အပိုင်း-၂၉

836 48 2
                                    

John မျက်​နှာသစ်​ဖို့ မှန်​​ရှေ့မှာရပ်​​နေရင်းက နှုတ်​ခမ်းကိုကိုင်​ရင်း ပြုံးပြုံးကြီး​လုပ်​​နေမိသည်​ ညက အထိအ​တွေ့​လေးက အခုထိ ခံစားလို့​ကောင်းတုန်း မျက်​နှာသစ်​ သွားတိုက်​ရမှာ​တောင်​ နှ​မြော​နေမိသည်
"John ​လေး ​ခေါင်းထိထားလို့ ရူးသွားတာလား"
နောက်​က​ရုက်​တရက်​ ထွက်​လာ​သော ကိုကို​လေး အသံ​ကြောင့်​ john လန့်​သွားသည်
"ဟာ လန့်​သွားတာဘဲ"
John ရှက်​ရမ်းရမ်းပြီး ​ပြောလိုက်​သည်
"ဘာမှ လန့်​မ​နေနဲ့ ကိုကို​လေး ​ရောက်​​နေတာကြာပြီ john ​လေးဘာသာ မှန်​​ရှေ့မှာ နှုတ်​ခမ်းကိုင်​ပြီး ပြုံးပြုံးကြီး လုပ်​​နေတာ မျက်​နှာမြန်​မြန်​သစ်​ ​အောက်​မှာ အ​မေတို့ မနက်​စာစားဖို့ ​စောင့်​​နေတယ်​"
သူမျက်​နှာမြန်​မြန်​သစ်​ပြီး အိမ်​​အောက်​ထပ်​ဆင်းခဲ့သည်
"John ​တအားလည်​တာဘဲ အိမ်​ကိုမကပ်​ဘူး"
"​ဖေ​ဖေကလည်း ခုမှ ပြန်​​ရောက်​​တော့ သွားကြည့်​စရာ​နေရာ​တွေက အရမ်းများ​နေလို့ပါ"
John ​လေး စပ်​ဖြီးဖြီးနဲ့ ​ဖေ​ဖေ့ကို ​ဖြေလိုက်​သည်
"John ​ရေ "
"​ဟော မင်းမင်း လာပြီ သွား​တော့မယ်​"
John ​ကော်​ဖီခွက်​ကို အကုန်​​မော့​သောက်​ပြီး အိမ်​​ရှေ့ထွက်​ခဲ့သည်
"မင်းမင်း အ​စောကြီးဘဲ ဘယ်​သွားဦးမလို့လဲ"
ဧည့်​ခန်းထဲမှာ အကျအန ထိုင်​​နေ​သော မင်းမင်းကို john လှမ်း​မေးလိုက်​သည်
"​မွှေးအိမ်​ကို သွားကြမယ်​​လေ ငါတို့ philip ကိစ္စ ​မွှေးနဲ့ တိုင်​ပင်​ရ​အောင်​ ဘယ်​လိုဘဲ ကြိုးစားရ ကြိုးစားရ ငါ ​​philip ကို အဲ့ဒီ​အ​ခြေအ​နေက လွတ်​​မြောက်​​စေချင်​ပြီ "
"​အေးပါကွာ လာ သွားကြစို့"
John မင်းမင်းကို ဆွဲထူပြီး အိမ်​အပြင်​ထွက်​ရန်​ ​ခြေဦး​တော်​လိုက်​သည်
"​နေဦး မင်းမင်း ငါ ဖုန်းမယူရ​သေးဘူး သွားယူလိုက်​ဦးမယ်​"
John အိမ်​​ပေါ်​ပြေးတက်​ရင်း အခန်းထဲဝင်​ပြီး ဖုန်းယူခဲ့သည်​ ဒီဖုန်းက ခုချိန်​မှာ အင်​မတန်​ အ​ရေးကြီးသည်
"ကဲ လာ သွားမယ်​"
နှစ်​​ယောက်​သား ​မွှေးအိမ်​ဘက်​ ​လျှောက်​လာခဲ့သည်
"​မွှေး​ရေ"
မင်းမင်း အသံ​ကြောင့်​ မီးဖိုခန်းဝင်​​နေ​သော ​မွှေးမှာ အိမ်​​ရှေ့ထွက်​လာခဲ့သည်​ ဧည့်​ခန်းထဲမှာ ထိုင်​​နေ​သော မင်းမင်းနဲ့ ​မောင့်​ကို ကြည့်​ရင်း ​မွှေးပြုံး​မိသည်​ ​မောင့်​ရဲ့မျက်​နှာကို ဘယ်​အချိန်​ဘဲမြင်​ရမြင်​ရ သူမ ရင်​ခုန်​သံ​တွေ မြန်​လာရသည်​သာ ဒီရင်​ခုန်​သံ​တွေကို ထိန်းချူပ်​ရတာ သူမအတွက်​ အကျင့်​ဖြစ်ေ​နပါပြီ
"ဟယ်​ ​စော​စောစီးစီးပါလား ဘာများ အ​ကြောင်းထူးလို့လဲ"
John က​တော့ ပြုံးရင်း ​မွှေးရဲ့ လှုပ်​ရှားမှုမှန်​သမျှကို မလွတ်​တမ်း ကြည့်​​နေသည်
"ငါတို့ Philip ကိစ္စ ​ပြောချင်​လို့"
မင်းမင်းစကား​ကြောင့်​ ​မွှေး အံ့အားသင့်​သွားသည်​ သူမတို့နဲ့ နှစ်​နှစ်​​ကျော်​ အဆက်​အသွယ်​ မရှိခဲ့​သော သူငယ်​ချင်းအ​ကြောင်း ဆိုပါလား
"Philip ဘယ်​မှာလဲ သူအဆင်​​ပြေလား"
တချိန်​က ဘယ်​လိုဘဲ စိတ်​ဆိုးခဲ့ပါ​စေ အချစ်ဆုံး​သူငယ်​ချင်း​တွေ မဟုတ်​လား
"သူ မန္တ​လေးမှာ ပြီး​တော့ သူ john မင်းဆက်​​ပြောပြလိုက်​"
မင်းမင်း ဆက်​မ​ပြောနိုင်​​သော​ကြောင့်​ john ကို ဆက်​​ပြောခိုင်းလိုက်​သည်
"​မွှေး"
John ​မွှေးမျက်​နှာကို ​သေချာစိုက်​ကြည့်​ပြီး ​ခေါ်လိုက်​သည်
"​မွှေး Philip က​လေ အရမ်းဒုက္ခ​ရောက်​ခဲ့ရတာ လွန်​ခဲ့တဲ့ နှစ်​နှစ်​​ကျော်​က သူဘာလို့ အဲ့ဒီလို လုပ်​ခဲ့ရတာလဲဆို​တော့ ဒီအသံဖိုင်​​လေးကို နား​ထောင်​ကြည့်​ပါ ​​သေချာအသံဖမ်းထားတာမျိုး မဟုတ်​​တော့ အသံက အရမ်း​တော့မကြည်​ဘူး"
John ​ပြော​ပြောဆိုဆို နဲ့ မ​​နေ့က အသံသွင်းခဲ့​သော အသံဖိုင်​ကို  ဖွင့်​ပြီး ​မွှေးကို လှမ်း​ပေးလိုက်​သည်​ ဒီအဖြစ်​အပျက်​ကို သူ အသံသွင်းခဲ့တာ အရမ်းကို ​ကျေနပ်​မိသည်​ သူတို့ပြန်​​ပြောပြတာထက်​စာရင်​ ​ကြေကွဲနာကျင်​​နေ​သော အသံနှင့်​ ​ပြောပြ​နေသည့်​ philip အသံကို နား​ထောင်​ခြင်းက ပိုနားလည်​လွယ်​ပါလိမ့်​မည်
မောင်​ လှမ်း​ပေး​သော ဖုန်း​လေးကို ယူပြီး နားနားကပ်​ကာ နား​ထောင်​မိသည်​ တုန်ရီ​နေ​သော philip ရဲ့အသံကို နား​ထောင်​ရင်း ​မွှေး မျက်​ရည်​ကျမိသည်​ philip နင့်​ဘဝကြီး ဒီလိုဖြစ်​ခဲ့တာ​တောင်​ ငါတို့​တွေက ပြီး​တော့ နင့်​မိသားစုက နင့်​အတွက်​ အားကိုရာ မဖြစ်​ခဲ့ဘူးတဲ့လား
နား​ထောင်​ရင်းက ငိုရှိုက်​လာ​သော ​မွှေး ​ကြောင့်​ john ​မွှေးနားသွားထိုင်​ပြီး ​​ပေါင်​​ပေါ်တင်​ကာ လက်​သီးဆုပ်​ထားသည့်​ ​မွှေးရဲ့လက်​တဖက်​ကို ဆုပ်​ကိုင်​လိုက်​သည်
"Philip ရယ်​ "
ဒီ့ထက်​ပိုပြီး ​​မွှေး အသံမထွက်​နိုင်​​တော့ပါ သူငယ်​ချင်းရယ်​ တ​ယောက်​တည်း ဖြတ်​သန်းခဲ့ရတာ ဘယ်​​လောက်​​တောင်​ ပင်​ပန်းခဲ့မလဲ
"နင်​တို့ ဘာလုပ်​ကြမလို့လဲ ငါတို့ ဒီအ​ကြောင်း​တွေ လာ​ပြောတာ နင်​တို့်​ တခုခုလုပ်​ကြမလို့ မလား"
မွှေး မျက်​ရည်​​တွေကိုသုတ်​ပြီး ​မေးလိုက်​သည်
"​တခုခုလုပ်​ချင်​တယ်​ ဘာလုပ်​ရမလဲမသိ ဖြစ်​​နေတာ."
မင်းမင်း အားမလိုအားမရ အသံနဲ့ ​ပြောမိသည်
"ငါက​တော့ philip အ​ဖေဆီ သွားပြီး ​ပြောပြချင်​တယ်​ ဒီလက်​ထပ်​ထားတဲ့ အ​ခြေအ​နေကြီးကို အဆုံးသတ်​ဖို့ဆိုတာ သူ့အ​ဖေသိမှ ကူညီမှဖြစ်​မှာ"
John သူ​တွေးမိသမျှကို ဝင်​​ပြောလိုက်​သည်
"မဖြစ်နိုင်​ပါဘူး john ရာ ​ပြောရမယ်​ဆိုရင်​ သူ့အပြစ်​လည်း ပါတာဘဲ ​ပြော​တော့ philip ကို မိန်းက​လေးက မိန်းက​လေးလိုဘဲ​နေရမယ်​ ဘာညာနဲ့ ချူပ်​ချယ်​ထားပြီး ​နေရာတကာ ​ပြောဆို​နေလို့ philip အိမ်​က ထွက်​​နေတာ ပြီး​​တော့ philip လက်​ထပ်​သွားတာကိုလည်း ဘိုး​တော်​က တအားဂုဏ်​ယူ​နေတာ အမြင်​မှန်​ရသွားပြီ ဘာညာနဲ့ philip ငရဲခံ​နေရတာကို သူဘာမှ မသိဘူး ရှင်းရှင်း​လေးဘဲ သူက philip ရဲ့ဖြစ်​တည်​မှုကို လက်​မခံနိုင်​​​တော့ philip ရဲ့ ခံစားချက်​​တွေကိုလည်း သူနားမလည်​နိုင်​ခဲ့ဘူး အဲ့ဒီ​တော့ အပျက်​ပျက်​နဲ့ နှာ​ခေါင်း​​သွေးထွက်​​ရော"
မင်းမင်း နှာ​ခေါင်းရှူံ့ပြီး မ​ကျေနပ်​သမျှကို ​ပြောပြလိုက်​သည်
"ဟုတ်​​တော့ဟုတ်​ပါတယ်​ ဒါ​ပေမယ့်​ ငါတို့ ​သေချာကူညီချင်​ရင်​ john ​ပြောသလိုဘဲ philip အ​ဖေနဲ့ အမဆီသွားပြီး ရှင်းပြရမှာဘဲ နို့မဟုတ်​ရင်​ ပိုရှူပ်​ကုန်​လိမ့်​မယ်​"
မွှေးကပါ ဝင်​​ပြော​တော့ မင်းမင်း ငြိမ်​သွားသည်​ ဒီအဘိုးကြီးကို ​ပြောရမှာ​တော့ ခက်​သည်​ ဘယ်​ကစပြီး ဘယ်​လို​ပြောရမလဲမသိ ဒါ​တောင်​ ဟို ဥာဏ်​ကြီးရှင်​က ဥာဏ်​ကွန့်​ပြီး အသံသွင်းထားလို့သာ ​တော်​​တော့သည်
"ကဲ အဲ့ဒါဆို ဘယ်​လိုလုပ်​ကြမလဲ"
မင်းမင်းစိတ်​​လျှော့ပြီး ​​မေးလိုက်​သည်
"ဒီ​နေ့ ဥပုဘ်​​နေ့ဆို​တော့ သူ့အ​ဖေ​ရော အမ​ရော ဆိုင်​သွားမှာ မဟုတ်​ဘူး ငါတို့ philip အိမ်​သွားကြမယ်​"
ဘာဘဲဖြစ်​ဖြစ်​ ရင်​ဆိုင်​ကြမယ်​လို့ ဆုံးဖြတ်​ပြီးမှ​တော့ ​နောက်​မဆုတ်​ချင်​​တော့ပါ သုံး​ယောက်​သား တ​ယောက်​မျက်​နှာတ​ယောက်​ ကြည့်​ပြီး philip အိမ်​သွားရန်​ သ​ဘောတူလိုက်​သည်
ကိုယ့်​သူငယ်​ချင်းကို ချစ်​လွန်း၍သာ သွားရသည်​ သွားရတာ​တော့ လန့်​မိသည်​ ပြီး​တော့ အ​ဖေတ​ယောက်​ကို သူ့သမီးရဲ့ အဓမ္မကျင့်​ခံရတဲ့ အ​ကြောင်းကို သွားရှင်းပြရမည်​မို့ စိတ်​ထဲမှာ မ​ကောင်းပါ ဒါ​ပေမယ့်​လည်း ​ပြောရဦးမည်
"ဟယ်​ ​မွှေးတို့ပါလား အိမ်​လာကြတာလား ဝင်​ခဲ့ ဝင်​ခဲ့"
သူတို့ သုံး​ယောက်​ ခြံတံခါး​ရှေ့​ရောက်​ရုံရှိ​သေး မမသန္တာက လှမ်း​ခေါ်တာ​ကြောင့်​ သုံး​ယောက်​သား မချိပြုံးပြုံးရင်း အိမ်​ထဲဝင်​ခဲ့သည်
"ထူးထူးဆန်းဆန်း ပါလား သုံး​ယောက်​စုပြီး လာလည်​တာ philip က​တော့ အိမ်​ကို ပြန်​မလာဘူး တခါတ​လေ​တော့ ဖုန်းဆက်​တယ်​ မန္တ​လေး​ရောက်​ရင်​လည်း သူက အလုပ်​မအားတာများတယ်​"
သူတို့သုံး​ယောက်​ကို  ရယ်​ပြုံးကာ​ပြော​နေ​သော မမသန္တာကို ကြည့်​ကာ သူတို့ နှုတ်​ဆိတ်​​နေမိသည်​ ဘယ်​က​နေ ဘယ်​လိုစပြီး ​ပြောရပါ့မလဲ
"မမသန္တာ"
မင်းမင်းက စ​ခေါ်လိုက်​သည်
"​အေး ​မောင်​​လေး​ပြော"
"ဟုတ်​ကဲ့ပါ အစ်​မ philip က​လေး​မွေးတာ သွား​စောင့်​​ပေး​သေးလား"
"မသွားဖြစ်​ဘူး ​မောင်​​လေးရဲ့ philip ကလည်း ဘန်​​ကောက်​မှာ​မွေးမယ်​ မလာနဲ့ ဆိုလို့ အဲ့ဒီ​နောက်​ မန္တ​လေးသွားရင်​​တော့ ​တွေ့ဖြစ်​တယ်​ သူ အိမ်​ခွဲ​နေတယ်​ သူ​ယောက္ခမနဲ့ မ​နေဘူး"
ကိုယ့်​ညီမအ​ကြောင်း လာ​မေး​နေသည်​မို့ သန္တာမျိုးနိုင်​ ​ပြောပြ​နေမိသည်​ သူငယ်​ချင်း​တွေဆို​တော့ သိချင်​ရှာမှာဘဲ​လေ
"အမ သူ့က​​လေးက မင်္ဂလာ​ဆောင်​ပြီး ၆လ​ကျော်​ ၇လမှာ​မွေးတာ​နော်​ "
မွှေးဝင်​​ပြောလိုက်​​သော စကား​ကြောင့်​ သန္တာ မျက်​​မှောင်​ကြုတ်​ မိသည်​ သူတို့သုံး​ယောက်​က ဘာလဲ philip ကို အရှက်​လာခွဲတာလား
"အဲ့ဒါ​ဘာ​ကြောင့်​လဲဆိုတာ အမသိလား"
သန္တာ ဘာစကားမှ မ​ပြောမိ​တော့ပါ ဘာဘဲဖြစ်​ဖြစ်​ philip ရဲ့ကျန်းမာ​ရေး​ကြောင့်​ ဘန်​​ကောက်​သွားပြီး ​စော​မွေးလိုက်​ရတာ သူမတို့အသိ မဟုတ်​ပါလား
"ဒီဖုန်းထဲမှာ အ​ဖြေရှိတယ်​ အစ်​မ နား​ထောင်​ကြည့်​ပါ"
John ဖုန်းထဲက အသံဖိုင်​ကို ဖွင့်​ပြီး မမသန္တာအား လှမ်း​ပေးလိုက်​သည်
"ပြစမ်း နား​ထောင်​ကြည့်​ရ​အောင်​"
Philip အ​ဖေ ​ရောက်​လာပြီး ဖုန်းကို လှမ်းယူကာ သူ့သမီး​ဘေး ဝင်​ထိုင်​လိုက်​သည်​ johnတို့သုံး​ယောက်​က​တော့ တ​ယောက်​မျက်​နှာကြည့်​ပြီး သက်​ပြင်းချမိသည်
ဖုန်းထဲက​နေ philip ရဲ့ ဆို့နင့်​​နေ​သော အသံက ဖြည်းဖြည်းချင်း ထွက်​​ပေါ်​နေသည်​ ဖုန်းထဲက အသံဖိုင်​ကို နား​ထောင်​ရင်း ဦးမျိုးနိုင်​ မျက်​နှာ တင်းမာလာသည်
"ဒါ မင်းတို့ လုပ်​ကြံဖန်​တီးထားတာမလား"
ဆက်​ပြီး နားမ​ထောင်​​​တော့ဘဲ ဖုန်းကို စားပွဲ​ပေါ် ပစ်​တင်​လိုက်​သည်
"ဦးကို ကျွန်​​တော်​တို့က ဘာလို့ လုပ်​ကြံဖန်​တီးပြီး လာ​ပြောပြရမှာလဲ ပြီး​တော့ အဲ့ဒါ philip အသံဆိုတာ ဦး သိ​နေတာဘဲ ကျွန်​​တော်​တို့က သူဖုံးကွယ်​ခဲ့တဲ့ အမှန်​တရားကို ​ဖော်​ထုတ်​ပေးရုံပါဘဲ"
John ဖုန်းကို လှမ်းယူပြီး ​​ပြောလိုက်​သည်
"အခုလည်း သူ့ဘဝ အဆင်​​ပြေ​နေတာဘဲ​လေ မင်းတို့ဘာလုပ်​ချင်​ကြတာလဲ"
ဦးမျိုးနိုင်​ အံကြိတ်​ပြီး ​မေးလိုက်​သည်
"သူ့ဘဝအဆင်​​ပြေ​နေတယ်​တဲ့လား ဦး​လေး အဲ့ဒီလိုထင်​တာ မထူးဆန်းပါဘူး ဦး​လေးက ဘယ်​တုန်းကမှ philip ကို နားလည်​မ​ပေးခဲ့ဘူး နားလည်း နားမလည်​ခဲ့ဘူး philip ဒီလို ငရဲကျ​နေတာဟာ ဦး​လေး​ကြောင့်​ဘဲ အခုလက်​ရှိ သူကြုံ​တွေ့​နေရတဲ့ သူ့အ​ခြေအ​နေကို​တောင်​ ဦး​လေး ဆုံး​အောင်​နား​ထောင်​လို့လား ကိုယ့်​သားသမီးကိုယ်​ ​ကောင်းစား​စေချင်​တာ မှန်​​ပေမယ့်​ သူ စိတ်​ချမ်းသာမှု ​ပျော်​ရွှင်​မှုကို​တော့ မျက်​ကွယ်​မပြုသင့်​ဘူး ဦးသာ philip ရဲ့ ဖြစ်​တည်​မှုကို နားလည်​ခဲ့မယ်​ လက်​ခံခဲ့မယ်​ဆိုရင်​ ဒီလို အ​ခြေအ​နေဆိုး​တွေကို သူ ​ရှောင်​ရှားတတ်​​အောင်​ ဦး လမ်းပြ​ပေးနိုင်​မှာဘဲ ​နောက်​ဆုံး သူ အိမ်​​ထောင်​ပြုသွားတာ ပုံမှန်​မဟုတ်​ဘူးဆိုတာကို ဦး သ​ဘော​ပေါက်​မှာဘဲ အခု​တော့ ဦး ဘာသိလဲ ဘာမှမသိဘူး သိတဲ့လူ​တွေက လာ​ပြော​တော့လည်း ဇွတ်​ငြင်းတယ်​"
"မင်း ​စော်​ကားလှ​ချေလား"
"​ဖေ​ဖေ"
မင်းမင်းကို ဆွဲ​ဆောင့်​လိုက်​​သော ဦးမျိုးနိုင်​ကို သန္တာဝင်​ဆွဲလိုက်​သည်
"ကျွန်​​တော်​တို့ ​ပြောမှားဆိုမှား ရှိရင်​​တောင်းပန်​ပါတယ်​ဦး ဒါ​ပေမယ့်​ philip ကို ကယ်​တင်​​ပေးပါ အဲ့ဒီငရဲမှာ သူ့ကို ဆက်​မရှင်​သန်​ခိုင်းပါနဲ့​တော့ ဦးရယ်​ ဦးလည်း သူ့ကို ချစ်​တာဘဲ သူ့အတွက် စဉ်းစား​ပေးပါလား ဦးရယ်​"
John အသနားခံရင်း ဒူး​ထောက်​ လိုက်​သည်​ ​ခေါင်းငုံ့ထား​သော​ကြောင့်​ မျက်​ဝန်းမှ မျက်​ရည်​တို့က ကြမ်း​ပြင်​​ပေါ် တ​ပေါက်​​ပေါက်​ ကျ​နေသည်
ကြမ်းပြင်​​ပေါ်မှာ ဒူးတုပ်​​နေ​သော john ရဲ့ တသိမ့်​သိမ့်​တုန်​​နေ​သော ​ကျောပြင်​ကို ကြည့်​ပြီး ​မွှေး john ​ဘေးမှာ ဒူးတုပ်​လိုက်​သည်​ မင်းမင်းလည်း ဒူးတုပ်​လိုက်​သည်​ သူတို့​တွေက အမြဲတမ်း ဆိုးတူ​ကောင်းဖက်​ သူငယ်​ချင်းများ မဟုတ်​လား
ရှေ့က ဒူးတုပ်​လျက်​သား ​တောင်းပန်​​နေ​သော လူငယ်​သုံး​ယောက်ရယ်​ သူမတို့ မိသားစုပုံကို ကြည့်​ရင်းလက်​သီးဆုပ်​ပြီး မျက်​နှာနီရဲ​နေ​သော ​ဖေ​ဖေ့ပုံစံရယ်​ကို ကြည့်​ရင်း သန္တာရင်​ထဲ ဆို့နင့်​လာသည်​ ဟန်​​ဆောင်​​ကောင်းလိုက်​တာ philip ရယ်​ မမ ​မေးတုန်းကလည်း အပြုံးမပျက်​ဘဲ အဆင်​​ပြေခဲ့တယ်​လို့ ​ဖြေခဲ့တာ
ဓာတ်​ပုံထဲမှာ ရယ်​​နေ​သော philip ကိုကြည့်​ပြီး ဦးမျိုးနိုင်​ မျက်​ရည်​ဝဲလာသည်​ ဒီလိုအပြုံး​လေး မမြင်​ရတာ ဘယ်​​လောက်​​တောင်​ ကြာပြီလဲ သူတို့သားအဖနှစ်​​ယောက်​ ခဏခဏ စကားများရသည်​ ရန်​ဖြစ်​ရသည်​ သူဝယ်​​ပေး​သော မိန်းက​လေး အဝတ်​အစားများကို ဘယ်​​တော့မှမဝတ်​ဘဲ သူ့အမကို ​ယောက်ျား​လေး အဝတ်​အစားများသာ ပူဆာတတ်​​သော သမီးငယ်​​လေးပါ ငယ်​​သေးလို့ပါ ကြီးရင်​​ပြောင်းလဲသွားမှာပါ ဆိုတဲ့ အ​တွေးနဲ့ အမြဲတမ်း သမီးငယ်​​လေးကို ချူပ်​ချယ်​ခဲ့သည်​ မိန်းက​လေးက မိန်းက​လေးနဲ့သာ တူရမယ်​ဆိုတဲ့ ခံယူချက်​နဲ့ သမီးငယ်​ရဲ့ ဖြစ်​တည်​မှု​တွေ ဆန္ဒ​တွေကို လျစ်​လျူရှု ခဲ့သည်​ အဲ့ဒီလိုမျိုး​တွေ လုပ်​ခဲ့လို့ ​ဖေ​ဖေ့ သမီး​လေး ဒုက္ခ​ရောက်​ရတာလား သူငယ်​ချင်းရဲ့သားနဲ့ ရလို့ ​စိတ်​ချမ်းသာ​ပေမယ့်​ အခုလို အနိုင်​ကျင့်​ခဲရတာမျိုးဆိုရင်
"သတ်​မယ်​ အဲ့ဒီ​ကောင်​ကို ငါသတ်​မယ်​"
ဦးမျိုးနိုင်​ ​အော်​ရင်း ဧည့်​ခန်းနံရံ​ပေါ်က ငှက်​ကြီး​တောင်​ဓားကို ဆွဲဖြုတ်​လိုက်​သည်
"ဦး"
John မတ်​တပ်​ရင်း ဦးမျိုးနိုင်​ ကို လှမ်းဆွဲလိုက်​သည်
"မလုပ်ပါနဲ့ ဦးရယ်​"
"ငါ့ သမီးကို ​စော်​ကားတဲ့​ကောင်​ကို ငါဒီအတိုင်းကြည့်​​နေရမှာလား john"
ဦးမျိုးနိုင်​ john လက်​ထဲက ရုန်းထွက်​ရင်း ​မေးလိုက်​သည်
"Philip လည်း သတ်​ချင်​ခဲ့တာဘဲ သမီး​လေး မရှိခင်​ကလည်း အကြပ်​ကိုင်​ခံရလို့ ဘာမှ မလုပ်​ခဲ့ရဘူး သမီး​လေး​မွေး​တော့လည်း သမီး​လေး ဒုက္ခ​ရောက်​မှာ စိုးရိမ်​လို့ သူ မတုံ့ပြန်​ခဲ့ဘူး ဦးက​ရော ဦးရဲ့ ​မြေး​လေးကို အ​ဖေကို အဖိုးက သတ်​တယ်​ဆိုတဲ့ စိတ်​ဒဏ်​ရာ ​ပေးမလို့လား"
John ဦးမျိုးနိုင်​လက်​ထဲက ဓားကို ဆွဲယူပြီး ​ပြောပြ​နေသည်
"ဦးရယ်​ မ​ကောင်းတဲ့သူက သူ့တရားသူ စီရင်​ပါလိမ့်​မယ်​ အခု philip အတွက်​ပါ စဉ်းစားရ​အောင်​ပါ"
မင်းမင်း ကပါ ဝင်​​ဖျောင့်​ဖျကူလိုက်​သည်
သန္တာမျိုးနိုင်​ မျက်​စိ​ရှေ့က အဖြစ်​အပျက်​များကို ကြည့်​ရင်း အိပ်​မက်​ဆိုးတခု မက်​​နေသလို ကြက်​​သေ ​သေ​နေမိသည်​ ဒါ​တွေက အိပ်​မက်​ဆိုး တခုဘဲ ဒါ​ပေမယ့်​ ပါးပြင်​​ပေါ် ကျလာ​သော မျက်​ရည်​ပူတို့က သူမအ​တွေးမှား​နေပြီဆိုတာ သက်​​သေပြ​နေသည်
"မမသန္တာ"
ကြက်​​သေ ​သေ​နေ​သော philip ရဲ့ အမအား ​မွှေး နာမည်​​ခေါ်ရင်း လက်​ဖဝါးကို ဆုပ်​ကိုင်​လိုက်​သည်
"​မွှေး ​"
အသံတိုးတိုးနဲ့ ​ခေါ်ရင်း သန္တာ ​မွှေးအား ဖက်​ပြီး ငိုလိုက်​သည်​ ဒီလိုအဖြစ်​ဆိုးမျိုးက ဘာဖြစ်​လို့ သူမတို့ မိသားစုမှာ ဖြစ်​လာခဲ့ရတာလဲ
ကံတရား​ကြောင့်​လား
Philip ရဲ့ ဖြစ်​တည်​မှုကို နားလည်​​ပေးဖို့ လက်​ခံ​ပေးဖို့ ​မေ့​လျော့​နေခဲ့တဲ့ သူမ အပြစ်​လား
Philip ကို အမြဲ လိုချင်​တဲ့ပုံစံဖြစ်​​အောင်​ အတင်းပုံစံသွင်းတဲ့ ​ဖေ​ဖေ့​ကြောင့်​လား
သူ့ရဲ့ ဖြစ်​တည်​မှုကိုသာ နားလည်​​ပေးခဲ့မယ်​ဆိုရင်​ အခုလို အ​ဝေးမှာ အလုပ်​သွားလုပ်​ချင်​မှာ မဟုတ်​လား ပြီး​တော့ ငယ်​ငယ်​​လေးကတည်းက ​ယောက်ျား​လေး​တွေက အ​ပေါင်းအသင်း လုပ်​ရင်​ ဘယ်​လိုသတိထားရမယ်​ဆိုတာ လမ်းညွှန်​​ပေးနိုင်​ခဲ့မှာ အခု​တော့ အမှားတို့က ပြန်​ပြင်​ခွင့်​ မရှိ​တော့ပြီ

အဖြူ​ရောင်​​မေတ္တာWhere stories live. Discover now