ခွဲစိတ်ခန်းထုတ်လာသော johnမျက်နှာမှာ ဖြူရော်နေသည် သူတို့လည်း စိုးရိမ်တကြီးနဲ့ လူနာတွန်းလှည်းဘေးကနေ ထပ်ချပ်မကွာ လိုက်လာခဲ့သည် အချိန်တော်ကြာသည်အထိ သူတို့အားလုံး စကားတခွန်းမှ မပြောမိကြပါ
"သားတို့ သမီးတို့ ခဏနေ မှောင်လာတော့မယ် အိမ်ပြန်ရင် ပြန်ကြတော့လေ မနက်မှလာကြပေါ့ ဆရာဝန်က စိုးရိစရာမရှိဘူးလို့ ပြောပြီးပြီဘဲ အိမ်ပြန်နားလိုက်ကြပါလား"
ဦးမြတ်စိုး ပြောစကားကို ဘယ်သူမှ ခွန်းတုံ့မပြန်သလို ဘယ်သူမှလည်း တုတ်တုတ်မလှုပ်ကြပါ
"ရပါတယ် ဦး john သတိရတာတွေ့ပြီးမှ သားတို့ ပြန်မယ်"
အချိန်အတော်ကြာမှ မင်းမင်း john ဖေဖေအား ဖြေလိုက်သည်
တညလုံး သူတို့အားလုံး ထိုင်ရမလို ထရလို ဟိုတကြောင်း ဒီတကြောင်းရွတ်နေသော ဘုရားစာကို အဆုံးမသတ်နိုင်သလို စိတ်အေးအေးထားလို့မရအောင် ပူပန်နေခဲ့ကြသည်
တရက်ကွက်ထဲသားချင်း တယောက်အိမ် တယောက်သိနေသည်မို့ မိဘများကလည်း လာကြည့်ပြီး ညအိပ်ခွင့်ပေးသည် ဆုအိမ့်မေမေကတော့ john ကိုချစ်သူပီပီ ဆေးရုံမှာ သူတို့အားလုံးနဲ့အတူ ညအိပ်စောင့်သည်
မှောင်မည်းတိတ်ဆိတ်နေသော နေရာကြီးတခု၌ ရောက်နေသလို ခံစားရသည် ပြီးတော့ အသံတချို့ကို သူကြားရသည် သူကျောတွေပူလာသည် သူချက်ချင်း ထိုင်ချင်စိတ်တွေပေါက်လာသည် ခြေလက်တို့က လှုပ်ရှားလို့မရအောင် လေးလံနေသည် သူလက်ချောင်းလေးတွေကို ကြိုးစားပြီး လှုပ်ကြည့်သည် ရလာပြီ ရလာပြီ
"အယ် john လေး johnလေး"
ဒေါ်မြင့်မိုရ် ကုတင်ဘေးမှာထိုင်ရင်း johnမျက်နှာငေးကြည့်နေရာမှ လှုပ်ရှားမှုကို ခံစားရသောကြောင့် ကြည့်လိုက်ရာ john လက်ချောင်းများက လှုပ်နေသည်
ဒေါ်မြင့်မိုရ် အသံကြောင့် သူတို့အားလုံး johnနားပြေးကပ်သွားသည် philip ကတော့ အခန်းအပြင်ဘက်ထွက်သွားသည်
"John လေး johnလေး သတိရလာပြီလား"
အသံများကြားနေရသောကြောင့် သူ မျက်လုံးကို မနည်းအားယူကာ ဖွင့်လိုက်သည် ဖြူဖွေးတောက်ပနေသော မျက်နှာကြတ်ကို သူမြင်လိုက်ရသည် ပြီးတော့ သူ့ကိုစိုးရိမ်တကြီးကြည့်နေသော မျက်နှာများအား တွေ့လိုက်ရသည်
"အကို ကိုအောင်ထိုက်ကို ဖုန်းဆက်ပါဦး john လေးသတိရပြီလို့ johnလေး မေမေလေ မေမေ မှတ်မိလား"
ဒေါ်မြင့်မိုရ် စိုးရိမ်တကြီးနဲ့ ခေါ်နေသော်လည်း john လေးမျက်လုံးတို့က မှိတ်ကျသွားသည်
"အောင်ထိုက် ချက်ချင်းလာမယ်တဲ့ johnလေး ပင်ပန်းနေတာလား"
အဆက်မပြတ် ကြားနေရသော စကားသံတို့ကြောင့် သူ အားယူပြီး မျက်လုံးကို ပြန်ဖွင့်လိုက်သည် ခုဏကအတိုင်း စိုးရိမ်တကြီးမျက်နှာနဲ့ သူ့ဘေးမှာ တန်းစီရပ်နေသောသူများအား တွေ့ရသည်
"Johnလေး သတိရလာပြီလား"
ပြုံးချိုနေသော အပြုံးနဲ့ ဦးလေးကြီးက သူ့မျက်နှာကို တည်ကြည့်ပြီး မေးနေသောကြောင့် သူခေါင်းညိတ်ပြလိုက်သည်
အတွေ့အကြုံရှိသော ဆရာဝန်ကြီးပီပီ ဦးအောင်ထိုက် johnလေးရဲ့ ကြောင်အမ်းအမ်း ဖြစ်နေပုံကို ရိပ်မိလိုက်သည်
"သတိရပြီလား လူနာ"
ဦးအောင်ထိုက် အသုံးအနှုန်း ပြောင်းသွား၍ သူတို့အားလုံး အံသြသွားကြသည်
"လူနာ နာမည်ပြောပါ"
ရှေ့မှဦးကြီး မေးနေသော စကားကို ပြန်ဖြေရန် သူ့မှာအဖြေမရှိပါ သူ့ခေါင်းထဲမှာ အရာရာ ရှင်းလင်းနေသည် ဘာမှ မှတ်ထားတာမရှိ လုံးဝ ရှင်းလင်းနေသည်
"အသက်ရော အသက်ပြောပါ"
သူ့ကို မေးခွန်တွေလာထုတ်နေသော သူအား သူ နားမလည်စွာနဲ့ ပြန်ကြည့်လိုက်သည် ဘာလို့ သူကို ဒါတွေလာမေးနေပါလိမ့်
"အောင်ထိုက် သူငယ်ချင်း"
ဦးအောင်ထိုက် ဦးမြတ်စိုးအား လက်ကာပြလိုက်သည်
"ခုတော့ ဘာမှတိတိကျကျ ပြောလို့်မရသေးဘူး သူငယ်ထျင်း ဓာတ်မှန်ရိုက်ပြီးမှဘဲ ကောက်ချက်ချလို့ရမယ် ခဏနေ သူနာပြုတွေ လာခေါ်လိမ့်မယ်"
ဦးအောင်ထိုက် ဦးမြတ်စိုးအား ပြောစရာရှိတာပြောပြီး သူနာပြုဆရာမအား ညွှန်ကြားနေသည် သူတို့အားလုံး တုတ်တုတ်ပင်မလှုပိရဲ ပြောရလျှင် အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ john အားငေးကြည့်နေမိကြသည်
ဘေးကစိုက်ကြည့်နေသော မျက်ဝန်းများကိုကြည့်ရင်း သူစိတ်ရှူပ်လာသောကြောင့် မျက်လုံးကို ပြန်မှိတ်ချလိုက်သည်
သူနာပြုဆရာမတွေ ရောက်လာတော့ ဦးမြတ်စိုးနဲ့ ကိုကိုလေး john ကိုတွဲကား ဝှီးချဲပေါ်တင်လိုက်သည် ဦးခေါင်းထိခိုက်သည်မှအပ ကျန်တဲ့ဒဏ်ရာကြီးကြီးမားမား မရသောကြောင့် တော်ပါသေးသည် လက်မောင်းကတော့ မှန်ကွဲစများ စူးဝင်ထားသောကြောင့် ပတ်တီးအဖွေးသားနဲ့ပါ မျက်နှာမှာလည်း ပလာစတာများနဲ့ ပြည့်နေသည်
"ငါတို့နှစ်ယောက်ဘဲ သွားလိုက်တော့မယ် ကျန်တဲ့လူတွေ ဒီကဘဲစောင့်လိုက်တော့ နို့မိုဆိုရင် ဝရုန်းသုန်းကား ဖြစ်နေမယ်"
ပြောပြောဆိုဆိုနဲ့ သူနာပြု သွားရာနောက်ကို သားအဖနှစ်ယောက် ဝှီးချဲတွန်းရင်း လိုက်လာခဲ့သည်
John ဖေဖေတို့ထွက်သွားချိန်မှာတော့ johnမေမေခမျာ ဆုအိမ့်ရဲ့မေမေပုခုံးပေါ် မျက်နှာအပ်ရင်း ငိုတော့သည်
"John ဘာဖြစ်သွားတာလဲ မသိဘူး အမရယ် တကယ်ဆို john ကို taxi နဲ့ မလွှတ်ရဘူး ကျွန်မကိုယ်တိုင် ပြန်ပို့သင့်တာကို ကျွန်မလေ လောဘတွေကြီးနေခဲ့တာ ခုတော့ john ကို ဘယ်လိုလုပ်ကြမလဲ"
ဆုအိမ့်မေမေကိုဖက်ရင်းက ဒေါ်မြင့်မိုရ် ငိုချလိုက်သည် မင်းမင်းရယ် မွှေးရယ် ဆုအိမ့်ရယ်လည်း တယောက်မျက်နှာတယောက်ကြည့်ရင်း ဘာစကားမှမပြောနိုင်ကြ သူတို့အားလုံး တိတ်ဆိတ်စွာနဲ့ဘဲ john တို့ ပြန်အလာကို စောင့်နေမိသည်
ခဏနေတော့ သူနာပြုဆရာမကို john ကို အခန်းထဲ လာပြန်ပို့ပြီး ဆေးတလုံးထိုးပေးသွားသည် john ကတော့ ခုတင်ပေါ်မှာ ဆေးမှိန်း မှိန်းနေသည်
ဦးမြတ်စိုးနဲ့ ကိုကိုလေး ဓာတ်မှန်ကိုယူရင်း ဒေါက်တာအောင်ထိုက်ဆီ လာခဲ့သည်
"ဘာမှ သံသယဖြစ်စရာတော့ မရှိပါဘူး သူ့ထိခိုက်မှုတွေကလည်း လွန်လွန်ကြူးကြူး သူ့မှတ်ဥာဏ်ထိခိုက်အောင် ဒုက္ခမပေးပါဘူး ငါစဉ်းစားမိတာကတော့ ရှော့ရသွားတာ ဖြစ်မယ် "
ဓာတ်မှန်ကိုကြည့်ရင်း ဒေါက်တာအောင်ထိုက် ကောက်ချက်ချလိုက်သည်
"အတိတ်မေ့တာမျိုးလား ဆရာ"
ကိုကိုလေးမေးခွန်းကြောင့် ဒေါက်တာအောင်ထိုက် မျက်မှောင်ကြုတ် လိုက်သည်
"ခုလောလောဆယ်တော့ အဲ့ဒီလိုဘဲ ယူဆကြတာပေါ့ ငါကတော့ john ကို စိတ်ရောဂါအထူးကုဆရာဝန်နဲ့ပြစေချင်တယ် သု အကြီးအကျယ်လန့်ပြီး စိတ်ဒဏ်ရာဖြစ်သွားတဲ့ ပုံစံပေါ့ အဲ့ဒီလိုသာဖြစ်မယ်ဆိုရင် သူ့ရဲ့နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေနိုင်တယ် "
"အေးကွာ ကျေးဇူးဘဲ သူငယ်ချင်း"
"ရပါတယ် မင်းလည်း တအားစိတ်ပူမနေပါနဲ့ johnလေးလည်း အသက်န္တရာယ်ရှိတာမှမဟုတ်တာ အခုလိုဖြစ်တာလည်း အခိုက်အတန့် သဘောဘဲနေမှာပါ သေချာကုသမှုခံယူရင် ပျောက်သွားမှာပါ"
"အေးပါကွာ"
"သူ့ရဲ့ ဒဏ်ရာတွေ သက်သာရင် နောက်သုံးရက်လောက်နေရင် စိတ်ရောဂါအထူးကုနဲ့ ပြကြည့်ပေါ့ အဲ့ဒီကအခြေနေကိုလည်း ငါ့ကိုပြောဦး"
"မင်းပြောသလို လုပ်တာပေါ့ အခုတော့ ငါလူနာခန်းထဲပြန်သွားဦးမယ် ငါတို့ကို မျှော်နေကြလိမ့်မယ်"
"အေးပါ ငါ john ကို ခဏခဏ လာကြည့်ပါ့မယ်"
သူငယ်ချင်းဖြစ်သူအား ပြုံးပြပြီး သားရဲ့ပုခုံးဖက်ကာ ဦးမြတ်စိုး လူနာခန်းဘက်ပြန်လာခဲ့သည်
"ဖေဖေ မေမေနဲ့ ဆုအိမ်တို့တတွေကို အိမ်ပြန်ခေါ်ပြီးနားခိုင်းလိုက်ပါလား မေမေလည်း ပင်ပန်းနေပြီ ဖေဖေချော့ခေါ်သွားပါ johnလေးလည်း အသက်အန္တရာယ်ရှိတော့တာမှ မဟုတ်တာ ပြီးတော့ သူစိတ်ရှူပ်မယ့်ကိစ္စတွေ မလုပ်တာဘဲ ကောင်းပါတယ်"
သားငယ်ရဲ့စကားကို ဦးမြတ်စိုး သဘောတူသွားသည်
"John လေးလည်း ဘာမှစိုးရိမ်စရာမရှိတော့ဘူး သူအေးအေးဆေးဆေး နားပါစေ ဦးတို့လည်း အိမ်ပြန်ဦးမယ် သားတို့သမီးတို့လည်း အိမ်ပြန်နားလိုက်ပါဦး john လေးက အေးဆေးနေဖို့ လိုအပ်နေလို့ပါကွယ် မြင့် အကိုတို့ ပြန်ရအောင် သားငယ်စောင့်နေခဲ့မယ်တဲ့ သားကြီးလည်း ခဏနေမေမြို့ရောက်တော့မှာဘဲဟာ သူတို့ညီအစ်ကို စောင့်ပစေ ပြီးမှ ပြန်လာရအောင်"
ဦးမြတ်စိုး စကားကြောင့် သူတို့အားလုံး လေးကန်စွာ ထလိုက်သည် မင်းမင်းလည်း အခန်းပြင်မှာ ငူငူကြီးထိုင်နေသော philipအား တွဲခေါ်လိုက်သည်
"မင်းမင်း john ဘာဖြစ်သွားသေးလဲ သူနေကောင်းတယ်မလား"
စိုးရိမ်တကြီးမေးနေသော philip အား မင်းမင်းပြုံးပြလိုက်သည်
"သူနေကောင်းသွားမှာပါ အခုချိန်မှာ သူဘယ်သူ့ကိုမှ မလိုအပ်ဘူးတဲ့ "
မင်းမင်းစကားကြောင့် philip မျက်မှောင်ကြုတ်မိသည်
"John ဘာမှမမှတ်မိဘူး ငါတို့ကိုစကားလည်း မပြောဘူး အဲ့ဒီမကောင်းတဲ့ကောင်က ငါတို့ကို မေ့နေတယ်"
မျက်ရည်တို့ကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ရင်း philipကို ဆွဲခေါ်လာသည် မွှေးကတော့ သူတို့နှစ်ယောက်နောက်ကနေ တိတ်ဆိတ်စွာနဲ့ လေးကန်သော ခြေလှမ်းများလှမ်းကာ လိုက်လာခဲ့သည်
လူတွေအကုန်ထွက်သွားပြီး သူတယောက်တည်းကျန်မှ ကိုကိုလေး johnလေးနားထိုင်ပြီး johnလေး လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်
"Johnလေး နေရတာ အဆင်ပြေတယ်မလား"
သူ့လက်ဆုပ်ကိုင်ပြီး မေးနေသော အကိုကြီးအား သူ ခေါင်းညိတ်ပြလိုက်သည်
"Johnလေးက ကြံခိုင်တဲ့သူပါ ဒီအခြေနေကနေ မကြာခင် လွတ်မြောက်သွားမှာပါ"
သူ ပြုံးပြလိုက်သည် ဒီအခြေအနေကနေ သူလည်း ရုန်းထွက်နေချင်ပါပြီ သူလည်း အနေရခက်နေသည် အရာရာကသူ့အတွက် အသစ်ဖြစ်နေသည် ခံစားချက်မဲ့နေသလို ခံစားသည် ထူးခြားချက်က သူ ဘာမှမသိသော်လည်း ဘာကိုမှ စဉ်းစားချင်စိတ်မရှိပါ အလိုက်သင့်နေလိုက်ဖို့ဘဲ စိတ်ကူးမိသည်
"Johnလေး မိန်ကလေးစိတ်ပြန်ဖြစ်သွားမှာလား ဒါမှမဟုတ် tomboy လိုလေးဘဲ နေမှာလား"
သူ့အား ပြူးကြောင်ကြောင်ကြည့်နေသော johnလေးအား သူနောက်လိုက်သည်
"ကဲပါ မိတ်ဆက်ရအောင် ကိုကိုက john ရဲ့ အကိုလတ် နောက်တယောက်ရှိသေးတယ် သူကအကြီးဆုံး john လေးက ကိုကိုကြီးလို့ခေါ်တယ်"
ကိုကိုလေး သူ့ဟမ်းဖုန်းကိုထုတ်ပြရင်း johnလေးကို အိတ်ဆက်ပေးနေလိုက်သည်
"John က ငယ်ငယ်ကတည်းက ယောက်ျားလေးလိုဘဲနေတာ ကိုကိုက ညီမလေးလို့ခေါ်ရင် မကြားချင်ယောင်ဆောင်နေတတ်လို့ johnလေးလို့ဘဲ ခေါ်တယ် နာမည်လည်းမှတ်ထားဦး john"
ကိုကိုလေးရှင်းသမျှကို john လိုက်မှတ်ထားသည် သူ့အတွက် အရမ်းလွယ်ကူနေသည်
"John လေးမျက်နှာ အမာရွတ်တွေတော့ မကျန်လောက်ပါဘူးနော်"
Johnရဲ့ မျက်နှာကို ပွတ်သပ်ရင်း ကိုကိုလေး ရေရွတ်မိသည် သူတို့တအိမ်လုံး သည်းသည်းလှုပ် ချစ်ရသော အငယ်ဆုံးလေး မဟုတ်ပါလား
ဆေးရုံမှာ သုံးညထပ်အိပ်ပြီးတော့ johnကို အိမ်ပြန်ခေါ်ခဲ့သည် ဒေါက်တာအောင်ထိုက် ပြောထားသလို စိတ်ရောဂါအထူးကုနဲ့ ပြဖို့စီစဉ်ရသည်
Johnကတော့ အေးအေးဆေးဆေးသာ နေသည် ဘာမှလည်း မငြင်းပယ်ဘဲ အိမ်က စီစဉ်ပေးသလိုသာ လုပ်သည် သူ့ဘာသွာေးတောနေတာမျိုးတော့ လုံးဝမှမလုပ် အားရင် စာအုပ်စင်က စာအုပ်တွေသာ ဖတ်နေတတ်သည်
"John "
ဧည့်ခန်းထဲက ထိုင်ခုံပေါ်မှာ လှဲရင်း စာဖတ်နေသော သူငယ်ချင်းကို philipလှမ်းခေါ်လိုက်သည် တခုတော့ ရှိသည် john သူ့သူငယ်ချင်းလေးယောက်ကိုတော့ သေချာမမှတ်နိုင်ဘဲ မကြာခဏ မေ့သွားတတ်သည်
အခုလည်း သူ့နာမည်ခေါ်ရင်း ဝင်လာသောသူကို johnသေချာကြည့်လိုက်သည်
"ငါပါ philip "
John ရဲ့အခက်အခဲကို ရိပ်မိသော philip က သူ့ကိုယ့်သူ မိတ်ဆက်လိုက်သည်
"အင်း"
"ငါ မန္တလေး ပြန်တော့မယ် အဲ့ဒါမင်းကို လာနှုတ်ဆက်တာ"
"အေးပါ ဂရုစိုက်ပြန်"
သူတို့နှစ်ယောက် ထိုမျှသာ စကားပြောဖြစ်သည်
Johnမင်းပြောသလိုဘဲ ထွက်သွားခိုင်းတာက ငါ့သဘောဆို ပြန်လာမယ် မလာဘူးဆိုတာက မင်းသဘောလား မင်းအခုလို ဖြစ်သွားတဲ့တရားခံက ငါဘဲ ထင်ပါရဲ့ကွာ
"အင့်"
Philip အတွေးပေါင်းစုံတွေးပြီး လမ်းလျှောက်ရင်းက ရပ်နေသော လူတယောက်အား ဝင်တိုက်မိသည်
"မွှေး"
သူအံအားသင့်စွာနဲ့ ခေါ်မိသည်
"ဘာတွေ တွေးနေတာလဲ philip ငါမတ်တပ်ရပ်နေတာတောင် နင်မမြင်ဘူး လာ အိမ်ထဲဝင်ခဲ့"
မွှေးနောက်ကနေ philip အသာလိုက်လာခဲ့သည်
"John နဲ့ပက်သက်ပြီး နင် စိတ်ထိခိုက်နေတာလား"
"နင်ရော မွှေး "
"ပထမဆုံးအနေနဲ့ ငါကြားလိုက်ရတာက john သေပြီတဲ့ ပြီးတော့ john မသေဘဲ အသက်ရှင်နေခဲ့တယ် လုံလောက်သွားပြီ philip သူငါတို့အနားကအပြီးထွက်မသွားဘဲ ရှိနေပေးတာဘဲလေ ခုလိုဖြစ်တာကလည်း အခိုက်အတန့်  ဘဲနေမှာပါ"
မွှေးစကားကြောင့် philip သက်ပြင်းချလိုက်သည်
"နင်ပြောတာ သဘာဝကျပါတယ် ဒါပေမယ့် john အခုလို ဖြစ်သွားတာ ငါ့ကြောင့်ဘဲလို့ ခံစားနေရတယ် နောက်ဆုံးအနေနဲ့ taxi ပေါ်ကနေ ငါ့ကိုမမြင်ချင်ယောင်ဆောင်နေခဲ့တယ် အဲ့ဒီအချိန်ကတည်းက သူပြုံးမပြတော့ အခုထိဘဲ ငါသာ ထွက်သွားလို့ မပြောရင် သူ အဲ့ဒီနေ့က ပြန်ချင်မှပြန်မာ အဲ့ဒီလိုမပြန်ရင် ခုလိုဖြစ်မှာ မဟုတ်ဘူး ငါသာသူ့ကို အဲ့ဒီလိုမဆက်ဆံခဲ့ရင် သူအခုလို မေ့မှာမဟုတ်ဘူး ငါ့အမှားတွေကြောင့်ပါ ငါ့အတ္တတွေကြောင့် အခုလို ဖြစ်ကုန်တာ"
ခေါင်းငုံ့ရင်း တတွတ်တွတ် ပြောနေသော philip ပုံစံကိုကြည့်ရင်း မွှေး စိတ်ထိခိုက်ရသည် သူ့အမှားလို့သာ တထစ်ချ တွေးနေပုံရသည် ဒီရက်လေးထဲအတွင်းမှာ ရုပ်လည်းအတော်ကျသွားပုံရသည် အအိပ်ပျက် အစားပျက် ဖြစ်နေပုံရသည်
"Philip ရယ် အားလုံး က ကံကြောင့်ပါ နင့်ကြောင့်လို့ ယူဆရအောင် နင်လည်း အဲ့ဒီလို ဖြစ်ပါစေတော့လို့ ကြံစည်ခဲ့တာမှ မဟုတ်တာ"
"မွှေးရယ် ငါ့ကို စိတ်မဆိုးဘူးလား ငါ သူငယ်ချင်းသံယောဇဉ်ကို မထောက်ခဲ့ဘူးဆိုပြီး"
"မဆိုးပါဘူး philipရယ် john ရောနင်ရော အမှားလုပ်ခဲ့တာမှ မဟုတ်တာ နင်တို့ဖြစ်ခဲ့တဲ့ အခြေအနေကြောင့်သာ ဒီလိုတွေ ဖြစ်ရတာ ဒါပေမယ့် philip ရယ် ဘယ်လိုအခြေအနေဘဲရှိရှိ ငါတို့ငါးယောက် အချစ်ဆုံး သူငယ်ချင်းတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာဘဲ နေရအောင်"
"အင်းပါ မွှေးရယ် ငါ အမှားထပ်မလုပ်တော့ပါဘူး ငါပြန်သွားရင် အခုဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဆုကိုလည်း ရှင်းပြလိုက်ပါ"
"မလိုပါဘူး"
မင်းမင်း စကားပြောရင်း ခုံမှာဝင်ထိုင်လိုက်သည်
"ငါ philip ကိုမြင်လို့ ဝင်လာတာ ဒီကောင် မန္တလေး မပြန်ခင် တွေ့ချင်လို့ ဆုအိမ့်ကို ပြောပြဖို့ မလိုပါဘူး john လည်း သိစေချင်မှာ မဟုတ်ဘူး ပြောပြီးတော့ရော ဘာလုပ်မှာလဲ အစကတည်းက ဆုအိမ့်က philip ကို ရွေးချယ်ခဲ့ပြီးသား john လည်း ခံစားချက်တွေကို ရုတ်သိမ်းပြီးသား ဘာမှအကျိုးမရှိတဲ့ အရာကို မလုပ်ချင်ပါနဲ့ ဆုအိမ့်က အရုပ်တရုပ်မှ မဟုတ်တာ သူ့ကိုယ်ပိုင် ခံစားချက်နဲ့ ဆုံးဖြတ်ပြီးသာ ငါကတော့ ချစ်တဲ့သူတိုင်း ညားစေချင်တယ် ပြီးတော့ ငါတို့ရဲ့ johnကလည်း အဲ့ဒီလိုဘဲ ဖြစ်စေချင်မှာပါ "
"ဟုတ်ပါတယ် philip နင်စိတ်သန့်သန့်နဲ့ ဆုအိမ့်ကိုချစ်ပါ "
မင်းမင်းရဲ့စကားကို မွှေး ထောက်ခံလိုက်သည်
"ငါ့အပေါ် ဘာလို့ ကောင်းပေးကြတာလဲကွာ"
"ဘာလို့လဲဆိုတော့ မင်းကလွဲရင် ငါတို့အားလုံးက စိတ်ကောင်းရှိလို့ပေါ့နော မွှေးရာ"
"ဟုတ်ပ ဟုတ်ပ"
မွှေးနဲ့ မင်းမင်းရဲ့စကားကြောင့် philip မျက်နှာရှူံ့မဲ့သွားသည်
"ငါက အတည်မှတ်လို့ နားထောင်နေတာ"
"ကဲပါ နင် ဂရုစိုက်ပြန်ဦး"
"အေးပါ ငါ့ကို စိတ်မပူနဲ့ johnကို ဂရုစိုက်ကြဦး"
"ဟုတ်ကဲ့ပါ အဖေရယ်"
မင်းမင်းစကားကြောင့် philip မင်းမင်းဂုတ်ပိုးအား ရိုက်ချလိုက်သည်
"နောက်မနေနဲ့ ဆော်ဘဲပွေမနေနဲ့ သူငယ်ချင်းတွေကိုလည်း ဂရုစိုက်ဦး ပြန်တော့မယ် "
Philip ပြောပြောဆိုနဲ့ ထွက်သွားတော့ မင်းမင်းမှာ ဆွေ့ဆွေ့ခုန်ပြီး ကျန်ခဲ့သည်
"မင်းမင်း johnဆီ သွားရအောင်"
"တော်ပြီဟာ သူစိမ်းဆန်တဲ့ မျက်လုံးတွေ အေးစက်စက်အကြည့်တွေကို ထပ်မခံစားနိုင်တော့ဘူး မသွားချင်ဘူး"
မင်းမင်းရဲ့ ညည်းညည်းညူညူ ပြောလိုက်ပုံကြောင့် မွှေး စိတ်မသက်မသာ ဖြစ်သွားသည် ဒါပေမယ့် john ကjohn ဘဲလေ သူမမှတ်မိရင်တောင် သူ့ကို ကိုယ်ကမှတ်မိနေတာဘဲလေ
"ငါသွားလိုက်ဦးမယ် ဆေးရုံဆင်းပြီးကတည်းက ကောင်းကောင်းကို စကားမပြောရသေးဘူး"
"အေးပါ အဲ့ဒါဆို ငါလည်း လိုက်ခဲ့မယ်"
မင်းမင်း နဲ့ မွှေးနဲ့ john အိမ်ဘက်လျှောက်ခဲ့သည်
"မွှေး john တသက်လုံးတော့ ဒီလိုကြီး ဖြစ်မနေလောက်ပါဘူးနော်"
"မဖြစ်လောက်ပါဘူး သူ့မိဘတွေလည်း အစွမ်းကုန် ကုသနေတာဘဲ"
ပြောရင်းဆိုရင်းနဲ့ john အိမ်ထဲ ဝင်ခဲ့ကြသည်
"မွှေး နဲ့ မင်းမင်းပါလား လာခဲ့ "
John ရဲ့အမေက johnဘေးမှာထိုင်ပြီး စကားပြောနေရာမှ သူတို့အား လှမ်းခေါ်လိုက်သည်
"ဟုတ် အန်တီ john သက်သာလားလို့"
"အေးပါ မှန်စစိုက်ထားတဲ့ ဒဏ်ရာတွေကတော့ သက်သာနေပါပြီ ဟိုကိစ္စကတော့ ကုတုန်းဘဲ ဒါပေမယ့် ဆရာဝန်က ပြောတယ် သူ့စိတ်အခြေအနေအရ သူအက်ဆီးဒင့် မဖြစ်ခင်က သူတောင့်တခဲ့တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီး ဆက်ကုတာ ပိုကောင်းတယ်ဆိုလို့ သူ့ ဦးငယ်ဆီ ပို့ထားတော့မလို့john နဲ့ပြောနေတာ "
"ဘယ်လိုလဲ john သွားမှာလား "
ဒေါ်မြင့်မိုရ် စကားကြောင့် မွှေး မေးခွန်းထုတ်လိုက်သည်
"သွားမယ် လုပ်စရာရှိတာတွေတော့ ဆက်လုပ်ရမှာဘဲလေ ဒီအတိုင်းပဲ နေလို့မှ မရတာ"
"သူ့အဖေနဲ့ ခိုင်ဇော်အောင် လည်း အကုန်တိုင်ပင်ပြီးသား ဆိုတော့ ကိစ္စ မရှိလောက်ပါဘူး မနက်ဖြန် သားအဖနှစ်ယောက် မန္တလေး ဆင်းပြီး လုပ်စရာရှိတာ အကုန်လုပ်ပြီး အားချင်းပို့မယ်တဲ့ ဆရာဝန်ကလည်း ဒီလိုနေရင် ဘာမှ ဆက်မထူးခြားနိုင်ဘူးဆိုလို့ အားချင်း စီစဉ်နေရတာ တော်သေးတယ် ဆုအိမ့်က ပွဲရုံမှာ အားကိုးရလို့"
မွှေး နဲ့ မင်းမင်းကတော့ တိတ်ဆိတ်စွာ နားထောင်နေသည် လူကြီးတွေ အကောင်းဆုံး ကြိုးစားနေတာ သူတို့ဘာမှ အတွန့်တက်ခွင့်မရှိပါ
"မွှေး"
John အသံကြောင့် သူတို့အားလုံး လန့်သွားသည်
"ဟမ် john ဘာပြောမလို့လဲ "
"ဒီစာအုပ်က နင့်အတွက်တဲ့ စားပွဲပေါ်က တွေ့တာ ငါ့လက်မှတ်နဲ့."
"အေးပါ john ကျေးဇူးပါပဲ "
"ရတယ်"
"ငါတိုပြ့န်ကြစို့ မွှေး"
မင်းမင်း John ပုံစံကို မကြည့်တတ်သောကြောင့် ပြန်ချင်စိတ်သာရှိသည်
"အေးအေး"
မွှေး မင်းမင်း ကိုပြန်ပြောရင်း john နားရွက်နားကပ်ကာ ပြောလိုက်သည်
"John နင် ငါဘွဲ့ယူအမှီ ပြန်လာမယ်လို့ ကတိပေးပြီးသားနော်"
John မျက်နှာပြုံးယောင်သန်းသွားသည်လို့ မင်းမင်း ထင်လိုက်သည်
KAMU SEDANG MEMBACA
အဖြူရောင်မေတ္တာ
Romansaနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်