အပိုင်း-၁၁

684 55 2
                                    

မနက်​ဖြန်​မနက်​ ​အောင်​စာရင်းထွက်​​တော့မည်​မို့ ငါး​ယောက်​သား ​မွှေး အိမ်​​ရှေ့ကွပ်​ပျစ်​​ပေါ်တွင်​ ထိုင်​ပြီး ​ညနက်​တဲ့အထိ ရောက်​တက်​​လေရာရာ စကား​ပြော​နေကြသည်
"​နောက်​ကျ​နေပြီ ငါပြန်​​တော့မယ်​ အိမ်​မှာငါ့အ​မေတ​ယောက်​တည်းဟ"
"ဆု ကို လိုက်​ပို့​ပေးမယ်​"
"ကဲ ငါတို့နှစ်​​ယောက်​ ပြန်​နှင့်​မယ်​"
ပြော​ပြောဆိုဆို နဲ့ philip ဆုအိမ့်​ပုခုံးကိုဖက်​ရင်းက ကျန်​တဲ့သူငယ်​ချင်း သုံး​ယောက်​ကို နှုတ်​ဆက်​လိုက်​သည်
"သူတို့နှစ်​​ယောက်​​တော့ ​ရှေ့ဆက်​ ဘာ​တွေဖြစ်​ကြမလဲမသိဘူး philip အိမ်​က ပြဿနာဖြစ်​လာနိုင်​တယ်​"
မင်းမင်း ထွက်​သွား​သော သူငယ်​ချင်း နှစ်​​ယောက်​ရဲ့​ကျောပြင်​ကို ကြည့်​ရင်းနဲ့ ​လေးကန်​စွာ ​ပြောလိုက်​သည်
"အဲ့ဒါကို Philip လည်း ကြိုတွက်​မိပါတယ်​ ​အောင်​စာရင်း ထွက်​ပြီးရင်​ သူ့အ​ဖေသူငယ်​ချင်းဆီမှာ အလုပ်​သွားလုပ်​မယ်​တဲ့ "
John က ဝင်​​ထောက်​​ပေးလိုက်​သည်
"နှစ်​​ယောက်​လုံး က​လေးမှ မဟုတ်​​တော့တာ သူ့တို့​ရှေ့​ရေးကို သူတို့ကြိုတွက်​ဆမိမှာပါ သူတို့က lgbt ဆို​တော့ ပိုရုန်းကန်​ရမှာ​ပေါ့ အထူးသဖြင့်​ philip အ​ဖေက လုံးဝခါးခါးသီးသီး မဟုတ်​လား philip ဒီလို​နေတာ​တောင်​ ကြုံရင်​ကြုံသလို နှိပ်​ကွပ်​​နေတာ"
မွှေးရဲ့ ​လေး​လေးနက်​နက်​ စကား​ကြောင့်​ မင်းမင်းနဲ့ john နဲ့ တိတ်​ဆိတ်​သွားသည်
"ဘယ်​လိုဘဲဖြစ်​ဖြစ်​ သူတို့နှစ်​​ယောက်​လုံးက ငါတို့ သူငယ်​ချင်း​တွေ​လေ သူတို့တခုခုဆို ငါတို့ ကူညီကြတာ​ပေါ့"
"သူများအတွဲ​တွေကို ဂရုစိုက်​မ​နေနဲ့ မင်းဘာသာ မင်းအချစ်​​ရေးဂရုစိုက်​ ခုထိ ​ပွေလို့ရှူပ်​လို့ အားမရနိုင်​​သေးဘူး မင်းလို​ကောင်​ ဗိုလ်​ကြီး ဖြစ်​လို့​တော့ ငါရင်​​လေးတယ်​ "
မင်းမင်းစကားကို john ဝင်​ပြောလိုက်​သည်
"အဲ့ဒါက ဘယ်​လို​ပြောရမလဲ john ရ ငါက ​ပွေတာမဟုတ်​ဘူး အချစ်​စစ်​ အချစ်​မှန်​ကို လိုက်​ရှာရုံသက်​သက်​ပါ"
မင်းမင်းစကား​ကြောင့်​ ​မွှေးက ရယ်​လိုက်​ပြီး john က​တော့ မျက်နှာရှူံ့မဲ့သွားသည်
"ငါ့ကိုသာ​ပြောတာ john ငါတို့အဖွဲ့ထဲမှာ မင်းအညံ့ဆုံးဘဲ philip ​ရော ငါ​ရော စွံတယ်​ မင်းသာ ခုထိ တ​ယောက်​တည်း ​ယောင်​​နေတာ"
မင်းမင်း ရဲ့စကားအဆုံးမှာ  ​မွှေး john ရဲ့ မျက်​နှာကို လှမ်းအကဲခတ်​လိုက်​သည်
"ငါက မင်းတို့လို အပူမရှာချင်​​သေးလို့ကွ"
ခပ်​ယဲ့ယဲ့ပြုံးရင်းက john မင်းမင်းကို ပြန်​​ပြောလိုက်​သည်
"​အောင်​တယ်​ကွ ဂုဏ်​ထူး​တောင်​ သုံးခု​တောင်​ပါတယ်​ ငါဟဲ့"
မနက်​​စော​စောစီးစီး မင်းမင်းရဲ့ အာ​ခေါင်​ခြစ်​သံကြီးက သူတို့တရပ်​ကွက်​လုံး ဖုံးလွှမ်းသွားသည်
ကံ​ကောင်းပါသည်​ သူတို့ငါး​ယောက်​လုံး ​အောင်​ပါသည်
မင်းမင်းက ဂုဏ်​ထူးသုံးဘာသာနဲ့ ထူးထူးချွန်​ချွန်​ ​အောင်​သလို ​မွှေးကလည်း ငါးဘာသာဂုဏ်​ထူးနဲ့ ​အောင်​ပွဲခံနိုင်​သည်​ ကျန်​သုံး​ယောက်​က​တော့ ရိုးရိုးသာ ​အောင်​သည်
"မင်းမင်းနဲ့ ​မွှေးက ​တော့ သူတို့ရည်​မှန်းချက်​အတိုင်း အ​ကောင်​အထည်​ ​ဖော်​နိုင်​သွားပြီ john မင်း​ရော ဘာလုပ်​မလဲ"
Philip စကား​ကြောင့်​ သူတို့အားလုံး john ကို ဝိုင်းကြည့်​လိုက်​သည်
"ငါလား ငါ မန္တ​လေးပြန်​မယ်​ keyboard တီးတာသင်​မယ်​ ပြီးရင်​ တခြားသင်​တန်း​တွေတတ်​ရင်းနဲ့ ​တက္ကသိုလ်​တတ်​မယ်​ မင်း​ရော မင်းမန္တ​လေးသွားပြီး အလုပ်​လုပ်​မယ်​ဆို ဘယ်​​တော့လဲ "
"အ​ဖေက ဖုန်းဆက်​ပြီး အပ်​ပြီးပြီကွ ​နောက်​ နှစ်​ရက်​သုံးရက်​ဆို ငါ မန္တ​လေးသွား​တော့မယ်​ ငါ​ရော john ​ရော မန္တ​လေးမှာ သွား​နေကြမယ်​ဆို​တော့ မင်းမင်းနဲ့ ​မွှေး ဆုကို ဂရုစိုက်​ထား​ပေးပါ​နော်​ "
Philip စိုးရိမ်​တကြီးနဲ့ မှာ​နေမိသည်​ ဆုအိမ့်​က​တော့ ​ခေါင်းငုံ့လျက်​ပါဘဲ
"မင်းကလည်း သူက သူ့အိမ်​မှာ​နေတာ ဘာမှမဖြစ်​ဘူး မင်းသာ အပြင်​မှာ​နေတာ ကိုယ့်​ကိုယ်​ကို ဂရုစိုက်​"
မင်းမင်း philip စိတ်​သက်​သာ​အောင်​ ​ပြော​ပေးလိုက်​သည်
"ငါလည်း အားရင်​အားသလို​တော့ ပြန်​လာမှာပါကွာ မင်းတို့​ကျောင်းမတတ်​ခင်​ ငါတို့ခဏခဏ ​တွေ့ကြဦးမှာပါ"
"သမီးအိမ်​ကအလုပ်​ကို မလုပ်​ချင်​ဘူးဆိုလို့သာ ပို့ရတာ စိတ်​မချဘူး ကိုယ့်​ကိုယ်​ကို ဂရုစိုက်​ အားရင်​ အိမ်​ကို ပြန်​လာခဲ့​နော်​ အ​ဖေ့သူငယ်​ချင်းဆီမှာ အ​ဖေမျက်​နှာပျက်​ရ​အောင်​ ဘာမှမလုပ်​ခဲ့နဲ့ တခုခု အသံကြားရင်​ ပြန်​​ခေါ်မယ်​"
ဦးမျိုးနိုင်​ ကား​မောင်းရင်းက သမီးဖြစ်​သူအား တတွတ်​တွတ်​ မှာ​နေသည်
"စိတ်​ချပါ အ​ဖေရယ်​ ကျွန်​​တော်​လည်း က​လေးမှ မဟုတ်​​တော့တာ"
သူ အလုပ်​ကြိုးစားပြီး ကိုယ့်​​ခြေ​ထောက်​​ပေါ် ကိုယ်​ရပ်​ပြီး ဆုနဲ့ ဘဝတခုကို ​ကောင်း​ကောက်းမွန်​မွန်​ တည်​​ဆောက်​နိုင်​သည်​အထိ ကြိုးစားရမည်
အ​ဖေ့သူငယ်​ချင်းက ​ကျောက်​စိမ်းအလုပ်​လုပ်​သည်​ လုပ်​သက်​ကြာတာရယ်​ ​ငွေများများထုတ်​နိုင်​တာရယ်​​ကြောင့်​ ​လောပန်​တ​ယောက်​အဖြစ်​နဲ့ သူ့လို တပည့်​များရှိသည်​ သူက​တော့ အ​ဖေ့မျက်​နှာ​ကြောင့်​ ဝိုင်းလုပ်​ဝိုင်းစားသ​ဘောနဲ့ ဂရုစိုက်​သည်​ ​လောပန်သားနဲ့ သမီးကလည်း သူ့ကို ခင်​ကြသည် အိမ်​မှာ အချူပ်​ချယ်​ခံခဲ့ရသ​လောက်​ ဒီမှာက အလုပ်​နဲ့ဆို​တော့ ​လွတ်​လွတ်​လပ်​လပ်​ ​နေခွင့်​ရသည်
"Philip အလုပ်​အရမ်းကြိုးစားတယ်​​နော်​"
ကျောက်​စိမ်းတုံးကို ဓာတ်​မီးထိုးရင်းက​နေ ​ခေါင်းတခါခါနဲ့ အာရုံစိုက်​​နေ​သော philipကို မင်းထက်​ ​ပြောလိုက်​သည်​ မင်းထက်​ဆိုတာက ​လောပန်​သား သူ့ထက်​ တနှစ်​​လောက်​ငယ်​သည်​ ဆယ်​တန်းတတ်​​နေသူဖြစ်​သည်​ သမီးက​တော့ ငယ်​​သေးသည်​ ၆တန်းသာရှိ​သေးသည်
"ကြိုးစားရမယ်​ မင်းထက်​ အဲ့ဒါမှ အကို့ချစ်​သူနဲ့ အမြန်​နီးစပ်​ရမှာ"
"ဝိုး အကို့မှာတကယ်​ချစ်​သူ ရှိတယ်​လား"
မျက်​လုံးပြူး မျက်​ဆံပြူးနဲ့ ​မေး​နေ​သော မင်းထက်​ကို သူ ​ခေါင်းညိတ်​ပြလိုက်​သည်
"အဲ့ဒါထားပါဦး ကျွန်​​တော့်​ကို ကျူရှင်​ပို့​ပေးဦး ​ဖေ​ဖေက ညီမ​လေးကို သွားပို့​နေလို့် "
"​အေးပါကွာ ပို့​ပေးရမှာ​ပေါ့ ဆယ်​တန်း​ကျောင်းသားကြီးက အ​ရေးကြီးတဲ့ဟာ"
Philip အလုပ်​ကြိုးစားတာ​တော့ အားလုံးက အသိအမှတ်​ပြုရသည်​ ​ကျောက်​ဝိုင်းမှာ အမြဲ ​လေ့လာ​နေတတ်​တာရယ်​ ​လောပန်​နားမှာ အမြဲသင်​ယူတတ်​နေတတ်​ကြောင့်​ တိုးတက်​တာမြန်သ​ည်​ သူ့ရည်​မှန်းချက်​နဲ့သူမို့ အမြဲတိုးတက်​​အောင်​ ကြိုးစားသည်
"john မင်း ငါ့ဆီလာတာလား"
ကျောက်​ဝိုင်းနားက လက်​ဖက်​ရည်​ဆိုင်​မှာထိုင်​ရင်းကဟိုကြည့်​ဒီကြည့်​ လုပ်​​နေ​သော john ကို​တွေ့​သော​ကြောင့်​ philip ထွက်​နှုတ်​ဆက်​လိုက်​သည်
"​အေး​ပေါ့ကွ ငါ ဒီဘက်​လာတာ မင်းကို​တွေ့​ဖို့​ပေါ့ကွ တခြားဘာကိစ္စ ရှိရမလဲ"
"john ရာ ဖုန်း​တော့မဆက်​ဘဲနဲ့"
"ဆက်​တယ်​ philip မင်းဖုန်းကို ငါဆက်​တယ်​ မင်းမကိုင်​တာ"
John စကား​ကြောင့်​ philip ဖုန်းကို ထုတ်​ကြည့်​လိုက်​သည်
"ဟုတ်​သားဘဲ sorry ဘဲ john ရာ ငါ အသံပိတ်​ထားမိတယ်​ ခဏ​နေက ​ကျောက်​ကြည့်​တာ ​သေချာနား​ထောင်​​နေလို့ပါ"
philip သူငယ်​ချင်းကို အားနာသွားရသည်
"ရပါတယ်​ နက်​ဖြန်​ ငါ ​မေမြို့ ပြန်​မလို့ဘာမှာဦးမလဲ"
"မမှာ​တော့ပါဘူးကွာ မင်း သင်​တန်းတတ်​ရတာ​ရော အဆင်​​ပြေလား ငါလည်း အလုပ်​ထဲ ​အာရုံထည့်​​နေရတာနဲ့မင်းနဲ့ကို ​အေး​ဆေး မ​တွေ့ရဘူး တမြို့တည်း​နေပြီး ​ဝေး​နေကြတာ"
"​ပြေပါတယ်​ကွ မင်းကလည်း တအားကို အလုပ်​ထဲ ရူးသွပ်​​နေတာဘဲ"
"ရူးသွပ်​ရမယ်​ john အဲ့ဒါမှ ဆုအိမ့်​တို့ သားအမိကို ​စောင့်​​ရှောက်​နိုင်​မှာ"
"​အေးပါကွာ မင်းဘာမှ မမှာရင်​လည်း ငါ ပြန်​​တော့မယ်​ငါလည်း ပန်​တျာ​ကျောင်းဘက်​ ခဏသွားစရာရှိ​သေးတယ်
"မင်းကလည်း ချက်​ချင်းကြီး ပြန်​​တော့မလို့လား မန္တ​လေး​ရောက်​ကတည်းက ခုမှ ​တွေ့ရတဲ့ဟာ တခုခုစားသွား ငါ​ကျွေးမယ်​"
philip နဲ့လည်း မ​တွေ့ရတာ ကြာပြီမို့ ဆိုင်​အတူထိုင်​ရန်​ john ဆုံးဖြတ်​လိုက်​သည်
"philip ​ရောက်​တာလည်း ကြာပြီဘဲ နှစ်​​လ​တောင်​​ကျော်​ပြီ မင်း ​မေမြို့်​မပြန်​​သေးဘူးလား"
John စကား​ကြောင့်​ philip သက်​ပြင်းချလိုက်​သည်
"မပြန်​ဖြစ်​​သေးပါဘူးကွာ ဒီမှာ ငါ​လေ့လာစရာ​တွေ အများကြီး ရှိ​သေးတယ်​ ငါ အိမ်​ပြန်​ရင်​လည်း ငါ့အ​​ဖေနြ့ မဖြစ်​​သေးပါဘူး ခုလို​နေရတာ ငါသ​ဘောကျတယ်​"
"​အေးပါကွာ ကိုယ့်​ကိုယ်​ကို ဂရုစိုက်​ဦး ​အိတ်​ကပ်​ထဲမှာလည်း ​ဆေးလိပ်​ဘူးနဲ့ ​ဆေးလိပ်​​တွေ​သောက်​​နေတာလား တအားမ​သောက်​နဲ့ဦး စွဲသွားမယ်​ ဆုအိမ့်​နဲ့လည်း အဆက်​အသွယ်​ ရတယ်​မလား"
"​ဆေးလိပ်​က တခါတ​လေမှ ​သောက်​တာပါ ဆုနဲ့ ညတိုင်း video call ​ပြောဖြစ်​တယ်​ ဆု ကို ငါအရမ်းလွမ်းတယ်​"
ပြောရင်း ငိုင်​ကျသွား​သော philip ကိုကြည့်​ရင်း john သက်​ပြင်းချလိုက်​သည်
"မင်းတို့နှစ်​​ယောက်​ ချစ်​ကြတာဘဲ အလုပ်​လုပ်​ပြီး ကိုယ့်​တာဝန်​ ကိုယ်​ယူနိုင်​တဲ့အချိန်​ကျရင်​ အတူ​နေရမှာ​ပေါ့ "
"ငါပြန်​​တော့မယ်​ ဆရာ​စောင့်​​နေ​တော့မယ်​"
"မင်းကလည်း ပန်​တျာ​ကျောင်းဘက်​ကို ခဏဘဲ ​မောင်းရတာပါ "
"ငါ စက်​ဘီးနဲ့ လာတာဟ"
"ဒီ​လောက်​ အ​ဝေးကြီးကို စက်​ဘီးနင်းလာတာ​ပေါ့"
"ဟုတ်​တယ်​ ငါ အားကစား လုပ်​​နေတာ လူကပိန်​​နေလို့"
"ဟုတ်​ပါပြီ သူ​ဌေးသားရယ်​ ငါက​တော့ အလုပ်​ဘက်​ဘဲ အာရုံရ​နေတယ်​"
"ကိုယ့်​အ​တွေးနဲ့ကိုယ်​​ပေါ့ သွားပြီ philip တခုခုဆို ဖုန်းဆက်​​နော်​"
John philip ကိုနှုတ်​ဆက်​ပြီး စက်​ဘီးကို ပန်​တျာ​ကျောင်းဘက်​ နင်းလာခဲ့သည်​ စီးပွား​ရေးက​တော့ အချိန်​တန်​ရင်​ အိမ်​ကအလုပ်​ကို ဝင်​လုပ်​ရမည်​မို့ သိပ်​စိတ်​မပူပါ ​လော​လောဆယ်​​တော့ သူဝါသနာပါရာ သူလုပ်​ချင်​သည်
"​မွှေး"
ဧည့်​ခန်းထဲမှာ စာငုံ့ဖတ်​​နေ​သော သူငယ်​ချင်းကို john ​နာမည်​​ခေါ်လိုက်​သည်
"John နင်​ပြန်​လာတာလာ.လာ​လေ ထိုင်​"
မွှေး စာအုပ်​ကို အသာပိတ်​ပြီး စားပွဲ​ပေါ်တင်​လိုက်​သညိ
"ဟုတ်​တယ်​ ခဏပြန်​လာတာ"
John ပြန်​​ဖြေရင်း ​မွှေး တင်​လိုက်​​သော စာအုပ်​ကို လှမ်းကိုင်​ကြည့်​လိုက်​သည်
"ခင်​ခင်​ထူးဘဲ ​မွှေး"
"ဟုတ်​တယ်​ john ငါ ဆရာမရဲ့ စာအုပ်​​တွေကို သ​ဘောကျ လို့ ဖတ်​​နေတာ"
"ငါလည်း သ​ဘောကျတယ်​ ​ဆရာမရဲ့ စာအုပ်​​တွေ​ဖတ်​ပြီး ဥဒယရွာ​လေးကို အရမ်း​ရောက်​ဖူးချင်​တာ"
"ငါလည်း ဆရာမ စာအုပ်​​တွေဖတ်​ပြီး ဆရာမလုပ်​ချင်​စိတ်​ ပိုများလာတယ်​"
"ဖြစ်​​တော့မှာဘဲ ​မွှေးရယ်​ B.Ed တတ်​ပြီးရင်​ နင်​ ဆရာမ ဖြစ်​မှာဘဲဟာ"
"နင်​ philip နဲ့​ရော ​တွေ့ဖြစ်​လား john "
"မ​နေ့က တခါဘဲ ​တွေ့ဖြစ်​တယ်​ အဲ့ဒီ​ကောင်​ကြီး အလုပ်​အရမ်းကြိုးစား​နေတာ"
"ဟုတ်​မှာပါ သူ ဆုအိမ့်​ကို အရမ်းချစ်​တာ သံသယ ဖြစ်​စရာမရှိပါဘူး"
"နင်​တို့သုံး​ယောက်​​ရော ​တွေ့ဖြစ်​လား"
"တခါတ​လေ​ပေါ့ဟာ ဆုအိမ့်​ကလည်း နင်တို့ပွဲရုံမှာ အလုပ်​ဝင်​လုပ်​​နေတာဆို​တော့ သိပ်​မေ​တွ့ရဘူးဟ မင်းမင်းကလည်း သူ့​ဆော်​​တွေနဲ့ အလုပ်​ရှူပ်​​နေတာ"
မွှေးစကား​ကြောင့်​ john ရယ်​လိုက်​သည်
"အဲ့ဒီ​တော့ နင်​ သဝန်​တို ​နေတယ်​ဆိုပါ​တော့"
John စကား​ကြောင့်​ ​မွှေး john ကို စိုက်​ကြည့်​လိုက်​သည်
"နင်​ ဘယ်​လို​ပြောလိုက်​တာလဲ john နင်​ စ တာဆိုရင်​​တောင်​ ငါ့ကို အဲ့ဒီလို စ တာငါမကြိုက်​ဘူး "
"ငါ မ စ ဘူး​မွှေး နင်​တချိန်​လုံး မင်းမင်း ရည်းစားကိစ္စ​တွေကို စိတ်​ရှူပ်​​နေခဲ့တာ ငါတို့ ၉တန်းကတည်းကရင်းဘဲ​လေ"
"နင်​ ထင်​ရာ​တွေ ​လျှောက်​မ​ပြောနဲ့ john ငါ စိတ်​ရှူပ်​တယ်​ဆိုတာကလည်း အဲ့ဒီ​ကောင်​ ဆယ်​တန်း​တောင်​ မ​အောင်​​သေးဘဲ အဲ့ဒီကိစ္စကို စိတ်​ဝင်​စားလို့ သူငယ်​ချင်းတ​ယောက်​အ​နေနဲ့ စိတ်​ပူ​ပေးတာ ပြီး​တော့ နင်​​ရော john နင်​ စိတ်​မပူဘူးလား သူငယ်​ချင်း​တွေ ရည်းစား​တွေ ရပြီး နင့်​ကို ဂရုမစိုက်​​တော့မှာ ငါ ​အဲ့ဒါ​တွေကို အရမ်း​ကြောက်​ခဲ့ရတာ "
ဆက်​တိုက်​​ပြော​နေ​သော ​မွှေး ပုံစံကိုကြည့်​ရင်း john သူ့ကိုယ်​သူ မှားသွားသလို ခံစားရသည်
"Sorry ပါ ​မွှေး ငါက"
"John ငါ ​ရေချိုး​တော့မယ်​ "
မွှေး john စကားမဆုံးခင်​ ဖြတ်​​ပြောလိုက်​သည်
"​မွှေး"
john စကားမစခင်​ ​မွှေး ဧည့်​ခန်းထဲမှ ထလာခဲ့သည်
ထွက်​သွား​သော ​မွှေးရဲ့ ​ကျောပြင်​ကို ကြည့်​ရင်း john သက်​ပြင်းချလိုက်​သည်​ ​မွှေးလို မိ​​န်းက​လေးက ဒီလို​အ​ပြောခံရတာ စိတ်​ဆိုးတာ ဖြစ်​သင့်​ပါတယ်​​လေ ​မွှေးက အမြဲတမ်း တည်​ငြိမ်​ခဲ့တာ ခုလို​ပြော​တော့ မခံချင်​ဖြစ်​သွားတာ မဆန်းပါဘူး
John ​ခေါင်းယမ်းရင်း အိမ်​ကို ပြန်​လာခဲ့သည်
"​မွှေး အိမ်​က ပြန်​လာတာလား john "
အိမ်​စားပွဲ​ပေါ်မှာ ကိုကိုနဲ့ အလုပ်​များ​နေ​သော ဆုအိမ့်​က သူဝင်​လာတာမြင်​​တော့ လှမ်း​မေးသည်​ john ဆုအိမ့်​ကို ခပ်​ယဲ့ယဲ့ ပြုံးပြရင်း ​ခေါင်းညိတ်​ပြလိုက်​သည်
ဆုအိမ်​နဲ့ကိုကို စာရင်းလုပ်​​နေ​သော​ကြောင့်​ john အ​ပေါ်ထပ်​ သူ့အခန်းထဲ ဝင်​လာခဲ့သည်​ ကုတင်​​ပေါ်က လယ်​တွင်းသား ​စောချစ်​ရဲ့ ပန်းမြိုင်​လယ်​က ဥယျာဉ်​မှူး စာအုပ်​ကိုကြည့်​ရင်း သက်​ပြင်းချမိသည်​ ​မွှေးအတွက်​ဝယ်​လာတဲ့ဟာ ​မွှေးဆီသွား​တော့ စာအုပ်​က အိမ်​မှာကျန်​ခဲ့သည်​ john စာအုပ်​ကို ယူပြီး စာအုပ်​​ရှေ့ဆုံးမှာ စာတချို့​ရေးပြီး sign ထိုးလိုက်​သည်
မွှေး​ရေ
   ဆရာမတ​ယောက်​ဖြစ်​လာမယ့်​နင့်​အတွက်
      ငါ့ရဲ့လက်​​ဆောင်​ပါ
         ငါ့သူငယ်​ချင်း​လေးက ဆရာမ​ကောင်းတ​ယောက်​ ဖြစ်​လာမယ်​ဆိုတာ ငါ အကြွင်းမဲ့ ယုံတယ်
                                              John
"​ဒေါက်​ ​ဒေါက်​"
အခန်​တံခါး​ခေါက်​သံ​ကြောင့်​ john စာအုပ်​ကို ပိတ်​လိုက်​သည်
"ဘယ်​သူလဲ"
"John ငါပါ ဆုအိမ့်​"
John အခန်းထဲမှ ထွက်​ရင်း ဆုအိမ့်​ကို ဝရံတာဘက်​​ထိုင်ရန်​​ခေါ်လာခဲ့သည်
"John နင်​ထွားလာတယ်​"
"ဟုတ်​လား ငါ gym ​ဆော့​​နေတာဟ"
"Philip အဆင်​​ပြေလား"
အဆက်​အစပ်​မရှိ ​မေးလိုက်​​သော စကား​ကြောင့်​ johnn မျက်​​မှောင်​ကြုတ်​မိသည်
"နင်​တို့​နေ့တိုင်း ဖုန်း​ပြောဖြစ်​တယ်​ဆို"
"​ပြောဖြစ်​ပါတယ်​ သူ ငါစိတ်​ချမ်းသာ​အောင်​ လိမ်​​နေမစိုးလို့"
"သူနဲ့ငါလည်း မ​နေ့က ​တခါဘဲ​တွေ့ဖြစ်​တာဟ အဆင်​​ပြေတဲ့ပုံပါဘဲ ​လောပန်​​နား​နေလို့လားမသိဘူး သူ​ဋ္ဌေးရုပ်​​တောင်​ ​ပေါက်​လာသလိုဘဲ"
"ညကျ အိမ်​ဘက်​လာခဲ့ဦး ​အေး​ဆေးစကား​ပြောရ​အောင်​ ခု​တော့ ငါ အိမ်ပြန်​ပြီး အ​မေ့ကို လုပ်​ကူလိုက်​ဦးမယ်​"
John ​ခေါ်​င်း​ညိတ်ပြ​လို​က်​သည်
သူ့အိမ်​ဘက်​ တ​ရွေ့​ရွေ့ လမ်း​လျှောက်​ကာပြန်​​နေ​သော ဆုအိမ့်​ကို ကြည့်​ရင်း သူ ဝရန်​တာမှာ ​ကျောက်​ချထိုင်​မိသည်​ ​လော​လောဆယ်​ စိတ်​မသက်​မသာမှု​တွေကို သူခံစား​နေရသည်
မွှေး​ကြောင့်​လား
ဆုအိမ့်​​ကြောင့်​လား
ဝေခွဲရခက်​လိုက်​တာ

အဖြူ​ရောင်​​မေတ္တာWhere stories live. Discover now