philip ရေချိုးပြီး အဝတ်အစားလဲကာ ထမင်းစားဖို့ ဆင်းလာခဲ့သည် သူရောက်တော့ ဖေဖေနဲ့ မမတောင် ထမင်းစားပွဲမှာ ထိုင်နှင့်နေကြပြီ
"Philip နောက်ကျလိုက်တာ လာထိုင်"
သန္တာလှမ်းပြောရင်း philip အတွက် ခုံထုတ်ပေးလိုက်သည်
"ဟုတ်တယ် ရေချိုးနောက်ကျလို့်"
သူပြောရင်း ထမင်းဝိုင်း ဝင်ထိုင်လိုက်သည် အလုပ်ရော အိမ်မှုကိစ္စပါ မလစ်ဟင်းရအောင် သေချာ စီမံတတ်သော အမအား သူမလေးစားဘဲ မနေနိုင်ပါ
"ဖေဖေ ခဏနေ အပြင်သွားဦးမယ်"
ထမင်းစားပြီး ဧည့်ခန်းထဲ tv ထိုင်ကြည့်နေသော ဖေဖေ့ကို philip ခွင့်တောင်းလိုက်သည်
"ဘာ ခုတောင် မှောင်ချင်နေပြီ မိန်းကလေး တယောက်အပြင်သွားရမယ့်အချိန်မဟုတ်ဘူး ခဏနေဆို ပိုတောင် နောက်ကျပြီ မသွားရဘူး"
"ဟာ ဖေဖေကလည်း တခြားသူတွေနဲ့ သွားမှာမှမဟုတ်တာ မင်းမင်းနဲ့ john နဲ့ဘဲဟာ"
Philip အတွန့်တက်လိုက်သည်
"မသွားရဘူးဆို မသွားရဘူးဘဲ ဘာမှလာမပြောနဲ့ မှောင်နေမှ အပြင်ထွက်ချင်ရတယ်လို့ နင့်ကိုယ်နင် ဘာများထင်နေတာလဲ အလိုလိုက်လို့ အကန်းတက်မလာနဲ့ စန္ဒီမျိုးသန့် "
Philip တော်တော် စိတ်ရှူပ်သွားသည် သူငယ်ချင်းတွေနဲ့ လူငယ်သဘာဝ ပျော်ချင်သည် ဒါကို ဖေဖေက ဘာဖြစ်နေမှန်း မသိပါ
" ဖေဖေကလည်း သူစိမ်းမှမပါတာ ဒီသူငယ်ချင်းအရင်းအချာတွေဘဲ သွားမယ့်ကိစ္စကို ဘာလို့ မလွှတ်နိုင် ဖြစ်နေရတာလဲ"
"တော်တော့ တခြားဟာဆို ဘာပိတ်ပင်လို့လဲ ခုက မှောင်နေပြီ ဘာလဲမသင့်တော်တာတွေ လုပ်ချင်နေတယ် မသွားရဘူး သွား အိမ်ပေါ်တက်"
ဦးမျိုးသန့် ငေါက်ရင်းက philip အား အိမ်ပေါ်တက်ခိုင်းလိုက်သည် philip လည်း စိတ်ပျက်လက်ပျက် နဲ့ အခန်းထဲဝင်ပြီး ဂိမ်းဆော့နေလိုက်သည် ခဏနေ မင်းမင်း လာခေါ်ရင်တော့ စိတ်ပြောင်းပြီး ထည့်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်လေးနဲ့ မင်းမင်းလာအခေါ်ကို နားစွင့်နေလိုက်သည်
"ဦး philip ရှိလား"
ဧည့်ခန်းထဲထိုင်နေသော philip အဖေကို မင်းမင်း အိမ်ထဲဝင်ရင်း မေးလိုက်သည်
"ရှိတယ် သား ဘာကိစ္စလဲ"
"သူနဲ့ ဒီနေ့ည အပြင်သွားမလို့လေ john ရောပါတယ် အဲ့ဒါ လာခေါ်တာဗျ"
"သြော် အန်ကယ်ခိုင်းစရာလေးတွေ ရှိတယ်သားရဲ့ သူမအားဘူး သားတို့ဘာသာဘဲ သွားလိုက်ကြတော့"
မင်းမင်း အိမ်ထဲကြည့်သော်လည်း phiip ကိုမတွေ့ရ philip အဖေကိုလည်း ဆက်မပြောရဲသောကြောင့် ဆိုင်ယ်ကို john အိမ်ဘက်မောင်းလာခဲ့သည်
john ဧည့်ခန်းထဲမှာ သူ့အဖေအမေနဲ့အတူ mrtv-4 ကလာသော ဇာတ်လမ်းတွဲ ထိုင်ကြည့်နေသည်
"john "
မင်းမင်း အိမ်ထဲဝင်ရင်း လှမ်းခေါ်လိုက်သည်
"လာပြီလား ငါ မင်းကို စောင့်နေတာ"
john ပြောရင်းနဲ့ သူ့အခန်းထဲသွားပြီး ဂစ်တာဝင်ယူလိုက်သည်
"သား မင်းမင်း ဂစ်တာတီးပြီး တန်းပြန်ခဲ့နော် သိပ်နောက်ကျမနေနဲ့ဦး ခေတ်ကာလက သိပ်မကောင်းဘူး"
ဒေါ်မြင့်မိုရ် မင်းမင်းအား သတိပေးလိုက်သည်
"ဟုတ် အန်တီ သားတို့ဂစ်တာတီးပြီး ချက်ချင်းပြန်လာမှာပါ စိတ်ချ"
"ကဲ သွားစို့"
john ပြောရင်းနဲ့ အိမ်ရှေ့ထွက်ခဲ့သည်
"philip ရော ခုမှ သွားခေါ်မှာလား"
john ဆိုင်ကယ်ပေါ်တက်ရင်း မေးလိုက်သည်
"သူ့အဖေက ခိုင်းစရာရှိလို့ မထည့်တော့ဘူးတဲ့ philip နဲ့တော့ မတွေ့ခဲ့ဘူး"
မင်းမင်း ဆိုင်ကယ်မောင်းရင်းက ဖြေလိုက်သည်
suprise လုပ်ရတော့မယ်ဆိုတဲ့ အတွေးနဲ့တင် မင်းမင်း အူးမြူးပြီး ဆိုင်ကယ်ကို မှူးတို့အိမ်ဘက်မောင်းလာခဲ့သည်
"ကဲ မင်းမင်း ဘာသီချင်းဆိုမလဲ"
john ဂစ်တာကြိုးညှိရင်းက မေးလိုက်သည်
အိမ်ရှေ့အုတ်ခုံလည်း မရှိသောကြောင့် နှစ်ယောက်သား ဆိုင်ကယ်နား မတ်တပ်ရင်းက ဂစ်တာတီးပြီး သီချင်းဆိုကြသည်
"မင်းမင်း မင်းဆော်က ထွက်လည်းမကြည့်ဘူး ဟုတ်ရော ဟုတ်ရဲ့လားကွာ"
သီချင်းတပုဒ်ဆုံးသောအခါ john မင်းမင်းကို လှမ်းမေးလိုက်သည်
"မင်းကလည်း သူ့အခန်းထဲက နားထောင်နေတာနေမှာပေါ့"
မင်းမင်းပြောရင်းက john ကို နောက်တပုဒ်တီးဖို့ အချက်ပြလိုက်သည်
john လည်း နောက်တပုဒ် တီးရင်းက အိမ်ထဲသို့ လှမ်းကြည့်နေလိုက်သည်
အိမ်ထဲမှ လူရိပ်တွေ့လိုက်သောကြောင့် john သီချင်းဆိုရင်းက မျက်မှောင်ကြုတ်ပြီး သေချာကြည့်လိုက်သည် မှူး ထွက်တွေ့တာလား
"မင်းမင်း ဆိုင်ကယ်ပေါ်တက်"
အိမ်ထဲမှ ဝရုန်းသုန်းကား ပြေးထွက်လာသော ခွေးတကောင်ကို တွေ့လိုက်ရသောကြောင့် john မင်းမင်းကို အော်ပြီးသတိပေးလိုက်သည်
မင်းမင်းလည်း john စကားကြောင့် အိမ်ထဲလှမ်းမျှော်ကြည့်မိရာမှ ဆိုင်ကယ်ပေါ် တက်ခွပြီး စက်နှိုးတော့သည်
"ဟဲ့ခွေး ဟဲ့ခွေး"
John ဆိုင်ကယ်နောက်ကနေ ပြေးလိုက်လာသော ခွေးကို မောင်းထုတ်ရင်းက စိတ်မချစွာနဲ့ ခြေထောက်များကို မြှောက်ထားမိသည် မင်းမင်းကတော့ လီဗာကုန်တင်ကာ ဆိုင်ကယ်မောင်းပြေးသည်
"မင်းမင်းရာ မျက်နှာမရ လက်သီးရဆိုတာ ဒီလိုမျိုးကို ပြောတာ ကံကောင်းလို့ ခွေးအကိုက်မခံရတာ မင်းရည်းစားက ဘာသဘောလဲကွာ ခွေးနဲ့ရှူးတိုက်ရတယ်လို့"
မှူးတို့အိမ်တော်တော်ကျော်ပြီး အိမ်အပြန် လမ်းတဝက်ရောက်မှသာ john ခမျာ မင်းမင်းကို အပြစ်တင်စကား ပြောနိုင်တော့သည်
"ငါလည်း သူ့ကို ဝမ်းသာစေချင်လို့ suprise လုပ်တဲ့ဟာ ငါက suprise ပြန်ဖြစ်သွားတယ် sorry နော် john ငါ ညမှ မှူးကို ဖုန်းဆက်ပြီး မေးကြည့်ပါဦးမယ် မင်း ဘာစားဦးမလဲ john ငါကျွေးမယ်"
"ရပါတယ် မင်းမင်းရာ ငါတို့အိမ်ဘဲပြန်ကြစို့လေ ငါ့အိမ်ကို တန်းပြန်လာမယ်လို့ ကတိပေးထားလို့ကွ"
"တောက်"
Philip အခန်းထဲမှာ ဂိမ်းဆော့ရတာလည်း စိတ်မပါသောကြောင့် အဆင်မပြေ ကိုယ့်သူငယ်ချင်းအရင်းကြီးတွေနဲ့မှသာ လုပ်ခွင့်ရသော လူငယ်ဘဝ ပျော်ရွှင်မှုတချို့ကို ဘာကြောင့် လွတ်လပ်ခွင့်မပေးရတာလဲ john တို့ မင်းမင်း တို့ကလည်း ကိုယ့်အပေါ် မကောင်းကြံမယ့်သူတွေမှ မဟုတ်တာ သူအမြဲ မွန်းကြပ်ရသည် အမြဲတမ်း ဟိုဟာပိတ်ပင် ဒါပိတ်ပင်နဲ့ စိုးရိမ်တာ ဆိုတဲ့အပြောင်းပြချက် နင့်ရှေ့ရေးကောင်းဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်အောက်မှာဘဲ သူအမြဲ လှောင်ပိတ်ခံနေရသည် ဘယ်တော့လဲ ဘယ်တော့များမှကိုယ့်ဘဝကိုယ် ဆုံးဖြတ်ခွင့်ရှိမှာလဲ သူ ဆောက်တည်ရာမဲ့ ဖြစ်နေသောကြောင့် ဆုအိမ့်ဆီ ဖုန်းခေါ်လိုက်သည်
"Hello philip ပြော"
ဘာမှမဟုတ်တဲ့ ဆု ရဲ့စကားလေးတွေနဲ့တင် ကို့ စိတ်အေးချမ်းတယ်
"ဆု ကို သတိရလို့"
"ဟယ် နေ့လည်ကမှ တွေ့ထားတာလေ philip ရဲ့ "
"ဟာ ကို က ဆုအိမ်ကနေ ထွက်လာတာနဲ့ အလိုလို လွမ်းစိတ်ဝင်တတ်တာ ဆု ရဲ့ လွမ်းတယ်"
Philip စကားနဲ့ အသံကြောင့် ဆုအိမ့်ပြုံးမိသည် philip ဘယ်လောက် ဂရုစိုက်တတ်တာ ဘယ်လိုချစ်တတ်တာ သူမ အသိဆုံးပါ
"အင်းပါ ဟုတ်ပါပြီ မနက်ဖြန်မနက်စောစော တွေ့မယ်လေ"
"ခုရော တွေ့လို့မရဘူးလား"
"အမလေး ညကြီးကို ဆုအိမ့်လည်း မေမေနဲ့ စကားပြောချိန်က ညလေးဘဲရှိလို့ပါ philipရဲ့"
" ok sweetheart goodnight"
"Goodnight philip"
philip ဖုန်းချရင်းက ပြုံးလိုက်သည် ဆု က ကို့အတွက်အရာရာပါ
"john ငါအိမ်ထဲ မဝင်တော့ဘူးနော်"
မင်းမင်း john အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်ပေးလိုက်သည်
"မဝင်ပါနဲ့တော့ကွာ သွားတော့ အိမ်ရောက်မှသာ အေးဆေးfeel တော့ အိမ်တန်းပြန်နော်"
john ဆိုင်ကယ်ပေါ်က ဆင်းရင်း မင်းမင်းကို သတိပေးလိုက်သည်
"ဟယ် johnလေး ပြန်လာတာ စောလိုက်တာ"
ဒေါ်မြင့်မိုရ် tv ကြည့်ရင်းက အိမ်ထဲဝင်လာသော john ကို လှမ်းနှုတ်ဆက်လိုက်သည်
"ဟုတ်တယ် မေမေ"
John ပြန်ပြောရင်းက ဆိုဖာပေါ် ပစ်လှဲချလိုက်သည်
"မင်းမင်း ကောင်မလေးက လူလုံးထွက်ပြလား"
ဦးမြတ်စိုးစကားအဆုံးမှာ ဒေါ်မြင့်မိုရ် မျက်စောင်းထိုးလိုက်သည်
"လူလုံးတော့ထွက်မပြဘူး ခွေးလုံးတော့ ထွက်ပြတယ် ဖေဖေ"
john စကားကြောင့် ကျန်သုံးယောက်လုံး စိတ်ဝင်စားသွားသည်
"ဘယ်လို john ခွေးလုံးထွက်ပြတယ် ဟုတ်လား"
ကိုကိုလေး အမေးကို john ခေါင်းညိတ်ပြီး ဖြေလိုက်သည်
"johnလေး သေချာပြောစမ်း"
ဒေါ်မြင့်မိုရ် စိတ်မရှည်စွာနဲ့ john ကိုမေးလိုက်သည်
"အိမ်ထဲကနေ ခွေးပြေးထွက်လာတာ အမေရ ခွေးနဲ့ ရှူးတိုက်ခံရတာ ဆိုင်ကယ်တောင် မနည်းမောင်းပြေးခဲ့ရတာ"
John ရဲ့စကားအဆုံးမှာ သားမိသားဖတတွေ ရယ်လိုက်သည်
"မင်းတို့က မပိုင်ဝက်မွေး သွားလုပ်တာကိုးကွ"
"သူများကိုပြောမနေနဲ့ သူကျတော့စွံရှာတယ် ဆိုတော့ "
johnရဲ့ နှိပ်ကွပ်စကားကြောင့် ကိုကိုလေးခမျာ ရှူံ့မဲ့သွားသည်
မင်းမင်းခမျာ အရှက်ကွဲခဲ့ရသည်မို့ အခန်းထဲ ရာက်ရောက်ချင်း မှူးအားဖုန်းခေါ်တော့သည်
"Hello"
"Hello မှူးလား"
"အင်း မင်း ပြော"
"ခုနက ဘယ်လိုလုပ်လိုက်တာလဲ ကိုယ့်သူငယ်ချင်း ရှေ့မှာ ကိုယ့်မှာ အရှက်ကွဲသွားတာပေါ့"
"အဲ့ဒါဆို မင်း ကရော မှူးအိမ်က အခြေနေကို မမေးဘဲနဲ့ ဘာလို့ လုပ်ချင်ရာလုပ်တာလဲ အခုဆို မှူးအကိုတွေက မှူးကို မယုံသင်္ကာ မျက်လုံးတွေနဲ့ စောင့်ကြည့်နေကြပြီ မှူးစိတ်ညစ်တယ်"
ပြောပြောဆိုဆိုနဲ့ ဖုန်းချသွားသည် ကိုယ်က စိတ်ဆိုးမယ်ကြံမှ သူကအရင်စိတ်ဆိုးသွားသည်
"ဟူး"
မင်းမင်း သက်ပြင်းချရင်း အိပ်ရာပေါ် ပစ်လှဲချလိုက်သည်
ထိန်ထိန်သာနေသော လမင်းကြီးကို ငေးကြည့်ရင်း မွှေး သက်ပြင်းချမိသည် မင်းမင်းနဲ့ john နဲ့ မှူးအိမ်ရှေ့မှာ ဂစ်တာတီးနေလောက်ရောပေါ့ ဘာကို စိတ်အလိုမကျ ဖြစ်လို့နေမှန်းမသိ ခံစားနေရသည်
"မွှေး"
ထိပ်ထားဖွေး ကောင်းကင်ပေါ်က လမင်းကြီးကို ငေးကြည့်ရင်း အကြိမ်ကြိမ် သက်ပြင်းချနေသော ညီမဖြစ်သူအား အသံပေးလိုက်သည်
"ဖွေး မအိပ်သေးဘူးလား"
မွှေး တယောက်တည်း အတွေးနယ်ချဲ့နေရာမှ အမဖြစ်သူအား လှမ်းပြီး စကားပြောလိုက်သည်
"မအိပ်သေးပါဘူး အစောကြီး ရှိသေးတယ် ပြီးတော့ တို့ညီအမနှစ်ယောက်လည်း စကားအေးဆေး မပြောရတာကြာပြီမလား"
ဖွေး ပြောရင်းနဲ့ မွှေးဘေးမျာ ဝင်ထိုင်လိုက်သည်
"မွှေး မျက်နှာမကောင်းဘူး ဘာဖြစ်နေတာလဲ ညီမလေး"
ဖွေး မျက်နှာကို စောင်းငဲ့ကြည့်ရင်း ပြောလိုက်သည်
"ဆုအိမ့်နဲ့ philip တွဲနေပြီတဲ့ ဖွေး"
"ဟုတ်လား ဆုအိမ့်က lesbian ပေါ့ အဲ့ဒီလိုမဟုတ်ရင်တောင် ဆုအိမ့်ကို john နဲ့ နီးစပ်သွားမယ်လို့ ထင်ခဲ့တာ သူတို့နှစ်ယောက်က ပိုပြီး တယောက်နဲ့တယောက် သည်းသည်းလှုပ်တယ်မလား"
"ဖွေးလည်း အဲ့ဒီလိုဘဲ ထင်ခဲ့တာလား "
"အေးပေါ့လေ အချစ်ဆိုတာ မျှော်လင့်မထားတဲ့အချိန်မှာ မျှော်လင့်မထားတာတွေကို ဖန်တီးတတ်တယ် အဲ့ဒီအချစ်နဲ့ ပက်သက်ပြီးဘာမှ ကြိုတွေးထားလို့ မရဘူး မွှေး အဲ့ဒီကိစ္စကြောင့်အတွက်နဲ့တော့ ဒီလောက်ထိ စိတ်ရှူပ်နေမယ်လို့ ဖွေး မထင်ဘူး မွှေး ရင်ထဲမှာလည်း တခုခုခံစားနေရတယ်မလား"
ဖွေးရဲ့ မျက်နှာကို မွှေး အထိတ်တလန့်  ကြည့်မိသည်
"မွှေးရယ် ဖွေးနဲ့ မွှေးက ငယ်ငယ်ကတည်းက တယောက်အကဲကို တယောက်ခတ်တတ်တာဘဲ ဖွေး မသိတာက မွှေး အဲ့ဒီခံစားချက်က ဘယ်သု့ကြောင့်လဲ philip ကြောင့်လား john ကြောင့်လား မင်းမင်းကြောင့်လား"
ဖွေးရဲ့ စကားအဆုံးမှာ မွှေးမချိပြုံး ပြုံးလိုက်သည်
"ဖွေး ပြောတဲ့သူတွေထဲက တယောက်ကို ချစ်နေမိရင်တောင် မွှေး မပြောချင်တော့ဘူး ဖွေး အဲ့ဒီသုံးယောက်လုံးက မွှေး အတွက် မဟုတ်ခဲ့ဘူး သူ့အပေါ်မှာ မွှေး ဘယ်လောက်ထိ နက်နက်နဲနဲ ချစ်မိပါစေ မွှေး လုံးဝကြိုးစားမှာ မဟုတ်ဘူး ဒီအတိုင်းပဲ နေချင်တယ် မွှေးက မြန်မာမိန်းကလေးတယောက်ပါ နောင်တချိန်မှာ ဆရာမတောင် ဖြစ်လာဦးမလားတောင်မသိဘူး အဲ့ဒီတော့ မွှေး ခံယူချက်နဲ့ မွှေး ရှင်သန်သွားချင်တယ် မွှေး ကိုယ်တိုင်လုပ်ယူမှ ရလာမယ့်ဆက်ဆံရေးမျိုးကိုလည်း မွှေး မလိုချင်ဘူးဘယ်တော့မှ ဒီခံစားချက်ကို သူ မသိစေရဘူး"
မွှေး လေးကန်စွာနဲ့ တလုံးချင်းပြောနေမိသည် နာကျင်ရပါတယ်
" ဖွေး သိလား ကိုယ်သိပ်ချစ်ရတဲ့သူက သူချစ်ရတဲ့ မိန်းကလေးအကြောင်းကို ကိုယ့်ရှေ့မှာ ပြောတိုင်း ရင်ဘတ်ထဲမှာ မခံမရပ်နိုင်လောက်အောင် နာကျင်ရပါတယ် ဒါပေမယ့် မွှေး ပြုံးနေနိုင်အောင် အမြဲကြိုးစားခဲ့ပါတယ် မွှေးရဲ့အချစ်ကို အမြဲတန်ဖိုးထားချင်တယ် ဘယ်လိုအကြောင်းနဲ့မှ အထင်သေးမခံချင်ဘူး ချစ်တဲ့စိတ်လေးကို သိမ်းထားရင်းက မြတ်နိုးစွာဘဲ ဘေးကကြည့်နေချင်တယ်"
သိပ်ကို ချစ်ရတဲ့မောင်ရေ မောင့်အပေါ်ထားတဲ့ မွှေးရဲ့ အချစ်တွေက သိပ်များ တကိုယ်ကောင်းဆန်နေလား မွှေး တယောက်တည်း တဝကြီးချစ်နေလို့လေ မွှေး ချစ်မိနေပြီလို့ သေချာတဲ့ အချိန်ကတည်းက သတ်မှတ်ထားတဲ့ နာမ်စားလေးကိုဘဲ အကြိမ်ကြိမ်ရေရွတ်ရင်း မောင့်မျက်နှာကို ငေးကြည့်နေရတာနဲ့တင် မွှေးအတွက် ပြည့်စုံနေပြီမောင်
တွေဝေငေးမောစွာနဲ့ ထိုင်နေသော ညီမဖြစ်သူကို ငေးကြည့်ရင်း သူမစိတ်ထဲကနေ မေးခွန်းတခုကို အကြိမ်ကြိမ် မေးခွန်းထုတ်နေမိသည်
ဘယ်သူလဲ ?
အဲ့ဒီလူက ဘယ်သူလဲ?
ကိုယ်ချစ်ရတဲ့သူက သူချစ်ရတဲ့ မိန်းကလေးအကြောင်းကို ကိုယ့်ရှေ့မှာပြောတိုင်းတဲ့လား
မှူးအကြောင်း ကြွားတတ်တဲ့ မင်းမင်းလား
ဆုအိမ့်အကြောင်း အားပါးတရ ပြောတတ်တဲ့ philip လား
တခါတလေ ဆွေးရိပ်သန်းနေတတ်တဲ့ မျက်ဝန်းတွေနဲ့ ရင်ဖွင့်နေတတ်တဲ့ john လား
ဖွေးပင် မရိပ်မိနိုင်လောက်အောင် မွှေးက ရင့်ကျတ်တည်ငြိမ်စွာနဲ့ သူ့အချစ်ကို သိမ်းဆည်းထားနိုင်နေတာ ဟို ငကြောင်သုံးယောက်ကတော့ လုံးဝ ရိပ်မိစရာအကြောင်း တကွက်မှမရှိပါ"
လေအေးတိုက်တတ်တဲ့ ပြင်ဦးလွင်ရဲ့ ည ထိန်ထိန်သာနေသောလမင်းကြီးရဲ့အောက်မှာ ညီအစ်မနှစ်ယောက် အတွေးကိုယ်စီနဲ့ ငြိမ်သက်စွာ ထိုင်နေခဲ့ကြသည်#မွှေးသိပ်ချစ်ရတဲ့ မောင်က ဘယ်သူပါလိမ့် သိတဲ့လူရှိရင် လက်တို့ပါဦး သင်္ကြန်အညောင်းမိနေလို့ကြာသွားတာ ခွင့်လွှတ်ကြပါဦး စာဖတ်သူအပေါင်း သူတော်ကောင်းတို့#
KAMU SEDANG MEMBACA
အဖြူရောင်မေတ္တာ
Romansaနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်