"Philip ရေ ငါ့မှာ အသစ်အဆန်းတခုပါလာတယ်"
john စကားကြောင့် philip ဘေးကိုစောင်းကြည့်လိုက်တော့ johnက သူ့ကျောပိုးအိတ်ထဲက လက်ဖဝါး တဝက်လောက်သာ ရှိသည့် ပုလင်းသေးသေး လှလှလေးကို ပြသည်
"ဟာ အဲ့ဒါ vodka ဘဲ ဒီလောက်သေးသေးလေး ဘယ်က ဝယ်လာတာလဲ john"
"ဟင် မဝယ်ရဲပါဘူး ဒါ အကိုငယ်ခန်းထဲက ခိုးလာတာ သူရောင်စုံစုနေတယ်ထင်တယ် သူ့မှန်ဗီရိုမှာ အများကြီးဘဲ ငါသောက်ဖူးအောင်ခိုးလာတာ ပြီးရင် ရေဖြည့်ပြီး ပြန်ထည့်လိုက်မယ်"
"အေး မင်းအကြံကောင်းတယ် ငါတို့ ဘယ်လိုသောက်မလဲ မွှေးနဲ့ ဆုအိမ့်က သဘောမတူလောက်ဘူး"
"philip ရာ ဒီပုလင်းသေးသေးလေးကို ငါတို့ဘာသာ အိမ်သာသွားပြီးရောမယ် ငါ ဒီပုလင်း ယူခဲ့မယ် မင်းက အချိုရည်ဘူးယူခဲ့ ငါ့ကျောပိုးအိတ်ထဲမှာ လိမ္မော်ဘူးပါတယ် အဲ့ဘူးထဲထည့်ပြီး သောက်မယ် ရောပြီးသားဖြစ်ရော"
"ok john အကြံကောင်းတယ် သွားစို့"
နှစ်ယောက်သား ကျောင်းမတတ်ခင် အိမ်သာကို ပြေးလာခဲ့သည် john အိမ်သာထဲဝင်ပြီး အချိုရည် တချို့ကိုသွန်ပြီး vodka ပုလင်းသေးသေးလေးကို အကုန်လောင်းထည့်လိုက်သည် သူတို့နှစ်ယောက် အချိုရည်ဘူးကို သေချာယူလာခဲ့သည် နှစ်ယောက်လုံး ဝိုင်လောက်သာ ကြီးကြီးကျယ်ကျယ် သောက်ဖူးသူမို့် vodka သောက်ဖို့ကို အရမ်းစိတ်လှုပ်ရှားနေကြသည်
" john မင်းအရင်သောက်ကြည့်"
ခါးသက်သက် ရှတတ အရသာကို သူမခံစားနိုင်ပါ ပါးစပ်ထဲ မြန်မြန်လောင်းချပြီး မြိုချလိုက်သည် နှစ်ယောက်သား အရသာခံရမှန်းမသိ အမြည်းစားရမှန်းမသိဘဲ ရှူံ့တွတွနှင့် သောက်ရင်း ကုန်သွားသည်
"ရင်ပူလိုက်တာ ရေသောက်ရမယ်"
"ဝုန်း"
philip ပြောပြောဆိုဆိုနဲ့ ရေဘူးကို လှမ်းငုံ့အယူ ခုံပေါ်မှ ပြုတ်ကျသွားသည် john လည်း ပူပူထူထူ ဖြစ်နေသည်မို့ ဘာလုပ်ပေးရမှန်းမသိ philip ကလည်း ပြန်မထနိုင်ပါ
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်