"မွှေး ငါ မန္တလေးပြန်တော့မယ်"
မနက်စောစောစီးစီး လာပြောတဲ့ john စကားကြောင့် မွှေး အံ့သြသွားသည်
"ဟုတ်တယ် မွှေး ငါတညလုံးစဉ်းစားပြီးပြီမွှေး ငါ နင်တို့နဲ့ အတူနေချင်ပါတယ် အတူလည်း အချိန်ဖြုန်းချင်ပါတယ် ဒါပေမယ့် ငါ ဆုအိမ့်အပေါ် မရိုးသားတဲ့စိတ်ကြီးရှိနေတာကို အဲ့ဒီလို နီးနီးကပ်ကပ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး philip ကိုရော ဆုအိမ့်ကိုပါ အားနာတယ်"
"ဘာကို အားနာတာလဲ john ဆုအိမ့်ကို ချစ်မိလို့ အားနာတာလား"
"သူ့အပေါ် မရိုးသားစိတ်ရှိနေတာကို ဆုအိမ့်မသိဘူးလေဟာ အဲ့ဒါကို ငါ့ဘက်က မသိချင်ယောင်ဆောင်ပြီး သူ့အနားမှာ မနေသင့်ဘူး ငါ့စိတ်တွေ ဖြူစင်လာမှဘဲ ငါ သူ့မျက်နှာကိုရော philip မျက်နှာကိုပါ စေ့စေ့ကြည့်ရဲတော့မယ် ထင်တယ်"
"john နင်သူ့ကို ချစ်မိတာ နင့်မှာအပြစ်မရှိပါဘူး philip ချစ်သူဖြစ်မလာခင်ကတည်းက နင် သူ့ကို ချစ်ခဲ့တာဘဲ အဲ့ဒါကို အပြစ်တခုလို ဘာလို့ ခံစားနေတာလဲ ပြီးတော့ သူ့အပေါ်ထားတဲ့ နင့်စိတ်တွေ ပြန်ရုတ်သိမ်းဖို့ကြိုးစားနေတာဘဲ နင် ဒီလိုကြီး ထွက်ပြေးဖို့လိုလို့လားjohn နင် သူတို့နဲ့ ဝေးရာကို ထွက်ပြေးလို့ရတယ် ဒါပေမယ့် နင့်စိတ်နဲ့ဝေးရာကို နင်ထွက်ပြေးနိုင်လို့လား နင်ဘဲ ယောက်ျားစိတ်ရှိလို့ tomboy လုပ်နေတာဆို ဘာလို့ ရှောင်ပြေးဖို့ကြိုးစားနေတာလဲ နင် ရင်ဆိုင်လေ"
"မွှေး နင်က ငါ သူတို့အတွဲကြည်နူးနေတာကို ထိုင်ကြည့်ခိုင်းတာလား သူတို့ငါ့မျက်စိရှေ့မှာ ချစ်နေကြတာကိုကြည့်ပြီး ငါရင့်ကွဲတာမျိုး ဖြစ်စေချင်တာလားမွှေး အဲ့ဒါက တရားရဲ့လားမွှေး"
မွှေး စကားတွေကို john နာကျင်စွာ တုံ့ပြန်နေမိသည်
"အဲ့ဒါတရားလားဆိုတော့ john ငါမေးမယ် နင် တသက်လုံး သူတို့နားက ထွက်ပြေးနေမှာလား နင်သတ္တိမရှိလို့ နင်ကြောက်ခဲ့လို့ နင် ဆုအိမ့်နဲ့ လွဲခဲ့ရတာလေ ခုအဖြေက နင့်အတွက် မတရားဘူးဆိုပေမယ့် နင် ဒီလိုထွက်ပြေးနေရင် သူငယ်ချင်းတွေကိုပါ ဆုံးရှူံးရလိမ့်မယ် john နင့်ရဲ့ ချစ်တဲ့သူရော သူငယ်ချင်းတွေကိုပါ အဆုံးရှူံး ခံမလို့လား နင့်ဘဝမှာ နင်နောက်ထပ်ချစ်ရမယ့် မိန်းကလေး ထပ်တွေ့မှာပါ ဒါပေမယ့် ဒီလိုငယ်သူငယ်ချင်းတွေကိုတော့ နင် ထပ်ရမှာမဟုတ်တော့ဘူး"
မွှေးစကားများကြောင့် john ခေါင်းငိုက်စိုက်ကျသွားသည်
"အဲ့ဒါဆို ငါ ဘာလုပ်သင့်လဲ မွှေး"
"နင် ရှောင်မပြေးနဲ့တော့ အရှိတိုင်းကို လက်ခံပြီး သူတို့ချစ်တာကို အားပေးရင်း နင့်နာကျင်မှုတွေကို နင့်ရင်ထဲက အချစ်တွေကိုပျောက်စေတဲ့ အရာအဖြစ် အသုံးချပေါ့ ငါရယ် မင်းမင်းရယ်က အမှတ်မှီခဲ့ကြရင် နင်တို့နဲ့ အမြဲတွေ့ရတော့မှာ မဟုတ်ဘူး ငါလည်း ပညာရေးတက္ကသိုလ်မှာ နေရသလို မင်းမင်းလည်း စစ်တက္ကသိုလ်မှာ နေရတော့မှာ ငါတို့တွေ ဒီအချိန်လေးမှာ တော့ အတူရှိချင်လို့ပါ john နင် သူငယ်ချင်းတွေကို ချစ်တတ်တာ အနစ်နာခံတတ်တာ ငါသိပါတယ် ဒီအချိန်ထိ အဲ့ဒီလိုနေလာပြီးမှ အချစ်ဆိုတာကြောင့် နင့်ရဲ့ဘဝတလျှောက် ခင်လာတဲ့ သူငယ်ချင်းတွေနားက ရှောင်ပြေးမလို့လား တန်ရဲ့လား john"
မွှေး သူငယ်ချင်းတွေကို ချစ်သောစိတ်နဲ့ ပြောသောစကားများကို john နားလည်နိုင်ပါတယ်
"နင်ပြောတာ မှန်ပါတယ်မွှေး ငါ လက်ခံပါတယ် ငါ အပြစ်လို့ထင်ခဲ့တဲ့ အရာအတွက်လည်း နောင်တချိန် အခွင့်အခါသင့်ရင် ပြန်ပေးဆပ်မှာပါ မွှေး အမြဲတမ်း ငါ့ကို ပြောပြပေးလို့ ကျေးဇူးပါ နင်က အမြဲတမ်း ငါ့ကို နေရာမှန်ရောက်အောင် လမ်းညွှန်ပေးနိုင်တယ် ဒါပေမယ့် တခါတလေကျရင်လည်း ဆရာမကြီး သိပ်လုပ်လို့ နင့်ကို အမြင်ကတ်တယ်"
John စကားကြောင့် မွှေး john ကျောပြင်ကို လှမ်းရိုက်ချလိုက်သည်
"အမ်မာ နင်က ငါ့ကိုရိုက်တယ်ပေါ့ လာစမ်းပါ"
john အော်ရင်းနဲ့ မွှေး နားသွားပြီး ကလိထိုးလိုက်သည် တွန့်လိမ်နေသော မွှေးကိုကြည့်ရင်း john တဟားဟား ရယ်နေမိသည်
"ဟာ ကြည့်စမ်း နှစ်ယောက်သား ဆော့နေတာ ကလေးကုလားနဲ့"
မင်းမင်း ပြောရင်း ဝင်လာပြီး john ကိုမသိမသာ မျက်စပစ်ပြလိုက်သည်
john လည်း မွှေးကိုချုပ်ထားရာ မင်းမင်းကပါ ကလိထိုးတော့သည်
"အယုတ်တမာနှစ်ကောင် အား အမေရေ အမေရေ ကယ်ပါဦး"
နှစ်ယောက်သားရယ်ရင်းနဲ့ လွှတ်ပေးလိုက်သည်
"sorry ပါမွှေးရယ် နင့်ပုံစံက အရမ်းစချင်စရာ ကောင်းနေလို့ပါ"
မင်းမင်း ပြောရင်းနဲ့ ခုံမှာ ဝင်ထိုင်လိုက်သည်
"john မင်းအိမ်ရောက်ခဲ့သေးတယ် မွှေး ဆီသွားတယ်ဆိုလို့ ငါလိုက်လာတာ"
မင်းမင်းစကားကြောင်း မွှေးရော johnပါ မင်းမင်းကို လှမ်းကြည့်လိုက်သည်
"မင်းက ငါ့အိမ်ထိလာရှာတယ်ဆိုတော့ ဘာကိစ္စရှိလို့လဲ ထူးထူးဆန်းဆန်းတွေ"
"မထူးဆန်းပါဘူး johnရာ ကိုယ့်သူငယ်ချင်းဆီကိုယ်လာတာ အထူးအဆန်းလုပ်နေတာ"
"အေးပါ တခုခုတော့ ပြောစရာရှိလို့မလား ပြော"
"ဒီလိုကွာ ညကျရင် ငါ မှူးတို့အိမ်ရှေ့ ဂစ်တာသွားတီးမလို့ မင်းလိုက်ခဲ့ပေး"
မင်းမင်းစကားကြောင့် john ရယ်လိုက်သည်
"အိမ်ကိုခွင့်တောင်းပြီး ငါလိုက်ခဲ့ပါ့မယ် သိပ်နောက်မကျဘူးမလား"
"နောက်မကျပါဘူး ငါ ညနေစာစားပြီး မင်းအိမ်လာခဲဘမယ်လေ မှောင်ရင်သွားမယ် သီချင်းလေးပုဒ်လောက်ဆိုပြီးပြန်မယ်"
"အေးပါ မင်းဆော်က ဘာကျွေးမလဲတဲ့"
"သူမသိဘူးကွ supriseလေ ဘယ်လောက်ro လဲ ခုခေတ်ထဲမှာ ကိုယ့်ဆော်အိမ်ရှေ့ ဂစ်တာသွားတီးရမှာ"
မိုင်ပိုနေသော မင်းမင်းကိုကြည့်ရင်း john နဲ့မွှေး ခေါင်းယမ်းလိုက်သည်
"ဘာသီချင်းတီးမလဲ ငါ လက်ကွက်တွေ ပြန်ကြည့်ဦးမယ်"
"လုပ်မနေပါနဲ့ john ရယ် ဂစ်တာတီးတာလောက်က မင်းအတွက် စာဖွဲ့စရာ မလိုပါဘူး"
"အဲ့ဒါဆို ဟိုသီချင်းသွားဆိုမယ်လေ"
John စိတ်ပါလက်ပါ အကြံပေးနေသောကြောင့် မင်းမင်း စိတ်ဝင်စားသွားသည်
"ဘာသီချင်းလဲ john"
"သာဒီးလူရဲ့ ပြည့်တန်ဆာလေ"
John ပြောရင်းက အိမ်အပြင်ဘက် ထွက်ပြေးသွားသည်"
"ဟာ ခွေးကောင်"
မင်းမင်း စိတ်မကျေမလည်နဲ့ ဆဲရင်း အိမ်ထဲမှာကျန်ခဲ့သည်
"မင်းမင်းကလည်း ဆဲတာ"
"မွှေး နင်လည်းကြားတာဘဲ အဲ့ဒီကောင် ဘယ်လိုပြောသွားလဲ"
မင်းမင်းစကားကို မွှေး ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်
"အေးဟာ john ကလည်း အောင်ထက်ရဲ့ သဘာဝနဲ့တွေ့ဆုံခြင်းဆိုတော်သေးတယ်"
မွှေး ပြောရင်းက စိတ်မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်
"ဟာ နင်တို့ကလည်း ငါ့ရည်းစားကို အဲ့ဒီထဲက မထွက်အောင် ပြောဆိုနေလိုက်ကြတာ"
မင်းမင်း စူပုပ်ပုပ်နဲ့ ပြောလိုက်သည်
"စိတ်မဆိုးပါနဲ့ ဗိုလ်ကြီးရယ် အိမ်မှာ နင့်အကြိုက် ကြက်သားကာလသားချက် ချက်တယ်ဟ"
စူပုပ်နေသော မင်းမင်းမျက်နှာမှာ ချက်ချင်းဝင်းပသွားသည်
"ဟာ ဒီနေ့ နင့်အိမ်မှာ ငါထမင်းစားမယ်နော် မွှေး"
"အေးပါဟာ နင်မလာလည်း ငါ ဖုန်းဆက်မလို့ပါဘဲ နင်က တိုက်တိုက်ဆိုင်ဆိုင် ရောက်ချလာတာ"
"အေး ငါ philip အိမ်သွားဦးမယ် philip ကို သွားခေါ်ရဦးမယ် သူငယ်ချင်းသုံးယောက်ဆို ပိုပျော်စရာကောင်းမယ်"
ပြောရင်း အိမ်အပြင်ဘက်ထွက်သွားသော သူငယ်ချင်းကိုကြည့်ပြီး ပြုံးနေမိသည် မိသားစု ပြီးရင် အခင်တွယ်ရဆုံးသော သူများဖြစ်သည်
"Philip ရေ"
မင်းမင်းအော်သံကြောင့် philip အခန်းထဲကနေ အောက်ထပ်ဆင်းလာခဲ့သည်
"အေး မင်းမင်း ပြော"
ဧည့်ခန်းထဲ အကျအန ထိုင်နေသော မင်းမင်းကို philip ဝင်မေးလိုက်သည်
"ညကျ မှူးတို့အိမ်ရှေ့ ဂစ်တာသွားတီးမလို့ လိုက်ခဲ့ပါလား john ရယ် ငါရယ် မင်းရယ် သုံးယောက်သွားကြမယ်လေ ဂစ်တာတီးပြီး သီချင်းသွားဆိုကြမယ် လူပျိုအလုပ်လုပ်ရအောင် ပျော်စရာကြီး နေမှာ"
မင်းမင်းရဲ့စကားကြောင့် philip စိတ်တို့တက်ကြွသွားသည်
"လိုက်မှာပေါ့ကွ ငါ့မှာ မင်းတို့နဲ့အတူ အဲ့ဒီလိုနေချင်တာ "
philip တွေးကြည့်ပြီး ပျော်လာရသည် သူငယ်ချင်းသုံးယောက် ပထမဆုံး အတွေ့အကြုံသစ်မဟုတ်လား
"ငါတော့ ဂစ်တာ မတီးတတ်ဘူးနော်"
"အေးပါ သိပါတယ် ဆိုဘဲဆိုပေါ့ဟ"
"Ok ညတွေ့မယ် ခုတော့ ချစ်သူလေးဆီသွားဦးမယ်"
"ငါလည်း လိုက်မယ် "
"ဟာ ဘာလိုက်ရှူပ်မလဲ နေခဲ့"
မင်းမင်း philip ကို စချင်သောကြောင့် ဆုအိမ့်အိမ်ဘက်ကို အတင်းလိုက်ခဲ့သည်
"ဆု ရေ ဆု"
ခြံစည်းရိုး ကနေအော်ခေါ်နေသော philip ကို မင်းမင်းရှူံ့မဲ့ပြလိုက်သည်
"ဆု ဘာဆုလဲ သွေးစုနာလား"
မင်းမင်း ပြောပြီး ပြေးတော့သည်
"ဟာ "
Philip အော်ရင်း ပြေးထွက်သွားသော မင်းမင်းရဲ့ကျောပြင်ကို ဖိနပ်နဲ့ လှမ်းပေါက်သည်
ဖိနပ်ပျံက မင်းမင်းရဲ့ကျောပြင်ဆီ တည့်တည့်ဝင်သွားသည်
"ဟာ တကယ်ပေါက်တယ် "
မင်းမင်း ကျောပွတ်ပြီး ဖိနပ်နဲ့ philip ကိုပြန်ထုသည်
ကံဆိုးချင်တော့ ဖိနပ်က philip ဆီမရောက်ခင်မှာဘဲ ခြံပြင်ထွက်လာသော ဆုအိမ့်ရဲ့ တင်ပါးကိုမှန်သည်
"ဟာ သွားပြီ"
မင်းမင်းအော်ပြီး သူ့အိမ်ဘက် အားသွန်ခွန်စိုက် ပြေးတော့သည်
"ဆု နာသွားလား မှန်း"
Philip ပြောရင်း ထိသွားသော နေရာကို ဥုံဖွလုပ်ပေးရန် ပြင်လိုက်သည်
"အား မထိနဲ့လေ ဘာမှမဖြစ်ဘူး ဖိနပ်ပြန်စီး"
ဆုအိမ့် အလန့်တကြားတားပြီး ဖိနပ်ပြန်စီးခိုင်းလိုက်သည်
"အင်းပါ ကို က စိုးရိမ်လို့"
"မစိုးရိမ်နဲ့ အဲ့ဒီကောင် မင်းမင်း တွေ့တာနဲ့ အသေဘဲ"
ဆုအိမ့် အားရပါးရ ကြိမ်းဝါးသံကြောင့် philip ပင်မဆီမဆိုင် ကျောချမ်းမိသည်
"ဖေဖေ မေမေ "
ပွဲရုံကအပြန် စာရင်းထိုင်ပေါင်းနေကြသော မိဘတွေအခန်းထဲ john ဝင်လာခဲ့သည်
"ပြော john လေး"
စာရင်းကြည့်ရင်းက ဒေါ်မြင့်မိုရ် လှမ်းမေးလိုက်သည်
"မေမေ ညကျရင် မင်းမင်းနဲ့ သူ့ကောင်မလေးအိမ်ရှေ့ ဂစ်တာသွားတီးဦးမယ်"
ဖေဖေတို့ကုတင်ပေါ် တက်လှဲရင်း john ပြောလိုက်သည်
"မင်းမင်းကောင်မလေးလား john ရဲ့ကောင်မလေးလား"
ဦးမြတ်စိုး john အား မေးလိုက်သည်
"ဖေဖေကလည်း မင်းမင်းကောင်မလေးပါ john မှာ ကောင်မလေး မရှိသေးဘူး"
"ဟုတ်ပါပြီ ပြောပြီးသားဆိုပေမယ့် ထပ်ပြောမယ်နော် john ဘွဲ့မရမချင်း အဲ့ဒီကိစ္စတွေ မကြားချင်ဘူး"
"ဖေဖေကလည်း ရည်းစားထားတာ အဲ့ဒီလို အချိန်သတ်မှတ်လို့ရလား ရင်ခုန်တဲ့သူတွေ့ရင် ထားကြတာဘဲ မဟုတ်ဘူးလား"
john စကားကြောင့် ဦးမြတ်စိုး နဲ့ ဒေါ်မြင့်မိုရ် တယောက်ကို တယောက်ကြည့်ပြီး မျက်လုံးပြူးမိသည်
"အေးပါ ဖေဖေက john ကို လူငယ်ပီပီ လွတ်လွတ်လနေပ်ေလပ် နေစေချင်သေးတာပါ ဖေဖေတို့ ရှာသမျှကလည်း john တို့အတွက်ဘဲလေ john ခရီးတွေထွက် အေးဆေးပေါ့ပေါ့ပါးပါး နေကြည့်ဦး"
ဦးမြတ်စိုး john နားသွားပြီး ချော့ပြောနေလိုက်သည်
"ည သွားမယ်နော် ဖေဖေ "
"john နောက်မကျရဘူး ဂစ်တာတီးပြီး တန်းပြန်လာမယ်ဆို ရင် လွှတ်မယ်"
"ဟုတ် တန်းပြန်လာမှာ"
john သေချာ ကတိပေးလိုက်သည်
"အဲ့ဒါပြီး ရဲဆေးတင်မှာတွေ ဘာတွေ မလုပ်ရဘူး အရက်မသောက်ရဘူး"
"ဟာ ဖေဖေကလည်း မသောက်ပါဘူး john သောက်ချင်ရင် ကိုကိုလေးနဲ့ သောက်မှာပေါ့ ခုက john က သူငယ်ချင်းတွေနဲ့ လူပျိုလှည့်ဖူးချင်လို့ပါ"
"အေးပါ ဖေဖေ နားလည်တယ် လိုက်သွား john ပြောတာတွေ မမေ့ရဘူးနော် ဖေဖေ့စကားနားမထောင်ရင်"
ဦးမြတ်စိုး လက်သီးထောင်ပြတော့ john က ပါးနှစ်ဖက်ကို လက်ဖဝါးနဲ့အုပ်ပြီး လန့်ပြလိုက်ရာ သားမိသားဖတတွေ ရယ်ကြသည်
"ဟာ ဘာတွေ ရယ်နေကြတာလဲ"
မေးရင်းနဲ့ အခန်းထဲ ဝင်လာသော ကိုကိုလေးကို john လက်နှစ်ဖက်ဆန့်တန်းပြီး ကြိုလိုက်သည်
"john က ညကျရင် မင်းမင်းကောင်မလေးအိမ် လူပျိုသွားလှည့်မလို့တဲ့"
"ဟုတ်လား John "
ကိုကိုလေး အမေးကို john ခေါင်းညိတ်ပြီး ကော်လံထောင်ပြလိုက်သည် သူ့ကိုယ်သူ လူကြီးစတိုင်ဖမ်းနေသော john ကိုကြည့်ရင်း ကျန်မိသားစုသုံးယောက် ရယ်ချလိုက်သည်
"john"
ကိုကိုလေးကို john လက်ကာပြလိုက်သည်
"ဖေဖေ မှာပြီးပြီ ညကျ ဂစ်တာတီးပြီးတာနဲ့ ပြန်လာရမယ် အရက်မသောက်ရဘူး ရပြီမလား"
"Ok bro"
"Ok"
ပြန်အော်ရင်း john အခန်းထဲက ထွက်ခဲ့သည်
"အကိုရယ် သားရယ်က john လေးကို အရမ်းအလိုလိုက်နေသလိုဘဲနော် ပြီးမှ ထိန်းမနိုင်ဖြစ်နေမယ်နော်"
ဒေါ်မြင့်မိုရ် သားအဖနှစ်ယောက်အား လှမ်းပြောလိုက်သည်
"ထိန်းမနိုင် ဖြစ်မစိုးလို့ပေါ့ မေမေရဲ့ john ရဲ့ဗီဇပါနေပြီးသားကို သားတို့က အတင်းပုံသွင်းရင်တော့ john နဲ့ ပိုဝေးကွာသွားရုံဘဲ ရှိမယ် အဲ့ဒီလို ဖြစ်သွားမှာထက်စာရင် နောက်ကနေ လမ်းကြောင်းပြပြီး မမှားသင့်တာ မမှားရအောင်ထိန်းသိမ်းပေးတာ ပိုမကောင်းဘူးလား"
"ဟုတ်တယ်မေရဲ့သားပြောတာ မှန်တယ် john အနေမဲ့ သူဘာဘဲ ဖြစ်ချင်ဖြစ်ချင် ဘာဘဲလုပ်ချင်လုပ်ချင် အကိုတို့ကို တိုင်ပင်ရဲရမယ် အကိုတို့ကလည်း ဖြစ်သင့်တာမှန်သမျှကို ခွင့်ပြုပေးတယ်ဆိုတာ သူ့စိတ်ထဲမှာ စွဲနေစေချင်တာ အဲ့ဒါမှ တယောက်တည်း ကြိတ်လုပ်ပြီး လမ်းမှားရောက်တာတွေ မဖြစ်မှာ လူ့ဘဝရှင်သန်ရတုန်းလေးမှာ တသက်လုံး စိတ်ညစ်နေရမယ့် အမှားတွေ မဖြစ်စေချင်ဘူး "
"အင်းပါ အကိုနဲ့သား ပြောတာ မေ သဘောပေါက်ပါတယ် မေ့အနေနဲ့လည်း johnလေးကို သိမ်သိမ်ငယ်ငယ်နဲ့ မရှင်သန်စေချင်ပါဘူး"
ဒေါ်မြင့်မိုရ် စကားအဆုံးမှာ သားမိသားဖသုံးယောက် တယောက်ကိုတယောက် ပြုံးပြီး ကြည့်မိကြသည်
မိမိတို့ မိသားစုဝင်ထဲမှာ လူအများက သဘာဝကို လွန်ဆန်နေသော လူတန်းစားဟု သတ်မှတ်ထားသော tomboy လေးတယောက်ပါလာသော်လည်း စိတ်အားငယ်မှူမရှိအောင် သူ့အခြေအနေကို အခွင့်အရေးယူတတ်သော လူမျိုးများနဲ့ မဆုံ့မိစေရန် သူတို့ထိန်းသင့်တာထိန်းမည် ပြောပြသင့်တာ ပြောမည် သူ့ရဲ့ ဘဝကို နားလည်လက်ခံပေးပြီး လူဖြစ်ရတာဝဋ်ကြွေးဘဲလို့ မသတ်မှတ်ဘဲ လူဖြစ်ရကျိုးနပ်သော ဘဝမျိုးမှာဘဲ ရှင်သန်စေချင်ပါသည်
أنت تقرأ
အဖြူရောင်မေတ္တာ
عاطفيةနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်