maybe not too typical. (Zawgyi&unicode)

36.2K 1.4K 5
                                    

( Zawgyi )

'ကဲ ကလေးတွေ မင်္ဂလာပါ'

' မင်္ဂလာပါ တီချယ် '

သမားရိုးကျနေ့စဉ်ဘဝရဲ့ ဆောင်ရွက်မှု တစ်ခုအစ
အခန်းထဲ ပြုံးပြုံးရွှင်ရွှင်နှင့် ဝင်လာသော ဆရာမကို တစ်ခန်းလုံး ညီညီညာညာ နှုတ်ဆက်လိုက်ကြသည်။

'လူလည်းစုံသလောက် ရှိရောပေါ့ ကဲ attendence ခေါ်မယ်နော် '
Sun yi han
Nei hui sang
... ... ...
အတန်းသား အကုန်လုံး စာအုပ်ထုတ်သူက ထုတ် စကားများသူကများ attendence ခေါ်နေသည်ကို ဂရုတစိုက်နားထောင်သူက နားထောင်နဲ့ စာသင်ခန်းလေးက အသက်ဝင်လှုပ်ရှားနေသည်။

' Wang yi - '

'ဒီမှာပါ ဆရာမ '

အခန်းတံခါးကို ကမန်းကတန်းဆွဲဖွင့်ဝင်ရင်း ပြောလိုက်သော သူ့အသံခပ်တိုးတိုးကို တစ်ခန်းလုံး တိတ်ဆိတ်သွားရင်း အာရုံစိုက်သွားကြသည်။

'yibo ရေ ထူးထူးဆန်းဆန်းဒီနေ့တော့ ကွက်တိရောက်တယ်ပေါ့ တော်တယ် သွား သွား '

ဆူညံသံ စကားပြောသံများက ခုနကအတိုင်းပဲ ကျွတ်ကျွတ်ညံ ထွက်လာပြန်သည်။

နှစ်စက္ကန့်လောက်သော အတန်းဖော်များဆီက အာရုံစိုက်မှုကြောင့် သူ ခေါင်းကိုပဲတွင်တွင်ငုံ့ထားမိသည်။
သူစီးနေကျ စက်ဘီးက အရေးထဲ ဒီနေ့မှ ဘီးပေါက်နေသေး။
အသည်းအသန် ပြေးလာသော သူ့ပုံစံဘယ်လိုဖြစ်နေမလဲမတွေးရဲပါ။

ခေါင်းတွင်တွင်ငုံ့ကာ သူထိုင်နေကျ နောက်ဆုံးတန်းဆီသို့ လျှောက်လာခဲ့သည်။
ထိုင်နေကျ သူ့နေရာလေးရောက်မှ အမောဖြေနိုင်တော့သည်။

' ကဲစာအုပ်ဖွင့် မနေ့က သင်တာ ဘယ်ထိရောက်ပီလဲ ... '

... ... ...

တဖြည်းဖြည်း ဆရာမစကားကို နားထောင်ရင်း စာအုပ်ကို ကြည့်နေရသော်လည်း သူ့အာရုံများက သေချာ မစူးစိုက်နိုင်ပါ။

နေ့စဉ် ညနက်ထိလုပ်ထားသော အချိန်ပိုင်းအလုပ်များက သူ့ကိုစိတ်ကော ကိုယ်ပါနွမ်းနယ်စေသည်။
သုံးလေးနာရီ တစ်ခါတစ်လေ မအိပ်ရသော ရက်ပေါင်းထပ်လာလျှင် ယခုကဲ့သို့ပင် သူ့မျက်စိများက သူ့ရဲ့စာသင်ချင်စိတ်ကို မနာခံပါ။
အလိုလိုမှေးစင်းရင်းကို ခေါင်းပါငိုက်စိုက်ကျသွားတော့သည်။

Heaven in your eyes (Completed)Where stories live. Discover now