိုက်သော်လည်း ပြုံးနေသော john ကိုတွေ့လိုက်၍ စိတ်အေးသွားသည်
"တခြားသူတွေက ငါတို့နှစ်ယောက်ကို မေးငေါ့ပြီး အပြစ်တင်မယ်ဆိုရင်တောင် မင်းတို့ကိုတော့ ငါတို့ဘက်မီာဘဲ ရှိစေချင်တယ်"
Philip လေးလေးနက်နက် နဲ့ သူငယ်ချင်းများကို ပြောနေမိသည် သူ့ဘဝရဲ့ အရေးကြီးဆုံးသော သူငယ်ချင်းများ မဟုတ်ပါလား
"ဟာ congratulations ပါ ငါ့သူငယ်ချင်းအရင်းကြီး နှစ်ယောက်ချစ်သူ ဖြစ်တာဘဲ ထောက်ခံတာပေါ့ဟ"
မင်းမင်းက ဝမ်းသာအားရနဲ့ လက်သီးလက်မောင်းတန်းရင်း ပြောနေသည်
"Philip မင်းနဲ့ငါက ဘဝတူပါ မင်းကို နားအလည်ပေးနိုင်ဆုံးက ငါဘဲဖြစ်ရမှာပေါ့ ဂုဏ်ယူပါတယ် သူငယ်ချင်း ငါတို့ရဲ့ ကောက်တေးလေးကို သည်းခံပြီး ချစ်ပေးပါ"
john philip ပုခုံးကိုဖက်ပြီး ပြောရင်းက ဆုအိမ့်ခေါင်းကို အသာလှမ်းပုတ်လိုက်သည်
"John နော် ငါ့ကိုများ ကောက်တေးတဲ့ နင်ကသာ အချိန်ပြည့် ကလေးလုပ်နေတာ"
John စကားကြောင့် ဆုအိမ့် ဆတ်ဆတ်ထိမခံ ရန်ပြန်လုပ်လိုက်သည်
"အမ်မာ နင်ကများ ငါ့ကို ပြောရတယ်ရှိသေးတယ် နင်ကျရော ဘယ်လောက်များ လူကြီးဆန်နေလို့လဲ"
"တော်ကြပါတော့ဟယ် နင်တို့နှစ်ယောက်ကလည်း တွေ့တာနဲ့ သတ်တော့တာဘဲ မတွေ့ရတာလည်း ကြာပြီကို အရင်တိုင်းဘဲ သတ်ကြတုန်း"
မွှေး ဝင်အော်လိုက်မှ နှစ်ယောက်လုံး ငြိမ်သွားသည်
"မွှေး နင်ဖြေနိုင်လား B.ED မှီနိုင်လား"
"ငါလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့တာဘဲ မှီနိုင်မယ် ထင်တာဘဲ"
မင်းမင်း အမေးကို မွှေး တွေးတွေးဆဆ ဖြေလိုက်သည်
"နင်တကယ် ဆရာမလုပ်မှာပေါ့ နင်ဝဋ်လည်မှာ မကြောက်ဘူးလား မိမွှေး"
"ဟုတ်တယ် john ပြောတာမှန်တယ် ငါတို့ ငယ်ငယ်က အတန်းထဲမှာ တော်တော် ဒုက္ခပေးခဲ့ကြတာနော်"
John စကားကို မင်းမင်း ဝင်ထောက်ခံပေးလိုက်သည်
"မကြောက်ပါဘူး ငါ ဆရာမဘဲ ဖြစ်ချင်တာ အရင်ကလည်း အဲ့ဒီလိုဘဲ ခုလည်း အဲ့ဒီလိုဘဲ နင်ရော မင်းမင်း စစ်ဗိုလ်ကြီး ဖြစ်ချင်တဲ့စိတ်ကူးရှိသေးလား"
"ရှိတာပေါ့ဟ ငါ D.S.A ဘဲတတ်မှာ"
"ဟာ မိုက်တယ်ဟေ့ ငါတို့သူငယ်ချင်းတွေထဲမှာ စစ်ဗိုလ်ကြီးလည်း ပါတယ် ဆရာမလည်းပါတယ် မင်းရော philip ဘာလုပ်မလဲ"
"ငါလား အောင်စာရင်းထွက်တာ စောင့်ပြီးမှ ဘာဆက်လုပ်ရမလဲ စဉ်းစားမယ် မင်းကရော"
Philip ပြန်ဖြေရင်းက john ကိုပြန်မေးခွန်းထုတ်လိုက်သည်
"ငါလား တပတ်လောက်နေပြီးရင် ငါ မန္တလေးပြန်တော့မယ်"
"ဘာ"
John စကားအဆုံးမှာ သူတို့လေးယောက်လုံး အာမေဋိတ် ပြိုင်တူထွက်သွားသည်
"ဟုတ်တယ် ငါအကိုကြီးနဲ့ တောင်ကြီး အေးသာယာက သရက်ခြံတွေ သွားရမယ် ဒီအချိန်က သရက်ခြံတွေကနေ သရက်သီးခြံအပြတ်ဝယ်တဲ့ချိန်ကွ ငါလိုက်ပြီး ဖောက်သည်တွေနဲ့ ဘယ်လိုဆက်ဆံရတယ် ပြီးတော့ ကုန်စိမ်းတွေ သစ်သီးဝလံတွေကို ဈေးဘယ်လိုဖြတ်ရတယ် ကားသမားတွေနဲ့ ဘယ်လိုလက်တွဲရမယ်ဆိုတာ အများကြီး လေ့လာရမယ်ကွ "
john စကားအရှည်ကြီး ပြောလိုက်ပေမယ့် ကျန်လေးယောက်ကတော့ ငြိမ်သက်လျက်ပါဘဲ
"တက္ကသိုလ်တတ်ရရင် ငါတို့တနေရာစီကွဲရမယ်မှန်း သိတယ် ဒါပေမယ့် တက္ကသိုလ်မတတ်ခင် ဘာဖိအားတွေမှမရှိခင်ီးအချိန်လေးမှာ ငါတို့အတူတူ အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်တွေအတူ ကုန်ဆုံးရမယ်ထင်ထားတာ john ရာ မင်းကတကယ်မမိုက်ဘူး ဒီအလုပ်တွေက မင်းမသေခင်ထိ တသက်လုံး လုပ်ရမှာ ဒီလိုအချိန်လေးတွေက ပြန်မရနိုင်ဘူးကွ မင်း စဉ်းစားးကြည့်ပါဦး"
မင်းမင်းကတော့ သူ့အကျင့်အတိုင်း စိတ်ထဲမထားတတ်သူမို့ ပြောချင်သမျှကို စိတ်ရှိလက်ရှိ johnကို ပြောနေလိုက်လိုက်သည်
"ဟုတ်တယ် john နင်သေချာစဉ်းစားပါဦး အရင် state ကျောင်းသားဘဝတုန်းက ငါတို့တွေ လုပ်ချင်ရဲ့နဲ့ မလုပ်ဘဲ နဲ့ အောင့်ထားရတာတွေ လုပ်ကြမယ် ငါတို့မှာ လွတ်လွတ်လပ်လပ် ပျော်ရမယ့်အချိန် ဒီအချိန်လေးဘဲရှိတော့တာ နင့်အလုပ်တွေက နောက်လည်းနင်လေ့လာလို့ရတာဘဲ ခုမှနင်တက္ကသိုလ်တောင် မတက်ရသေးဘူး နင်တက္ကသိုလ်တက်ရင်လည်း နင့်အကိုဆီနေရမှာဘဲဟာ "
မင်းမင်းစကားကို မွှေးကပါ ဝင်ထောက်ပေးလိုက်သည်
"john ငါတို့နဲ့ လူငယ်သဘာဝ အချိန်တွေ အတူကုန်ဆုံးဖ်ု့ မင်းကို ဒီလောက်ပြောနေရတာ သဘာဝမကျဘူးကွာ တကယ်ဆို ငါတို့၅ယောက်က အချစ်ဆုံးသူငယ်ချင်းတွေဘဲ မဟုတ်လား ဒီလိုအချိန်လေးတွေမှာ အတူအချိန်ကုန်ဆုံးသင့်တဲ့ဟာ"
Philip အားမလိုအားမရ ဝင်ပြောလိုက်သည်
"john နင် မသွားရဘူး"
john နဲ့ပက်သက်ပြီး ဆုအိမ့် အမိန့်ဆန်ဆန် စကားမျိုးကို သုံးလိုက်သည်
"ကြည့်စမ်း ငါ့ကို အသည်းအသန် ဝိုင်းတာနေလိုက်ကြတာ ငါ စီးပွားရေး စောစောလုပ်ရင် နင်တို့အိမ်တွေက ငေါက်မဆိုးလို့မလား"
"မသာ"
john ရဲ့ခပ်နောက်နောက်စကားအဆုံးမှာ မွှေး အားရပါးရ ဆဲပစ်သည်
"မင်းဟာလေ အမြဲနောက်နေတာ ခေါင်းထပ်ပေါက်ချက်လို့လား"
မင်းမင်းစကားအဆုံးမှာ john ကိုယ့်နဖူးကိုယ်အုပ်မိသွားသလို ဆုအိမ့်လည်း မျက်နှာပျက်သွားသည် ချစ်သူကိုအရိပ်တကြည့်ကြည့် ချစ်တတ်သော philip က ဆုအိမ့်ပုခုံးလေးဖက်ထားပေးလိုက်သည်
"philip နင့်လက်ဖယ် ငါတို့သူငယ်ချင်းတွေ အချင်းချင်းရှေ့မှာ အဲ့ဒီလိုမroနဲ့ အနေအထိုင်ဆင်ခြင်ပါ"
မွှေး ပြောရင်း ဆုအိမ့်ကို သူမဘက်လှမ်းဆွဲခေါ်လိုက်သည်
"ငါ့ချစ်သူလေး မျက်နှာညိုးတာမခံနိုင်လို့ပါဟာ"
philip ရယ်ကျဲကျဲနဲ့ ဖြေရှင်းချက်ပေးလိုက်သည်
တယောက်နဲ့တယောက် စရင်းနောက်ရင်းနဲ့ အချိန်တွေ ကုန်မှန်းမသိကုန်ရင်း ညမှောင်မှ လူစုခွဲဖြစ်သည်
"ငါပြန်တော့မယ် အိမ်မှာ အမေထမင်းစားစောင့်နေလိမ့်မယ်"
ဆုအိမ့် ပြောရင်းက ပြန်ဖို့ပြင်လိုက်သည်
"ဆု ကို လိုက်ပို့ပေးမယ် "
philip ပြောရင်းက ဆုအိမ့်လက်ကိုဆုပ်ကိုင်ကာ ဆုအိမ့်ရဲ့ အိမ်ပြန်လမ်းကို ဦးတည်လိုက်သည်
"ဟာ တအားro တာဘဲ ငါလည်း ပြန်တော့မယ် မနက်ဖြန် တွေ့ကြမယ်နော်"
မင်းမင်း ပြောရင်းက ထ ပြန်သွားသည်
"john နင်မပြန်နဲ့ဦး ငါနဲ့လိုက်ခဲ့"
ပြန်ဖို့ထနေသော john ကို အိမ်ရှေ့ကွပ်ပျစ်ကနေ မွှေး သူမရဲ့အခန်းထဲ ဆွဲခေါ်လာခဲ့သည်
"john ငါ့စိတ်ထဲထင့်နေတာ တခုရှိတယ် နင် မနှစ်က ပြောခဲ့တယ်လေ ငါတို့နှစ်ယောက်စာအတူလုပ်တုန်းက ဆုအိမ့် အချိန်တန်ရင် နင်နဲ့ပက်သက်ပြီး ဆုအိမ့်နားလည်ရမယ့်ကိစ္စဆိုတာကို နင် သူ့ကို ရှင်းပြပြီးပြီလား"
မွှေး ပြောရင်းက john မျက်နှာကို အကဲခတ်နေလိုက်သည် သူမမေးခွန်းနဲ့ စကားကိုအဆုံးသတ်လိုက်သော်လည်း သက်ပြင်းချသံ ခပ်သဲ့သဲ့ကလွဲပြီး john ဆီမှ ဘာအဖြေမှ သူမ မကြားပါ
"john"
တိတ်ဆိတ်နေသော john ကို မွှေး စိတ်မရှည်စွာ ခေါ်လိုက်သည်
"မွှေး နင်ဘယ်လိုထင်လို့လဲ"
"နင် ဆုအိမ့်ကို ချစ်နေခဲ့တာမလား"
john မေးခွန်းထုတ်လိုက်သော်လည်း ချက်ချင်းပြန်ပြောလိုက်သော မွှေးရဲ့စကားကြောင့် မွှေးမျက်နှာကို အထိတ်တလန့် နဲ့ ကြည့်မိသည်
"ဟုတ်တယ်မလား john ငါသိနေခဲ့တယ် နင် ဆုအိမ့်ကို ချစ်နေခဲ့တာကို "
"ဟုတ်တယ် မွှေး ငါချစ်ခဲ့တယ် ဆုအိမ့်ကို ငါ့ချစ်သူတယောက်ဖြစ်လာဖို့ ငါအကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့တယ် သူ့မျက်လုံးထဲမှာ ငါ့ကို ကလေးဆန်တဲ့ john အဖြစ်မဟုတ်ဘဲ သူ့ဘဝအတွက် အားကိုးနိုင်လောက်တဲ့ လူသားတယောက်အဖြစ်မြင်လာဖို့ သူ့ရှေ့ကနေ တနှစ်လောက် ပျောက်သွားပြီး ငါ ရင့်ကျတ်တဲ့သူတယောက်ပုံစံနဲ့ ပြန်လာခဲ့တာ ဒါပေမယ့် သူက ချစ်ရမယ့်သူ ရှိနှင့်နေပြီးသား ဖြစ်နေတယ်"
တိမ်ဝင်သွားသော အသံနဲ့အတူ မရည်ရွယ်ပါဘဲ မျက်ရည်တို့က ဝဲတက်လာခဲ့သည်
"သူ့ချစ်သူက philip မဟုတ်ဘဲ တခြားသူတယောက် ဖြစ်နေခဲ့ရင်တောင် ငါ ဆုအိမ့်ကို ပြန်လုယူမှာဟ ငါသူ့ကို ငါ့ရဲ့ဘဝအဖော်ဖြစ်လာဖို့ အမြဲ မျှော်လင့်ခဲ့တာ မန္တလေးမှာ နေခဲ့တဲ့ တနှစ်လုံး ငါသူ့ကို အရမ်းတမ်းတခဲ့ရတာ ပြန်ရောက်ရောက်ချင်း သူက သူ့ချစ်တဲ့သူရှိနေပြီတဲ့ အဲ့ဒီလူကလည်း ငါ့အချစ်ဆုံးသူငယ်ချင်းတဲ့ ငါဘာလုပ်ရမလဲမွှေး ငါသူတို့နှစ်ယောက်လုံးကို အရမ်းချစ်တာဟ သူတို့နှစ်ယောက်လုံး ပျော်နေတာကို ငါကြည့်ရင်း ဝမ်းနည်းနေတာတောင် ငါလေ ငါ့မျက်နှာကို အတင်းပြုံးနေခဲ့ရတာဟ"
အားတင်းပြောရင်းက john မျက်ရည်တို့စီးကျလာခဲ့သည်
"john ရယ်"
တသိမ့်သိမ့်တုန်နေသော johnရဲ့ ကျောပြင်ကိုပွတ်သပ်ရင်းက မွှေး နှစ်သိမ့်စရာ စကားကို ပျောက်ဆုံးနေခဲ့သည်သုံးယောက်လုံးက အချစ်ရဆုံး သူငယ်ချင်းတွေဘဲ မဟုတ်လား ဆုအိမ့်မျက်နှာ တချက်အညိုးမခံဘဲ အရိပ်တကြည့်ကြည့်နဲ့ အစစအရာရာ ဆုအိမ့်ဘက်ကို ကြည့်ပေးတတ်သော philip ရဲ့ အချစ်ကို သဘောကျပေမယ့်မနှစ်ကတည်းက john ရဲ့ ဆုအိမ့်အပေါ် ထားခဲ့သော စိတ်ကို သိသောကြောင့် သူမ john ကို မေ့လိုက်တော့လို့ အလွယ်တကူ မပြောရက် john ပျောက်နေခဲ့တဲ့ အကြောင်းပြချက်ကလည်း ဆုအိမ့်အတွက် ဖြစ်နေခဲ့တာကြောင့် ပိုသနားမိသည်
"မွှေး နင်ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့ ငါလည်း ဆုအိမ့်အပေါ်ဖြူဖြူစင်စင်နဲ့ နေနိုင်အောင် ကြိုးစားမှာပါ ငါခုလိုစိတ်ရှိတာကို သိသွားရင် ဆုအိမ့် ငါ့မိဘတွေရဲ့ ပွဲရုံမှာ အလုပ်လုပ်ဖို့ ခက်သွားသလို philip နဲ့ငါလည်း စိမ်းသွားမှာ"
john အလောတကြီးနဲ့ မွှေးကို တောင်းဆိုနေမိသည်
"အေးပါ john ရယ် စိတ်ချပါ နင်လုပ်နိုင်မှာပါ ဆုအိမ့်ထက်ချောတဲ့ ကောင်မလေးတယောက်နဲ့ တွဲပြီး ဆုအိမ့်ကို မပေးလိုက်ရတဲ့ နင့်အချစ်တွေ သူ့ကို စုပုံပေးလိုက် ဟုတ်ပြီလား ငါ့သူငယ်ချင်းတွေ စိတ်ညစ်နေရတာမျိုးကို ငါတကယ်မကြိုက်ဘူး"
မွှေး john စိတ်ပေါ့သွားအောင် ပေါ့ပေါ့ပါးပါး ပြောပေးနေလိုက်သည်
"မွှေး ငါ့သူငယ်ချင်းတွေကို အဆုံးရှူံးမခံနိုင်ဘူးဟ အဲ့ဒီ စိတ်နဲ့ ငါနောက်ဆုတ်ဖို့ကြိုးစားတာ သူများတွေလို နင်ပျော်ပါစေဆိုပြီး သဘောထားကြီးကြီးနဲ့ နောက်ဆုတ်တာ မဟုတ်ဘဲ ငါ့အတ္တကြောင့် ငါ နောက်ဆုတ်လိုက်တာ ငါတို့ ၅ယောက်ကြားမီာ ဘာပဋိပက္ခမျ မဖြစ်ချင်လို့"
"အဲ့ဒီတော့ နင်ပြောချင်တာက"
"ငါ ပြောချင်တာ ရှင်းပါတယ် မွှေး နင်ငါ့ကို သဘောထားကြီးလိုက်တာ ဆိုပြီး အထင်ကြီးနေမစိုးလို့"
ခပ်တည်တည်နဲ့ ပြောနေသော john မျက်နှာကိုကြည့်ပြီး မွှေး ရယ်လိုက်သည်
"အထင်မကြီးပါဘူး ငါတို့က ငယ်ငယ်ကတည်းက ခင်လာတာ နင်ဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာ ငါ သိပါတယ်"
မွှေးစကားကြောင့် john မျက်ခုံးပင့်မိသည်
"နင်သိတယ်ဆိုပြောကြည့်လေ ငါ့စိတ်က ဘယ်လိုဆိုတာ"
"ငါကျန်တာတော့ သေချာမသိဘူး john ငါ သိတာကတော့ နင်က လူကြီးယောင်ဆောင်နေတဲ့ ကလေးဘဲ"
"ခွေးမ"
ပြောပြီး အခန်းထဲက ပြေးထွက်သွားသော မွှေးကိုဆဲရင်း သူပြေးလိုက်ခဲ့သည် ဒီကလေးမကို တချက်လောက်တော့ ထုပေးရမည်
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်