John တိုက်ခန်းတွဲကြီးရဲ့ ညာဘက်အစွန်ဆုံး လှေကားကနေ ဒုတိယထပ်ကို တက်လာခဲ့သည် မင်းမင်းကတော့ john ရဲ့နောက်ကနေ ကပ်ပြီးလိုက်လာခဲ့သည်
တွေ့ပါပြီ 21 ဆေးအဖျြူရာင်သုတ်ထားသော သံဘာဂျာ တံခါးရှေ့မှာရင်း သူတို့နှစ်ယောက် တံတွေးမြိုချလိုက်သည်
John သက်ပြင်းတချက်ကို ခပ်လေးလေး မှုတ်ထုတ်လိုက်ပြီး တံခါးကို တချက်ချင်း ခေါက်နေလိုက်သည် မဖွင့်မချင်း တံခါးကို ခေါက်နေတတ်တာ သူ့အကျင့်ပါ
Philip အိမ်ထဲမှာ စာစောင်ဖတ်နေရင်းက အတက်မပြတ် တချက်ချင်းခေါက်နေသော တံခါးခေါက်သံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည် မတ်တပ်ရင်းကနေ တယောက်ယောက်ကို သတိရသွားမိသည် အချစ်ဆုံးသူငယ်ချင်း တယောက်ကလည်း ဒီလိုအကျင့်ရှိသည်
Philip တံခါးနားမြန်မြန်သွားလိုက်ပြီး ချောင်းကြည့်ပေါက်ကနေ ချောင်းကြည့်လိုက်သည်
"ဟာ"
Philip ချောင်းကြည့်ပြီး မျှော်လင့်မထားသူများကို တွေ့လိုက်ရသောကြောင့် နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိသည်
John တံခါးမခေါက်နိုင်တော့သောကြောင့် တံခါးကို လက်ဝါးဖြင့် ပုတ်လိုက်သည်
"John လူမရှိလောက်ဘူး အပြင်သွားနေတယ်ထင်တယ်"
မင်းမင်း john ပုခုံးကို လှမ်းဆုပ်ကိုင်ပြီး ပြောလိုက်သည်
"မင်းကလည်း သော့ခတ်တဲ့ပုံစံကိုကြည့်လေ အတွင်းကပိတ်ထားတာ ကျိန်းသေလူရှိတယ်"
အပြင်က စကားများကြောင့် philip တံခါးဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်သည် ရှောင်ပြေးလို့ အကြောင်းမထူးသည့်အတူတူ ရင်ဆိုင်လိုက်တော့ ပြီးဆုံးသွားမည်
"ချောက် ဂလောက်"
တံခါးဖွင့်နေသံကြောင့် မင်းမင်း နဲ့ john တံခါးကို မမှိတ်မသုန် စိုက်ကြည့်နေမိကြသည်
"Sorry နည်းနည်းကြာသွားတယ် ငါ နောက်ဖေးရောက်နေလို့"
ခေါင်းငုံ့ပြီး တံခါးဖွင့်ရင်း စကားဆက်တိုက်ပြောနေသော philip ကို john နဲ့ မင်းမင်း ငေးကြည့်နေမိသည် အသားပိုဖြူပြီး ပိုချောလာသည် အရင်လိုပုံစံပါဘဲ ဘောင်းဘီတို ရှပ်အင်္ကျီလက်တိုနဲ့ ဆံပင်တိုတိုပုံစံက အိမ်ထောင်သည်နဲ့တောင့်မတူပါ
"ဝင်ခဲ့လေကွာ"
Philip ပြောရင်း သူ့တိုက်ခန်းထဲ ပြန်ဝင်သွားသည်
အဲ့ဒီတော့မှ john နဲ့ မင်းမင်းလည်း နောက်ကနေ တိုက်ခန်းထဲ ဝင်ခဲ့ကြသည်
သုံးယောက်လုံး ဘာမှမပြောဘဲ ငြိမ်သက်နေမိကြသည်
"Philip မင်းပုံစံက အရင်လိုဘဲနော်"
မင်းမင်း philipကိုကြည့်ရင်း ပြောလိုက်သည်
"အင်း "
Philip က အသံလေးတွဲတွဲနှင့် ဖြေလိုက်သည်
"Philip မင်းစိတ်က အရင်တိုင်းဘဲ မင်းပုံစံက အရင်လိုဘဲဆို ဘာလို့အိမ်ထောင်ပြုလိုက်တာလဲ"
John မျက်မှောင်ကြုတ်ရင်း philipကို မေးလိုက်သည်
"ငါလုပ်သင့်တယ်ထင်တာကို လုပ်တာ john "
"ဘာလို့လုပ်သင့်တာလဲ philip ဘာလို့လဲ သူဋ္ဌေးသားမို့လား မင်း သတ္တိမရှိတာမလား"
ပြောရင်းနဲ့ john မာန်ပါလာသည်
"ဘာပြောလိုက်တယ် john မင်းက ငါ့ကို အဲ့ဒီလို အောက်တန်းစားကောင်များထင်နေလား"
Philip ပြန်အော်ရင်းကနေ john ရဲ့ ပုခုံးကို လှမ်းတွန်းလိုက်သည်
"အဲ့ဒါဆို မင်းက ဘာများ အဖြစ်ရှိလို့လဲ ဆုအိမ့်ကိုတောင် မင်းလွယ်လွယ်လေး ပစ်ထားခဲ့တာမလား "
Philip ပုခုံးကို ပြန်ဆောင့်တွန်းလိုက်သည်
"ငါ့အတွက် အဲ့ဒီလိုလုပ်ရတာ လွယ်တယ်များ ထင်နေလား john မင်းထင်ရာတွေ လျှောက်ပြောမနေနဲ့"
Philip အော်ပြောလိုက်သည်
"ခွေးကောင်"
John ပြန်အော်ရင်း philipအကျီင်္ကော်လံစကို ဆုပ်ကိုင်လိုက်သည်
"John "
မင်းမင်း အော်ရင်းကနေ john ရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်
Philip နဲ့ john တယောက်ကိုတယောက် စူးစိုက်ကြည့်မိနေကြသည်
"ပါပါး ပါပါး ဟီး ဟီး"
ရုတ်တရက် ထွက်ပေါ်လာသော ကလေးတယောက်ရဲ့ စူးစူးဝါးဝါးငိုသံကြောင့် john မျက်မှောင်ကြုတ်လိုက်သည်
"ဟာ ငါ့ကိုလွှတ်စမ်း john"
အင်္ကျီကော်လံစက်ု ဆုပ်ကိုင်ထားသော john ရဲ့လက်ကို ခါချလိုက်သည်
"ပါပါး ပါပါး ဟီးဟီး"
ဝူးဝူးဝါးဝါး အော်သံက ပိုကျယ်လောင်လာသည်
"John ရာ ငါ့ကို လွှတ်စမ်းပါ ကလေးက တအားငိုနေပြီ"
စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် အသနားခံလာသောကြောင့် john လွှတ်ပေးလိုက်သည်
John လက်ပြေလျော့သွားသည်နှင့် philip အတွင်းခန်းထဲ ပြေးဝင်သွားသည်
"အိုး အိုး သမီးလေး နိုးနေပြီလား လာပါ လာပါ ပါပါး ချီမယ်"
လေသံအေးအေးနဲ့ ကလေးမြူနေသော philipအသံကို နားထောင်ရင်း john နဲ့ မင်းမင်းတို့ သိချင်စိတ် ပိုပြင်းထန်လာခဲ့သည် အဲ့ဒီကလေးက ဘယ်သူ့ကလေးလဲ philip နဲ့ဘယ်လို ပက်သက်နေတာလဲ philip ပြောင်းလဲသွားခြင်းက အဲ့ဒီကလေးနဲ့ သက်ဆိုင်နေတာလား
နှစ်ယောက်သား ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ချလိုက်သည် အခန်းထဲက နံရံပေါ်မှာ မွေးကင်းစ ကလေးပုံလေးတွေ ချိတ်ထားသည် ဂါဝန်ပန်းရောင်နဲ့ပုံလေးကတော့ တော်တော်လေးချစ်စရာကောင်းသည် ချစ်တဲ့သမီးလေး တနှစ်ပြည့်မွေးနေ့ ဆိုသော philip လက်ရေးနဲ့အတူ လက်မှတ်ထိုးထားသည်
"ကလေးရော"
ဒီအတိုင်းထွက်လာသော philip ကိုမြင်တော့ မင်းမင်း မေးခွန်းထုတ်လိုက်သည်
"ငါတို့အော်သံတွေကြောင့် သူလန့်ပြီးနိုးလာတာ အိပ်ချင်မူးတူးနဲ့မို့ ပြန်သိပ်ခဲ့တယ်"
Philip လေသံအေးနဲ ပြောရင်းထိုင်ချလိုက်သည်
"အဲ့ဒါ ဘယ်သူ့ကလေးလဲ"
John မအောင့်အီးနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်သည်
"ငါ့သမီးလေး အရှင်းဆုံးပြောရရင် ငါ့ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ ငါ့ရဲ့သမီးလေး"
Philipက နွေးထွေးကြင်နျာသာ အသံဖြင့် ပြောလိုက်သော်လည်း မင်းမင်းနဲ့ john က မျက်လုံးပြူးပြီး စကားသံမထွက်နိုင်လောက်တဲ့အထိ အံ့အားသင့်သွားသည်
"မင်း ကလေးတောင် ရနေပြီပေါ့ "
အတော်ကြာမှ မင်းမင်း စကားပြောနိုင်သည်
"ဟုတ်တယ် ရနေပြီ အခုချိန်မှာ သမီးလေးက ငါ့အတွက် အရာရာဘဲ သမီးနဲ့နေရတာ စိတ်ချမ်းသာတယ်"
ပြုံးရင်းပြောနေသော philip ပုံစံက သူပြောသော စကားတွေက အမှန်တွေပါဆိုတာ သက်သေခံနေသည်
"အေးပါကွာ မင်းအကြောင်း ငါတို့ကို ပြောပြပါဦး"
John စိတ်ဝင်တစား မေးလိုက်သည်
"ဘာမှ ထွေထွေထူးထူး မရှိပါဘူး ငါအိမ်ထောင်ကျတယ် အခုကလေးတယောက်ရပြီ အဲ့ဒါဘဲ"
Philip ကတော့ ပေါ့ပေါ့ပါးပါးဘဲ ဖြေသည်
"ကျန်တာ ဘာမှ ပြောစရာ မရှိဘူးလား"
John မယုံသင်္ကာလေသံနဲ့ မေးလိုက်သော်လည်း philip က ပြုံးပြီး ခေါင်းယမ်းပြသည်
"အဲ့ဒါဆို ငါတို့ပြန်ဦးမယ် နောက်မှအေးဆေးလာတော့မယ်"
ဘာမှဆက်ပြောချင်စိတ်မရှိတော့တာကြောင့် john နှုတ်ဆက်လိုက်သည် မင်းမင်း ကတော့ တိတ်ဆိတ်နေသည်
နှစ်ယောက်သား လှေကားထစ်တွေကို လေးကန်စွာနင်းရင် တိုက်အောက်ဖက် ဆင်းလာခဲ့သည်
"ခဏနေဦး john "
ရှေ့ကသွားနေသော john အင်္ကျီစကို မင်းမင်းလှမ်းဆွဲလိုက်သည်
"John အပေါ်က ဂါဝန်ပန်းရောင်နဲ့ သမီးလေးတနှစ်ပြည့်ဆိုတဲ့ ပုံကို မင်းကြည့်ခဲ့လား"
ပြူးပြူးပြဲပြဲ နဲ့ပြောနေသော မင်းမင်းပုံစံကို john နားမလည်စွာနဲ့ ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်
"အဲ့ဒီဓာတ်ပုံအောက်ခြေထောင့်က နေ့စွဲကို မင်းဖတ်ခဲ့လား"
"ဖတ်ခဲ့တယ်လေ"
"21ရက် 10လပိုင်းဟုတ်တယ်မလား"
"ဟုတ်မယ်ထင်တာဘဲ"
John ယောင်ဝါးဝါးနဲ့ ပြန်ဖြေလိုက်သည်
"လာ philip ဆီပြန်သွားမယ်"
ပြောပြောဆိုဆို နဲ့လှေကားပေါ် ပြေးတက်သွားသော မင်းမင်းနောက်ကို john ပြေးလိုက်ရပြန်သည်
"ဒုန်း ဒုန်း"
မင်းမင်း ဘာဂျာတံခါးကို အားကုန်ထုလိုက်သည်
အခန်းရှေ့မှ ဆူဆူညံညံအသံတွေကြောင့် philip သမီးနားကနေထပြီး အိမ်ရှေ့ပြန်ထွက်သည်
"မင်းတို့ ဘာဖြစ်လို့"
Philip စကားမဆုံးခင် မင်းမင်းက philip ပုခုံးကိုတိုက်ပြီး အခန်းထဲဝင်လိုက်သည် ပြီးနောက် နံရံပေါ်က ဓာတ်ပုံကိုလက်ညိုးထိုးပြလိုက်သည်
"ကြည့်စမ်း philip ဒီဓာတ်ပုံက ရက်စွဲကို သေချာကြည့်လိုက်စမ်းပါ"
"ဘာလို့လဲ "
"ကြည့်စမ်း ဒီပုံထဲမှာ မင်းရဲ့သမီး ၁နှစ်ပြည့်တာက ၁၀လပိုင်း၂၁ရက်နေ့တဲ့ မင်း ငါတို့ကို မင်္ဂလာဆောင်မယ်လို့ပြောတာက ၄လပိုင်းလေ မင်္ဂလာဆောင်ဆောင်ပြီးချင်း ကလေးရှိရင်တောင် ၁လပိုင်းမှ ကလေးမွေးရမှာ မင်းက ၁၀လပိုင်းကုန်ခါနီးမှာမွေးတော့ အရမ်းစောမနေဘူးလား တခုခုဖြစ်ခဲ့တယ်မလား"
မင်းမင်းရဲ့စကားအဆုံးမှာ philip ငိုင်ကျသွားသည်
"မင်းဘာတွေဖြစ်ခဲ့တာလည်း သူငယ်ချင်းရာ"
John ပေါက်ကွဲဖို့အားပင် မရှိတော့သောကြောင့် philip ပုခုံးကို အသာဖက်ရင်း လေသံဖျော့နဲ့ မေးလိုက်သည်
အခုချိန်မှတော့ သူငယ်ချင်းတွေကို ဖုံးကွယ်စရာ မရှိတော့တာကြောင့် philip အကြောင်းစုံပြောပြရန် ဆုံးဖြတ်လိုက်သည်
ESTÁS LEYENDO
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်