"Philip သူငယ်ချင်း မင်းဘေးမှာ ရှိမနေခဲ့တဲ့အတွက် sorryပါ"
Philip ကိုဖက်ရင်း john တောင်းပန်လိုက်သည်
သူငယ်ချင်းဖြစ်သူကို ပြန်လည်ပွေ့ဖက်ရင်း philip မျက်ဝန်းမှ မျက်ရည်တို့က စီးကျလာသည် ဒီလိုနေ့ကို ရောက်လာလိမ့်မယ်လို့ သူ့ဘဝမှာ ဘယ်တုန်းကမှ မမျှော်လင့်ရဲခဲ့ပါဘူး
တင်းကြပ်စွာ ဖက်ထားသော philip နဲ့ john ကိုကြည့်ရင်း မင်းမင်း ငိုင်နေမိသည် တကယ်လို့ အဲ့ဒီအချိန်က သူ ဒီအကြောင်းတွေကို သိခဲ့ရင်တောင် philip ကို တခုခုတော့ ကူညီနိုင်ခဲ့ပါလိမ့်မယ် တောင်းပန်ပါတယ် သူငယ်ချင်း မင်းကို ငါတို့မျက်ကွယ်ပြုခဲ့ကြတယ် မင်းဘက်မှာ ဘာအခက်အခဲ ရှိခဲ့လိမ့်မလဲဆိုတာ ငါတို့မစဉ်းစားမိခဲ့ဘူး အပြစ်တင်ဖို့ စိတ်ဆိုးဖို့ဘဲ တွေးခဲ့ကြတယ် မင်းမှန်တယ်philip ငါတို့ မင်းအပေါ် မတရားခဲ့ကြဘူး
"John ဆုအိမ့်မြတ်ကို ဂရုစိုက်ပေးပါကွာ"
Philip ရဲ့ မျက်နှာကိုကြည့်ရင်း john ခေါင်းယမ်းပြလိုက်သည်
"ဆုအိမ့်က မင်းအပိုင်ဘဲ philip မင်းရဲ့ချစ်သူ မင်းရဲ့လက်တွဲဖော်ပါ ငါ့အတွက် ဆုအိမ့်က အချစ်ဆုံးသူငယ်ချင်းတယောက် ပြီးတော့ ညီမလေး တယောက်ပါ ငါ့မှာ ငါချစ်ရတဲ့မိန်းကလေး ရှိတယ်"
"ဟုတ်တယ် philip ဆုအိမ့်က မင်းအတွက်ဘဲ ဟိုတချိန်တုန်းက မင်းမတရားခံခဲ့ရတာကို ငါ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး အခု အဲ့ဒီအမှားကို ငါပြန်ပြင်မယ်philip ဆုအိမ့်နဲ့ မင်း လက်တွဲသွားရဖို့ ငါ အစွမ်းကုန် ကူညီမယ်"
လက်သီးဆုပ်ရင်း မာန်အပြည့်နဲ့ ပြောနေသော မင်းမင်းရဲ့ စိတ်ရင်းကိုသိရတော့ သူကျေနပ်မိသည်
"မဖြစ်နိုင်တော့ပါဘူးကွာ ငါ့ဘဝက သူနဲ့ မထိုက်တန်တော့ပါဘူးကွာ"
Philip မချိပြုံးပြုံးရင်း ပြန်ပြောလိုက်သည်
"ဘာလို့လဲ ဟိုခွေးသားက နှောင့်ယှက်မှာစိုးရိမ်လို့လား အဲ့ဒီကောင် ဝင်ရှူပ်ရင် ငါကိုယ်တိုင် အဲ့ဒီကောင်ကို သတ်မယ်"
မင်းမင်း အံကြိတ်ရင်း ပြောလိုက်သည်
"ကဲပါ ငါတို့ အရင်ဆုံး သွေးအေးအေးထားရအောင် ငါတို့ သမီးလေးအတွက်လည်း စဉ်းစားရမယ်မဟုတ်လား အခုကိစ္စက ငါတို့အများကြီး တွေးထားမှရမယ် နှစ်ဖက်မိဘတွေရယ် မင်းထက်ရယ် သမီးလေးရယ် အကုန်လုံးကို ထည့်စဉ်းစားဖို့လိုတယ်"
သက်ပြင်းချရင်း john ဝင်ပြောလိုက်သည်
"ထားလိုက်ပါတော့ကွာ ငါ့ဘဝနဲ့ငါ ရှိပါစေတော့ကွာ ငါ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးချင်တော့ဘူး"
"တော်စမ်းပါ philipရာ မင်းအသက်က အခုမှ နှစ်ဆယ်ကျော်လေးရှိသေးတာ ဘာလို့ ရေစုန်မျောရမလဲ မင်း ဒီဘဝကို ရွေးချယ်တုန်းက ငါဘာမှ မလုပ်ပေးခဲ့ရဘူး မင်းရဲ့ဘဝ ပြန်တည်ဆောက်ဖို့ကိုတော့ ငါကြိုးစားပေးပါရစေကွာ"
အလိုလိုနေရင်း အားလျော့နေသော philipကို john အားမရစွာ အပြစ်တင်လိုက်သည်
"ဟုတ်တယ် philip မင်းကို ငါတို့်နှစ်ယောက်လုံး အစွမ်းကုန် ကူညီမယ် ငါတို့တွေက ငယ်ငယ်ကတည်းက ဘာမဆို အရာရာကို အတူရင်ဆိုင်ခဲ့ကြတဲ့ သူငယ်ချင်းတွေလေ philip ရာ မင်းက တယောက်တည်းသမား မဟုတ်ဘူး မင်းမှာ ငါတို့ရှိတယ်"
အားတက်ရပါတယ် သူ့ဘဝအခြေအနေ မထူးခြားခဲ့ရင်တောင် ဒီလိုမျိုးသူငယ်ချင်းတွေ ပိုင်ဆိုင်ခွင့်ရတာရယ် သမီးလေးရယ်နဲ့ သူ့ဘဝက အဓိပ္ပါယ် ရှိလာပါပြီ
"ကဲ philip ငါအိမ်ပြန်မှ ဖြစ်မယ် ငါအိမ်ပြန်ရောက်ကတည်းက အိမ်မှာကောင်းကောင်း မနေရသေးဘူး စိတ်ချပါသူငယ်ချင်း ဒီတခါ ငါပြန်လာရင် မင်းအတွက် အဖြေတခုပါလာမှာပါ"
John နဲ့ မင်းမင်း philip ကို သေချာနှုတ်ဆက်ပြီး ပြန်ခဲ့သည် အပြန်လမ်းမှာတော့ သူတို့နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်စွာ ပြန်ခဲ့သည် philip ရယ် သူငယ်ချင်းရယ် ဒီလိုဒုက္ခတွေကို ဘယ်လိုများ တယောက်တည်း ခံစားခဲ့ရတာလဲကွာ
"မင်းမင်း ငါ့ကိုအိမ်ထိ ပြန်လိုက်မပို့နဲ့တော့ ငါ့ဘာသာဘဲ လမ်းလျှောက်ပြန်မယ်"
"ဖြစ်လို့လား"
"ဖြစ်ပါတယ်ကွ ငါ ငယ်ငယ်ကတည်းက နေခဲ့တဲ့ နေရာဘဲ နီးနီးလေးကို မင်းကလည်း"
"အေးပါ ဟုတ်ပါပြီကွာ မနက်ဖြန်တွေ့ရအောင် ဒီနေ့တော့ အေးဆေးနားလိုက်ဦး"
"အိုကေ ငါပြန်ပြီ"
John မင်းမင်းကို လက်ပြနှုတ်ဆက်ရင်း အိမ်ဘက်ကို လမ်းလျှောက်ပြန်ခဲ့သည်
"ဒုန်း"
လမ်းပေါ်မှာ ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းငိုက်စိုက်လမ်းလျှောက်လာသော လူနှစ်ယောက် ခေါင်းချင်းတိုက်မိကြသည်
"မွှေး"
John ပြုံးပြီး နှုတ်ဆက်လိုက်သော်လည်း မွှေးမျက်နှာက စူပုပ်နေသည်
"ဒီလောက် လမ်းအကျယ်ကြီးကို ငါ့ကို ဝင်တိုက်ရလား"
မွှေး ရန်တွေ့ရင်း ပုခုံးတိုက်ကာ လမ်းဆက်လျှောက်သွားတော့ john ကြောင်တောင်တောင်နဲ့ ကျန်ခဲ့သည်
ပြင်ဦးလွင်ရဲ့ ဆောင်းတွင်းက အအေးဓာတ်လွန်ကဲနေသည် အိပ်ရာထဲဝင်ပြီး စောင်ခြုံထားတာတောင် ခြေဖျားလက်ဖျားတွေ အေးနေသည် စောင်ကိုသေချာခြုံရင်းက မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာသည်
"မကောင်းတဲ့ကောင် ပြောတော့ နင့်ကိုငါ ချစ်မိသွားတယ်ဆိုပြီး အခုကျတော့ မြန်မာပြည် ပြန်ရောက်ရောက်ချင်း ဆုအိမ့်ဆီ ပြေးသွားတယ် john နင်က အကျင့်ကို မကောင်းဘူး"
မွှေး တယောက်တည်း ပွစိပွစိ ပြောရင်း ကျလာသော မျက်ရည်တို့ကို သုတ်လိုက်သည် မနေ့က john မေမေနဲ့တွေ့တော့မှ john ပြန်ရောက်နေမှန်းသိရသည် တော်တော်နေနိုင်တာ ပြင်ဦးလွင် ပြန်ရောက်လာတာတောင် ငါမသိရဘူး အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်နဲ့ မွှေး အိပ်မပျော်ပါ john အကုန်လုံးကို သတိပြန်ရသွားတော့ ဆုအိမ့်ကို ချစ်ခဲ့တာ မှတ်မိသွားပြီထင်တယ် အတွေးပင်မဆုံးသေး မျက်ရည်တို့က ကျလာပြန်သည်
"Du du "
အတွေးကောင်းနေစဉ် ဖုန်းတုန်ခါနေသောကြောင့် မွှေး ဖုန်းကိုင်လိုက်သည်
"Hello"
"ဟာ ငိုသံပါကြီးနဲ့ မွှေး နင်ငိုနေတာလား"
တဖက်မှ john ရဲ့စိုးရိမ်ပူပန်နေသောအသံ ထွက်ပေါ်လာသည်
မွှေး ဘာမှ ပြန်မပြောဘဲ တိတ်နေလိုက်သည်
"You are my sunshine my only sunshine you make happy when sky are grey"
ဂစ်တာသံနဲ့အတူ သီချင်းသံထွက်ပေါ်လာသောကြောင့် မွှေးပြုံးမိသည်
"မွှေး မွှေး"
မွှေး ကိုယ့်ပီတိနဲ့ကိုယ် ပြန်မဖြေမိသောကြောင့် တဖက်က ဖုန်းချသွားသည် မွှေး စိတ်ဆိုးမိသည် john နင်က ငါ့ကိုဆို ဘယ်တော့မှ စိတ်မရှည်ဘူး
"Du Du "
Vibration သံကြောင့် ဖုန်းကို ကြည့်လိုက်တော့ မွှေး မျက်လုံးပြူးသွားသည်
{မွှေး ငါ နင့်ခြံထဲက စံပယ်ရုံနားမှာ}
မွှေး ချက်ချင်း အိပ်ရာက လူးလဲထပြီး အနွေးထည်ထပ်လိုက်သည်
မှောင်မည်းနေသော ဧည့်ခန်းထဲကို နင်ဂျာလို ခြေသံဖွဖွနင်းပြီး အိမ်တံခါးကို အသက်အောင့်ကာ ဖွင့်ရသည် ဆောင်းတွင်းကြီးကို မွှေးခမျာ ချွေးစီးတွေပါကျသည်
"အမေ့ "
စံပယ်ရုံနားအရောက် john က လှမ်းဆွဲဖက်လိုက်သောကြောင့် john ရဲ့ ရင်ခွင်ထဲ ရောက်သွားသည်
"ကောက်တေးလေး ညနေကတည်းက စိတ်ကောက်နေတာပေါ့"
လရောင်အောက်မှာ စူပုပ်နေသော ချစ်သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း john စ နေမိသည် ငိုထားသောကြောင့် နှာခေါင်းလေးတွေက ရဲနေသည်
"မင်းမင်းက ခေါ်လို့ပါသွားတာပါ john က မွှေး ဆီလာနေတဲ့ဟာ"
တခွန်းလေးရှင်းပြရုံရှိသေး ရှစ်ခေါက်ချိုး မွှေး မျက်နှာမှာ ပြုံးသွားသည်
"လူက ဆရာမဘဲ ဖြစ်တော့မယ် စိတ်ကောက်နေတာတဲ့ ကြည့်ဦး"
စိတ်ဆိုးပြေသွားမှန်းသိသော်လည်း အူယားသောကြောင့် john စ နေလိုက်သည်
"ဘာဖြစ်လဲ ဆရာမလည်း စိတ်ကောက်တတ်တာဘဲ"
"ဟုတ်လား စိတ်ကောက်တာက ချစ်သူတွေဘဲ လုပ်ကြတာဆိုတော့ မွှေးက john ရဲ့ အ အား"
ပြောရင် စပ်ဖြဲကြီးလုပ်နေသော john ကို မွှေး အမြင်ကတ်လာတာကြောင့် ဗိုက်ခေါက်လိမ်ဆွဲလိုက်သည်
"အသံမထွက်နဲ့ john ကြိတ်ခံ အသံထွက်ရင် အဖြေမရဘူးမှတ်"
စံပယ်ရုံအောက်မှာ ငုတ်တုတ်လေး ro နေရသော ဘဝပါ
"အဖြေပေးတော့လေ"
John လေသံလေးနဲ့ မွှေးကို ပြောတော့ မွှေး ပါးစပ်ကို လက်နဲ့ပိတ်ပြီး အသံမထွက်အောင်ရယ်လိုက်သည်
"နင်က ငါ့ကို ချစ်ခွင့်မပန်ဘဲ ငါက အဖြေ ဘယ်လိုပြန်ပေးရမှာလဲ"
စံပယ်ရုံမှ စံပယ်တခက်ကို john အသာလေးချိုးပြီး မွှေးရဲ့ နားရွက်ကြားထဲကို ဖွဖွလေး ထိုးလိုက်သည် မွှေးကတော့ နှုတ်ခမ်းလေးတွန့်ရုံပြုံးပြီး ခေါင်းငုံ့လိုက်သည်
"မွှေး ငါ့ကိုကြည့်ပါဦး"
John မွှေးရဲ့ မေးဖျားလေးကို အသာလေးမယူပြီး မျက်နှာချင်းဆိုင်ကြည့်လိုက်သည်
"နင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကိုချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီအချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်"
John ရဲ့စကားအဆုံးမှာ မွှေး john ပုခုံးပေါ်မေးတင်လိုက်ပြီး နားရွက်နားကပ်လိုက်သည်
"မောင့်ကို အရမ်းချစ်တယ် "
"ဟား အု အု"
John အော်တော့မှာကို ကြိုတင်ရိပ်မိသည့် မွှေးက john ပါးစပ်ကို လှမ်းပိတ်လိုက်သည် လက်နဲ့တော့ မဟုတ်ပါဘူး တခုခုနဲ့ပေါ့
(မိန်းကလေးဆိုတော့ အဲ့ဒီလိုဘဲ မူရတာ)
နှစ်ယောက်သား လရောင်အောက်မှာ စံပယ်ရုံလေးရဲ့ မှောင်ရိပ်ကိုခိုရင်း အချစ်တခုကို စီးမျောခံစားနေကြသည် ဆောင်လေအေးကို အံတုနိုင်သည့် အနမ်းတခုကို အတူတကွ ဖန်ဆင်းနေကြသည်
နှာသီးဖျားက ထွက်သက်တွေက တယောက်မျက်နှာတယောက် ရိုက်ခတ်နေသည် အသက်ရှူသံပြင်းလာပြီး အနမ်းတွေက ပိုမိုပြင်းထန်လာသည်
မွှေး သတိဝင်လာပြီး john ကို တွန်းထုတ်လိုက်တော့ john ခမျာ ငုတ်တုတ်လေးကနေ ဖင်ထိုင်ရက် လဲကျသွားသည် john မျက်နှာရှူံ့မဲ့သွားတော့ မွှေး john ကို အသာထူပေးလိုက်သည်
မွှေးရဲ့နဖူးလေးကို အသာလေးနမ်းပြီး မွှေးရဲ့ အေးစက်နေသော လက်ဖဝါးများကို ဆုပ်ကိုင်ထားလိုက်သည်
မီးရောင်စုံအောက်မှာ မဟုတ်ပါဘူး လရောင်ဖျော့ဖျော့အောက်မှာပါ
ဆိုဖာခုံတွေနဲ့ ဝိုင်နီတွေ စားသောက်ဖွယ်ရာတွေ ရှိမနေခဲ့ပါဘူး စံပယ်ရုံလေးရဲ့ဘေးမှာ ငုတ်တုတ်လေးပါ
ဒါပေမယ့် သူတို့နှစ်ယောက်လုံးရဲ့မျက်နှာမှာ ကြည်နူးမှုတွေ လျှံကျနေသည်
ခင်ဗျားတို့သိလား ချစ်တဲ့သူဆိုရင်
ချစ်ရတဲ့ချစ်သူနဲ့ဆိုရင် လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တခွက်ကို နှစ်ယောက်အတူ မျှသောက်ရတောင် အဆင်ပြေပါတယ် မချစ်တဲ့သူနဲ့ဆိုရင် ကိုယ်အရမ်းကြိုက်တဲ့ အစားအသောက်ကို အတူသွားစားရင်တောင် စားမကောင်းပါဘူး
အဲ့ဒါကြောင့် တခါတလေ ငွေနောက် အလုပ်နောက်ချည်း လိုက်မနေဘဲ ချစ်သူနဲ့အတူ အချိန်ဖြုန်းကြည့်ပါ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို လက်ငင်းခံစားရမှာပါ
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်