မွှေး တောင်စောင်းထိပ်မှာ ရပ်ရင်း မီးခိုးငွေ့တလူလူထွက်နေသော ရွာလေးကို ငေးကြည့်နေမိသည်
"ဆရာမ ဘာတွေငေးနေတာလဲ "
စကားသံနဲ့အတူ သူမဆီမှာ အ သုံးလုံး သင်တန်းတတ်နေသော ရွာသူလေးတယောက် သူမဘေးကို ရောက်လာသည်
"ဟိုရွာလေးကို ကြည့်နေတာပါ ပုံစံက သာမာန်ရွာပုံစံမဟုတ်ဘဲ ဖြစ်သလိုကြီးလားလို့"
သူမ အမေးကို မဖြေသေးဘဲ တိုင်းရင်းသူလေးက သက်ပြင်းချနေသည်
"ဟုတ်တယ်ဆရာမ အဲ့ဒီရွာက ဟိုးဘက်တောင်တန်းအကျော်က တအားခေါင်တဲ့ ရွာလေးပါ အခုသူတိ့ရွာက စစ်တလင်းဖြစ်သွားပြီလေ"
"ဟမ်"
တိုင်းရင်းသူလေးရဲ့အဖြေကြောင့် မွှေး မျက်မှောင်ကြုတ်မိသည်
"ဒီလိုပါဘဲဆရာမရယ် ဒီဘက်နယ်တွေမှာ စစ်ဖြစ်ရင် ဒီလိုဘဲ ရှောင်ပြေး ကြရတာဘဲ အစကတော့ ရွာကို မပစ်ပြေးကြပါဘူး ရွာပြင်ထွက်ပုန်းလိုက်ကြနဲ့ ဘာနဲ့ပေါ့ နောက် တအားဆိုးလာရင်တော့ အေးချမ်းမယ်ထင်တဲ့ အရပ်ကို အခုလိုဘဲ တရွာလုံး ပြောင်းကြတာဘဲ"
ပြည်တွင်းစစ်ရဲ့ သားကောင်များကို ကြည့်ရင်း မွှေး သနားမိသည် ဒီရွာလေးထဲမှာရော မိသားစုတွေ အစုံအလင်ပါခဲ့ပါ့မလား စစ်တလင်းမှာ အသက်မဲ့သွားသော မိသားစုဝင်များရဲ့ ခန္ဓာကို ဘာမှမလုပ်ပေးနိုင်ဘဲ လက်လွတ်ထားခဲ့ရသူများလည်း ပါလိမ့်မည် ခြေလက်အစုံအလင်ရော ရှိကြပါသေးရဲ့လား ဗုံးဒဏ်သေနတ်ဒဏ်ကြောင့် သူတို့ခန္ဓာ တစိတ်တပိုင်းကို စွန့်ပစ်ခဲ့ရပါသလား သေချာတာကတော့ အဲ့ဒီရွာလေးဟာ တော်တော့်ကို ကူရာမဲ့နေပါလိမ့်မည်
"ကျွန်မ အဲ့ဒီရွာ သွားကြည့်ချင်တယ် လိုက်ပို့ပေးပါလား"
မွှေး ဘေးမှာရပ်နေသော တိုင်းရင်းသူလေးကို တောင်းဆိုလိုက်သည်
"ပို့ပေးမယ်လေဆရာမ မနက်ဖြန်မနက်စောစောသွားကြတာပေါ့"
မွှေး ခေါင်းညိတ်ပြလိုက်သည် သူ့လို တက်သစ်စ ဆရာမတယောက်အနေနဲ့ အခုလို ဝေးလံခေါင်းဖျားသော တိုင်းရင်းသားတို့ရဲ့ နယ်မြေသို့ အ သုံးလုံး သင်တန်းလာပေးရသည်မှာ အန္တရယ်များလှသည် လက်နက်ကိုင်တို့က ဆရာမတွေကို အလွန်မက်မောကြသည် ထို့ကြောင့်လည်း ဒီတခေါက် ကချင်ပြည်နယ် လုပ်အားပေးသင်တန်းတွင် ဆရာ ဆရာမဦးရေ လေးယောက်သာ ရှိသည်
လွမ်းလိုက်တာမောင်ရယ် မွှေးတို့ ဒီလောက် သတင်းတွေလွှင့်ပြီး ကြိုးစားရှာတာတောင် မောင်က အပုန်းကောင်းနေတုန်းဘဲ နှစ်နှစ်ရှိပြီမောင် မမုန်းပါနဲ့လို့ မောင် တခွန်းထဲ နှုတ်ဆက်သွားတယ် မျက်လုံးအစုံကို မှိတ်ချလိုက်ချိန်မှာတော့ မျက်ရည်တို့က စီးကျသွားသည် အချိန်ဟာ ဖြေဆေးတခုဆို အခုထိ သူမရင်ထဲမှ အလွမ်းဓာတ် အချစ်ဓာတ်ကလေးတွေက ဘာကြောင့် မလျော့သွားဘဲ တိုးသထက်တိုးလာရပါသလဲ
ညနေမှ စာသင်ရသည်မို့ မနက်ပိုင်းနှင့် နေ့လည်ပိုင်းက အားနေသည် သူမရယ် တိုင်းရင်းသူလေး လွယ်ထွယ်အောင်ရယ် တောင်စောင်းအောက်က ရွာကလေးဆီ ဆင်းခဲ့သည် လမ်းပြပြလေးသာ ရှိပြီး တချို့နေရာများတွင် တော်တော်ခက်ခက်ခဲခဲ ဆင်းရသည်
တောင်ခြေရောက်တော့ နှစ်ယောက်လုံး အတော်ပင်ပန်းနေပြီ
"ဆရာမ သွားမယ်လေ ရွာအပြင်မှာ အကြာကြီးနေလို့ မကောင်းဘူး"
လွယ်ထွယ်အောင်ရဲ့ သတိပေးမှုကြောင့် မွှေး အမောပင်မပြေသေးဘဲ ရွာထဲ ဆက်ဝင်ခဲ့သည်
တကယ့်ကို အဖြစ်ဆောက်ထားသော အိမ်ကလေးတွေပါ တချို့အိမ်များတွင် လူပင်မရှိကြပါ တောထဲဝင်ပြီး ဟင်းစားသွားရှာနေကြပုံရသည်
"ဟီး ဟီး "
သူမတို့နှစ်ယောက် ငေးကြည့်နေတုန်းမှာဘဲ အိမ်တအိမ်ပေါ်မှ ကလေးလေးတယောက် ခုန်ဆင်းသွားကာ ငိုရင်း အိမ်ကြိုအိမ်ကြားမှ ဖြတ်ပြေးသွားသည် သူရယ် လွယ်ထွယ်ရယ် နှစ်ယောက်သား ကြောင်ပြီး ငေးနေမိကြသည် သူမတို့နှစ်ယောက် ခြေလှမ်းမရွေ့နိုင်ခင်မှာဘဲ ခုနက ပြေးသွားသော ကလေးနဲ့အတူ လူတယောက် ပြေးလာသည် သူမတို့ကို တချက်သာကြည့်သွားသော ထိုလူ့မျက်နှာကို ထိုလူ့အကြည့်ကို မြင်လိုက်ရချိန်မှာတော့ မွှေး အသက်ရှူပင်မှားသွားသည်
"မောင်"
ရေရွတ်သံနဲ့အတူ မောင်နဲ့ ကလေးလေး တက်သွားသော အိမ်ပေါ်ကို မွှေး တက်လာခဲ့သည် ရွယ်ထွယ်အောင်လည်း မွှေးနောက်ကနေ ကြောင်တက်တက်နဲ့ပါလာသည်
ဝါးတိုင်လေးများအားပြုထားသော အိမ်ပေါ်မှာ တိုင်ရင်းသူကြီးတယောက် ဝေဒနာ ခံစားနေရဟန်တူသည် မောင်ကတော့ ရေနွေးနဲ့ တိုင်းရင်းသူကြီး ပုခုံးရှိ အနာကို ဆေးကြောပေးနေသည်
ကချင်စကားတချို့ကို မောင်ပြောတော့ သူမ ရွယ်ထွယ်အောင်ကို လှမ်းကြည့်လိုက်သည်
"ငြိမ်ငြိမ်နေခိုင်းတာဆရာမ သူ အနာကို ခွဲမယ်နဲ့တူတယ်"
တည်ငြိမ်စွာနဲ့ အနာထဲက ပြည်တွေကို ခွဲထုတ်နေသော မောင့်ကိုကြည့်ရင်း မွှေး မျက်ရည်တွေ လည်လာရသည် မောင်ရယ် ဒီလိုနေရာမှာ မောင်ရောက်နေခဲ့တာလား ဒါကြောင့်လည်း မွှေးတို့ လိုင်းပေါ်က စုံစမ်းသမျှက အလကားဖြစ်နေတာပေါ့
ရွယ်ထွယ်အောင်ကတော့ အပြင်ထွက်သွားသည် ခွဲစိတ်နေသော ပုံစံတွေကို မကြည့်ရဲတာကြောင့်လည်း ပါလိမ့်မည် မွှေးလည်း ကြာရှည်မနေပါ တအောင့်လောက်ကြာပြီး အပြင်ထွက်သွားသည် မောင် စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်ပါစေလေ
"မွှေး"
မကြာရတာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုအသံပိုင်ရှင်ရဲ့ ခေါ်သံက မွှေးရင်ကိုလှုတ်ခတ်စေတုန်းပါ မွေီးလည်ပြန်ကြည့်လိုက်တော့ မောင်က မွှေးလက်ကိုဆုပ်ကိုင်ပြီး တဲလေးတလုံးဆီ ခေါ်လာခဲ့သည် ရွယ်ထွယ်အောင်ကတော့ အိမ်ထဲဝင်ပြီး တိုင်းရင်းသူကြီးနဲ့စကားပြောနေသည်
"မွှေး ဒီဘက်ကို ဘာလာလုပ်တာလဲ"
မောင့်စကားကို မဖြေနိုင်ဘဲ မွှေး မောင့်ကိုဖက်ပြီး ငိုချလိုက်သည် ဝမ်းသာ၍ကျသောမျက်ရည်လား ဝမ်းနည်း၍ကျသောမျက်ရည်လားဆိုတာတော့ မွှေးတယောက်သာ သိနေလိမ့်မည်
"မောင် ဘာလို့ ပြန်မလာတာလဲ"
မွှေး ရှိုက်သံကြားကနေ မောင့်ကို အပြစ်တင်လိုက်သည်
"မောင့်အခြေအနေက ပြန်လာလို့မရတဲ့ အခြေအနေဆိုတာ မွှေးသိတယ်မလား"
"မဟုတ်ဘူးမောင် မောင်မလုပ်ခဲ့တဲ့အပြစ်အတွင် အစကတည်းက မောင် ထွက်မပြေးခဲ့သင့်ဘူး"
မွှေးရဲ့ ခွန်းတုံ့ပြန်သော စကားကြောင့် john မျက်မှောင်ကြုတ်လိုက်သည်
"မွှေး ဘာကြောင့် အဲ့ဒီလိုပြောတာလဲ"
"လူသတ်မှုရဲ့ တရားခံအစစ်က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ပေါ်သွားတယ်မောင် မွှေးတို့ မောင့်အကြောင်းကို အမျိုးမျိုး စုံစမ်းပေမယ့် ဘယ်လိုမှ စုံစမ်းလို့ မရခဲ့ဘူး အခု မွှေး ဒီဘက်ကို အ သုံးလုံသင်တန်းလာပေးတာ မနေ့ညနေက တောင်စောင်းပေါ်ကနေ ဒီရွာလေးကို မြင်ပြီး လာချင်ပေါက်လို့ မွှေးလာခဲ့တာ အဲ့ဒီလိုမဟုတ်ရင်တော့ မွှေးနဲ့မောင် ကပ်လွဲလေး လွဲရတော့မှာ"
မွှေးစကားတွေကို john တုန်လှုပ်ခြင်း ကင်းမဲ့စွာ နားထောင်နေမိသည်
"မောင်လည်း မောင့်မိသားစုနဲ့ဝေးရာ မောင့်သူငယ်ချင်းတွေနဲ့ဝေးရာမှာ ဘယ်နေချင်ပါ့မလဲ ဒါပေမယ့် အဲ့ဒီတုန်းက အခြေအနေ အဖြစ်အပျက်ကြီးက မောင့်ကို ဘေးကျပ်နံကျပ် ဖြစ်စေခဲ့တာကိုး မောင်လုံးဝ လူသတ်မှု မကျူးလွန်ဘူးလို့ စိတ်ထဲက တထစ်ချယုံကြည်ထားပေမယ့် မောင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေအရ မောင့်ကိုဘဲ စွပ်စွဲလိမ့်မယ်ဆိုတာ မောင်သိလို့ ထွက်ပြေးခဲ့တာပါ အခုလို လူသတ်မှုတရားခံအမှန်ကို မြနိမြန်ဖော်ထုတ်နိုင်တော့လည်း ကောင်းတာပေါ့ အဲ့ဒီလို မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်လိမ့်မယ်လို့တောင် မထင်မိဘူး"
မွှေး အဲ့ဒီလူသတ်မှုအကြောင်းကို မောင့်အတွက်ဆိုသော အကြောင်းပြချက်ကလေးနဲ့ စိတ်ဝင်စားခဲ့ရုံသာရှိသည် မောင် ဘယ်လိုတွေကြုံပြီး ဘယ်လိုတွေ ဖြစ်ခဲ့ရသလဲ ဘာကြောင့် မောင် ရင်မဆိုင်ဘဲ ထွက်ပြေးသွားရတာလဲဆိုတာတော့ မွှေး အမြဲသိချင်နေခဲ့ပါသည်
"မောင် ဘာလို့ club ကိုသွားတာလဲ"
သူ့ကို မျက်စောင်းနဲ့မေးလာသော မွှေးပုံစံကို john သဘောကျစွာ ရယ်မိသည် သဝန်တိုလွန်းသူမွှေး မဟုတ်ပါလား
"မေးနေတာ ဖြေလေ ဘာလို့ရယ်နေတာလဲ"
သူမဖြေဘဲနေတော့ စိတ်မရှည်စွာနဲ့ ဗိုက်ခေါက်ဆွဲရန် ပြင်လာသော မွှေးလက်ကို သူဆွဲဖမ်းလိုက်သည်
"ဘာလုပ်တာလဲ "
သူပြုံးပြပြီး ဆုပ်ကိုင်ထားသော မွှေးရဲ့လက်ဖမိုးလေးကို ကြင်နာစွာ နမ်းရှိုက်လိုက်သည်
"အရမ်းလွမ်းနေခဲ့တာ မွှေးရဲ့"
သူ့စကားကြောင့် မွှေးရဲ့မျက်နှာလေး နီရဲသွားသလို တင်းမာနေသော မျက်နှာလေးမှာ ကြင်နာရိပ်တွေ လွှမ်းမိုးလာသည်
"မောင်"
မွှေး မြတ်နိုးစွာနဲ့ဘဲ မောင်ဆိုတဲ့ အခေါ်အဝေါ်လေးကို ရေရွတ်ရင်း မောင့်ရင်ခွင်ထဲ ဝင်လိုက်သည် မွှေးလည်း သိပ်ကို လွမ်းနေခဲ့တာ ဘယ်လိုမှ ဆက်သွယ်လို့မရ စုံစမ်းလို့မရခဲ့တဲ့ မောင့်ကို ဒီကမ္ဘာမြေကြီးပေါ်မှာ ရှိရောရှိသေးလားဆိုတဲ့ အသိနဲ့ ခဏခဏ သွေးပျက်ခဲ့ဘူးတယ်မောင်
John သူ့ရင်ခွင်ထဲမှာ တိတ်ဆိတ်စွာ ရှိုက်နေသော မွှေးကို အသာပွေ့ချီပြီး သူ့တဲဘက်လျှောက်လာခဲ့သည် မွှေးကတော့ မျက်ရည်တွေကြားထဲမှ ပြူးကြောင်ကြောင် မျက်လုံးလေးဖြင့်သူ့ကို ကြည့်နေသည် ချစ်ဖို့ကောင်းလိုက်တာ မွှေးရယ် ငါထွက်ပြေးနေခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ အချိန်လေးမှာ နင် ဆရာမ ဖြစ်နေလောက်ပြီပေါ့ ဒါပေမယ့် နင်က ငါ့မျက်လုံးထဲမှာတော့ ဟိုးငယ်ငယ်တုန်းကလိုဘဲ နှပ်ချေးတွဲလောင်းနဲ့ ငိုငိုနေတတ်တဲ့ ကလေးမလေးတယောက်လိုပါဘဲ
John သူတဲ့ရှေ့က သစ်တုံးလေးပေါ် မွှေးကို ချလိုက်သည်
"မွှေး မောင်လေ မောင့်မိသားစုကိုရော မွှေးကိုရော မခွဲနိုင်ဘူး ထားလည်း မထားခဲ့ချင်ဘူး ဒါပေမယ့် မောင် မသိလိုက်တဲ့ အဖြစ်အပျက်တခုအတွက်ကြောင့်လည်း ထောင်ထဲ မသွားချင်ဘူး အဲ့ဒါကြောင့် မောင် ပြေးနိုင်သမျှပြေးရင်း ဒီကို ရောက်လာတာ"
မွှေးဘေးမှာ ဝင်ထိုင်ရင်း john မွှေးကို ရှင်းပြနေလိုက်သည်
"အဲ့ဒီညက ဘာတွေဖြစ်ခဲ့တာလဲ မောင်"
မွှေး မေးခွန်းအဆုံးမှာ john သက်ပြင်းချလိုက်သည် သိပ်မှတ်မိတာပေါ့ တချိန်လုံး သူ အဲ့ဒီညက အဖြစ်အပျက်ကြောင့် စိတ်အေးချမ်းမှု မရနိုင်ဖြစ်ခဲ့တာ ဘယ်မေ့နိုင်ပါ့မလဲ
"အဲ့ဒီညက မောင်ရယ် မောင့်သူငယ်ချင်းနှစ်ယောက်ရယ် propaganda ကိုသွားခဲ့တယ်"
အတိတ်ကို နာကျင်မှုအပြည့်နဲ့ပြောနေသော မောင့်ပုံစံကို ငေးရင်း မောင် ပြောပြသော အတိတ်အရပ်ဆီ သူမ လွင့်မျောသွားသည်
လွန်ခဲ့သော အချိန်က......
John hotel & tour အတွက် သူငယ်ချင်းတွေနဲ့ အလုပ်များနေခဲ့သည် အလုပ်ပိနေသော သူငယ်ချင်းတွေကို စိတ်ပြေလက်ပျောက် ရစေရန်အတွက် သူ propaganda ဆိုသော club ကို အတူလာခဲ့ကြသည်
သူငယ်ချင်းတွေနဲ့ ရယ်မော သောက်စားရင်းက မင်းထက်ကို သူ လှမ်းတွေ့လိုက်သည် သောက်ထားသော အရက်ရှိန်နဲ့အတူ ဒေါသတို့က ဆူဝေလာသည်
သူငယ်ချင်းတွေကို ခဏ ပြောပြီးသူ မင်းမင်းရှိရာဘက် ဦးတည်လျှောက်လာခဲ့သည်
"မင်း ငါနဲ့ စကားခဏလောက် ပြောရအောင် အပြင်ထွက်ခဲ့စမ်းပါ"
ခပ်ရင့်ရင့် သူ့စကားကြောင့် မင်းမင်းက သူ့ကိုလှမ်းကြည့်သည်
"Hey bro ငါတို့ကြားမှာ ဘာအကန့်မှမရှိဘူးထင်တယ်နော်"
မင်းထက် မျက်မှောင်ကြုတ်ရင်း john ကို ပြန်တုန့်ပြန်လာသည်
"ဟုတ်ပါတယ်ကွာ ငါတို့ကြားမှာ အရေးတကြီး ပြောစရာရှိတယ် အဲ့ဒါ philip နဲ့ အရမ်းသက်ဆိုင်နေတယ် မင်းက ငါ့ကို မသိဘူးဆိုပေမယ့် philip နဲ့ ငါက အရင်းနှီးဆုံးသူတွေလေ "
John စကားကို မင်းထက် ဘယ်လိုသဘောပေါက်သွားသည်မသိ ချက်ချင်းဘဲ john ရဲ့ ပုခုံးပေါလက်တင်ပြီး အပြင်ဘက် မှောင်ရိပ်ကျသော နေရာကို ဆွဲခေါ်လာသည်
"မင်း ဘယ်သူလဲ ဘာလဲတော့မသိဘူး philip က ငါ့မိန်းမဘဲ ငါ့သမီးကိုမွေးထားတဲ့ ငါ့မိန်းမဘဲ ဘယ်လိုနည်းနဲ့မှ သူ့ကို ငါ့ဘေးနားကနေ ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ မှတ်ထား"
မင်းထက်ရဲ့ စကားတွေအဆုံးမှာ john အံကြိတ်မိသည်
"မင်းက ထွက်သွားခွင့်ပေးမှ သွားမယ့်လူမျိုးလို့ထင်နေတာလား မင်းကြည့်ထားလိုက်ပါ မင်းရဲ့ အနှောင်အဖွဲ့ကနေ ရအောင် ဆွဲထုတ်ပြမယ်"
John စကားအဆုံးမှာတော့ john ရဲ့ အင်္ကျီကော်လာစကို မင်းထက် ဆုပ်ကိုင်လိုက်သည်
"မင်း ဘာစကားပြောတာလဲ"
"မင်းကြားတဲ့အတိုင်းဘဲလေ"
Johnရဲ့ ခွန်းတုံ့ပြန်သံအဆုံးမှာဘဲ မင်းမင်းရဲ့လက်က လေထဲမြှောက်တက်သွားသည် မျက်နှာပေါ် လက်သီးတချက် ကျလာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း နောက်စိမှ ပူခနဲ ဖြစ်သွားကာ သူ့အတွက် မှောင်အတိ ကျသွားသည်
လေပူတချက် မှုတ်ထုတ်ရင်း စကားကို အဆုံးသတ်လိုက်သော မောင့်ကို ကြည့်ရင်း မွှေး ဝမ်းနည်မိသည် မောင့်လိုလူတော်တယောက်က ဘာမဟုတ်တဲ့ သံသယတခုကြောင့် အခုလို တောကြီးမျက်မည်းထဲမှာ သက်သက်မဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရတယ်
"မောင် ဘယ်လိုဆေးကုတတ်လဲ"
မွှေးရဲ့ မေးခွန်း ကြောင့် john ရယ်လိုက်သည်
"မောင် ကြက်ခြေနီသင်တန်းတတ်ဖူးတာရယ် ဆေးမြီးတိုစာအုပ်လေးတွေ ဖတ်ဖူးတာရယ်နဲ့ ဒီမှာ ဆရာဖြစ်နေတာ ပြောရမယ်ဆို အနူတောမှာ လူချောဖြစ်နေတာပေါ့"
ပြောင်စပ်စပ်နဲ့  ပြောနေသော မောင့်ကို ကြည့်ရင်း မွှေးရယ်လိုက်သည် အချိန်တွေ အခြေအနေတွေက မောင့်ကို မပြောင်းလဲစေခဲ့ပါလား အရင်ဘဲ ချစ်ဖို့ကောင်းနေတုန်းဘဲမောင်
###ကဲ မနက်ဖြန်မှ ဆက်ကြစို့###
ဘုန်းမြတ်
BẠN ĐANG ĐỌC
အဖြူရောင်မေတ္တာ
Lãng mạnနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်