တခါတလေကျ ဘုရားသခင်က ဆုတောင်းတွေကို မျက်ကွယ်ပြုတတ်သလား မသိပါ philip ဆုတောင်းတို့ မပြည့်ခဲ့ပါ မင်းထက် တချက်လေးဘဲ သတိလည်ပြီး အသက်ထွက်သွားသည်
"သွားပြီ မင်းမင်း မရတော့ဘူး john တော့ ဒုက္ခရောက်ပြီ"
Philip တုန်ရီစွာနဲ့ မင်းမင်းကို ဖုန်းဆက်လိုက်သည်
မင်းမင်းရဲ့ မင်သက်သွားသော မျက်နှာကိုကြည့်ပြီး မွှေး လန့်သွားသည်
"ဘာလဲတဲ့ မင်းမင်း ဘာဖြစ်တာလဲတဲ့ မောင့်ကို ဖမ်းမိပြီလားတဲ့"
မင်းမင်း လေးကန်စွာနဲ့ ခေါင်းခါယမ်းပြလိုက်သည်
"မင်းထက် ဆုံးသွားပြီတဲ့ john အတွက် ဘယ်လိုလုပ်ရမလဲ မသိဘူး"
သူတို့အတွက် john မသတ်လောက်ပါဘူးဆိုသော ခံယူချက်အတွက် တခုတည်းသော မျှော်လင့်ချက်ကတော့ ပျောက်ကွယ်သွားပါပြီ
"ငါတို့ မန္တလေး ဆင်းကြမယ် မောင်သတ်ခဲ့တယ်ဆိုတာ ငါလုံးဝ မယုံဘူး မန္တလေးသွားပြီး မောင့်အတွက် တရားမျှတမှုကို ငါကိုယ်တိုင် ရအောင်ရှာမယ်"
မနေ့ညက လဲပြိုနေခဲ့သော မွှေး နဲ့ အခု မွှေးနဲ့တခြားစီပါဘဲ john အတွက် တရားမျှတမှုကို ရှာဖွေရန်စိတ်အားထက်သန်နေသော မွှေးကတော့ ကြုံလာသမျှကို ရင်ဆိုင်ရန် အသင့်ရှိနေပုံရသည်
"နင့်အိမ်ကို ဘယ်လိုပြောမလဲ မွှေး"
မင်းမင်းစိတ်ပူစွာနဲ့ သူငယ်ချင်းအား မေးခွန်းထုတ်လိုက်သည်
"ရတယ် အဲ့ဒါကို စိတ်မပူပါနဲ့  ငါဖြေရှင်းလိုက်မယ် "
မွှေး အတ္တကြီးစွာနဲ့ဘဲ ဖြစ်ချင်တာကို လုပ်ဖို့ဆုံးဖြတ်လိုက်သည်
သူငယ်ချင်း နှစ်ယောက်သား မန္တလေးသွားပြီး philip နဲ့သွားတွေ့ကြသည် မွှေးရဲ့ စိတ်ဇောသန်နေမှုကို philip နဲ့ မင်းမင်း နှစ်ယောက်လုံး ဖျောင်းဖျ၍ မရခဲ့ပါ
"ငါတို့ဘယ်ကနေ စကြမလဲ"
မင်းမင်း ကားကို ကျူံးဘေးနား အသာရပ်ရင်းက မေးခွန်းထုတ်လိုက်သည်
"Philip နင်က မင်းထက်ဘေးမှာ တချိန်လုံး ရှိနေတာဘဲ သူက နင့်ကို ဘာမှမပြောခဲ့ဘူးလား"
မွှေးစကားကြောင့် philip သေချာပြန်စဉ်းစားလိုက်သည်
"နှင်း ....နှင်းမှုံ"
နာမည်တခုကို ရေရွတ်သံ သဲ့သဲ့ကို သူမှတ်မိလိုက်သည်
"သူ့ရည်းစားကို သတိရလို့ ယောင်တာဘဲလား ဘာလားတော့ မသိဘူး နှင်းမှုံဆိုတဲ့ နာမည်တော့ ကြားမိသလိုလိုဘဲ"
"ဟုတ်ပြီ philip အဲ့ဒီမှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို အဲ့ဒီမှာဘဲ ခြေရာပြန်ကောက်ရလိမ့်မယ် ဒီလိုလုပ်ကြမယ် philip မင်းက မင်းထက်သူငယ်ချင်းတွေနားကနေ နှင်းမှုံ ဆိုတဲ့နာမည်နဲ့ပက်သက်ပြီးစုံစမ်း ငါနဲ့မွှေးက Propaganda club ကိုသွားပြီး ခြေရာကောက်ကြည့်မယ်"
မင်းမင်းရဲ့ အကွက်ကျကျ စီစဉ်မှုကို philip ရော မွှေးပါ သဘောတူလိုက်သည် philip ကို သူ့ကားရှိရာ မန္တလေးဆေးရုံကြီးသို့ ပြန်ပို့ရသည်
"မွှေး နင်ကားထဲမှာ နေရင်နေခဲ့ပါလား"
club ထဲဝင်ရန်မှာ မွှေးအတွက် အတော်အစိမ်းသက်သက် ဖြစ်နေသည်မို့ မင်းမင်း မခေါ်ရက်ခဲ့ပါ
"ရတယ် ငါလိုက်ခဲ့မယ် "
သူငယ်ချင်းနှစ်ယောက် club ထဲ အတူတူဝင်ခဲ့ကြသည် မနေ့ညက လူသတ်မှုဖြစ်ခဲ့သည်ဟုပင်မထင်ရလောက်အောင်ပင် မီးရောင်များ တီးလုံးများနှင့် သက်ဝင်လှုပ်ရှားနေသည်
မင်းမင်း အရက်ကောင်တာမှာ ထိုင်ပြီး အရက်ခပ်ပျော့ပျော့ကို မှာလိုက်သည် မွှေးအတွက်ကတော့ ရေအေးအေးတခွက်သာ မှာပေးလိုက်သည်
ရေခွက်ကိုဆုပ်က်ုင်ရင်း မွှေးအတွေးများကို ဖြန့်ကျတ်နေမိသည် မောင်ရေ ဘယ်များရောက်နေလဲ ဆူညံနေသော နေရာမို့အတွေးတို့က ကြာရှည်မခံခဲ့ပါ ထ်ုအချိန်မှာဘဲ သူမ မောင့်စကားတွေက်ု ကြားယောင်မိလာသည်
"မွှေး မောင့်သူငယ်ချင်းတွေနဲ့ club ခဏသွားမယ်နော် ခဏလေးပါဘဲ ဘာမှ ရှူပ်ရှူပ်ယှက်ယှက် မဖြစ်ျစရဘူးလို့ မောင် အာမခံတယ်"
မွှေး သတိဝင်သွားသည် မောင့်သူငယ်ချင်းတွေ မောင့်သူငယ်ချင်းတွေနဲ့ သွားမယ်ဆိုတော့ ဟုတ်ပြီ သူတို့လည်း သိသင့်သလောက် သိနေမှာဘဲ
စားပွဲထိုးကို စကားပြောနေရာမှ လက်ကို ကိုင်လှုပ်လာသောကြောင့် မင်းမင်း မွှေးကို လှမ်းကြည့်လိုက်တော့ အပြင်ဘက်ထွက်ရန် အချက်ပြနေသည် မင်းမင်းလည်း ငွေရှင်းပြီး မြန်မြန်ထွက်ခဲ့သည် သူထင်လိုက်တာက မွှေး ဒီနေရာနဲ့ အသားမကျသောကြောင့်ထွက်သွားချင်စိတ် ဖြစ်ပေါ်လာသည်လို့
"မွှေး အာရုံနောက်သွားပြီလား"
မင်းမင်းအမေးကို မွှေး ခေါင်းယမ်းပြလိုက်သည်
"ငါတို့ မောင့်သူငယ်ချင်းတွေဆီ သွားရအောင် သူတို့လည်း သိနိုင်တာဘဲ"
နှစ်ယောက်သား hotel mandalay ရှိ john သူငယ်ချင်းတွေကို သွားတွေ့ကြသည်
John သူငယ်ချင်းတွေကလည်း သူတို့ကို စိတ်ပါလက်ပါ ပြောပြသည် သူတို့အနေနဲ့က နိုင်ငံခြားသားများ ဖြစ်နေတာကြောင့် တိုက်ရိုက် ဝင်ပါဖို့ခဲယဉ်းနေသည် မဟုတ်ပါလား သူတို့ပြောစရာတာပြောပြီး မနက်ဖြန် ရဲစခန်းသွားဖို့ ဆုံးဖြတ်ချက်ချလိုက်သည် အဲ့ဒီနောက် philip ကို ဖုန်းဆက်ပြီး သူငယ်ချင်းတတွေ philip တိုက်ခန်းမှာပြန်ဆုံကြသည်
"philip ဘာထူးလဲ အဲ့ဒီနာမည်က ဘယ်သူ့နာမည်လဲတဲ့"
မွှေး ကားပေါ်က ဆင်းဆင်းချင်းဘဲ philip ကို မေးခွန်းတွေ တရစပ် မေးလိုက်သည်
"ငါစုံစမ်းမိသလောက် အဲ့ဒါ မင်းထက်ရဲ့ exဘဲ မန္တလေးကတော့ မဟုတ်ဘူး တောင်မြို့က ပြတ်သွားပြီတဲ့ အဲ့ဒီနာမည်က ဒီကိစ္စနဲ့တော့ သျပ်သက်ဆိုင်မှာ မဟုတ်ဘူး"
"ဘာလို့လဲ"
"ငါတို့ပြန်ရင်း ကားပေါ်မှာ စကားပြောကြတာပေါ့ မွှေး အိမ်လည်း ပြန်ဦးမယ်မဟုတ်လား "
မင်းမင်းအမေးကို မဖြေသေးဘဲ philip အိမ်ပြန်ရန် ပြောလိုက်သည် မွှေးပုံစံက တအားပင်ပန်းတဲ့ပုံပေါက်နေသည် မဟုတ်လား
"အဲ့ဒီနင်းမှုံဆိုတဲ့ ကောင်မလေးက လွန်ခဲ့တဲ့ တစ်လလောက်က သေသွားပြီကွ"
Philip စကားကြောင့် သူတို့ အားလုံး တိတ်ဆိတ်သွားသည် ဘာများဆက်လုပ်ရပါ့မလဲ
"မွှေး ငါလိုက်ပို့ပေးမယ်လေ"
"ရတယ် ငါ မမဖွေးဆီ ဖုန်းဆက်လိုက်မယ် နင်လည်း နားချင်နေမှာဘဲ ပြန်တော့လေ"
တံခါးလာဖွင့်ပေးသော မမဖွေးကို သေချာစကားမပြောနိုင်ပါ လေးကန်နေသော ခြေအစုံနဲ့ သူမ အခန်းရှိရာသို့ တလှမ်းချင်း လှမ်းလာခဲ့သည် မောင့ကယ် လွမ်းလိုက်တာ သူမ မျက်နှာသစ်ရန် ရေချိုးခန်းထဲ ဝင်လိုက်သည် မှန်ကိုစိုက်ကြည့်ရင်းက မောင့်ပုံရိပ်တို့က မှန်ပေါ်မှာ ပေါ်လာသလို ခံစားရသည် သူမ ရေချိုးခန်းက ရေပန်းကို ဖွင့်လိုက်သည် မောင်က စိတ်ညစ်တဲ့အချိန်တိုင်း ရေနားမှာသာ နေတတ်သည် မဟုတ်လား ရေပန်းကကျလာသော ရေမှုန်ရေမွှားတို့ကို သူမ ခံစားထိတွေ့ရင်း သဘောကျလာသည် မောင် လာပွေ့ဖက်နေသလို ခံစားရသည် အားကိုးရှိသွားသော ကဘေးငယ်တယောက်လို မရည်ရွယ်ပါဘဲ မျက်ရည်တို့က တရစပ်ကျလာသည် မောင် မသတ်ခဲ့ဘူး မဟုတ်လား မောင်က စဉ်းစားဆင်ခြင်ဥာဏ် ရှိတဲ့သူပါ မောင် မသတ်ခဲ့မှဖြစ်မယ် သံတိုင်တွေခြားထားတဲ့ မောင့်ကို မွှေး မမြင်ချင်ဘူး မောင်ရယ်
"ဘာလို့ ဖြစ်ဖြစ်ချင်း ဖုန်းမဆက်လဲ"
ဆုအိမ့် philip အားငေါက်လိုက်သည်
"ကို တို့လည်း ပူထူနေတာနဲ့ မဆက်မိတာပါ ပြီးတော့ john အတွက် အမှန်တရားပေါ်လာအောင်လို့ပါ john က လူသတ်မယ့်လူမျိုးမှ မဟုတ်တာ"
ဆုအိမ် ခုတင်ပေါ်မှာ သတိလစ်နေသော မွှေးရဲ့ ဖြူဖျာ့နေသော မျက်နှာကို စိုက်ကြည့်ရင်း ဝမ်းနည်းမှုတို့က လှိုက်တက်လာသည် တရက်ထဲနဲ့ နင် တအားခံစားလိုက်တာလား မွှေးရယ်
မင်းမင်း စိတ်ပျက်လက်ပျက်နဲ့ လူနာခုတင်ပေါ် ထိုင်ချလိုက်သည်
"မင်းမင်း လူနာ ကုတင်ပေါ်"
ဆုအိမ့်ကို လက်ကာပြရင်း မင်းမင်း ဖုန်းကို ဆုအိမ့်မြင်အောင် ထောင်ပြလိုက်သည်
မျှော်လင့်ချက်တို့က ချက်ချင်းပင် ပြိုလဲသွားသည် သူမ လူနာကုတင်ပေါ် လက်ထောက်လိုက်သည် philip ကတော့ ကျောက်ရုပ်တရုပ်လိုပါဘဲ တောင့်ပြီး အသက်ရှူရပ်သလို ခံစားသွားရသည်
"မောင် မောင်"
တိုးညှင်းသောအသံနဲ့အတူ မျက်ရည်စတချို့က မျက်ဝန်းထောင့်မှ စီးကျလာသည် သူတို့အားလုံးရဲ့ အာရုံက မွှေးဆီ ရောက်သွားသည်
"မွှေး မွှေး သတိရပြီလား ကို သူနာပြုကို သွားပြောပါဦး မွှေး သတိရပြီလို့"
ဆုအိမ့် မျက်ရည်စတို့ကို သုတ်ရင်း မွှေး လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်
လက်ဖဝါးကို ဆုပ်ကိုင်လာသော အထိအတွေ့နဲ့အတူ မွှေး သတိတို့က ပစ္စုန်ပ္ပန် ကိုရောက်လာသည်
"မောင် မောင်ရော"
တရစပ်မေးလာသော မွှေးရဲ့မေးခွန်းတွေကို ဆုအိမ့် မကြားချင်ယောင်ဆောင်လိုက်သည်
"မွှေး သက်သာလား ဘယ်လိုနေသေးလဲ"
သူမအမေးကို မွှေးက ခေါင်းညိတ်ပြသည်
"မောင့်အတွက် သွားရဦးမယ်"
ထထိုင်ရန်ပြင်လိုက်သော မွှေးကို ဆုအိမ့် အသာဖိလိုက်သည်
"မသွားနဲ့ တော့မွှေး ရဲစခန်းက အကြောင်းကြားလာတယ် မင်းထက်ကို ထိုးခဲ့တဲ့ ဓားပေါ်က လက်ဗွေရာက john ရဲ့ လက်ဗွေရာတဲ့"
အခုလိုအခြေအနေရောက်မှ ဖုံးကွယ်ထားလည်း ဘာမှမထူးတော့တာကြောင့် မင်းမင်း အမှန်တိုင်းသာ ပြောလိုက်တော့သည်
မင်းမင်း ပြင်ဦးလွင်မြို့အဝင်က ကျောက်တောင်ဘုရားထိပ်မှ စစ်တက္ကသိုလ်ကြီးကို လှမ်းကြည့်နေမိသည် သူသက်ပြင်းကို ခပ်ဖွဖွချလိုက်သည်
နှစ်နှစ်ရှိခဲ့ပြီ အကုန်လုံးနဲ့ ဝေးကွာသွားတာ
မိသားစုနဲ့ ဝေးရာမှာ တာဝန်ထမ်းဆောင်ရသည်
ပြီးတော့ သူငယ်ချင်းတွေနဲ့ philipတို့မိသားစုရဲ့ ကြည်နူးဖို့ကောင်းတဲ့ မိသားစုပုံလေးတွေကို လိုင်းပေါ်မှာ မကြာမကြာ တွေ့ရသည် စကားလည်း မကြာခဏ ပြောဖြစ်ပေမယ့် အပြင်မှာ မတွေ့ဖြစ်ကြပါ
အရင်ကတည်းက အေးသော မွှေးအတွက် ကိစ္စတွေ ဖြစ်ပြီးနောက်မှာ ပို၍အေးစက်သွားသည် နွေကျောင်းပိတ်ရက်များတောင် စေတနာ့ဝန်ထမ်းလိုက်လုပ်နေတတ်သည် သင်္ကြန်ရက်များတွင်တောင်မှ အိမ်မှာ ရှိချင်မှရှိတတ်သည်
John ကတော့ ရုတ်တရက် ပျောက်သွားလိုက်တာ အခုထက်ထိတိုင်ပါဘဲ တကယ်ဆို မင်းပြန်လာသင့်ပြီ john မင်းကိုယ်တိုင် သတ်ခဲ့တာမှ မဟုတ်တာ
အခုတော့ ဒီစကားကို မင်းမင်း ရဲရဲဝံ့ဝံပြောနိုင်ပါပြီ လူသတ်တရားခံ ကိုယ်တိုင် အမှုဖြစ်ပွားပြီး တလလောက်နေတော့ ရဲစခန်းမှာ လာရောက်ဝန်ခံပြီး အဖမ်းခံသွားသည် မနှင်းမှုံဆိုသော မိန်းကလေးရဲ့ အကိုငယ်ပါ သူ့ညီမလေးအတွက် လက်စားချေခဲ့ခြင်း သက်သက်ပါ မိန်းကလေးတယောက်ရဲ့ဘဝကို ကစားခြင်းကြောင့် ပြစ်ဒဏ်ခံရခြင်းသာ ဖြစ်သည်
မင်းမင်း ရယ်လိုက်သည် သူငယ်ချင်းတွေကြားမှာ ကိစ္စတခုခု ဖြစ်ပြီဆို john မင်း ပျောက်သွားတတ်တာ အကျင့်များလားကွာ အထီးကျန်လိုက်တာ
အထီးကျန်သိမ်ငယ်မှုကို ခံစားရတာကြောင့် မင်းမင်း ဘုရားပေါ်ကဆင်းပြီး philip နဲ့ ဆုအိမ့်တို့ရှိရာ မြစ်ကမ်းဘေးက ရွာလေးဆီ ကားမောင်းလာခဲ့သည်
"ဝိုး ဆု ဘယ်သူလာလဲ ကြည့်ပါဦး"
သူ့ကားလေး ခြံရှေ့ရပ်လိုက်သည်နှင့် philip ရဲ့ အသံက ချက်ချင်းထွက်လာသည်
အသံနဲ့အတူကားနားရောက်လာသော philip ကို မင်းမင်း သဘောကျစွာ ရယ်လိုက်သည်
"မင်းမင်းရာ ဗိုလ်ကြီးဖြစ်မှ တအားဝနေတာ ဝိတ်လေးဘာလေးချပါဦး"
"အမလေး မချနိုင်ပါဘူး ဒီလိုဝအောင် အများကြီးစားထားရတာ"
ငယ်သူငယ်ချင်းနဲ့တွေ့တော့ ခံစားချက်တွေပါ နုပျိုသွားသည် အခုထိ ပျောက်ချက်သားကောင်းနေတဲ့ john အကြောင်းကို မပြောမိကြပေမယ့် တခါတရံမှသာ အဆက်အသွယ်လုပ်ပြီး အေးစက်နေတတ်တဲ့ မွှေးအကြောင်းကိုတော့ သူတို့ ပြောမိကြသည်
တကယ်ကို သာယာမှုအပြည့်နဲ့ အိမ်ကလေးပါဘဲ မေခင်ရယ် philip ရယ် ဆုအိမ့်ရယ် angelလေးရယ်နဲ့ ပြည့်စုံနေသော အေးချမ်းသော အိမ်ကလေးပါ
ဘေးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေသော သမီးရယ် ဇနီးရယ်ကိုကြည့်ပြီး philip ပြုံးလိုက်သည် ဒီလိုမျိုး အခြေအနေရောက်အောင် ဖန်တီးပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်မိသည် ဒါပေမယ့် john ကိုတော့ ပိုသတိရသည် ကလေးဆန်ပေမယ့် သူ့အတွက် သူတို့အတွက် အစစအရာရာ ပေးဆပ်တတ် သည်းခံတတ်သော သူငယ်ချင်းလေးမဟုတ်လား john မင်းပြန်လာသင့်ပြီ
CZYTASZ
အဖြူရောင်မေတ္တာ
Romansနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်