"သင်္ကြန် ပြီးမှ သွားလို့်မရဘူးလား"
"john ကို အမေကတော့ သဘက်ခါလောက်သွားစေချင်ပြီ john အပြင်သင်တန်းတွေလည်း တတ်ရင်း အပေါင်းအသင်းသစ်တွေနဲ့ နေရာသစ်တွေမှာ လိုက်လျောညီထွေ နေတတ်ဖို့ပါ အဓိက ကတော့ ခုလို ကလေးဆိုးကြီးလို ဖြစ်နေတဲ့ john ရဲ့ ပုံစံကိုပျောက်စေချင်ပြီ"
သူ့ကို အစစအရာရာ လိုက်လျောပံ့ပိုးပေးသော အမေ့ရဲ့စကားကို သူလိုက်နာရပါမည်
"အင်းပါ သဘက်ခါ သွားမယ်"
"john သူငယ်ချင်းတွေကို နှုတ်ဆက်သွားဦးလေ"
"ဟုတ် အမေ ညနေ ကျွန်တော်တို့ မွှေးအိမ်မှာ ဆုံကြမလို့ အဲ့တော့မှ ပြောလိုက်တော့မယ်"
ကျောင်းပိတ်ရက်များတွင်လည်း တယောက်မဟုတ် တယောက်အိမ်တွင် စု၍ သူတို့ ဆုံကြတာ ထုံးစံဖြစ်သည်
သူတို့ငါးယောက် မွှေးအိမ်မှာ အူနိုဆော့ကြသည်
"ငါ မန္တလေး ကို သဘက်ခါ သွားတော့မယ်"
john ရဲ့စကားအဆုံး ကျန်လေးယောက်လုံး ကြောင်သွားသည်
"အစောကြီး ရှိသေးတာကို"
ဆုအိမ့် စိတ်အလိုမကျစွာ ဝင်ပြောလိုက်သည်
"ဟုတ်တယ် ဟိုမှာ ကိုကိုကြီး အလုပ်တွေ ကူရင်းနဲ့ သွားနေရမှာ"
"မင်းသွားမယ်ဆိုတာ သိပေမယ့် သင်္ကြန် အပြီးလောက်မှ သွားမယ်ထင်တာ"
မင်းမင်းစကားကြောင့် john ခေါင်းငုံ့သွားသည်
"ငါလည်း အဲ့ဒီလိုဘဲထင်တာ ဒါပေမယ့် အမေက ငါ့ကို သွားစေချင်ပြီတဲ့"
john စကားအဆုံးမှာ philip john ကို လှမ်းဖက်လိုက်သည်
"john ဖုန်းမှန်မှန်ဆက်နော် ငါတို့ကို မေ့မသွားနဲ့ ကိုယ့်ကိုယ်ကို လည်း ဂရုစိုက် ဒီမှာလို ပေါက်ကရ မနေနဲ့"
philip ရဲ့စကားများကြောင့် john ဝမ်းနည်းလာရသည် သူ့အပေါ် အစစအရာရာ အနွံတာခံသည့် သူငယ်ချင်းတွေကိုခွဲပြီး ကျောင်းတတ်ရမှာ သူ့အတွက်တော့ အလွန်ခက်ခဲသည့် ကိစ္စပါ
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်