ဆုအိမ့် ညနေစာ စားပြီးကတည်းက လမ်းဘက်ကို မျှော်ကြည့်နေသော်လည်း john ရဲ့အရိပ်အယောင်ကို အခုထိ မတွေ့ရသေးပါ တခါတလေမှ အိမ်ပြန်လာသူမို့ သူ့မိသားစုနဲ့ စကားပြောနေတာဖြစ်မည် ဘာဘဲဖြစ်ဖြစ် philip အကြောင်းတွေ မေးချင်သေးတာမို့ သူမ john အားမျှော်နေမိသည်
"မေမေ ဆုအိမ့်တို့အိမ်ဘက် ခဏသွားဦးမယ် "
Tv ကြည့်နေသော ဖေဖေနဲ့ မေမေအား ခွင့်တောင်းပြီး သူ ဆုအိမ့်တို့ အိမ်ဘက် လမ်းလျှောက်ခဲ့သည်
"John"
ငိုက်စိုက် ငိုက်စိုက် လမ်းလျှောက်ရင်းက ရင်းနှီးသော အသံကြောင့် john ခေါင်းမော့ကြည့်လိုက်သည်
"မင်းမင်း ဒီအချိန်မှ အိမ်ပြန်လာတာလား နောက်ကျနေပြီ"
John သူငယ်ချင်း ဖြစ်သူအား အလိုမကျစွာ ပြောလိုက်သည်
"မဟုတ်ပါဘူးကွ ညီလေးက ပူရီစားချင်တယ်ဆိုလို့ ထွက်ဝယ်ပေးတာ နေနိုင်တယ်နော် john ငါ့ဆီတောင်မလာဘူး လာ ခုအိမ်လိုက်ခဲ့ ပူရီလိုက်စား"
မင်းမင်းစကား မှန်နေသောကြောင့် john မင်းမင်းဆိုင်ကယ်နောက် အသာခွတက်လိုက်သည် အပြန်မှဘဲ ဆုအိမ့်ဆီ သွားတော့မည်
"John ထွားလာလိုက်တာ အသားတော့ညိုသွားတယ်"
John အိမ်ထဲဝင်သွားတော့ မင်းမင်းအမေက နှုတ်ဆက်သည်
"ဟုတ်တယ် အန်တီ ကျွန်တော် ပိန်လို့ လေ့ကျင့်ခန်း သေချာလုပ်ဖြစ်နေတာ"
"အေး ကောင်းတယ် လူငယ်ဆိုတာ အဲ့ဒီလို တက်ကြွနေမှ မင်းမင်းနဲ့ စကားပြောဦး အန်တီ ပူရီသွားထည့်ပေးလိုက်ဦးမယ်"
"ဟုတ် အန်တီ"
ငယ်ငယ်လေးကတည်းက ဝင်ထွက်လည်ပတ်ခဲ့သော အိမ်မို့ john အတွက်ရင်းနှီးနေသည်
"John လာ ငါတို့ အမေ့ပန်းခြံထဲ သွားရအောင်"
မင်းမင်း နောက်ကနေ john လိုက်လာခဲ့သည်
"ပန်းတွေပြုစုထားတာ တော်လိုက်တာ ညနေ မွှေးအိမ်သွားတုန်းကလည်း သူတို့အိမ်ရှေ့မှာ ပန်းခြံအသေးစားလေး လုပ်ထားတာ တွေ့ခဲ့တယ်"
"ဟုတ်တယ် ငါ့အမေနဲ့ သူ့အမေက ပန်းမျိုးတွေ ဖလှယ်ကြတယ် နှစ်ယောက်လုံးက ပန်းစိုက်တာ ဝါသနာပညတော့ ရင်းနှီးကြတာပေါ့"
"အေးပါ မင်းမင်း ရည်းစား ပွေတုန်းဘဲလား"
John ရဲ့ အမေးကြောင့် မင်းမင်း မချိပြုံးလိုက်သည်
"John မင်းတို့က ငါ ရည်းစားပွေတာကိုဘဲ မြင်ကြတာ ငါ ဘာကြောင့် အဲ့ဒီလိုလူဖြစ်နေရတာလဲ မသိကြဘူးမလား"
မင်းမင်းရဲ့ အမေးစကားကို john ခေါင်းခါပြလိုက်သည်
"ငါလည်း တယောက်တည်း ချစ်ပြီး ဂရုစိုက်ချင်တယ် ပြီးတော့ ဂရုစိုက်ခံချင်တယ် ဒါပေမယ့် အခြေနေတွေက ငါ့ကို ပွေရှူပ်တဲ့ လူတယောက်ဖြစ်အောင် တွန်းပို့နေတာ"
နားမလည်သော မျက်ဝန်းများနဲ့ ကြည့်လာသော john ကို ပြန်ကြည့်ရင်း မင်းမင်း စကားဆက်ပြောဖို့ အားယူလိုက်သည်
"ပထမဆုံး ရည်းစားလေးထားပါတယ် ဂရုစိုက်ပေးတယ် ချစ်ပေးတယ် ပြီးတော့ ငါတောင် ဘာမှမသိခင်မှာဘဲ ဝေးသွားတယ် လမ်းခွဲလိုက်ရတယ် ဆယ်တန်းမို့စာကို အာရုံစိုက်ရမယ် စစ်တက္ကသိုလ် ဝင်ခွင့်ရရမယ်ဆိုပြီး စာကြိုးစားခဲ့တယ် စားမေးပွဲပြီးတော့ အဖြေထပ်ရရော ပြီးတော့ အဆင်မပြေဖြစ်ရော လမ်းခွဲရပြန်ရော ကိုယ်သံယောဇဉ်ထားရင် ထားသလောက် ခံစားရတယ် ငါ အဲ့ဒါကြောငိ့ ဖြစ်သလိုဘဲ သဘောထားလိုက်တော့တယ် ရည်းစားထားမယ် တွဲမယ် ကွဲမယ် ဘယ်သူနဲ့ရမလဲဆိုတာတော့ ကံပေါ့"
သူ့စကားအဆုံးမှာ ရယ်နေသော john ကို မင်းမင်း မျက်မှောင်ကြုတ် ပြီးကြည့်လိုက်သည်
"မရယ်နဲ့ john ငါအတည်ပြောနေတာ ငါ ပွေမယ်ဟဲ့ဆိုပြီး ရည်ရွယ်ချက် နဲ့ပွေနေတာ မဟုတ်ဘူး အခြေနေတွေကိုက အဲ့ဒီလို ဖြစ်နေတာ"
"အချစ်ဆိုတာ အဲ့ဒီလို တယောက်ကနေ တယောက် ပြောင်းရတာ လွယ်လို့လား"
တွေးတွေးဆဆ နဲ့ ပြောလာသော john ပုံစံကြောင့် မင်းမင်း ပြုံးမိသည်
"ဘယ်အရာမဆို အစပိုင်းမှာ ခက်တတ်တာ သဘာဝဘဲ john ဒါပေမယ့် ကိုယ့်ကို မချစ်တော့တဲ့ လူတယောက်ကို တမျှော်မျှော် လုပ်နေတဲ့ ပုံစံထက် နောက်တယောက်ကို ကြိုးစားပြီးချစ်တာ သူ့အပေါ် စိတ်ဝင်စားကြည့်တာက ပိုသာလိမ့်မယ်လို့ ငါထင်လို့ပါ"
"ဟုတ်ပါပြီ ဆရာကြီးရယ် ခုလိုတတ်ဖွယ်မှတ်ရာတွေ သင်ကြားပြသပေးလို့ ကျေးဇူးပါ ဒါပေမယ့် ဆုအိမ့်နဲ့ မွှေးကိုလည်း ဂရုစိုက်ပါဦး ပစ်မထားနဲ့"
John စကားကြောင့် မင်းမင်း တွေသွားသည်
"ငါ သူတို့ကို ပစ်မထားပါဘူး john ဒါပေမယ့် မင်းနဲ့ philip မရှိတာက ငါ့အတွက်တော့ တကယ့်ကို အဖော်မဲ့ပြီး အထီးကျန်သွားတယ်"
John မင်းမင်း ပုခုံးကို လှမ်းပုတ်လိုက်သည်
"ငါတို့တတွေ အသက်ကြီးတဲ့အထိ ခင်သွားချစ်သွားရမယ့်ဟာ မင်းကလည်း ဒီ ဟိုမရောက် ဒီမရောက် အခိုက်အတန့်လေးအတွက်နဲ့ စိတ်မကောင်းမဖြစ်ပါနဲ့"
"အေးပါကွာ ငါတို့တွေ အသက်ရှင်နေသရွေ့ ခင်မင်နေရမှာဘဲနော john ငါ့ကို ဖုန်း ခဏခဏ ဆက်ပါကွာ "
မင်းမင်းစကားကြောင့် john ရယ်လိုက်သည်
"မင်းဖုန်းဘေလ်တွေက မင်းဆော်တွေကို ဆက်နေရတာနဲ့ ငါ့ကျတော့ မဆက်နိုင်ဘူးပေါ့လေ"
"ဟာကွာ john ကလည်း"
"စတာပါကွာ မင်းမင်းကလည်း ငါ့မှာ မင်းတို့တွေကို အချစ်ဆုံး ပြီးတော့ ငါ့သူငယ်ချင်းတွေကို ဘယ်လောက် အလေးထားလဲဆိုတာ မင်းတို့တွေ အသိဆုံးပါ"
"သိပါတယ် john ရယ် မင်းစိတ်ထဲမှာ ဘယ်လောက်ထိ နာကျင်ခဲ့ရမလဲ ဆိုတာ ငါသိပါတယ်"
မင်းမင်းစကားကြောင့် john မျက်မှောင်ကြုတ်လိုက်သည်
"မင်းဘာတွေပြောနေတာလဲ မင်းမင်း"
မင်းမင်း john ကိုအသာပြုံးပြလိုက်သည်
"ငါ မသိဘူးထင်နေတာလာ မင်း ဆုအိမ့်အတွက် ခံစားခဲ့ရတာကို သိတယ် johnငါသိတယ် မင်း ဟန်ဆောင်ကောင်းပါတယ် john ငါ ဘယ်လိုမှ မရိပ်မိခဲ့ဘူး မှူးအိမ်ရှေ့ဂစ်တာတီးဖို့ မင်းကို လာခေါ်တုန်းက မင်း မွှေးရှေ့မှာ အားရပါးရ အသည်းကွဲနေခဲ့တာ ငါ မြင်တယ် မင်းပြောနေတာတွေကိုလည်း ငါကြားတယ် ငါပိုခံစားရတယ် သိလား john မင်းခံစားနေရတွေကို ငါ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး ဆုအိမ့်ဘေးကလူသာ philip မဟုတ်ခဲ့ဘူးဆို ငါ အစွမ်းကုန်ကူညီမှာပါ ဒါပေမယ့် သုံးယောက်လုံးက ငါ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေတယ် ငါ ဘယ်လိုလုပ်ရမလဲ john မင်းအတွက် စိတ်မကောင်းဖြစ်ပေးရုံကလွဲပြီး ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး"
မင်းမင်း စကားပြောတာ ခဏနားပြီး john ကို လှမ်းကြည့်လိုက်သည်
"Sorry ပါ john မင်းအတွက် ငါ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး"
မင်းမင်းစကားတွေကို john တည်ငြိမ်စွာနဲ့ နားထောင်နေမိသည် ဒီဝေဒနာတွေက သူ့အတွက်တော့ အသားကျနေပါပြီ
"မင်းအပြစ် ဘာမှမရှိဘူး မင်းမင်း ဆုအိမ့်က ငါ့အတွက် ဖြစ်တည်လာတဲ့ မဟုတ်လို့ ငါ နောက်ဆုတ်ခဲ့ရုံ သက်သက်ဘဲ"
John စကားအဆုံးမှာ မင်းမင်း ခေါင်းယမ်းလိုက်သည်
"John မင်းနဲ့ ငါက ငယ်ငယ်လေးကတည်းက ပေါင်းလာတာ မင်းစိတ်အခြေနေ ဘယ်လိုဆိုတာ ငါ သိပါတယ် မင်းက မင်းလိုချင်တာ မင်းဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ရအောင် လုပ်တတ်တယ် ဒါပေမယ့် ဆုအိမ့် ကို မင်းအလွယ်တကူ လက်လျှော့ခဲ့တယ် ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းနဲ့ ဆုအိမ့်က ငယ်ငယ်ကတည်းက ပို ရင်းနှီးခဲ့တယ် မင်း ကြိုးစားခွင့်ရှိရက်နဲ့ သူငယ်ချင်းတွေ စိတ်ဝမ်းကွဲမှာစိုးလို့ အသာတကြည် နောက်ဆုတ်သွားတာ ငါသိတယ် ငါ မင်း အသည်းကွဲတာတောင် နှစ်သိမ့်ပေးဖို့ သတ္တိမရှိခဲ့ဘူး ငါ ဘာလုပ်ရမလဲ ငါ မသိခဲ့ဘူးအဲ့ဒါကြောင့် ငါ မဆိချင်ယောင်ဆောင်ခဲ့တယ် တောင်းပန်ပါတယ် john"
ခေါင်းငုံ့ရင်းက တောင်းပန်စကား တတွတ်တွတ် ပြောနေသော သူငယ်ချင်းကို ကြည့်ရင်း john စိတ်မကောင်းဖြစ်မိသည် ကိုယ့်ကို ဒီလောက်ထိ အလေးထား ခင်မှန်းသိရလို့လည်း ကျေနပ်မိသည်
"မင်းမင်း ဒီအရွယ်မှာ အသည်းကွဲတာ မဆန်းပါဘူး ဟုတ်တယ်မလား ငါတို့သူငယ်ချင်းငါးယောက်ရဲ့ သံယောစဉ်ကိုတော့ ငါ မပျက်စေချင်ဘူး ငါလည်း ငါ့အတွက် ဖြစ်တည်လာတဲ့ မိန်းကလေးတယောက်နဲ့တနေ့တွေ့မှာပေါ့ ဟုတ်ဘူးလား"
John ရဲ့ ပြောင်ချော်ချော် စကားကြောင့် မင်းမင်းရယ်လိုက်သည်
"ဒီအရွယ်မှာ အသည်းကွဲတာ မဆန်းဘူးဆိုတာ ငါအသိဆုံးပါ"
မင်းမင်း john ရဲ့စကားကို ထောက်ခံပေးလိုက်သည်
"John မင်း ဆုအိမ့်ကို ချစ်လား"
"ချစ်ခဲ့တာပေါ့ကွ အဲ့ဒါကြောင့် အသည်းကွဲတာပေါ့ကွ မချစ်ရင် ဘာကွဲစရာရှိလဲ"
"ဒဿဂီရိတို့ခေတ်တုန်းက ရထားလုံးနဲ့ ခိုးပြေးတယ် ငါတို့ခေတ်မှာ တော့ ကားတင်ပြေးjohn"
"အဲ့ဒီလို လုပ်ရမလား မမလေးကိုခိုးဖို့ လူဆိုးတွေနဲ့မောင်တိုင်ပင်"
Johnခေါင်းတညိတ်ညိတ်လုပ်ရင်း မင်းမင်းကို ပြန် စလိုက်သည်
ခြံဝ စိန်ပန်းပင်အောက်က အရိပ်တခုကတော့ ခပ်သုတ်သုတ် ခြံဝမှ လှည့်ထွက်သွားသည် မင်းမင်းနဲ့ john ကတော့ သူတို့ဘာသာ စနောက်နေတာနဲ့တင် ထိုအရိပ်ကို သတိမထားမိနိုင်လိုက်ကြပါ
"ကားတင်ပြေးဖို့ ငါ့မှာ လိုင်စင်မရှိဘူးကွ"
"လိုင်စင်ရှိတဲ့အထိစောင့်ပေါ့ကွ"
မင်းမင်းစကားကြောင့်johnကယ်လိုက်သည်
"အဲ့ဒီအချိန်ဆို ငါလည်း တက္ကသိုလ်တတ်ပြီး ကျောင်းက ဆော်နဲ့ သာယာနေလောက်ပြီ"
"ငါးစိမ်းမြင် ငါးကင်ပစ်တဲ့ကောင်"
မင်းမင်း johnခေါင်းကိုအသာရိုက်ရင်း ပြောလိုက်သည်
"မင်းငါးကင်ကြီးက ပိုင်ရှင်ရှိနေတဲ့ဟာကြီးကို"
John စကားကြောင့် မင်းမင်းရယ်လိုက်သည်
"မင်းတော်တော် အနာကျတ်နေပြီဘဲ ဒီလို အေးဆေးပြောနေနိုင်တာ ကြည့်ရင်"
"ဟုတ်တယ် မင်းမင်း ငါဇွတ်ရော အတင်းရော ကြိုးစားခဲ့တာ ဆုအိမ့်အပေါ် ထားတဲ့ မရိုးသားစိတ်တွေ ပျောက်သွားအောင် ပြီးတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိစ္စမှာလည်း လိုအပ်ရင်ကူညီဖို့ ငါတို့က အဆင်သင့်ရှိရမယ် မဟုတ်လား"
John စကားကို မင်းမင်း ခေါင်းညိတ်ထောက်ခံလိုက်သည်
"ဟုတ်တယ် ဆုအိမ့် အမေက သိပ်ကိစ္စ မရှိပေမယ့်philip အိမ်က လုံးဝသဘောတူမှာမဟုတ်ဘူး"
"ဟုတ်တယ် မင်းမင်း ဒါပေမယ့် philip ကသူ့အိမ်အကြောင်း သူကြိုသိလို့နေမှာ အလုပ်အရမ်းကြိုးစားနေတာ သူတို့အဆင်ပြေမှာပါ"
"ငါလည်း သူတို့နှစ်ယောက်အဆင်ပြေဖို့ ဆုတောင်းပါတယ်john မင်းရဲ့နှလုံးသားကို စတေးထားတာ မဟုတ်လား"
သူငယ်ချင်းနှစ်ယောက် ပန်းခြံသေးသေးလေးထဲမှာ အေးဆေးထိုင်ရင် မပြောဖြစ်ခဲ့သော စကားများကို ရင်ဖွင့်ဖြစ်ကြသည်
"မင်းမင်း ငါ့အိမ်ကမျှော်နေတော့မယ် နောက်ကျနေပြီ ပြန်တော့မယ်"
"အေး john ငါလိုက်ပို့မယ်လေ"
"မပို့ပါနဲ့တော့ တရက်ကွက်တည်းကို နီးနီးလေးဘဲ ငါ့ဘာသာ ပြန်လိုက်မယ် မင်းအမေကို နှုတ်ဆက်သွားတယ်လို့ ပြောလိုက်ဦး"
ပြောပြောဆိုဆို နဲ့ john ခြံတံခါး ကို အသာဖွင့်ရင်း အိမ်ဘက်လမ်းလျှောက်ခဲ့သည်
ဆုအိမ့် အိမ်ရှေ့ရောက်တော့ သူခဏ မတ်တပ်ရပ် ကြည့်နေမိသည် ဆုအိမ့် ညနေက သူ့ကိုမျှော်နေသေးလားမသိပါ ခုထိတော့ ဆုအိမ့်အခန်းမီးလင်းတုန်းပါဘဲ philip နဲ့ များ ဖုန်းပြောနေလား မသိ နောက်ကျနေပြီမို့ အိမ်ထဲမဝင်တော့ပါ သူငေးကြည့်ပြီး အိမ်ဘက်ကို ဆက်လျှောက်ခဲ့သည်
ESTÁS LEYENDO
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်