အပိုင်း-၃၂

829 52 4
                                    

ချောင်းသာမှာ သူငယ်​ချင်း​တွေ အတူရှိခဲ့တဲ့ရက်​​တွေမှာ သူ ​ပျော်​ခဲ့ရသည်​ စကား​တွေ တီတီတာတာ ​ပြော​နေတတ်​​သော သမီး​လေးကို ဝိုင်းချစ်​​ပေးကြတာလည်း ဝမ်းသာရသည်​ အထူးသဖြင့်​ သမီး​လေးကို ​ချော့သိပ်​​နေတတ်​​သော ဆုရဲ့ ပုံစံ​လေးကိုကြည့်​ကာ ကြည်​နူးရသည်​ သူ သတ္တိ​မွေးရမည်​ သူ့ဘဝအတွက်​ သူ ကြိုးစားရ​မည်
"​​မွှေး ငါတို့ လက်​ထပ်ကြစို့"
ခြံထဲမှာထိုင်​ရင်း john ​ပြောလာ​သော စကား​ကြောင့်​ ​မွှေး ​ကြောင်​သွားသည်
"ဘာစိတ်​ကူး​ပေါက်​လို့လဲ ရုတ်​တရက်​ကြီး"
"​ချောင်းသာမှာတုန်းက ​နေ့​ရောည​ရော အတူတူရှိ​နေခဲ့ရ​​တော့ အခုလိုမျိုး ခွဲ​နေရတာ သ​ဘောမကျ​တော့ဘူး"
john လက်​​ဖဝါးကို ဆုပ်​ကိုင်​ပြီး john မျက်​နှာကို ​သေချာကြည့်​လိုက်​သည်
"​မောင်​​ပြောသလို ​မွှေး လည်း ခံစားရပါတယ်​ ဒါ​ပေမယ့်​ ​မွှေးတို့ တဇွတ်​ထိုး လုပ်​လို့်​မှမရတာ ​မောင်​​ရော ​မွှေး​ရော အလုပ်​အကိုင်​ အတည်​တကျမရ​သေးဘူး ​မွှေးလည်း ဘယ်​​ကျောင်းမှာ တာဝန်​ကျဦးမလဲ မသိဘူး "
မွှေး စကား​ကြောင့်​ john သက်​ပြင်းချမိသည်​ လက်​ထပ်​တယ်​ဆိုတာက လွယ်​လွယ်​​လေး အဲ့ဒီ​နောက်​ဆက်​တွဲ ကိစ္စ​တွေက​တော့ မလွယ်​ကူပါ သူလည်း အလုပ်​လုပ်​ရဦးမည်
"​မောင်​ fb မှာ ခဏခဏ​တွေ့​နေရတယ်​ ဒီနိုင်​ငံမှာ လိင်​တူ​တွေ လက်ထပ်​တာကို တရားစွဲနိုင်​တဲ့ ဥပ​ဒေရှ်​တယ်​ဆို"
"လိင်​တူရယ်​လို့​တော့ မဟုတ်​ဘူး​မောင်​ ဓမ္မတာကို ဆန့်​ကျင်​တဲ့ လိင်​ဆက်​ဆံမှု​ပေါ့ တရိစ္ဆာန်​နဲ့ ဘာနဲ့​ပေါ့ အဲ့ဒီအထဲမှာ အကျူံးဝင်​သွားတာ​ပေါ့ ပုံမှန်​​တော့ ပြဿနာမရှိ​ပေမယ့်​ မ​ကျေနပ်​တဲ့သူက video fileနဲ့ တရားစွဲတာမျိုး​ပေါ့ အဲ့ဒါလည်း ​မွှေး နားလည်​သ​လောက်​ ​ပြောပြတာ​နော်​"
"အဲ့ဒါဆို ​မွှေးရယ်​ ​မောင်​ရယ်​ အိမ်​ကသ​ဘောမတူလို့ ခိုး​ပြေးရင်​​ရော သာမာန်​စုံတွဲ​တွေလို လက်​ထပ်​စာချူပ်​ချူပ်​ပြီး တရားဝင်​​အောင်​လုပ်​လို့ရလား"
မွှေး စိတ်​မသက်​သာစွာနဲ့ဘဲ ​ခေါင်းယမ်းပြလိုက်​သည်
"မရဘူး​မောင်​ ဒီနိုင်​ငံမှာ lgbt​တွေ တရားဝင်​လက်​ထပ်​ခွင့်​ မပြုထားပါဘူး မိဘ​တွေသ​ဘောမတူရင်​​တောင်​ ကိုယ့်​ဘာသာဘဲ ကြိုးစားရမယ်​ "
"ဟူး မလွယ်​ပါလား ​အေ့​လေ ​မောင်​​တောင်​ မှတ်​ပုံတင်​ထဲမှာ မိန်းက​လေးနာမည်​နဲ့ ဘာမှပြင်​တင်​​ပြောင်းလဲခွင့်​မရှိဘူး တခုခုဆို အဲ့ဒါကြီးက အရမ်းခံရခက်​တယ်​ ဘဏ်​သွားရင်​လည်း နာမည်​အရင်း​ပြောလိုက်​ရင်​ ပြုံးစိစိ လုပ်​ရတာနဲ့ မယုံသင်္ကာမျက်​လုံး​တွေနဲ့ ကြည့်​တာနဲ့ အရမ်းစိတ်​ပျက်​ဖို့​ကောင်းတယ်​"
ခံစားချက်​ပါပါ ​ပြော​နေ​သော ​မောင့်​​လေသံ​ကြောင့်​ ​မွှေး မရယ်​ရက်​ပါ
"​ဘယ်​​တော့​လောက်​မှာ lgbt ​တွေ လက်​ထပ်​တာကို တရားဝင်​ခွင့်​ပြု​ပေးလို့ ထင်​လဲ"
"အ​ဝေးကြီးလိုဦးမယ်​ ထင်​ပါတယ်​ ​မောင်​ရယ်​"
မွှေး စကား​ကြောင့်​ john နားမလည်​​သော မျက်​လုံးများနဲ့ ကြည့်​မိသည်
"ဘာလို့လဲ ​မွှေး ရဲ့"
"​မွှေးတို့က ဗုဒ္ဓဘာသာနိုင်​ငံ ဖြစ်​​နေတာရယ်​ lgbt နဲ့ပက်​သက်​တဲ့ အသိ​​တွေက လွဲ​နေခဲ့တာရယ်​​ကြောင့်​ပါ လူထုနဲ့ အထိ​တွေ့ဆုံး ဇာတ်​ကား​တွေမှာ lgbt ​တွေကို အ​ပြောင်​အပျက်​လို ​နေရာ​ပေးထားတယ်​ support တဲ့ ဇာတ်​ကားဆိုတာ လုံးဝမရှိဘူး ရှူံ့ချခံရတယ်​ ကဲ့ရဲ့ခံရတယ်​ စာ​ပေဘက်​မှာလည်း လူထုကို နားလည်​​စေတဲ့ စာ​ပေမျိုး​တွေ ဖြန့်​​ဝေမှု အားနည်း​နေပါ​သေးတယ်​ အဲ့ဒီ​တော့ ​မွှေး ​ပြောသလိုဘဲ အ​ဝေးကြီး လိုပါ​သေးတယ်​"
မွှေးစကားကို john ငြိမ်​သက်​စွာနဲ့ နား​ထောင်​​နေမိသည်​ ဒီလိုအတိုင်းဆို ဒီနိုင်​ငံမှာ ဘဝပျက်​ခဲ့တဲ့ ဘဝပျက်​မတက်​ခံစားခဲ့ရတဲ့ lgbt ​တွေ အရမ်းများမှာဘဲ ချစ်​​သောသူနဲ့​​တောင်​ အိမ်​​ထောင်​စုစားရင်း​လေး ​လျှောက်​ခွင့်​မရှိ သတ္တိ​မွေးပြီး ခိုး​ပြေးရင်​​တောင်​ မိဘ​တွေက ပြန်​သိမ်းသွားရင်​ ဘာများ ​ပြောနိုင်​ပါ့မလဲ ကတိေ​တွထားပြီး ​ဝေးခဲ့ကြ​သော အတွဲ​ပေါင်းများစွာ ရှိလိမ့်​မည်​ လူတ​ယောက်​ရဲ့ နှလုံးသားထဲက ဆန္ဒအစစ်​အမှန်​ကို​​​တောင်​ မ​လေးစားကြပါလား လိင်​တူချစ်​တဲ့သူ​​တွေက သာမာန်​စုံတွဲ​တွေလို မချစ်​တတ်​ဘူးလို့များ တန်​ဖိုးမဲ့တဲ့ အချစ်​တခုလိုများ သ​ဘော​နေကြတာလား
"​မောင်​ ဘာ​တွေ ​တွေး​နေတာလဲ"
မွှေး စကား​ကြောင့်​ john အ​တွေး​တွေ လွင့်​ပါးကုန်​သည်
"​မွှေး ​မောင်​​လေ အလုပ်​ကို အာရုံစိုက်​လုပ်​ပြီးရင်​ lgbt​တွေ အခွင့်​အ​ရေး ရဖို့ကြိုးစား​နေတဲ့ အဖွဲ့အစည်း​တွေကို ကူညီမယ်​ ကုန်​ကုန်​​ပြောရရင်​ lgbt​တွေကို ​မောင်​ တတ်​နိုင်​သ​လောက်​ ကူညီမယ်​ ​စောင့်​​ရှောက်​မယ်​ အလုပ်​မှာလည်း ​နေရာ​ပေးမယ်​"
အားရပါးရ ​ပြော​နေ​သော ​မောင့်​ကိုကြည့်​ပြီး ​မွှေး ပြုံးမိသည်
"ကြိုးစားရင်​ ဖြစ်​လာရမှာ​ပေါ့​မောင်​ရယ်​ ​မွှေးတို့အားလုံး အတူတူ မဆုတ်​နစ်​ ကြိုးစားသွားရင်​ တ​နေ့မှာ ဖြစ်​ကိုဖြစ်​လာမှာ"
မွှေး နဲ့ john နဲ့ တ​ယောက်​ကိုတ​ယောက်​ ပြုံးပြီးကြည့်​​နေမိသည်​ ဒီလိုအချစ်​မျိုးဟာ ဝဋ်​​ကြွေးတခုလို့ မသတ်​မှတ်​ရက်​ပါဘူး နှလုံးသားက ဖြစ်​တည်​လာ​သော အချစ်​ကို ဘယ်​သူမှ တန်​ဖိုးမထားရင်​​တောင်​ မိမိတို့ကိုယ်​တိုင်​က တန်​ဖိုးထားရမယ်​​လေ စာရွက်​​ပေါ်မှာ သက်​​သေမထူနိုင်​​ပေမယ့်​ အချိန်​က သက်​​သေပြမှာပါ ဒါဟာလည်း မြတ်​နိုးဖွယ်​​ကောင်း​သော ​ပေါင်းစည်းမှုဆိုတာ အချစ်​ဆိုတာ သတ်​မှတ်​ချက်​မရှိပါဘူး လူ​​တွေကသာ သတ်​မှတ်​ချက်​​​တွေ ပညတ်​ထားတာပါ
"​မွှေး"
"ရှင်​"
"အရမ်းချစ်​တယ်​"
မောင့်​ရဲ့ ​မေတ္တာစကား​ကြောင့်​ ​မွှေးမျက်​နှာမှာ ရှက်​ပြုံး​လေး​​တွေ ​ဝေလာရသည်
ကြိုသူကင်းမဲ့​နေ​သော အိမ်​​လေးအား philip ကား​​ပေါ်က ဆင်းကတည်းက သမီး​လေးအား ​ချီကာ ​ငေး​နေမိသည်​ နှစ်​နှစ်​​ကျော်​ပြီ ဒီအိမ်​ကို ပြန်​မ​ရောက်​တာ နှစ်​နှစ်​​တောင်​ ​ကျော်​ခဲ့ပြီ
"Philip "
နောက်​မှ ထွက်​လာ​သော ​အသံ​ကြောင့်​ philip လှည့်​ကြည့်​လိုက်​​တော့ ​မွှေးကို ​တွေ့ရသည်
"ဦးတို့ ​ဈေးထဲက ပြန်​မလာ​သေးဘူး ငါ့အိမ်​မှာ လိုက်​​နေ"
မွှေးစကား မှန်​​နေသည်​မို့ ​မွှေးအိမ်​ဘက်​ လိုက်​ခဲ့သည်
"နင်​ ပြန်​လာတာလား"
"ဟုတ်​တယ်​​မွှေး ငါ ရှင်းစရာရှိတာ​တွေ မြန်​မြန်​ရှင်းချင်​လို့"
တိုက်​ခန်းထဲမှာသာ ​နေခဲ့ဖူး​သော သမီး​လေးက ​ပန်းခြံ​လေးပါ​သော ​မွှေးရဲ့ အိမ်​​လေးကို သ​ဘောကျ​နေသည်
တ​နေ့ ဆယ့်​ငါး​ခေါက်​​လောက်​ ​မွှေးရဲ့အိမ်​ဘက်​​ရောက်​​သော john မှာ ဆုအိ့်​မ်​နဲ့ဖုန်း​ပြောရင်း ​မွှေးအိမ်​​ရှေ့​ရောက်​​တော့ မျက်​လုံးပြူးသွားသည်
"ဟင်​ angel "
John ​ရေရွတ်​သံ​ကြောင့်​ ဆုအိမ့်​ ​ကြောင်​သွားသည်
"John နင်​​မေမြို့မှာ မဟုတ်​ဘူးလား"
"ဟုတ်​တယ်​ ​မွှေးအိမ်​​ရှေ့က ပန်းခြံ​လေးထဲမှာ angel ​ကို ​တွေ့လိုက်​သလိုဘဲ"
John ခြံတခါးကို အသာတွန်းဖွင့်​ရင်း ဝင်​လာခဲ့သည်
"သမီး​လေး"
John ​ခေါ်သံ​ကြောင့်​ angel​ကေ လှည့်​ကြည့်​ပြီး ​ပြေးလာသည်
"ပါပါး​ရော"
John​မေး​တော့ က​လေးက အိမ်​ထဲကို လက်​ညိုးထိုးပြသည်
"နင်​တို့ က​လေးကို တ​ယောက်​တည်း လွှတ်​ထားတာလား"
John စကား​ကြောင့်​ နှစ်​​ယောက်​လုံး မျက်​လုံးပြူးသွားသည်​ philip က ချက်​ချင်း အိမ်​ပြင်​ထွက်​သွားသည်
"​မွှေး philip က"
"သူ ကွာရှင်း​တော့မလို့ သူ့အ​ဖေဆီ ပြန်​လာ​ပြောတာတဲ့"
John စကားမဆုံးခင်​ ​မွှေးက ဖြတ်​​ပြောလိုက်​သည်​ ​မွှေးစကားလည်း ဆုံး​ရော ဆုအိမ့်​က ဖုန်းချသည်
"ဟင်​ အဲ့ဒီလို​တွေချည်းဘဲ"
ကိုယ့်​ဘာသာ​ရေရွတ်​ပြီး ဖုန်းချပြီးမှ ခါး​ထောက်​ကြည့်​​နေ​သော ​မွှေး​ကို သတိထားမိ​သော​ကြောင့်​ john ရယ်​ပြလိုက်​သည်
"ဘယ်​သူလဲ"
"ဘာကိုလဲ"
ရုတ်​တရက်​ကြီး ​မေးလိုက်​​သော​ကြောင့်​ john ​ကြောင်​သွားသည်
မွှေးက ဖုန်းကို ​မေး​ငေါ့ပြမှ john ရယ်​လိုက်​သည်
"ဆုအိမ့်​ပါ ဒါနဲ့ ​မွှေး philip အ​ဖေက ဟို​နေ့က ​မောင်​တို့သွား​ပြောပြီးပြီ​လေ သူက ​ကြောက်​ဖို့​ကောင်း​လောက်​​အောင်​ ငြိမ်သက်​သွားတာ ပထမ​တော့ လူသတ်​​တော့မလိုနဲ့ ​နောက်​​တော့ အင်းမလှုပ်​ အဲမလှုပ်​ကြီး ​မောင်​​တော့ မခန့်​မှန်းတတ်​​တော့ဘူး"
"ဟုတ်​ပါပြီ အခုက ဘာလာလုပ်​တာ"
"လွမ်းလို့လာတာ"
"အဲ ခဏက တ​ခေါက်​လာပြီးပြီ​လေ"
"အခုလည်း ပြန်​လာတာ​လေ"
ပြောင်​စပ်​စပ်​နဲ့  ​ပြော​နေ​သော ​မောင့်​ပုံစံကို ​ခေါင်းထဲက အ​တွေး​ပေါင်းစုံ လွှင့်​ထွက်သွား​တဲ့အထိ သ​ဘောကျမိသည်
"ဦးတို့ ပြန်​မ​ရောက်​​သေးလို့ philip တို့ကို ​ခေါ်ထားတာလား "
"ဟုတ်​တယ်​ ခြံတခါး ​သော့ခတ်​ထားလို့"
တောက်​​တောက်​နဲ့ ​လျှောက်​လာ​သော က​လေး​နောက်​မှ philip လိုက်​လာခဲ့သည်
"မင်းမင်း ဆီ ဖုန်းဆက်​ဦးမှဘဲ"
John ​ပြော​ပြောဆိုဆို နဲ့ မင်းမင်းဆီ ဖုန်းဆက်​​ပြော​တော့သည်
မင်းမင်းက​တော့ ချက်​ချင်း​ရောက်​ချလာသည်
"Philip ဘာမှ မစိုးရိမ်​နဲ့ ငါတို့ မင်းအ​ဖေကို ဖြစ်​ကြောင်းန်​စင်​​ပြောပြီးသား မင်းဖြစ်​ချင်​တဲ့ ဆန္ဒ​တွေသာ ပွင့်​ပွင့်​လင်းလင်း ​ပြောလိုက်​​တော့ "
ရောက်​​ရောက်​ချင်း ဝူးဝူးဝါးဝါး ​ပြော​နေ​သော မင်းမင်းကို ကြည့်​ရင်း ​ပြုံးလိုက်​သည်​ မစိုးရိမ်​ပါနဲ့လို့​ပြော​နေ​ပေမယ့်​ သူက ကိုယ့်​ထက်​ ပိုစိုးရိမ်​​နေပုံရသည်
သူငယ်​ချင်းသုံး​ယောက်​ က​လေးနဲ့​ဆော့ရင်းစကား​ပြောရင်းနဲ့ အချိန်​နှစ်​နာရီ​လောက်​ကုန်​သွားသည်
"​ဟော ​ဖေ​ဖေ့ကားသံ​ကြားတယ်​ ပြန်​လာပြီ​နေမာ"
Philip​ပြောရင်း မတ်​တပ်​ရပ်​လိုက်​သည်
"က​လေးကို​တော့ ငါနဲ့ ထားခဲ့ပါ နင်​တို့စကား​ပြောပြီးမှ ငါတို့ဝင်​ခဲ့မယ်​"
မွှေးက angel ​လေး​ကို ​ပေါင်​​ပေါ်တင်​ရင်း ​ပြောသည်
မွှေးစကားမှန်​​နေသည်​မို့ philip လည်း ​ခေါင်းညိတ်​ပြပြီး အိမ်​အပြင်ထွက်​ခဲ့သည်​ ​ဖေ​ဖေနဲ့ မျက်​နှာချင်းဆိုင်​ ​သေချာစကားမ​ပြောရတာ ကြာပြီမဟုတ်​လား သူ သက်​ပြင်းအကြိမ်​ကြိမ်​ချရင်း ခြံတခါးကို တွန်းဖွင့်​လိုက်​သည်
"​ဖေ​ဖေ "
ဧည့်​ခန်းထဲက ခုံ​ပေါ်မှာ ​ရေ​​သောက်​​နေ​သောေ​ဖ​ဖေ့ကို   ​ခေါ်လိုက်​သည်
သူ့ကို မြင်​​တော့ ​ဖေ​ဖေ အံသြသွားသည် အ​ဖေ့​မျက်​နှာမြင်​ရ​တော့ ရင်​ထဲမှာ အားတင်းထားသမျှက ​ပြေ​လျော့ချင်​လာသည်​ ကူရာမဲ့ဘဝမှ ရုတ်​တရက်​ အားကိုးရာရလိုက်​သလို ရင်​ထဲလှိုက်​တက်​လာသည်​ သူအ​ဖေ့နားသွားကာ ကြမ်းပြင်​​ပေါ်ထိုင်​ရင်း အ​ဖေ့​ပေါင်​​ပေါ် ​ခေါင်း​မှောက်​လိုက်​သည်
"ဟီး ဟီးဟီးဟီး "
ပေါင်​​ပေါ်မှာ မျက်​နှာအပ်​ကာ အားရပါးရ ငို​နေ​သော philip ​ခေါင်းကို အသာပွတ်​​ပေးရင်း ရင်​ထဲမှာ ယူကြုံးမရ​သော ခံစားချက်​ကို ခံစားမိသည်​ တကယ်​တမ်း ​စေ့​စေ့​တွေးကြည့်​ခဲ့​တော့လည်း သူ့အပြစ်​​တွေပါ​လေ သူသာ သမီး​လေးကို သူ့ဆန္ဒအရှိတိုင်းလက်​ခံ​ပေးခဲ့ရင်​ သူနဲ့ သမီးနဲ့ ပိုရင်းနှီးနိုင်​သည်​ အဲ့ဒါဆို သူ သမီးကို အရာရာဆုံးမလမ်းညွှန်​နိုင်​မည်​ အစက သူ့စိတ်​ထဲ ဒီလိုသိပ်​မ​တွေးမိ​ပေမယ့်​ philip ကိစ္စ​တွေ သိရပြီး​နောက်​ပိုင်းမှာ john တို့မိသားစုပုံစံကို သတိထားကြည့်​မိသည်​ တမိသားစုလုံးက လိုလိုလားလား လက်​ခံ​ပေး​ပြီး အရာရာ ထိန်း​ကျောင်းသွားသည်​ သူက​တော့ သမီးဆန္ဒကို မျက်​ကွယ်​ပြုပြီး သူထင်​​တွေ​ပြောပြီး ဇွတ်​ပုံသွင်းခဲ့တာ​ကြောင့်​ သမီးနဲ့သူနဲ့ ​သွေးချင်းနီးပါလျက်​ အ​တွေးချင်း​ဝေးခဲ့သည်​ တ​ယောက်​ကိုတ​ယောက်​ အ​ကောင်းမမြင်​​သောစိတ်​က သားအဖနှစ်​​ယောက်​ကြားက အချစ်​​တွေကို မှုန်​ဝါး​စေခဲ့သည်​ လူ့သက်​တမ်း ၈၀ ​ကျော်​ရှိပါမယ်​ သမီးအသက်​အခုမှ၂၁​ကျော်​​ကျော်​​လေးရှိ​သေးတာ ​ပျော်​စရာ​တွေ ဖန်​တီးဖို့ အချိန်​​တွေ ​နောက်​မ​ကျ​သေးပါဘူးကွယ်

အဖြူ​ရောင်​​မေတ္တာWhere stories live. Discover now