ခြေလှမ်းမှန်အောင် ထိန်းလျှောက်ရင်းက philip အကြိမ်ကြိမ် တောက်ခေါက်နေမိသည် စိတ်ထဲမှာ သူ အကြီးအကျယ် ပေါက်ကွဲမှုတွေကို ခံစားနေရသည် ညနေက ပြင်ဦးလွင် ရောက်ရောက်ချင်း သူ ရေမိုးချိုး ထမင်းစားပြီး စာ ခဏဖတ်နေခဲ့သည် ပြီးမှ ဖေဖေတို့ မသိအောင် သူ အသာခိုးထွက်ကာ ဆု ရဲ့အိမ်ဘက် လမ်းလျှောက်လာခဲ့သည် မမျှော်လင့်ဘဲ ရောက်လာသော သူ့ကိုတွေ့လျှင် ချစ်သူ ဘယ်လောက်တောင် ပျော်သွားမည်နည်း ကိုယ့်အတွေးနဲ့ကိုယ် တက်ကြွသော ခြေလှမ်းများနဲ့ လျှောက်လာရင်းက မင်းမင်းတို့ အိမ်ရှေ့အရောက် စကားပြောနေသော john နဲ့ မင်းမင်း ကို တွေ့လိုက်သည် သူ ခဏဝင်ပြီး သူငယ်ချင်း နှစ်ယောက်နဲ့ ဝင်တွေ့ဖို့ ဆုံးဖြတ်လိုက်သည် ခြံရှေ့က စိန်ပန်းပင်အောက်အရောက် ကြားလိုက်ရသော စကားများကြောင့် philip ခြေလှမ်းများတန့်သွားသည် သူ ခဏ နားထောင်ပြီး လှည့်ထွက်ကာ ဆု ရဲ့ အိမ်ကိုပင် မသွားတော့ဘဲ သူ အိမ်ပြန်လာခဲ့သည်
သူ အခန်းထဲမှာ ဆောက်တည်ရာမရ လမ်းလျှောက်ရင်းက အံကြိတ်ထားမိသည် အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး ငါ့ချစ်သူကို မင်း မှန်းရက်တယ် john ကားတင်ပြေးလို့ ပြောတဲ့သူက ပြောတယ် ပြေးမယ်လို့ ပြောတဲ့သူက ပြောတယ် ငါ့အပေါ် ရက်စက်လိုက်ကြတာ ငါကရော မ်းတို့အတွက် ဘယ်လိုအဓိပ္ပါယ်မှ မရှိဘူးလား philip စိတ်ထဲမှာ စုပုံလာသော ဒေါသပမာဏကို နံရံကို အကြိမ်ကြိမ် ထိုးရင်း စိတ်ဖြေနေမိသည်
>>John မနက်ဖြန်မနက်စာစားပြီးရင် ငါ့အိမ်ကို လာခေါ် မင်းနဲ့ သွားစရာရှိတယ်<<
John ဆီကို smsပို့ပြီးတာနဲ့ သူ ဖုန်းကို power off လိုက်သည် သူ ဘယ်သူနဲ့မှ စကားပြောချင်စိတ်မရှိတော့ပါ သူ့ဖုန်းလေးကတော့ သွေးအလူးလူးနဲ့ အိပ်ယာပေါ်မှာ ငြိမ်သက်စွာ အနားယူနေသည်
"တီ တီ"
sms ဝင်လာသံကြောင့် john ဖုန်းကိုကြည့်လိုက်တော့ Philip ရဲ့ sms ကိုတွေ့လိုက်ရသည် အဲ့ဒါဆို philip က မေမြို့ပြန်ရောက်နေတာပေါ့ ဆုအိမ့် အိမ်ကို မသွားမိတာ ကံကောင်းသွားတယ် နို့မို့ သူများအတွဲကြားထဲ ကန့်လန့် ကန့်လန့် ဖြစ်နေဦးမယ်
>>ok see you friend<<
Philip ဆီ sms ပြန်ပို့ပြီး john မွှေးကို ဘယ်လိုတောင်းပန်ရမလဲ စဉ်းစားနေမိသည်
ဆုအိမ့်စိတ်ထဲမှာ မငြိမ်မသက် ဖြစ်လာပြီး philip ကို တအားစိတ်ပူလာသည် philip က ညတိုင်း ဖုန်းဆက်နေကြပါ ဘယ်တော့မှ ပျက်ကွက်ဖူးတဲ့သူ မဟုတ်ပါ ဒီနေ့ညတော့ ဖုန်းစောင့်ရင်းက ဖုန်းမလာနိုင်သည်နှင့် သူမ philip ဖုန်းကို ခေါ်လိုက်တော့လည်း စက်ပိတ်ထားသည် ဘာတွေများ ဖြစ်နေတာလဲ philip ရယ် အမြဲတမ်း ဂရုစိုက်တတ်သူက အကြောင်းမရှိဘဲ ဒီလို ဖုန်းမဆက်ဘဲ နေမည်မဟုတ်ပါ အဝေးမှာနေတော့လည်း ဘာမှ လုပ်လို့မရနဲ့ ဆုအိမ့်စိတ်တွေ ပူလောင်လာရသည်
ဆုအိမ့်စိတ်ထဲ ဆောက်တည်မရတာကြောင့် john ကို ဖုန်းခေါ်လိုက်သည်
"Hello "
"John ဘာလို့ ငါ့ဆီ မလာတာလဲ ငါ နင့်ကို သေချာမှာထားရက်နဲ့ ငါ ညနေကတည်းက မျှော်နေတာ"
ဆုအိမ့်စကားကြောင့် john ဇဝေဇဝါ ဖြစ်သွားသည် အဲ့ဒါ ဆို philip မေမြို့ ပြန်ရောက်နေတာ ဆုအိမ့် မသိသေးဘူးပေါ့ သူတို့နှစ်ယောက်မတွေ့ရသေးဘူးပေါ့ philip က မေမြို့ ပြန်ရောက်ရောက်ချင်း ဆုအိမ့်ကို သွားတွေ့သင့်တာ မဟုတ်ဘူးလား
"John"
ဆုအိမ့်ရဲ့ စိတ်မရှည်တဲ့ အသံကြောင့် john သတိပြန်ဝင်သွားသည်
"ဟမ် အော် ငါလာတယ်ဟ နင့်အိမ်လာတဲ့လမ်းမှာ မင်းမင်းနဲ့တွေ့လို့ သူ့အိမ်ပါသွားတာ"
"ဖြစ်ရမယ် john နင်ကလည်း တောင်ဆို မြောက်ရောက်က်"
"နင် အဲ့ဒါပြောဖို့လား ငါ မနက်ဖြန်လာခဲ့မယ်လေ"
"Philip ဘာဖြစ်နေလဲ မသိဘူး ဖုန်းစက်ပိတ်ထားတယ်ဟ နေ့တိုင်း ဖုန်းနေကျကို ဒီနေ့ညမှ ဘာဖြစ်တာလဲ မသိဘူး ငါစိတ်ပူလာပြီ john"
ဆုအိမ့်စကားကြောင့် john ခေါင်းရှူပ်သွားသည် philip ဘယ်လိုပြဿနာတွေ ရင်ဆိုင်နေရလဲ ခဏကတောင် sms ပို့လာသေးတာကို ဘာကြောင့် ဆုအိမ့်ကို အဆက်အသွယ် မလုပ်တာလဲ စဉ်းစားလို့မရပါ
"John ငါပြောတာကြားလား"
"အော် အေး ငါကြားပါတယ် philip ဘာမှ မဖြစ်လောက်ပါဘူး သူ အဆင်ပြေမှာပါ"
"သေချာလို့လား john"
"သေချာပါတယ်ဟ ခဏကတောင် သူ နဲ့ စကားပြောဖြစ်သေးတယ် နေသိပ်မကောင်းဘူးလို့ ပြောတယ် သူ နားချင်လို့နေမှာပါ မနက်ဖြန်တော့ နင့်ကို သေချာပေါက် ဖုန်းဆက်မှာပါ "
John မုသားမပါ လင်္ကာမချော လိမ်လိုက်သည်
"ဟုတ်လား မနက်ဖြန် အဆက်အသွယ် မရရင်ရော"
"ရစေရမယ် စိတ်ချပါ"
"ကတိနော် john "
"ကတိပါ နင်သိတယ်မလား ငါဘယ်တော့မှ ကတိမဖျက်တတ်တာကို"
"သိပါတယ် ငါ စိတ်ပူလို့ပါ"
"စိတ်ပူမနေနဲ့တော့ စိတ်ချလက်ချအိပ်လိုက်တော့"
"အေးပါ john မနက်ဖြန် တွေ့မယ်"
"အင်းပါ ဆုအိမ့် နင် philip ကို တအားချစ်တာဘဲနော်"
"ချစ်တာပေါ့ဟ philip က ငါ့အချစ်ဦးလေ"
ဆုအိမ့်စကားကြောင့် john ပြုံးမိသည် အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ရဲ့ ပေါင်းဖက်မှုကို သူကျေနပ်ပါသည်
"နင်တို့နှစ်ယောက်က တယောက်နဲ့တယောက် တအားချစ်တတ်တာဘဲ အမြန်ဆုံး လက်တွဲနိုင်ပါစေဟာ"
"တော်ပါ john ရယ် ငါက ငါ့အမေကို လုပ်ကျွေးဦးမှာဟ"
"ဟုတ်ပါပြီ အိပ်တော့လေ"
"Ok အိပ်တော့မယ် goodnight john"
"Goodnight"
ဖုန်းချပြီးနောက် john သက်ပြင်းခပ်ဖွဖွ ချမိသည် တခုခု မူမမှန်မှုကို သူ့စိတ်ထဲမှာ ခံစားနေရသည် ဘာဘဲဖြစ်ဖြစ် စောစောအိပ်ပြီး မနက်ဖြန်မနက်စောစော philip အိမ်သွားရမည် ဘာမှ ရေရေရာရာ မသိရဘဲ ခန့်မှန်းမနေချင်တော့ပါ
Philip လက်ကြားထဲက အငွေ့တလူလူထွက်နေသော ဆေးလိပ်တိုကို ကြည့်နေမိသည် သူငယ်ချင်းတွေကို အရမ်းချစ်ခဲ့တာ အရမ်းယုံကြည်ခဲ့တာအခုတော့ သူ့ရင်ဘတ်ကြီး ကြေမွနေသလိုပါဘဲ အကုန်လုံးကို ဆွဲစုတ်ပစ်ချင်နေသည် အချစ်ကြီးလို့ အမျက်ကြီးတာလား
John နောက်ကျမှအိပ်ပျော်သွားသော်လည် မနက်စောစောစီးစီး နိုးလာသည် မနက်စာစား ရေချိုးပြီး အပြင်သွားဖို့ ပြင်လိုက်သည် အပြန် မွှေးဆီ ဝင်ပြီး စာအုပ်ဝင်ပေးရမည်
"John လေးလည်း အိမ်ပြန်လာတာ သူငယ်ချင်းတွေနဲ့ တွေ့ဖို့သက်သက်ဘဲ ထင်တယ်"
ဆိုင်ကယ်ထုတ်နေသော သူ့ကို မေမေက လှမ်းပြောလိုက်သည်
"မဟုတ်ပါဘူး မေမေကလည်း သူတို့နဲ့က ကျွန်တော်ပြန်လာမှ တွေ့ရတာလေ မေမေတို့နဲ့က မန္တလေးလာတိုင်း တွေ့နေရတာကို"
"ဟုတ်ပါပြီ john နေ့လည်စာအမှီ ပြန်လာနော် မေမေကိုယ်တိုင် john ကြိုက်တဲ့ဟင်းတွေ ချက်ထားတာ"
"ဟုတ် မေမေ စိတ်ချပါ "
သူ ပြန်ပြောရင်းက ဆိုင်ကယ်ပေါ်တက်ခွရင်း philip အိမ်ဘက်မောင်းလာခဲ့သည်
"Philip ရှိလား ဦး"
အပြင်သွားရန် ပြင်နေသော philip အဖေကို တွေ့သည်နှင့် သူမေးလိုက်သည်
"အော် john ရော မေမြို့ပြန်ရောက်နေတာလား philip ကတော့ အခန်းထဲက မထွက်လာသေးဘူး သူ့အမက မနက်အစောကတည်းက ဆွမ်းကပ်သွားတယ် ဦးလည်း အပြင်မှာ ချိန်းထားတဲ့ ကိစ္စလေးရှိလို့ သူ့ကို မစောင့်တော့တာ john သွားခေါ်လိုက်လေ"
"ဟုတ်"
ပြောပြောဆိုဆို နဲ့ အပြင်ထွက်သွားသော philip အဖေကိုကြည့်ရင်း သူ ဟုတ် သာ ပြောလိုက်နိုင်သည်
ငယ်ငယ်လေးကတည်းက အလွတ်ရခဲ့သော အိမ်မို့ သူ philip အခန်းရှိရာ တက်လာခဲ့သည်
"Philip Philip"
သူ အခန်းတံခါးခေါက်ရင်း philip ကို အော်လိုက်သည်
Philip ထိုင်ခုံပေါ်မှာ အိပ်ပျော်နေရင်းက John အသံ ကြောင့် နိုးလာသည် မနေ့ညက ထိုင်ခုံပေါ်မှာတင် အိပ်ပျော်သွားသည်ဘဲ
John အသံကြားသည်နှင့် သူ ဘာမှ မစဉ်းစားနိုင်တော့ဘဲ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်
"ဝုန်း"
အခန်းတံခါးဖွင့်ပြီးပြီးချင်း အခန်းထဲသို့ ဆောင့်ဆွဲခံလိုက်ရသောကြောင့် john ကြောင်သွားသည်
"သစ္စာဖောက် john မင်းက သစ္စာဖောက် သူငယ်ချင်းချင်း သစ္စာမရှိတဲ့ကောင်"
Philip စိတ်ထဲရှိသမျှကို ကြုံးရုံးအော်ရင်း ခုတင်ပေါ်လဲကျနေသော john ခန္ဓာကိုယ်ကို တက်ခွပြီး အားရပါးရ ထိုးလိုက်သည်
"မင်း ဘာလုပ်တာလဲကွ"
John ရှိသမျှအားနဲ့ philip အောက်ကနေ တွန်းထိုးထွက်ခဲ့သည်
"အဲ့ဒီ စကားက ငါ မင်းကိုမေးရမှာ john ငါကတော့ ငါ့သူငယ်ချင်းတွေကို ချစ်လိုက်ရတာ ယုံကြည်လိုက်ရတာ မင်းတို့ကတော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားနေကြတယ်ပေါ့ မင်းတို့က ဘာသဘောလဲကွ"
Philip သွေးရူးသွေးတန်းနဲ့ အော်လိုက်သည်
"ငါက မင်းနောက်ကျောကို ဓားနဲ့ထိုးဖို့ ဟုတ်လား philipရှင်းရှင်းပြောစမ်းပါ"
"ငါ မနေ့ညက မင်းနဲ့ မင်းမင်း စကားပြောတာ ကြားတယ်ကွ မင်းတို့ ဆုအိမ့်ကို ကားတင်ပြေးဖို့ တိုင်ပင်နေတာ"
"မဟုတ်ဘူး philip အဲ့ဒါက"
"တော်စမ်းပါ john မင်း အရှက်မရှိ လာလိမ်ဖို့ကြိုးစားမနေနဲ့ ငါ အကုန်ကြားပြီးပြီကွ မင်းကွာ မရှက်ဖူးလား သူငယ်ချင်းရည်းစားကို လုယူချင်နေတာ"
"ငါ ဘာကို ရှက်ရမှာလဲကွ မိန်းကလေးတယောက်ကို ချစ်မိတာ ဘာရှက်စရာရှိတာလဲ မင်းနဲ့ ဆုအိမ့် ချစ်သူတွေ မဖြစ်ခင်ကတည်းက ငါ ချစ်ခဲ့တာကွ"
"အဲ့ဒါဆို မင်း အဲ့ဒီကတည်းက ကြိုးစားပါလား ဘာလို့ ခုမှ လာလုယူချင်နေတာလဲ သစ္စာဖောက်ရဲ့"
ပြောပြောဆိုဆို နဲ့ philip john ကို လှမ်းထိုးလိုက်သည်
"မင်း ငါ့ကို လာမစွပ်စွဲနဲ့ ငါ မငးတို့ကို ဘာနှောင့်ယှက်ဖူးလို့လဲ မင်းနဲ့ ချစ်သူဖြစ်ကတည်းက ဆုအိမ့်အပေါ်ထားတဲ့ ခံစားချက်တွေကို ငါ ဖယ်နိုင်သလောက် ဖယ်ထုတ်ခဲ့တာကွ"
Philip ရဲ့ လက်သီးတွေကို ရှောင်ရင်းjohn ဖြေရှင်းချက် ပေးလိုက်သည်
John ရဲ့ဖြေရှင်းချက်စကားတွေ ကို နားထောင်ရင်းက philip စိတ်လျှော့ကာ နံရံကို မှီပြီး ထိုင်ချလိုက်သည် ငယ်ငယ်လေးကတည်းက သံယောဇဉ် ရှိခဲ့ကြသူတွေဘဲ သူ အကြာကြီး ရန်မရှာရက်ပါ
သူတို့နှစ်ယောက်လုံး ရန်ဖြစ်ခဲ့ရတော့ မောနေသည် နှစ်ယောက်လုံး နံရံကိုမှီရင်း တယောက်ကို တယောက် စူးစိုက်ကြည့်နေမိသည်
"John နာလား"
မျက်ရည်ဝိုင်းနေသော မျက်ဝန်းနဲ့ ကြည့်ရင်းမေးလိုက်သော သူငယ်ချင်းပုံစံကြောင့် john စိတ်မကောင်းဖြစ်မိသည် သူနားလည်ပါသည် ရည်းစားလူလု အူနု ကျွဲခတ်မလား
"မနာဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့ နာတယ် မင်းက တအားထိုးတာကို"
နှုတ်ခမ်းထောင့်က သွေးစအချို့ကို လက်ဖမိုးနဲ့ သုတ်ရင်းက ဖြေလိုက်သည်
"John ငါ ဆုအိမ့်ကို ဘယ်နည်းနဲ့ လက်လွတ်မခံနိုင်ဘူး"
"ငါနားလည်ပါတယ် ငါ သူ့အပေါ် ရိုးရိုးသားသားဘဲ ဆက်ဆံတာပါကွာ"
"ဒီလို ခံစားချက်က ဖျောက်ဖျက်ရခက်တယ်john နောက်ဆို ငါ မေမြို့ကို ခဏခဏ မပြန်နိုင်တော့ဘူး မှော်ထဲထိ ခရီးသွားနေရတော့မယ် မင်း မေမြို့ပြန်တိုင်း ငါ စိတ်ထဲတမျိုးကြီး ခံစားနေရတော့မှာ ဆုအိမ့်ကလည်း မင်းအဖေရဲ့ ပွဲရုံမှာ အလုပ်လုပ်တာမလား"
John မျက်မှောင်ကြုတ်ပြီး philip ကို လှမ်းကြည့်လိုက်သည်
"အဲ့ဒီတော့ မင်းက ဘယ်လိုဖြစ်စေချင်နေတာလဲ"
Philip သက်ပြင်းချပြီး john ကို လှမ်းကြည့်လိုက်သည်
"မင်း ထွက်သွား john အချိန်အတိုင်းအတာ တခုထိ ဆုအိမ့်အနားကရော မေမြို့ကရော ထွက်သွား"
Philip ခံစားချက်မဲ့သော မျက်ဝန်းများနဲ့ တခွန်းချင်း ပြောနေမိသည် အချစ်ဆုံးသူငယ်ချင်းအား ဒီလိုစကားတွေ ပြောနေရတာ သူ့အတွက် တကယ်မလွယ်ကူပါ မမုန်းချင်လို့ပါ john မင်းကို ငါ မနာကြည်းရက်ဘူး အဲ့ဒါကြောင့်ပါ john အဝေးကဘဲ သတိရနေပါရစေ
"ကောင်းပြီ philip ငါ ထွက်သွားပေးပါ့မယ် အဲ့ဒါဟာ ဆုအိမ့်အပေါ် ငါမရိုးသားလို့ မဟုတ်ဘူး မင်းကို ချစ်လို့ မင်း ငါ့အပေါ် စိတ်ရှင်းအောင် အချစ်ဆုံးသူငယ်ချင်း တယောက်အနေနဲ့ ငါဖြည့်ဆည်းပေးတာ"
John အံကြိတ်ရင်း philip ကို ပြန်ပြောလိုက်သည်
"Bye Bye john ငါတို့ တနေ့ပြန်ဆုံကြတာပေါ့ "
Philip မျက်နှာလွှဲရင်းက john အား နှုတ်ဆက်လိုက်သည်
"ငါပြန်မယ် philip ဆုံတာ မဆုံတာက ငါ့သဘောပါ "
Philip အလန့် တကြားနဲ့  john အား လှမ်းကြည့်မိသည်
"ဘာစကားပြောတာလဲ john"
John.မဲ့ပြုံးပြုံးလိုက်သည်
"ငါလည်း စိတ်သဘောထားကြီးတဲ့ လူတယောက် မဟုတ်ဘူး philip မင်းက အချစ်ဆိုတဲ့ အရာအောက်မှာ ငါတို့ကြားက ဆယ်နှစ်ကျော်ကြာ ခင်မင်ခဲ့တဲ့ သံယောဇဉ်ကို မမြင်နိုင်အောင် ဖြစ်သွားတယ် ငါ့ကို အထင်သေးတယ် ငါစိတ်ဆိုးတယ် philip စိတ်လည်းမကောင်းဘူး ငါ့ရဲ့ သူငယ်ချင်းက ငါ့ကို သစ္စာဖောက်လို့ စွပ်စွဲတာကို ထွက်သွားခိုင်းတာက မင်းသဘောဆို ပြန်လာ မလာက ငါ့သဘောဘဲ ဖြစ်လိမ့်မယ် philip နှုတ်ဆက်ပါတယ် သူငယ်ချင်း အစစအရာရာ အဆင်ပြေပါစေ"
John ပြောစရာရှိတာ ပြောပြီး philip အခန်းထဲက ထွက်လာခဲ့သည်
John ဆိုင်ကယ်ရှေ့မှာ ငိုင်ပြီးရပ်ရင်းက သက်ပြင်းတချက် မှုတ်ထုတ်ရင်း ဆိုင်ကယ်ပေါ် တက်ခွလိုက်သည်
မွှေး အမေ့ရဲ့ အပင်တွေကို ရေဖြန်းရင်းက philip အိမ်ဘက်လှမ်းကြည့်မိတော့ အိမ်ရှေ့ ဆိုင်ကယ်နားမှာ ခေါင်းငိုက်စိုက်ပြီး ရပ်နေသော john ကိုတွေ့လိုက်ရသည် အဲ့ဒါဆို philip ပြန်ရောက်နေတာပေါ့ သူမသေချာကြည့်ရင်းက ဆိုင်ကယ်ပေါ်တက်ခွလိုက်သော john မျက်နှာမြင်တော့ လန့်သွားသည် မျက်နှာမှာ အညိုအမဲတွေဖြစ်ပြီး နှုတ်ခမ်းထောင့်မှာ သွေးစတွေ ပေကျံနေသည် သူမကြောင်ကြည့်မိနေတုန်း johnရဲ့ဆိုင်ကယ်က အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားသည်
မွှေး ရေပိုက်ကို ပစ်ချပြီး ဖုန်းကို အင်္ကျီအိတ်ကပ်ထဲထည့်ရင်း ဆိုင်ကယ်သော့ယူကာ ထွက်ခဲ့သည်
John ဘယ်ကိုများ သွားမလဲ သူမခေါင်းထဲမှာ အပြင်အထန် စဉ်းစားနေမိသည် ရေကန်ဘေးလား သူမတွေးရင်း ကန်တော်လေးကို တပတ်ပတ်လိုက်သည် john ကို ရှာမတွေ့ပါ
John ဘယ်ရောက်နေလဲ john ဘယ်သွားနေမလဲ ခုဏက philip.နဲ့ရန်ဖြစ်လာတာလား အဲ့ဒါဆို
သူမ မျှော်လင့်ချက် သေးသေးလေးနဲ့မောင်းလာရင်းက ကိုးတန်းတုန်းက မိုးရေထဲ ဘောလုံးကန်ခဲ့တဲ့ ဘောလုံးကွင်းဘေးနားရောက်တော့ john ရဲ့ ဆိုင်ကယ်လေးကို တွေ့မှ စိတ်အေးသွားရသည်
ဆိုင်ကယ်ကို အသာရပ်ရင်း သူမ ဖုန်းထုတ်ကာ ဆုအိမ့်ကို ဖုန်းခေါ်လိုက်သည်
"မွှေး ပြော"
"Philip အိမ်သွားလိုက်ဦး သူပြန်ရောက်နေတယ်"
မွှေး ပြောစရာရှိတာပြောပြီး ဖုန်းချကာ ဆိုင်ကယ်ကို john ဆိုင်ကယ်ရပ်ထားရာ နေရာနား မောင်းလာခဲ့သည်
မွှေး ဖုန်းချသွားသည်အထိ ဆုအိမ့်ကြောင်နေမိသည် philip ပြန်ရောက်နေတာတဲ့လား philip ရေ လွမ်းလိုက်တာ တွေ့ချင်လိုက်တာ သူမ ဘာမှ မစဉ်းစားနိုင်ဘဲ philip အိမ်ဘက် ပြေးထွက်လာခဲ့သည်
أنت تقرأ
အဖြူရောင်မေတ္တာ
عاطفيةနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်