အပိုင်း-၂၇

719 40 2
                                    

လက်​​ကောက်​ဝတ်​​ပေါ်က ​သွေး​ကြောကို ​သေချာစိုက်​ကြည့်​ရင်းphilip ဓားနဲ့ ​တေ့လိုက်​သည်​ သူ့ဘဝ သူ့​မျှော်​လင့်​ချက်​ အရာရာ ​ရေစုန်​​မျောသွားပြီ သူအသက်​ဆက်​ရှင်​ပြီး ဘာလုပ်​ဦးမှာလဲ
"Philip "
နောက်​ကအသံ​ကြောင့်​ philip စိတ်​တို့ပြန်​​ပေါက်​ကွဲလာသည်
"​ခွေး​ကောင်​"
Philip ​အော်​ရင်း မင်းထက်​ကို ဓားနဲ့ယမ်းပစ်​သည်
ရင်​ဘတ်​တည့်​တည့်​ ​ပြေးဝင်​လာ​သော ဓားကို မင်းထက်​ ​ရှောင်​ရင်း philip ရဲ့ ဓားကိုင်​ထား​သောလက်​ကို ပုတ်​ချလိုက်​သည်
"အရူးတ​ယောက်​လို လုပ်​မ​နေနဲ့ "
မင်းထက်​ပြန်​​အော်​လိုက်​သည်
"ဟုတ်​တယ်​ ငါ ရူး​နေပြီ မင်းကိုမုန်းလွန်းအားကြီးလို့ ငါ့ဘဝငါ စိတ်​နာလွန်းလို့ ငါရူး​နေပြီ   အားးးး "
Philip ဒူးတုပ်​ထိုင်​ချရင်း အာ​ခေါင်​ခြစ်​ ​အော်​ပစ်​သည်
"ဘာစိတ်​နာစရာရှိလဲဗျာ ကျွန်​​တော်​က philip ကို​ယောက်ျားအရသာ သိ​စေချင်​လို့်​ပါ ကူညီတဲ့ဟာကို စိတ်​မဆိုးပါနဲ့ မ​နေ့ညက​တော့ ဒီအတိုင်းမှားသွား​ပေမယ့်​ အခု​တော့ မရ​တော့ဘူး ခင်​ဗျားကို တကယ်​စွဲလန်းသွားပြီ"
"​တော်​စမ်းပါ ငါက မင်းလို​ကောင်​ကို အကပ်​ခံမယ်​ ထင်​လို​လား မ​နေ့ညက ငါမူးပြီး အား​တွေကုန်​​နေသလို ဖြစ်​​နေလို့ မတတ်​နိုင်​​ပေမယ့်​ ​နောက်​တခါ ငါ့အနားကပ်​ရင်​​တော့ ငါ မင်းကို တခုခုလုပ်​ရလိမ့်​မယ်​"
Philip စိတ်​တိုလွန်းအားကြီးပြီး တုန်​​နေ​သော အသံကိုထိန်းရင်း ကြိမ်းဝါးလိုက်​သည်
"​တွေးမိခဲ့ပါတယ်​ ဒီလိုဖြစ်​လာမယ်​ဆိုတာ ဒါ​ပေမယ့်​လည်း ကျွန်​​တော်​က ကပ်​ချင်​​နေတဲ့​ကောင်​ဆို​တော့လည်း ကြိုးစားထားရတာ​ပေါ့"
မင်းထက်​ အားရပါးရပြုံးပြရင်း ဖုန်းscreenကို philip ဘက်​ လှည့်​ပြလိုက်​သည်
"မြင်​လား"
နှုတ်​ခမ်းရွဲ့ကာပြုံးရင်း မင်းထက်​ ​မေးလိုက်​သည်
"ဒါ ဒါ​တွေက မင်းယုတ်​မာ​လှ​ချေလား"
"ယုတ်​မာတာ​တော့ ဘယ်​ဟုတ်​ပါ့မလဲ philip ရယ်​ အပိုင်​ကိုင်​နိုင်​​အောင်​ ကြိုးစားထားတာပါ"
မင်းထက်​ ဖုန်းထဲက အဝတ်​မပါ​သော philip ပုံများကို ​တပုံပြီးတပုံ ​ကြည့်​ရင်း ပြုံး​နေလိုက်​သည်
"မင်းက သူ​ဌေးသားဘဲ မင်းနားကပ်​တဲ့ မိန်းက​လေး​တွေ မင်းကပ်​လို့ရတဲ့ မိန်းက​လေး​တွေ ရှိတာဘဲ ဘာလို့ ငါ့ကိုမှ ဒုက္ခ​ပေး​နေရတာလဲ"
Philip ​အော်​လိုက်​သည်
"ဟုတ်​ပါတယ်​ ​ပေါပါတယ်​ ဒါ​ပေမယ့်​ philip ​လောက်​ ​ကောင်းတဲ့ မိန်းက​ဘေးမရှိဘူး​လေ philipက ကျွန်​​တော်​နဲ့ ပုလင်းတူဘူးဆို့​နေတုန်းက အ​ကောင်း ဘာလို့်​ ​ပြောင်းလဲသွားတာလဲ ဘာလို့ အ​ဖေက ကျွန်​​တော့်​ကို မျက်​မုန်းကျိုး ​အောင်​လုပ်​ရတာလဲ တခါတည်း​ပြောမယ်​​နော်​ အခုကိစ္စကို အ​ဖေသိ​အောင်​ ​ပြောရင်​ ဒီပုံ​တွေက တိုင်းသိပြည်​သိ ဖြစ်​သွားမယ်​ တခုခုလုပ်​ဖို့်​လည်း မကြိုးစားပါနဲ့ ဒီအတိုင်း ​အေး​ဆေးဘဲ​နေပါ"
မင်းထက်​ ​ပြောစရာရှိတာ​ပြောပြီး လှည့်​ထွက်​ခဲ့သည်​ ​ဒီကိစ္စကို အ​ဖေ မသိဖို့ အ​ရေးကြီးသည်
Philip မငို​တော့​လောက်​​အောင်​ နာကျင်​​နေမိသည်​ အရင်​က ဘယ်​လိုအကုသိုလ်​​တွေများ လုပ်​ခဲ့လို့ ဒီလို ယုတ်​မာတဲ့​ကောင်​နဲ့ လာ​တွေ့ရတာလဲ သူ့ဘဝသူ ကျိန်​ဆဲ​နေမိသည်​ ဆု ကိုယ့်​အဖြစ်​ကို လာကြည့်​ပါဦးကွာ သူ ကြမ်းပြင်​​ပေါ်မှာ ​ခွေ​ခွေ​လေး​နေရင်း အသက်​ရှူရပ်​သွားဖို့ကို ဆု​တောင်း​နေမိသည်
"ဟာ အ​စောကြီးပြန်​လာတာလား အလုပ်​ကိစ္စ​တွေ ပြီးခဲ့ပြီလား"
ဧည့်​ခန်းထဲက​နေ ဆီးကြိုပြီး စကား​ပြော​နေ​သော ​လောပန်​ကို philip ယဲ့ယဲ့ပြုံးပြလိုက်​သည်
"မပြီးခဲ့ဘူးဆရာ ကျွန်​​တော်​​နေသိပ်​မ​ကောင်းတာနဲ့ အဲ့ဒီမှာ ဆက်​မ​နေချင်​​တော့လို့ပါ"
"​အေးပါကွာ ကိစ္စမရှိပါဘူး သွားနားလိုက်​ဦး မင်းထက်​​ရော ​ပြောလို့ဆိုလို​ကောင်းလား"
Philip ​ခေါင်းညိမ့်​ပြပြီး အခန်းထဲ ဝင်​လာခဲ့သည်
ဖုန်းထဲက ချစ်​သူပို့ထား​သော စိတ်​ပူတဲ့ sms​တွေဖက်​ရင်း philip လက်​ကိုက်​ကာ ငိုမိသည်​ သူ့အတွက်​​တော့ ငရဲပါ မနက်​တိုင်းမှာ နိုးထမလာဖို့ကို အကြိမ်​ကြိမ်​ ဆု​တောင်း​သော်​လည်း ဝဋ်​​ကြွေးမကုန်​​သေးဘူးထင်​ပါ့
Philip အလုပ်ထဲစိတ်​နစ်​ကာ ကြိုစား​လေ မင်းထက်​က မကြည်​​လေပါဘဲ သူစိတ်​မကြည်​တိုင်း philipအခန်းထဲဝင်​ကာ အဓမ္မကျင့်​သည်
အခု​တော့ ဖြစ်​သမျှအ​ကြောင်း အ​ကောင်းလို့သာ သူမှတ်​ယူလို​​တော့သည်​ ဒီငရဲက လွတ်​​မြောက်​စရာလမ်း ရှိပါဦးမလား သင်္ကြန်​ အိမ်​ပြန်​ရင်​ ဆုတို့ကို ဘယ်​လိုမျက်​နှာပြရပါ့မလဲ မြန်​မြန်​​သေသွားရင်​​ကောင်းမှာဘဲ
Philip ထမင်းစားရင်းက ရင်​ထဲတစ်​ဆို့ပြီး ​ခေါင်းထဲက ရိပ်​တိတ်​တိတ်​ ဖြစ်​လာတာ​ကြောင့်​ ထမင်းစား စားပွဲက ထလိုက်​သည်​ ​ခြေ​ထောက်​​တွေ ​ပျော့​ခွေသွားပြီး သူစိတ်​တို့ကို ​လျှော့ချလိုက်​ချိန်​မှာ​တော့ အရုပ်​ကြိုးပြတ်​ လဲကျသွားသည်
"Philip Philip "
နားထဲမှာ အသံတချို့ကို ကြားလိုက်​​သော်​လည်း သူမျက်​ကွယ်​ပြုလိုက်​သည်​ သူလွတ်​​မြောက်​သွားသည်​ သူ့ဝဋ်​​ကြွေးကုန်​သွားပြီ အခုသူလွတ်​​မြောက်​သွားပြီ philip ဝမ်း​မြောက်​စွာ ခုန်​​ပေါက်​​နေမိသည်
"အ အ "
သူ့​ခြေ​ထောက်​​နားက ​အော်​သံစူးစူး​လေး ထွက်​လာ​သော​ကြောင့်​ philip ငုံ့ကြည့်​လိုက်​သည်
ထိပ်​မှာကြက်​​တောင်​​လေးစည်းထား​သော က​လေး​သေး​သေး​လေးက  နှုတ်​ခမ်း​လေး​ထော်​ကာ သူ့ကိုကြည့်​​နေသည်
"သမီး​လေး နာသွားလား sorry sorry"
သူ ဒူး​ထောက်​ထိုင်​ချပြီး က​လေး​လေးအား ပြုံးကာ​ပြောလိုက်​သည်
"သမီးရဲ့ မိဘ​တွေ​ရော"
Philip ​မေးလိုက်​​တော့ က​လေး​လေးက ​ခေါင်းယမ်းပြသည်
"သမီး ဦးနဲ့ လိုက်​​နေမလား"
သူထပ်​​မေးလိုက်​​တော့ က​လေး​လေးက ​ခေါင်းညိတ်​ပြသည်​ သူတို့နှစ်​​ယောက်​ လက်​ချင်းတွဲပြီး ဝိုင်းကြီးပတ်​ပတ်​​ဆော့ကြသည်​ ​ဆော့ရင်း ​မောလာတာ​ကြောင့်​ သူလှဲချလိုက်​သည်​ အဲ့ဒီ​နောက်​ သူအ​မှောင်​ကမ္ဘာထဲ ပြန်​​ရောက်​သွားသည်
ဟင့်​အင်း ငါအိပ်​လို့မရ​သေးဘူး သမီး​လေး တ​ယောက်​တည်း ​ကြောက်​​နေလိမ့်​မယ်​ philip အားတင်းပြီး မျက်​လုံးဖွင့်​ဖို့ကြိုးစားလိုက်​သည်
"Philip သတိရလာပြီ "
ကြားလိုက်​ရ​သော အသံ​ကြောင့်​ သူမျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ ​လောပန်​ရဲ့သမီးကို ​တွေ့လိုက်​သည်
"Philip သတိရလာပြီလား "
လောပန်​က ခပ်​​အေး​အေး စကား​ပြောရင်း ဝင်​လာသည်
"ဟုတ်​ကဲ့ ဆရာ"
"သမီး​လေးသွား ​philip ကို​ဆေးတိုက်​ဖို့ ဆန်​ပြုတ်​ကြိုခိုင်းပြီး တခါတည်း​စောင့်​ယူခဲ့ပါဦး"
လောပန်​ရဲ့သမီးက သူ့အ​ဖေကို ​ခေါင်းညိတ်​ပြပြီး ထွက်​သွားသည်
"Philip ဦးက philip ရဲ့ ရိုးသားမှုကို​ရော ကြိုးစားတာကို​ရော အမြဲအသိအမှတ်​ပြုခဲ့တယ်​​နော်​ ဦးစကားကို ​ကွေ့ဝိုက်​မ​ပြောတတ်​ဘူးကွာ ဒဲ့ဘဲ​ပြောမယ်​ philip မှာ ကိုယ်​ဝန်​ရှိ​နေတယ်​တဲ့ ဘယ်​သူနဲ့ ဘာဖြစ်​ခဲ့တာလဲ"
လောပန်​ရဲ့စကား​ကြောင့်​ philip ​ခေါင်းထဲမှာ အ​တွေး​တွေ ရှူပ်​ယှက်​ခတ်​သွားသည်​ သူ​ပြောရင်​ ယုံပါ့မလား ​ပြောသင့်​လား ဒီကိုယ်​ဝန်​ကို​ရော သူ ဘယ်​လိုလုပ်​ရပါ့မလဲ သူက လူသိရှင်​ကြား အရှက်​ကွဲ​တော့မှာလား အ​တွေး​ပေါင်းစုံ​တွေးရင်း အိမ်​မက်​ထဲက က​လေး​လေးကို ပြန်​မြင်​​ယောင်လိုက်​သည်
"ဆရာ့အ​ပေါ် ကျွန်​​တော်​ တခါမှ မညာဖူးတာ ဆရာသိပါတယ်​​နော်​"
သူ့စကားဆုံး​တော့ ​လောပန်​က သူ့ကို ​ခေါင်းညိတ်​ပြသည်
"ဒီကိုယ်​ဝန်​က မင်းထက်​နဲ့ ပါ ဖားကန့်​သွားတုန်းက ကျွန်​​တော်​တို့ မူးပြီး မှားခဲ့ကြတာပါ"
Philip အသံကိုထိန်းရင်း တလုံးချင်း​ပြောလိုက်​သည်​ ငါ့အလှည့်​က ပြီးပြီ မင်းထက်​ ဒီတခါ မင်းအလှည့်​ဘဲ မင်း လွတ်​လပ်​မှု​တွေ ​​ပျော်​ရွှင်​မှု​တွေ ကုန်​ပြီလို့သာ မှတ်​လိုက်​​တော့
"ဆရာ ကျွန်​​တော့်​ကို မယုံရင်​ က​လေး​မွေးပြီးရင်​ DNA စစ်​ကြည့်​ပါ ဆရာ"
"ဟာ မလိုပါဘူးphilip ရဲ့ ကိုယ်​ကျင့်​တရားကို ဆရာသိပြီးသားပါ ပြီး​တေယ့ philip လိုလူနဲ့ သ​ဘောမတူစရာ မရှိပါဘူး ဦး မျက်​စိ​အောက်​မှာ​နေတာဘဲ ဘယ်​လိုလူမျိုးဆိုတာ ဦးသိပါတယ်​"
ဘာဘဲဖြစ်​ဖြစ်​ ​လောပန်​က သူ့ကို ယုံကြည်​​ပေးတာ ​ကျေးဇူးတင်​ရသည်​ မင်းထက်​ အခုချိန်​ကစပြီး မင်း ငါ့အသားကို လက်​ဖျားနဲ့​တောင်​တို့လို့ မရ​စေရဘူး
"ဟာ ဒယ်​ဒီကလည်း မဖြစ်​နိုင်​တာ ကျွန်​​တော်​က ဘာလို့ အိမ်​​ထောင်​ပြုရမှာလဲ မပြုချင်​ဘူး"
"အိမ်​​ထောင်​မပြုချင်​ရင်​ ဘာလို့ အမှားလုပ်​ခဲ့တာလဲ မင်း​ယောက်ျား မဟုတ်​ဘူးလား လုပ်​ရဲရင်​ ခံရဲရမှာ​ပေါ့ အခုမှ​တော့ လာမ​ပြောနဲ့​တော့philip က မင်းက​လေးကို လွယ်​ထားရပြီ"
"ဖျက်​ချလိုက်​​ပေါ့ "
သားအဖနှစ်​​ယောက်​ စကားများ​နေတာကို philip အခန်းပြင်​က​နေ နား​ထောင်​ရင်း ပြုံးလိုက်​သည်
"အဓိပ္ပါယ်မရှိတာ​တွေ လာမ​ပြောနဲ့ မင်း philip ကို လက်​ထပ်​ရမယ်​"
"ဟာ အဲ့ဒီလိုပုံကြီးနဲ့ သား ဘယ်​လို လက်​ထပ်​ရမလဲ"
"အတွန့်​မတက်​နဲ့ မင်းထက်​ မင်း သူ့ကို လက်​မထပ်​ရင်​ ငါ့အ​မွေ ရလိမ့်​မယ်​လို့ မ​မျှော်​လင့်​နဲ့"
တချက်​လွှတ်​​ပြောလိုက်​​သော စကား​ကြောင့်​ မင်းထက်​ငြိမ်​ကျသွားသည်​ သူ့အ​ဖေက ​ပြောရင်​​ပြောတဲ့အတိုင်း လုပ်​တတ်​သည်
ဒီအချိန်​ဆို​ ​မွှေးလည်း ​ကျောင်းပိတ်​ပြီ ဆု အနားမှာ အ​ဖော်​ပြု​ပေးနိုင်​ပြီ philip ​မေမြို့က ပြဿနာ​တွေ ရှင်းဖို့ ပြန်​လာခဲ့သည်​ မင်းမင်းပါရှိ​နေသည်​မို့ ဆုအတွက်​ ပို​ကောင်းသည်
သူငယ်​ချင်း​တွေကို နာကျင်​​စေမယ့်​ စကားတချို့​ပြောရင်း ​သူ​သေခန်းပြတ်ဖို့ ဆုံးဖြတ်​ခဲ့သည်​ သူ့ဘဝက စုတ်​ပြတ်​သတ်​​နေပြီ ဆု ​ရေ ကို့ထက်​ သာတဲ့လူနဲ့ ​ပျော်​ပါ​စေ တ​နေ့​တော့ ဆုလည်း အသစ်​ကပြန်​စနိုင်​မှာပါ ဘယ်​လိုဘဲ ဖြစ်​ခဲ့ပါ​စေ ကို့ ရင်​ထဲမှာ​တော့ အမြဲချစ်​​နေမှာပါ ဘယ်​​တော့မှ အချစ်​မပျက်​ပါဘူး သူငယ်​ချင်း​လေးရယ်​ ငါ့ရဲ့ဘဝက နင့်​နား​နေဖို့ မဖြစ်​နိုင်​​တော့ပါဘူးဟာ ငါ့ကို မုန်းလိုက်​ပါ စိတ်​နာလိုက်​ပါ ငါ့​ရှေ့မှာ သာယာတဲ့မိသားစုဘဝ​လေး တည်​​ဆောက်​နိုင်​ပါ​စေ
သူငယ်​ချင်းသုံး​ယောက်​ကို ​ကျောခိုင်းရင်းက ကျလာ​သော မျက်​ရည်​တို့ကို လက်​ဖမိုးနဲ့ ခပ်​ကြမ်းကြမ်းသုတ်​လိုက်​သည်
မင်္ဂလာ​ဆောင်​ကို သူတို့တတ်​နိုင်​သမျှ အကျဉ်းချူံ့ကာ လုပ်​ခဲ့သည်​ သတို့သား​ရော သတို့သမီး​ရော စိတ်​ပါလက်​ပါ ရှိလှသည်​မှ မဟုတ်​ဘဲ ဘာဘဲဖြစ်​ဖြစ်​ philip အတွက်​​တော့ ကိုယ်​ဝန်​ရှိလာခြင်းက လွတ်​​မြောက်​လမ်းတခုပါ မဟုတ်​လျှင်​ မင်းထက်​ရဲ့ ခြိမ်း​ခြောက်​အကြပ်​ကိုင်​မှုကို ဘယ်​အချိန်​ထိ ခံ​နေရဦးမလဲ မသိပါ
Philip သမီး​လေး​မွေးပြီးချိန်​တွင်​​တော့ ကိုယ်​ပိုင်​တိုက်​ခန်း​လေးဝယ်​ကာ ​ပြောင်း​နေသည်​ မင်းထက်​က​တော့ သူ့အိမ်​မှာဘဲ​နေခဲ့သည်​ ​ဆရာက တား​သော်​လည်း နှစ်​​ယောက်​လုံးက ဆန္ဒရှိ​နေသည်​မို့ ခွင့်​ပြု​ပေးလိုက်​သည်​ သူ့​မြေးနဲ့ ​နေချင်​ပါ​သော်​လည်း philip စိတ်​​ပြေလျှင်​ အိမ်​ပြန်​​နေမည်​ဟုသာ ​တွေးထားပုံရသည်
Philip ပြင်​ဦးလွင်​ကိုလည်း မပြန်​ဖြစ်​​တော့ပါ က​လေးတစ်​​ယောက်​နဲ့ ကသီလင်​တနိုင်​​သော်​လည်း သူအတတ်​နိုင်​ဆုံး ကြိုးစားသည်​ သူငယ်​ချင်း​တွေနဲ့ ပြင်​ဦးလွင်​ ကိုလွမ်း​သော်​လည်း သူ့ဘဝအ​ခြေအ​နေက ပြန်​သွားဖို့မဖြစ်​နိုင်​ဟု ယူဆပြီး သမီး​လေးနဲ့သာ အ​ဖော်​ပြုရင်း မန္တ​လေးမှာ အလုပ်​လုပ်​ကာ ​နေ​တော့သည်

အဖြူ​ရောင်​​မေတ္တာOnde histórias criam vida. Descubra agora