အပိုင်း-၂၁

643 49 7
                                    

"ဟမ်​ မင်းနဲ့ ဆုအိမ့်​ယူကြ​တော့မလို့လား philip"
မင်းမင်း အံသြတကြီးနဲ့ ​မေးလိုက်​သည်
"မဟုတ်​ဘူး ငါ အိမ်​​ထောင်​ပြု​တော့မယ်​ ​မင်းထက်​နဲ့ မင်္ဂလာ​ဆောင်​​တော့မယ်​"
Philip စကားအဆုံးမှာ ဆုအိမ့်​မှာ ပါးစပ်​ကို လက်​ဖဝါးနှစ်​ဖက်​နဲ့အုပ်​ရင်း တုန်​လှုပ်​​နေသည်
"နင်​ ဘာစကား​ပြောတာလဲ philip ဆုအိမ့်​ကို​ရော ဘယ်​လိုလုပ်​မှာလဲ "
မွှေး ​​ဒေါသသံဖြင့်​ philip အား​မေးလိုက်​သည်
"ငါ​ပြောမယ်​ ဆုအိမ့်​မြတ်​ အခုချိန်​ကစပြီး နင်​လည်း နင့်လမ်းနင်​​လျှောက်​ ငါလည်း ငါ့လမ်းငါ​လျှောက်​မယ်​ ငါတို့နှစ်​​ယောက်​က မဖြစ်​နိုင်​ဘူး နင့်​လက်​ကိုဆွဲပြီး​ ​လောကကြီးကိုအံတု​လောက်​​အောင်​ ငါမရူးမိုက်​​သေးဘူး နင်​နဲ့ ငါ ဇာတ်​လမ်းကပြီးသွားပြီ"
Philip ​ပြောပြီး ချာကနဲ့ လှည့်​ထွက်​သွားသည်
"မင်း ​ဘာစကား​ပြောတာလဲကွ ဟမ်​"
မင်းမင်း​ ​ပြော​ပြောဆိုဆို နဲ့ philip အား လှမ်းဆွဲပြီး လည်​ပင်းက ​ကော်​လံစကို ဆုပ်​ကိုင်​ထားလိုက်​သည်
"မင်းမကြားဘူးလား ငါ ထပ်​​ပြောရဦးမှာလား ​နေပါဦး မင်းက​ရော ဘာလို့ ဒီ​လောက်​​တောင်​ ဖြစ်​​နေရတာလဲ"
Philip ရဲ့ မထီတရီ ​ပြော​နေတဲ့ပုံစံ​ကြောင့်​ မင်းမင်း ​ဒေါသတအားထွက်​လာရသည်
"​ခွေး​ကောင်​"
ပြော​ပြောဆိုဆို နဲ့ philip အားထိုးချလိုက်​သည်
"ထိုး​လေ ထိုးစမ်းပါ အစကတည်းက ငါက မင်းတို့အတွက်​ ​ဘောင်​မဝင်​တဲ့​ကောင်​ပါကွ"
"မင်းမင်း ​တော်​ပါ​တော့ဟာ"
ထပ်​ထိုးရန်​ပြင်​​နေ​သော မင်းမင်းကို ဆုအိမ့်​ငိုသံပါ​လေးနဲ့ ​ပြောလိုက်​သည်
"Philip နင်ဘယ်​လို​ပြောလိုက်​တာလဲ နင်​တို့ငါတို့က ဟိုးငယ်​ငယ်​ ပိစိ​လေးဘဝကတည်းက ​ပေါင်းလာတာပါဟာ ငါတို့ငါး​ယောက်​ကြားထဲမှာ တ​ယောက်​နဲ့တ​ယောက်​ ဘယ်​တုန်းက ခွဲခြားမှုရှိခဲ့ဖူးလို့လဲ တ​ယောက်​နဲ့တ​ယောက်​ အမြဲတမ်း နားလည်​ပြီး ချစ်​ခဲ့ကြတာ​လေ"
မွှေး ​လေသံ​အေး​အေးနဲ့ ဝင်​​ပြောမိသည်
"​တော်​စမ်းပါဟာ နင်​တို့က john အတွက်​ဘဲ နင်​တို့​ခေါင်းထဲမှာ john ဘဲရှိတယ်​"
Philip စကား​ကြောင့်​ ဆုအိမ့်​ လက်​သီးဆုပ်​လိုက်​မိသည်
"John အတွက်​ဘဲဟုတ်​လား ဒီမယ်​philip ငါနဲ့နင်​ ရည်းစားဖြစ်​ပါပြီဆိုကတည်းက ငါနဲ့ john ဘယ်​လိုဆက်​ဆံ​ရေးရှိလဲ နင်​အသိဆုံးပါ နင်တို့ပြဿနာတက်​ကြ​တော့လည်း ငါ နင့်​ကိုတချက်​​တောင်​ အပြစ်​​ပြောဖူးလား စိတ်​ဆိုးဖူးလား နင့်​​ဘေးမှာ​နေပြီး နင့်​အတွက်​ဘဲ ငါစဉ်းစား​ပေးခဲ့တာ နင်​နာကျင်​​နေမလားဆိုပြီး ငါအမြဲတမ်းနှစ်​သိမ့်​​ပေးခဲ့တာ နင်​မို့လို့ အဲ့ဒီစကား​ပြောထွက်​ရက်​တယ်​ နင့်​ဘာသာနင်​ သတ္တိမရှိလို့ အိမ်​​ထောင်​ပြုချင်​ပြု ငါတို့သူငယ်​ချင်း​တွေကြားက သံ​ယောဇဉ်​​တွေကို ဘာမှ ပုတ်​ခတ်​စရာမလိုဘူး"
ဆုအိမ့်​ မျက်​ရည်​​တွေကြားက​နေ အားရပါးရ ​ပြော​နေမိသည်​ ကိုယ်​က​ပေးဆပ်​ခဲ့သ​လောက်​ မထိုက်​တန်​လိုက်​တာဟ
"နင်​က အ​ပေါစား လူ့အ​ပေါစား နင့်​လိုလူ​တွေရှိ​နေလို့လဲ lgbt ​တွေကြားကအချစ်​ကို လူ​တွေ မ​လေးစားကြတာ philip နင်​မဖြစ်​နိုင်​ပါဘူး မဖြတ်​သန်းနိုင်​ဘူးဆိုတဲ့ tomboy တ​ယောက်​နဲ့ မိန်က​လေးတ​ယောက်​ရဲ့ အိမ်​​ထောင်​သည်​ဘဝကို နင့်​​ရှေ့မှာ ငါလှလှကြီး တည်​​ဆောက်​ပြမယ်​ "
မင်းမင်းရယ်​ ​မွှေးရယ်​ philip ရယ်​ ဆုအိမ့်​အား အံအားသင့်​စွာ ကြည့်​​နေမိသည်
"နင့်​ဘဝနင့်​ဘာသာစိတ်​ကြိုက်​လုပ်​​ပေါ့"
တခွန်းသာ​ပြောပြီး philip လှည့်​ပြန်​သွားသည်
သူတို့သုံး​ယောက်​လုံး မင်​သက်​စွာနဲ့ ကျန်​​နေခဲ့သည်
ရုတ်​တရက်​ဘယ်​လို​​တွေဖြစ်​ကုန်​တာလဲ ဆုအိမ့်​ အရုပ်​ကြိုးပြတ်​ ထိုင်​ချပြီး ငိုလိုက်​သည်​ ဘာ​တွေဖြစ်​ကုန်​တာလဲ ဘာ​တွေဖြစ်​ကုန်​တာလဲ
သုံးလ​လောက်​​လေးပါ အဆက်​အသွယ်​မရတာ အဲ့ဒီအချိန်​​ဘေးတွင်းမှာ ဘယ်​လို​ပြောင်းလဲသွားရတာလဲ
"ဆုအိမ့်​ နင်တို့ ပြဿနာတက်​ထား​သေးလား"
"မတက်​ပါဘူးဟာ ငါတို့ ဘာမှမဖြစ်​ပါဘူး အခုမှ သူက ရုတ်​တရက်​ကြီး"
မွှေး အ​မေးကို ဆုအိမ့်​ ငိုသံကြားက​နေ ​ဖြေမိသည်
"သူက​ရော ဘာလို့ ရုတ်​တရက်​ကြီး လက်​ထပ်​ချင်​ရတာလဲ အိမ်​နဲ့​တောင်​ အတိုက်​အခံလုပ်​ပြီး tomboyလုပ်​​နေတဲ့သူက ခုမှ အိမ်​​ထောင်​ပြုမယ်​ဆို​တော့ သူတခုခု ဖြစ်​​နေတာလား"
"ဟာ ဘာဖြစ်​စရာရှိလဲ သူ့ဘာသာသူ သူ​ဌေးနား​နေပြီး ​ငွေမက်​သွားတာ ဦး​လေးက အမြဲချူပ်​ချယ်​ထားလို့ ဟိုမှာ ​ငွေကို​ရေလိုသုံးနိုင်​တဲ့ဘဝကို မက်​​မောသွားတာ အဲ့ဒါဘဲရှိတယ်​ သူ့ပုံစံကိုကြည့်​​လေ အရင်​တုန်းကလိုဘဲ ကျားကျားယားယားဘဲ တခုဘဲရှိတယ်​ သူ ဆုအိမ့်​နဲ့ ပင်​ပန်းမယ့်​ဘဝကို မရင်​ဆိုင်​ချင်​​တော့တာ ဆုအိမ့်​နဲ့ဆို သူ့အိမ်​ကို ဆန့်​ကျင်​ရမယ်​ ရုန်းကန်​ရမယ်​ အခုဘဝက သက်​​တောင့်​သက်​သာနဲ့ ​အေး​ဆေးဘဲ​လေ"
မွှေးစကားကို မင်းမင်း ဖြတ်​ပြီးဝင်​​ပြောလိုက်​သည်​ ဆုအိမ့်​က​တော့ ရှိုက်​မြဲရှိုက်​​နေသည်​ သူမ ​မျှော်​လင့်​ခဲ့ရ​သော ဘဝ​လေးတခုက ​လေထဲတင်​ ​ပျောက်​ကွယ်​သွားရပြီမဟုတ်​ပါလား
ဆုအိမ့်​ကိုဖက်​ရင်း ​ကျောပွတ်​​ပေးကာ ​မွှေး နှစ်​သိမ့်​​နေမိသည်
"​မွှေး ငါ သူ့ကို အရမ်း​မျှော်​လင့်​ခဲ့တာဟ အဲ့ဒါကို သူမို့ လုပ်​ရက်​တယ်​ သူ သတ္တိမရှိဘဲနဲ့ အလကားသက်​သက်​ ငါ့အချစ်​ကို ကစားသွားတာ ငါ့မှာ​တော့ ချစ်​လိုက်​ရတာ မတန်​လိုက်​တာဟာ"
"​အေးပါ အခုလို ​စော​စောစီးစီး သိရတာ နင့်​အတွက်​ ပို​ကောင်းပါတယ်​"
"ဆုအိမ့်​ရာ အဲ့ဒီလိုတန်​ဖိုးမရှိတဲ့ ​ကောင်​အတွက်​ငိုမ​နေပါနဲ့ နင့်​ဘာသာနင်​​ရှေ့ဆက်​ဖို့ဘဲ ကြိုးစားစမ်းပါဟာ "
အခုချိန်​မှာ​တော့ သူမ ဘာမှ မစဉ်းစားနိုင်​​တော့တာ အမှန်​ပါဘဲ ငိုချင်​တာဘဲသိသည်​ ပထမဆုံးချစ်​သူ​ဆို​ပေမယ့်​ ငယ်​ငယ်​ကတည်းက ​လည်​ပင်းဖက်​​ပေါင်းခဲ့သူမို့ သူမ ယုံကြည်​ခဲ့သည်​ ​မျှော်​လင့်​ချက်​​တွေ ထားခဲ့သည်
မင်းမင်း နဲ့ ​မွှေး ပြန်​သွား​​တော့ ဆုအိမ့်​ အ​မေပြန်​လာရင်​စားဖို့ ထမင်းဟင်းချက်​သည်​ အလုပ်​လုပ်​​နေပါ​သော်​လည်း မျက်​ရည်​တို့က ထိန်းမရ ဒီလိုပုံစံနဲ့ အ​မေ့​ရှေ့ ဘယ်​လို​နေရပါ့မလဲ ဆုအိမ့်​​တွေးရင်း မျည်​ရည်​တို့ကို သုတ်​လိုက်​​သော်​လည်း မျက်​ရည်​တို့က ဆက်​ကာ ဆက်​ကာ စီးကျ​နေသည်
ရှေ့မှာ ထမင်းကို စိတ်​မပါလက်​မပါနဲ့ နယ်​လိုက်​ ဇွန်းနဲ့ ဆွလိုက်​လုပ်​​နေ​သော သမီးဖြစ်​သူအား ကြည့်​လိုက်​သည်​ ပြန်​လာကတည်းက မျက်​နှာမ​ကောင်းတာ သတိထားမိသည်​ သားအမိနှစ်​​ယောက်​တည်းရှိတာ တ​ယောက်​အကဲတ​ယောက်​ခတ်​ရင်း ​နေကြသည်​မို့ မရိပ်​မိစရာအ​ကြောင်းမရှိ ဘာမှ​ပြောမ​နေဘဲ ထမင်းစားပြီး tv ​ရှေ့မှာ ထိုင်​ရင်း ​စောင့်​​နေလိုက်​သည်
"သမီး ဆုအိမ့်​ လာပါဦး ​မေ​မေ့အနား"
အ​မေ့ရဲ့အသံ​ကြောင့်​ ဆုအိမ့်​မြတ်​ ​အ​မေ့အနားထိုင်​လိုက်​သည်
မျက်​​တောင်​ပုတ်​ခတ်​ပုတ်​ခတ်​ လုပ်​​နေ​သော သမီးဖြစ်​သူအား သက်​ပြင်းချရင်း ကြည့်​လိုက်​သည်
"သမီး​လေး ဘာဖြစ်​​နေတာလဲ"
မေးလိုက်​​တော့မှ ငို​တော့သည်
"​အ....​မေ...."
တလုံးချင်း​ခေါ်ပြီး အားရပါးရ ငိုချလိုက်​သည်
ဒေါ်ခင်​​လေး ​သမီးဖြစ်​သူ ငိုပြီးတဲ့အချိန်​ထိ​စောင့်​လိုက်​သည်
"အ​မေ သမီး​ပြောပြရင်​ စိတ်​မဆိုးပါနဲ့​နော်​"
"​အေးပါသမီးရယ်​ အ​မေတို့မှာ သားအမိနှစ်​​ယောက်​တည်းရှိတာကို တ​ယောက်​နဲ့တ​ယောက်​ တိုင်​တိုင်​ပင်​ပင်​ ​နေသင့်​တာ​ပေါ့"
စိတ်​ပူ​သောမျက်​လုံးများနဲ့ကြည့်​ရင်း ​မေးလာ​သော သမီးအား ​ဒေါ်ခင်​​လေး ​နှစ်​သိမ့်​​ပေးလိုက်​သည်
"သမီး ချစ်​သူက ​ယောက်ျား​လေး မဟုတ်​ဘူး tomboy ​မေ​မေ အရင်​လိုဘဲ ​ပြောရရင်​ ​ယောက်ျားလျှာ​ပေါ့ john လို​"
သမီးစကား​ကြောင့်​ ​ဒေါ်ခင်​​လေး မျက်​​မှောင်​ကြုတ်​လိုက်​သည်​ ဒါ​ပေ့မယ့်​ သူမအတွက်​​တော့ သိပ်​စိမ်းမ​နေပါ ကိုယ်​နို့တိုက်​ရင်း ​မွေးခဲ့​သော johnကလည်း ငယ်​ငယ်​​လေးကတည်းက ဘယ်​လိုမှ ပြင်​ယူလို့မရ​အောင်​ ဗီဇပါလာခဲ့သည်​ မဟုတ်​ပါလား
"သူက အခု​ သမီးကို ထားခဲ့တယ်​ ​သမီးက သူနဲ့ပက်​သက်​ပြီး တအား​မျှော်​လင့်​ထားခဲ့တာ"
"အဲ့ဒီလူ​က philip လား"
ဆုအိမ့်​ အံအားသင့်​​သောမျက်​လုံးများနဲ့ အ​မေ့အားကြည့်​လိုက်​သည်
"အ​မေ သိ​နေတာလား"
"သိ​နေတာရယ်​လို့​​တော့ ဘယ်​ဟုတ်​ပါ့မလား john​လေး မန္တ​လေးသွားပြီးကတည်းက philip နဲ့သမီးက အရမ်းရင်းနှီးခဲ့ကြတာကို သမီးမှာ ဆယ်​တန်းပြီးပါပြီဆိုကတည်းက john ​လေးတို့ပွဲရုံမှာ အလုပ်​ဝင်​ခဲ့တာဘဲ ဘယ်​သူနဲ့ရယ်​လို့လည်း နီးနီးကပ်​ကပ်​မှ မရှိတာ အဲ့ဒီ​တော့ philip ဖြစ်​မယ်​ထင်​လို့ပါ ဘာဘဲဖြစ်​ဖြစ်​ သူ​တောင်​သူလုပ်​သင့်​တယ်​ထင်​တာကို လုပ်​သွားပြီဘဲ သမီးလည်း သမီးဘဝကို ​ကောင်း​ကောင်းမွန်​မွန်​နဲ့ဘဲ ​ရှေ့ဆက်​ဖို့ကြိုးစားပါ"
အ​မေ​ပြော​သောစကားများကို ဆုအိမ့်​ငြိမ်​သက်​စွာနဲ့ နား​ထောင်​​နေမိသည်​ ​သေချာစဉ်းစားကြည့်​မယ်​ဆိုရင်​ သူတို့သူငယ်​ချင်းတဖွဲ့လုံး အ​ကောင်းမွန်​ဆုံး ဘဝတခု တည်​​ဆောက်​ဖို့ကြိုးစား​နေကြသည်​မဟုတ်​လား သူမကိုယ်​တိုင်​ကသာ ​စိတ်​​ကျေနပ်​​ဖို့​ကောင်း​သော အချစ်​တခု အ​မေနဲ့ ​အေးတူပူမျှ ​အေးချမ်း​သော အ​ခြေ​နေ​လေးမှာ နှစ်​သိမ့်​​နေမိသည်​ ​အခုလိုဖြစ်​​နေတဲ့အချိန်​မှာ သူမကို နားလည်​​ပေး​သော မိခင်​အား​ကျေးဇူးတင်​မိသည်​  ဒီလိုနားလည်​မှုမျိုးက ကံ​ကောင်းလွန်း​သော လူတချို့သာ ရတတ်​သည့်​ အခွင့်​အ​ရေးမျိုးဆိုတာ သူမနားလည်​ပါသည်
Philip အိမ်​​ထောင်​ပြုမယ်​ဆို​တော့ ဦးမျိုးနိုင်​ ဝမ်းသာ​နေမိသည်​လအထူးသဖြင့်​ သူငယ်​ချင်းရဲ့သားနဲ့ ဆို​တော့ သူအဖို့်​​ဝမ်းသာစရာ​တွေချည်းပါဘဲ တသက်​လုံး ပြင်​မရ​တော့ဘူးလို့ ထင်​ထားခဲ့တာ မန္တ​လေးမှာ ခပ်​ကြာကြာ​နေလိုက်​​တော့ စိတ်​​ပြောင်းသွားပုံရသည်
"Philip မမ ဝင်​ခဲ့မယ်​"
သန္တာမျိုးနိုင်​ အသံ​ပေးရင်း အခန်းတံခါးတွန်းဖွင့်​ကာ ဝင်​ခဲ့သည်
ကုတင်​​ပေါ်ထိုင်​ကာ ဖုန်းကိုင်​ထား​သော philipကို သန္တာ ပြုံးရင်း ကြည့်​​နေမိသည်
"Philip အခုလို ရုတ်​တရက်​ကြီး အိမ်​​ထောင်​ပြုချင်​တာ တစုံတ​ယောက်​ရဲ့ ပ​ယောဂများပါ​နေသလားလို့ပါ"
စိတ်​ပူစွာ ​မေး​နေ​သော အမဖြစ်​သူအား philip ပြုံးပြလိုက်​သည်
"ဘာပ​ယောဂမှ မပါပါဘူး မမရယ်​ တခါတ​လေကျ​တော့လည်း ထြသ်​သင့်​တယ်​ထင်​တာကို ဇွတ်​မှိတ်​ပြီးလုပ်​ကြည့်​သင့်​တယ်​ မဟုတ်​လား "
"အဲ့ဒီအတွက်​နဲ့ဘဲ အိမ်​​ထောင်​ပြုသွားတာလား မမ​တော့ ဘယ်​လိုမှ မယုံနိုင်​​သေးဘူး philip က tomboy စိတ်​မဟုတ်​လား အခုလို လာ​ပြော​တော့ မမ စိတ်​ပူမိတာအမှန်​ဘဲ ​ပြောစရာရှိရင်​ ပွင့်​ပွင့်​လင်းလင်း ​ပြောပါ "
"အခု​လော​လောဆယ်​​တော့ ဘာမှ တအားကြီးမ​တွေးချင်​ဘူး ကျွန်​​တော်​​ရွေးတဲ့လမ်းကလည်း လမ်းမှားမှမဟုတ်​တာ မမရဲ့​မေးခွန်း​တွေက တအားစိတ်​ရှူပ်​​ထွေးဖို့ ​ကောင်း​နေတယ်​ "
Philip စကားပိတ်​​ပြောရင်း ဖုန်းကိုင်​ပြီး ဂိမ်း​ဆော့ရန်​ပြင်​လိုက်​သည်
သန္တာမျိုးနိုင်​ စိတ်​ထဲမှာ မူမမှန်​မှုကို ခံစား​နေရသည်​ ​ဖေ​ဖေက​တော့ အရမ်းသ​ဘောကျ​နေသည်​မို့ သူမအ​နေဖြင့်​ ဒီမင်္ဂလာပွဲကို တား၍ရမည်​မဟုတ်​ဘူးဆိုတာ ​သေချာ​နေသည်
"Hey"
Phone screen ကြည့်​ပြီး​ငေး​နေ​သော ​မွှေး ကို john အသံ​ပေးလိုက်​သည်
"John"
"ဟင်​"
"Philip အိမ်​​ထောင်​ပြု​တော့မယ်​"
"ဆုအိမ့်​နဲ့လား ​ကျောင်းပြီးမှယူတာမဟုတ်​ဘူး ​လောတာဟာ "
မွှေး မျက်​နှာမသာမယာနဲ့ ​ခေါင်းယမ်းပြလိုက်​သည်
"မဟုတ်​ဘူးဟ သူ တခြားသူနဲ အိမ်​​ထောင်​ပြု​တော့မှာ"
မွှေး ဝမ်းပန်းတနည်း ​ပြော​နေ​သော်​လည်း johnပုံစံကဝမ်းနည်းပုံမ​ပေါက်​ပါ နင်​သတိရရင်​​တော့ တအားခံစားရ​တော့မှာ john 
မွှေးစကားလမ်း​ကြောင်းလွှဲပြီး သူမ​ကျောင်းက တလွှဲဖြစ်​ခဲ့ပုံ​တွေ​ပြောပြ​တော့ john တဟားဟားရယ်​​နေသည်
အပူအပန်​မဲ့စွာရယ်​​နေ​သော johnကိုကြည့်​ရင်း ​မွှေး ပြုံးလိုက်​မိသည်​ နင့်ဘာသာနင်​ ​ဆေး​တွေဘယ်​လိုထိုးထိုး ဘာ​တွေဘဲလုပ်​လုပ်​ နင်​ရယ်​တဲ့ပုံစံက အခုထိက​လေး​လေးလိုဘဲ john
ညက ​တော်​​တော်​နဲ့အိပ်​မ​ပျော်​​သော်​လည်း မနက်​သုံးနာရီ​ထိုး​တော့ ဆုအိမ့်​ပြန်​နိုးလာသည်​ ရင်​​တွေပူပြီး လမ်း​ပျောက်​​နေသလို ခံစားရသည်​ ဘာလို့ဒီလိုဖြစ်​သွားရတာလဲ ဘာ​ကြောင့်​လဲ ဘာ​ကြောင့်​များလဲ
ဘာ​ကြောင့်​လဲ
ဘာ​ကြောင့်​လဲ

အဖြူ​ရောင်​​မေတ္တာWhere stories live. Discover now