"အမေ"
မနက်စားစားပြီး johnတို့အိမ်သွားဖို့ ပြင်ဆင်နေသော မိခင်ဖြစ်သူအား ဆုအိမ့် တွေးတွေးဆဆနဲ့ ခေါ်လိုက်သည်
"အေး သမီးပြော "
နှစ်ရက်သုံးရက်အတွင်း မျက်နှာနွမ်းပြီး ပိန်ကျသွားသော သမီးဖြစ်သူအား စိတ်မကောင်းဖြစ်စွာနဲ့ ဘေးကကြည့်နေရုံမှအပ သူမ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါ
"သမီး သားဖွားသင်တန်း တတ်ချင်တယ် ဆေးရုံကြီးမှာသင်တန်းပေးတယ်တဲ့ အဲ့ဒီမှာတတ်ချင်တယ်"
"အဆင်ပြေပါ့မလား သမီးက ကျောင်းလည်း တဝက်တပျက်ကြီးမလား"
သမီးဖြစ်သူ အလောတကြီးနဲ့ ဆုံးဖြတ်ချက်မှားချမိမှာလည်း စိုးရိမ်မိသည်
"အဆင်ပြေပါတယ်အမေ သမီး စုံစမ်းကြည့်ပြီးပါပြီ သမီးသူငယ်ချင်းရဲ့အမေကလည်း ဆေးရုံမှာ သူနာပြုဘဲလေ သူ့ဆီမှာလည်း သမီး စုံစမ်းကြည့်ပြီးပါပြီ အကုန်လုံး အဆင်ပြေလို့ အမေ့ကို တိုင်ပင်တာပါ"
"သမီးအဆင်ပြေမယ်ဆိုရင်လုပ်ပါ johnလေးတို့အိမ်ကလည်း သမီးကို အဲဒီလိုလေးဖြစ်ဖို့ အမြဲအားပေးနေကြတဲ့လူတွေမလား"
အမေ့စကားကြောင့် ဆုအိမ့်ပြုံးမိသည် johnနဲ့ ဘယ်လိုဘဲ အေးစက်ခဲ့ပါစေ johnမိသားစုက အမြဲတမ်း သူမတို့ မိသားစုအပေါ် စောင့်ရှောက်ခဲ့သည် ယခု မွှေးကိုသာ အဆက်အသွယ် လုပ်နေသော johnကို အပြစ်မတင်မိပါ သူ့ရဲ့နောက်ဆုံးမှတ်ဥာဏ်လေးမှာ မိမိနဲ့ ဝေးရာထွက်သွားပြီး မိမိကို စိတ်ထဲကအမြဲထုတ်ဖို့ ကြိုးစားခဲ့သူမို့ အဲ့ဒီလိုဖြစ်ရသည်လို့ထင်ပါသည် ဒါဟာ johnရဲ့စိတ် ပြောင်းလဲသွားတာ မဟုတ်ပါဘူး အခြေကျသွားတာပါ ငယ်ငယ်လေးကတည်းက မွှေးတို့ မင်းမင်းတို့ကို မသိခင်ကတည်းက johnနဲ့ သူမက နို့စို့ဖက် ကစားဖက်တွေ ဖြစ်ခဲ့ပြီးသားပါ johnအနေနဲ့ အရွယ်ရောက်လာတော့ အနီးစပ်ဆုံး သူမအပေါ်. ခင်တွယ်မိခဲ့ခြင်း ဖြစ်လိမ့်မည် ဘယ်လိုအချိန်ဘဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် နင်နဲ့ငါကြားက သံယောစဉ်က အဖြူရောင်လေးပါဘဲ ဒါပေမယ့် ချစ်သူဆိုတဲ့ သတ်မှတ်ချက်ထက် ပိုအေးချမ်းပါတယ် ပိုပြီးလည်း တန်ဖိုးထားပါတယ်john သတိရလိုက်တာ နင်သာရှိရင် နင့်ကို တိုင်မိမှာဘဲ philip က ငါ့အပေါ်မကောင်းဘူးလို့ ဒါပေမယ့် အဲ့ဒီလိုဆိုရင် နင့်အပေါ်မတရားဘူးမလား johnရေ နင့်ရဲ့ ပေါ့ပါးတဲ့ရယ်သံတွေကို သတိရတယ် နင်ပြန်လာရင်တော့ ငါ သူနာပြုဖြစ်နေလောက်ပြီ နင် ငါတို့တတွေဆီပြန်လာမယ်မလား မျှော်မိပါတယ်ဟာ
မွှေးရဲ့ ဒိုင်ယာရီလေးထဲမှာတော့ ဝမ်းနည်းခြင်းတွေ နေရာယူနေသည် ဒီသူငယ်ချင်းငါးယောက် ဘယ်တော့မှ မဝေးစေချင်ခဲ့တာ ဘယ်တော့မှ အခင်မင်မပျက်ဖို့ကို အမြဲမျှော်လင့်ခဲ့ရတာ အမြဲဆုတောင်းခဲ့ရတာ ပထမ john ဒုတိယ philip johnက ပြန်လာမယ်လို့ မျှော်လင့်ချက်ရှိရင်တောင် philipကတော့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်
ဆုအိမ့်အပေါ် သူငယ်ချင်းတွေအပေါ်. Philip လုပ်ရက်တဲ့ အကြောင်းပြချက်က johnများဖြစ်နေမလား ဒါပေမယ့် မဖြစ်နိုင်ဘူး philipရေ အဲ့ဒီအကြောင်းပြချက်က ငါတို့ နင့်ကိုနားလည်ပေးနိုင်လောက်တဲ့ အကြောင်းပြချက်ဘဲ ဖြစ်ပါစေ သူငယ်ချင်းရယ်
စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စတခုရှိနေတော့ မင်းမင်း ဘာလုပ်လုပ် အဆင်ပြေပြေ ချောချောမွေ့မွေ့ပြီးဆုံးရတယ်လို့ မရှိပါ ခဏခဏ ဒဏ်ပေးခံရသည် ခဏခဏ စီနီယာတွေက ဒဏ်ပေးသည် ဒါတွေက သူ့ရင်ထဲက နာကျင်မှုကို မမေ့ပျောက်စေခဲ့ပါ philipရယ် ငါတို့အပေါ်. ဘာလို့ ဘာလို့ဒီလိုလုပ်ရတာလဲ ဆုအိမ့်ကို မချစ်တော့လို လမ်းခွဲသွားတယ်ဆိုရင်တောင် ငါ နားလည်ပါတယ် ဒါပေမယ့် အခုက မင်းက သူဋ္ဌေးအရိပ်ခိုပြီး အဲ့ဒီအသိုင်းဝိုင်းမှာ သာယာသွားတယ်လား အဲ့ဒါကြောင့်လား johnသာပြန်လာရင် johnသာ သတိရမယ်ဆိုရင် မင်း ဘယ်လိုဆုံးဖြတ်မလဲ johnကလည်း မင်းကို အဲ့ဒီလို လွယ်လွယ်ပြောင်းလဲခွင့်ပေးမှာမဟုတ်ဘူး ပြီးတော့ johnကတော့ မင်းနဲ့ ပက်သက်ပြီး ပိုနားလည်ပေးနိုင်လိမ့်မယ်ထင်တယ်
>>မွှေး<<
မင်းမင်းထံမှ ညနက်သန်းခေါင် စာဝင်လာသောကြောင့် မွှေး အံသြသွားသည်
>>အေး မင်းမင်း ဘာဖြစ်လို့လဲ<<
>>john အခြေနေကောင်းပြီလား<<
>>တော်တော်တိုးတက်လာပါပြီ နင် သူ့ကို သတိရလို့လား<<
>>နင် သူနဲ့စကားပြောရင် ဇွတ်မေးကြည့်ဟာ အရင်ကအကြောင်းတွေ အခုချိန်မှာ philip နဲ့ပက်သက်ပြီး သူသတိရလာရင် ဖြေရှင်းနိုင်မယ် ထင်တယ်<<
>>မင်းမင်း နင့်ကို ငါနားလည်ပါတယ် johnလည်း ကြိုးစားနေပါတယ် နင် သူ့ကို တအားဖိအားမပေးပါနဲ့<<
>>အဲ့ဒါဆို philipလုပ်သမျှကို ငါတို့က ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား<<
>>ကံစီမံရာပေါ့<<
မွှေးရဲ့ ပျော့ညံ့နေမှုတွေကို မင်းမင်း အားမရပါ သူသာ ဖုန်းခိုးမကိုင်ရဘဲ လွတ်လွတ်လပ်လပ် ကိုင်နေရမည်ဆိုလျှင် johnနဲ့ စကားအတော်များများ ပြောပြီးလောက်ပါပြီ
"မွှေး ဘာဖြစ်တာလဲ မျက်နှာလည်းမကောင်းဘူး"
Johnစကားကြောင့် မွှေး ခပ်ဖွဖွပြုံးလိုက်သည်
"ငါ ခေါင်းအုံနေလို့"
"ဟုတ်လား ငါနင့်ကို သီချင်းဆိုပြမယ်လေ နင် ခေါင်းကြည်လိုကြည်ညားပေါ့ "
သူမ ဘာမှမပြောနိုင်ခင်မှာဘဲ ဂစ်တာကို ချက်ချင်းကောက်ကိုင်ပြီး ကြိုးညှိတော့သည်
"You are my sunshine my only sunshine you make me happy"
Johnသီချင်းကို နားထောင်ပြီး သူမ သက်ပြင်းချလိုက်သည်
"မွှေး ဘာလို့ သက်ပြင်းချတာလဲ"
"ငါပြောပြမှာပေါ့john နင်ဆိုတဲ့သီချင်းက ငါနဲ့မဟုတ်ဘဲ ဆုအိမ့်နဲ့ ကိုလိုက်ဖက်မယ်ထင်တာဘဲ နင့်ရင်ထဲမှာသူနဲ့ပက်သက်တဲ့ အမှတ်တရတွေက ပုံရိပ်ပေါ်မလာပေမယ့် နင်ခံစားလို့ရနေမှာပါ"
မွှေး ရဲ့စကားတွေကို john သေချာစွာ နားထောင်နေမိသည် မွှေးက သူ့နောက်ကြောင်းနဲ့ပက်သက်ပြီး ဘယ်တော့မှ စိတ်ရှူပ်အောင်မလုပ်တတ်ပါ အခုမှ ဘာကြောင့် သူ့ကို အစဖော်ပေးနေရတာလဲ
"မွှေး နင်ပြောတာက နင်က ငါ့ရဲ့ပျော်ရွှင်မှုမဟုတ်ဘူးပေါ့"
"မဟုတ်ဘူး john နင့်ရဲ့ ပျော်ရွှင်မှုက ဆုအိမ့်ဘဲ ငါမဟုတ်ဘူး"
Johnရဲ့အမေးကို မွှေး မဆိုင်းမတွ ဖြေလိုက်သည်
"အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါမသိဘူး အခုလောလောဆယ်တော့ ငါ့ရဲ့ပျော်ရွှင်မှုကတော့နင်ပါ"
"နင် ထင်ယောင်ထင်မှား ဖြစ်နေတာjohn နင့်ကိုယ်နင် ညာနေတာ ဖြစ်နိုင်တာဘဲ philip အပေါ်အားနာစိတ်နဲ့ နင် တလွဲထင်နေတာဖြစ်လိမ့်မယ်
မွှေးစကားကြောင့် johnတိတ်ဆိတ်နေမိသည် မွှေးကို အစစ်အမှန်တွေပါလို့ သက်သေပြစရာ သူ့မှာ ဘာမှမရှိပါ ဒါပေမယ့် မွှေးကို သူ ချစ်နေမိသည်မှာ ရာနှုန်းပြည့် သေချာပါသည် ဒါတွေကို မွှေး ယုံအောင် သက်သေပြဖို့ သူ့မှာ အခွင့်အရေး ရှိသေးသည်ဘဲ အရင်အကြောင်းတွေသာ သတိရခဲ့ရင် သူ မွှေးယုံအောင် ရှင်းပြနိုင်သည်
"ထားလိုက်ပါတော့ မွှေးရယ် ငါအတွန့်မတက်တော့ပါဘူး ဒါပေမယ့် ငါ့ရဲ့ sunshine က နင်ဆိုတာ သေချာတဲ့နေ့ကျရင်တော့ ဒီသီချင်းလေးကို နင့်ကို ငါပြန်ဆိုပြမယ်မွှေး နင့်ရဲ့ sunshine ကရောငါဖြစ်ခွင့်ရှိနိုင်မလား"
"ကိုယ်ကိုယ်တိုင် မသေချာဘဲနဲ့ သူများကို မေးခွန်းမထုတ်သင့်ဘူး john"
John မျက်နှာတည့်တည့်ကြည့်ပြီး မွှေး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်
"မွှေး စောင့်နေပါ ငါကြိုးစားပါ့မယ်"
"အေးပါ အဲ့ဒီအချိန်မှာ နင့်ရဲ့ sunshine အစစ်အမှန်က ဘယ်သူလဲဆိုတာ သိပါလိမ့်မယ် ပြီးတော့ နင့်ရဲ့စကားတွေကို ငါ မေ့ပေးမယ် ဟုတ်ပြီလား"
John အပြုံးနဲ့ ခေါင်းညိတ်ပြလိုက်သည် ငါ့ရဲ့ sunshineက နင်ဘဲဖြစ်မှာပါ မွှေးရာ
သူငယ်ချင်းငါးယောက်တွဲရိုက်ထားသော ပုံကိုကြည့်ရင်း johnမေးခွန်းပေါင်းများစွာ ထုတ်ကြည့်သည် တွေးသည် တခါတလေ ဇာတ်ကားတွေထဲကလို ကိုယ့်ခေါင်းကိုယ် တခုခုနဲ့ ဆောင့်ပစ်ချင်သည် အဲ့ဒီလို ဖြစ်မလာတော့ ပိုဝီရိယစိုက်သည် တခုခုများ မြင်ယောင်မိရင် ဘောပင်နဲ့ပြေးမှတ်ရသည် တတ်ခဲ့တဲ့ကျောင်းတွေ ပြင်ဦးလွင် က နေရာတချို့ပုံတွေကို ထပ်ကာထပ်ကာ ကြည့်သည် ဆရာဝန်ဆီသွားပြီး ခဏခဏ အိမ်မွေ့ချခံသည် တိုင်ပင်သည် မွှေးရယ် ငါ သေချာကြိုးစားနေပါပြီ
တလပြီးတလ သူမှတ်မိဖို့ကြိုးစားသည် မွှေးကို ဆက်သွယ်ဖို့တော့ မကြိုးစားခဲ့ပါ မွှေးပြောသလို ကိုယ့်ကိုယ်ကို သေချာအောင် ကြိုးစားရမည် မွှေးကလည်း သူ့ကို နေကောင်းလားဆိုသော မေးခွန်းတချို့မှလွဲ၍ ဆက်သွယ်ဖို့မကြိုးစားခဲ့ပါ
// ဆုအိမ့်နဲ့ငါ ချစ်သူတွေဖြစ်သွားပြီ
Tomboyလေးတယောက်နဲ့ မိန်းကလေးတယောက်က လက်ချိတ်ရင်း ပြုံးနေသည်
Johnအသက်ရှူကြပ်သလို ခံစားရသည်
ဟင့်အင်း ဆုအိမ့်က ငါပိုင်တာ နောက်လည်း ငါပိုင်ရမှာ သူနဲ့ငါက ငယ်ငယ်လေးကတည်းက ပိုချစ်ခဲ့တာ ကြီးလာရင် ငါတို့က ချစ်သူဖြစ်ရမှာ ဆုအိမ့်ကို ငါဘဲပိုင်ရမှာ//
"အား"
အသက်ရှူခက်သည်မို့ johnအော်ရင်း နိုးလာခဲ့သည်
Philip ဆုအိမ့် ဒါငါ့မှတ်ဥာဏ်ဘဲ ငါ မပေးချင်ခဲ့တာ ဆုအိမ့်က ငါအခင်တွယ်ရဆုံးသူဘဲ ငါ သူ့ကို ဘယ်သူ့ကိုမှ မပေးချင်ခဲ့တာ ငါ့အတ္တကြောင့် ငါ့အတ္တက ငါတို့အားလုံးကို ဝေးစေခဲ့တာ philip ကြောင့်လည်းမဟုတ်ဘူး အချစ်ကြောင့်လည်း မဟုတ်ဘူး ငါ့ရဲ့အတ္တကြောင့်ဘဲ အခုလည်း ငါ ငါ့အပြစ်တွေကနေ ထွက်ပြေးချင်လို့ အခုလို သတ္တိကြောင်တဲ့သူတယောက်ပုံစံနဲ့ ငါ ရှောင်ပြေးနေတာ
မွှေးကရော ဘာလို့ ငါ့ရဲ့ အဓိကလူတယောက် ဖြစ်လာရတာလဲ မွှေး နဲ့ပက်သက်ပြီး ဘာလို့ ငါဒီလိုခံစားချက်ဖြစ်လာရတာလဲ john ခေါင်းရှူပ်စွာနဲ့ ဆံပင်တွေ ခါယမ်းပစ်သည်
ကိုယ့်ကိုယ်ကို သေချာအောင် အရင်လုပ်ရမည်
ဆုအိမ့်အတွက်တော့ ဘဝကိုဖြတ်သန်းရတာ ပင်ပန်းရသည် အမေ့ကြောင့်သာ အမေဘေးမှာရှိနေလို့သာ သူမအံကြိတ်ပြီး ကြိုးစားနေခြင်းဖြစ်သည်
တလပြီးတလ တနှစ်ကုန်ပြီးနောက်တနှစ်ရောက်ခဲ့သည် johnကတော့ အခုထိ သူ့ခေါင်းထဲက မရေရာသော ပြဿနာများနှင့် လုံးထွေးဆဲပါ တခါတလေတော့လည်း ခေါင်းအရမ်းခြောက်ရသည် john သူများတွေလို ပေါ့ပေါ့ပါးပါး နေပစ်ချင်သည် ဒါပေမယ့် သူ့မှာ ပုစ္ဆာတွေရှိနေသည်
မွှေး ခြံထဲက ခုံပေါ်မှာထိုင်ရင်း johnပေးသော စာအုပ်ကလေးကို ငေးကြည့်နေမိသည် john ငါကျောင်းပြီးပြီ မကြာခင် ဘွဲ့ယူရတော့မယ် ဒီတခါတော့ မင်ကတိမတည်နိုင်တော့ဘူးထင်ပါတယ် လေးနှစ်ရှိပြီး နင် ငါတို့ဘဝထဲက ထွက်သွားတာ အခုထိကို ပြန်မလာသေးဘူး
ဒီနေ့တော့ သူတို့သူငယ်ချင်းတတွေ ကျောင်းဆင်းပွဲမို့ john မသောက်မဖြစ်သောက်ရသည်
//john အပြင်မှာ ဘယ်တော့မှ အမှောက်မသောက်ရဘူး ဘယ်သူ့ကိုမှ ယုံလို့မရဘူး john စိတ်ညစ်စရာရှိရင် ကိုကိုလေးရှိတယ် အိမ်ရောက်မှ အမှောက်သောက်//
John ခေါင်းထဲက စကားသံတချို့ကြောင့် ခေါင်းယမ်းပြီး အသက်ပြင်းပြင်း ရှူလိုက်သည် သူခေါင်းသိပ်မကြည်တာကြောင့် အိမ်ပြန်ခဲ့သည်
//ခုံပေါ်မှ တယောက်ယောက် ပြုတ်ကြသွားသည် ကောင်လေးတယောက်က သူ့ကို ဆွဲခေါ်သွားသည် စကားတွေပြောနေသည် ပြီးတော့ မွှေးက သူ့ကို မျက်စောင်းထိုးသည် မွှေးက နေရာတကာ ဆရာကြီး သိပ်လုပ်ချင်တာ //
John ဒယီးဒယိုင် နဲ့ ဘေစင်နားသွားပြီး မျက်နှာသစ်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည် ပြီးတော့ မှန်ကြည့်လိုက် မှန်ထဲမှာ မြင်လိုက်ရတာက
//john နင်ငါ့ကို အဲ့ဒီလို မပြောနဲ့
မွှေးရယ် နင် မင်းမင်းကို စိတ်ဝင်စားနေတာမလား
ပြောသာပြောနေတာ john ရင်ဘတ်တွေအောင့်ပြီး နာကျင်ရသည် မွှေးရယ် ဟုတ်တယ်လို့ မဖြေပါနဲ့ ငါ့အတွက် နင်ရှိနေမှ ဖြစ်မှာ နင့်ကိုကြိုးစားဖို့ အခွင့်အရေး ရချင်ပါသေးတယ်
ငါပြောင်းလဲခဲ့တာ မဟုတ်ဘူး ငါ ဆုအိမ့်နဲ့ပက်သက်တဲ့ ခံစားချက်က နင်ပြောသလို ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ကို ထားပြီး သူများကို ပိုချစ်သွားတဲ့ ခံစားချက် ဒါပေမယ့် နင်နဲ့ပက်သက်တာကတော့ ရှင်းပါတယ် နင့်ကိုငါချစ်တာ နင့်အနားမှာနေရရင် အရာရာက အေးချမ်းပြီး စိတ်ပျော်နေတဲ့အထိကို ခံစားရတဲ့အထိ ချစ်တာ ငါနင့်ကိုချစ်တယ်
သူထိုင်ပြီးတွေးနေတုန်း မွှေးက သူ့ကို ထားပြီး ထ ထွက်သွားသည် မွှေး ငါ့ကို နင်အထင်သေးမှာ ဆုအိမ့်ကို မရလို့ နင့်အပေါ် စိတ်ယိုင်တယ်ဆိုပြီးထင်မှာ ငါဘယ်လိုလုပ်ရမလဲ //
John မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည် ဒါက အဖြေဘဲ ဆုအိမ့်က ဒါကို သဘောပေါက်ပြီး သူသဘောမပေါက်ခဲ့တာ အချစ်နဲ့ မေတ္တာ အဲ့ဒီနေရာမှာ ငါ မစဉ်းစားခဲ့တာ ငါ ဆုအိမ့်ကို ငယ်ငယ်လေးကတည်းက သံယောဇဉ်ကြီးခဲ့တာ သူ့အပေါ်ထားတဲ့ ငါ့ရဲ့အချစ်က အဖြူရောင်မေတ္တာ သန့်သန့်လေးပါဘဲ မွှေး နင်ကတော့ ငါ့ရဲ့ ငြင်းပယ်မှုပါဘဲ နင့်ရဲ့ နေရာတကာ အစိုးရိမ်ကြီးတာတွေ ကဲကဲဆတ်တာတွေကို ငါမကြိုက်ခဲ့တာ ဒါပေမယ့် ငါ့အပေါ်ထားတဲ့စေတနာတွေ မေတ္တာတွေကို ခံစားမိတဲ့အချိန်မှာ ငါနင့်ကို သိပ်ကိုချစ်မိသွားတာ အခုချိန်မှာတော့ နင်က ပထမလူလို့ ငါပြောခွင့်မရှိတော့ဘူး ငါက ဆုအိမ့်နဲ့ပက်သက်ပြီး အမှားတခု လုပ်ခဲ့ပြီးပြီ ကံကောင်းတာက ငါ အဖက်ဆယ်ခွင့်ရသေးတယ် ငါ နင်တို့လေးယောက်လုံးကို ရှင်းပြရမယ် ပြီးတော့ တောင်းပန်ရမယ် နင်တို့ကို စိတ်ဒုက္ခပေးခဲ့တဲ့အတွက် ငါ ပြန်လာပြီ နင်တို့ဆီ
"John နင် ငါ့ဘွဲယူအမှီ ပြန်လာမယ်လို့ ကတိပေးထားတယ်နော် "
မွှေးရဲ့စကားသံကို ပြန်ကြားယောင်ရင်း john ပြုံးလိုက်သည် မွှေးရေ ငါက ဘယ်တော့မှ ကတိမဖျက်တတ်ပါဘူး နင့်အတွက် ငါ ဂစ်တာလေးပိုက်ပြီး သီချင်းလာဆိုပါ့မယ် johnရဲ့ အမြဲပြုံးနေဖို့ နားခိုရာရင်ခွင်က နင်ဆိုတာ ငါသက်သေပြပါ့မယ် မွှေးရယ်
John အလောတကြီးနဲ့ မြန်မာပြည်ပြန်ရန် စီစဉ်တော့သည် လွမ်းတယ် အိမ်ကို ပြီးတော့ မေမြို့ကို ပြီးတော့ သူငယ်ချင်းတွေကို
John သတိမထားမိလိုက်တာက အရာအားလုံးကို သူမှတ်မိသွားပေမယ့် philpရဲ့ မင်္ဂလာဆောင်မယ့်သတင်းကို မွှေးက သူ့ကိုပြောပြခဲ့တာကို လုံးဝမေ့လျော့နေခဲ့သည် မတွေးမိတာလည်းပါမည်
အခုလောက်ဆို philip လည်း မင်္ဂလာဆောင်ပြီးတာ ၂နှစ်နီးပါးရှိပြီပေါ့ သူငယ်ချင်းငါးယောက်သား ပြန်ဆုံတွေ့ဖို့ စိတ်ကူးလေးကတော့ johnအတွေးထဲမှာ ထိပ်ဆုံးကနေရာယူနေသည်
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်