အပိုင်း - ၁

7.4K 123 5
                                    

သူငယ်​ချင်း ​​ငါး​ယောက်​ရှိ​လေသည်​ ဟုတ်​ပါတယ်​ သူတို့အဖွဲ့က သူငယ်​ချင်းငါး​ယောက်​အဖွဲ့ပါ ငယ်​ငယ်​ကတည်းက အတူသွား အတူစားပြီး တူတူစာကျတ်​ တူတူဆိုးကြသည့်​ ငယ်​သူငယ်​ချင်း ငါး​ယောက်​ပါ

သစ်​ပင်​​တွေအုံ့မှိုင်း​နေတဲ့ပြင်​ဦးလွင်​မြို့ရဲ့ ကတ္တရာလမ်း​တွေ​ပေါ် အတူတူ စက်​ဘီးစီးရင်း သူတို့ငါး​ယောက်​ ဆရာမအိမ်​ သွားလည်​ကြသည်​ ၉တန်း​ကျောင်းသား​တွေမို့ သူတို့အတွက်​က ဝန်​မပိ​သော အချိန်​မို့ ​ပေါ့​ပေါ့ပါးပါးပါဘဲ

သူတို့ငါး​ယောက်​မှာ ​ယောက်ျား​လေး တ​ယောက်​ရယ်​ tomboy နှစ်​​ယောက်​ရယ်​ မိန်းက​လေး နှစ်​​ယောက်​ရယ်​ပါ ​တ​ယောက်​တည်း​သော ​ယောက်ျား​လေးနာမည်​က မျိုးမင်းထွဋ်​ကျန်​တဲ့သူ​တွေအားလုံးက မင်းမင်းလို့သာ ​ခေါ်ကြသည်​ tomboy ​နှစ်​​ယောက်​က​တော့ ယဉ်​ယဉ်​​ချောငယ်​ ရယ်​ စန္ဒီမျိုးနိုင်​ရယ်​ပါ (အဲ့လိုဘဲ tomboy ​တွေနာမည်​က နန်းဆန်​တယ်​)နှစ်​​ယောက်​လုံးက နာမည်​ရင်းကို ​ဘယ်​​တော့မှမ​ခေါ်ခိုင်း အင်္ဂလိပ်​​ကျောင်းတတ်​တုန်းက နာမည်​ကိုသာ သုံးကြသည်​ ယဉ်​​ချောငယ်​က john လို့သာ သုံးပြီး စန္ဒီမျိုးနိုင်​က​တော့ philip လို့သာသုံးသည်​ မိန်းက​လေးနှစ်​​ယောက်​က​တော့ ​ဆုအိမ့်​မြတ်​ရယ်​ အင်​ကြင်း​မွှေးရယ်​ပါ ခုလည်း သူတို့ကုန်း​ပေါ်အတက်​ကို စက်​ဘီတွန်းပြီး လမ်းသလား​နေကြသည်

"အိမ်​က ဖားသားကြီးက ငါ့ကို မန္တ​လေးက အကိုကြီးအိမ်​က​နေ ဆယ်​တန်းတတ်​ခိုင်းမယ်​တဲ့"

john ရဲ့စကားအဆုံးမှာ သူတို့အားလုံး တိတ်​သွားကြသည်​ သူတို့ရဲ့တ​ယောက်​တ​ပေါက်​ အသံ​တွေ ​ပျောက်​သွားသလို မျက်​နှာ​ပေါ်က အပြုံး​တွေလည်း ​ပျောက်​သွားကြသည်

"ဘာလို့်​လဲ ခုလည်း အဆင်​​ပြေ​နေတာဘဲ​လေ အ​ဆောင်​မှာ​ဒေးတတ်​ပြီး ​ကျောင်းသွားတတ်​​နေကြတာဘဲဟာ"

မင်းမင်းရဲ့စကားကို ကျန်​တဲ့သူ​တွေက ​ခေါင်းငုံ့ပြီး ​ထောက်​ခံလိုက်​သည်

"ငါက ပို​တောင်​မသွားချင်​​သေး ဒါ​ပေမယ့်​ အ​ဖေ့ကို ငါဘယ်​တုန်းက လွန်​ဆန်​လို့ရခဲ့လို့လဲ ဒီလိုပုံ​နေတာ​တောင်​ အ​ပေါ်ကအကိုနှစ်​​ယောက်​​ကြောင့်​ သူစိတ်​​လျှော့ထားတာ"

အဖြူ​ရောင်​​မေတ္တာWhere stories live. Discover now