Dusk till dawn

5.2K 625 16
                                    


(Zawgyi)

ရိပေါ် တုန်ရီနေတဲ့ လက်အစုံနဲ့ တံခါးကို ဖွင့်လိုက်တယ်။
ခရီးမိုင်ပေါင်းများစွာက ပြေးလာရသလိုမျိုး မောဟိုက်ဆို့နင့်နေပြီ။

သူ့ခေါင်းထဲမှာ အတွေးမျိုးစုံက မရပ်မတန့် ပြေးလွှားနေဆဲပဲ။
အရမ်းရှုပ်ထွေးပြီး ပင်ပန်းရလို့ အဆုံးသတ်ချင်နေပြီ။

ထမင်းစားခန်းလေးမှာ အစ်ကိုက ကြိုရောက်ပြီး တစ်စုံတစ်ယောက်ကို စောင့်နေသလို  ထိုင်နေတယ်။

အဆင်သင့်ပြင်ဆင်ထားတဲ့ ထမင်းပွဲလေးက သပ်သပ်ရပ်ရပ် အငွေ့တထောင်းထောင်းနဲ့။

သူ့ကို ကြည့်နေမဲ့ အစ်ကို့ရဲ့ မျက်ဝန်းတွေကို သူတကယ်ပဲ ရင်ဆိုင်ရဲသလား။

ခေါင်းကိုပဲ ငုံ့ချပြီး ဖြေးဖြေးချင်း လျှောက်သွားမိတယ်။

' ကလေး ပြန်လာပြီလား ? '

အသံထဲမှာကို နွေးထွေး ဂရုစိုက်မှု အပြည့် ခံစားနေရတာ။
အစ်ကို သူ့ကို ဘယ်လောက်ချစ်လဲ သူသိတာပေါ့။
ဘယ်တုန်းကမှလဲ အဲ့အချစ်ကို သံသယ မဝင်ခဲ့ဖူးဘူး။
ဒါပေမဲ့ …

ဒီကမ္ဘာပေါ်မှာ သူ့ရဲ့ မိသားစုအဖြစ် ခံယူထားတာ အစ်ကိုတစ်ယောက်တည်း။
ဒီလိုလူက တခြားသော အချစ်မျိုးနဲ့ သူ့ကို ချစ်တာဆိုရင် သူ့အတွက် မိသားစုဆိုတာ တစ်ယောက်မှ မကျန်တော့တာလား။

ဆတ်ခနဲ မော့လိုက်တာနဲ့ သူ့ကိုပဲ တောက်လျှောက် ကြည့်နေတဲ့ မျက်လုံး ရွှန်းမြမြနဲ့ အကြည့်ချင်း ဆုံတယ်။

ရုတ်တရက် အစ်ကိုက နည်းနည်းစိမ်းသွားသလို သူ့ဆီက ဝေးကွာသွားသလို ခံစားရတယ်။

' ကျွန်တော် … '

ဒီအခြေအနေက နည်းနည်းတော့ အဓိပ္ပာယ်မရှိလှဘူး အထူးသဖြင့် သူတို့နှစ်ယောက် အတွက်။

အစ်ကို့ကို သူက ကျွန်တော့်ကို မရိုးမသားချစ်နေတာလားလို့ မေးရမည်လား။
အစ်ကို့ဘက်က ကြည့်လျှင် မတရားသော မေးခွန်းပေမဲ့ သူ့ဘက်က ကြည့်ရင်တော့ အရာအားလုံး။

ဘယ်လိုပဲဖြေဖြေ အမှန်တရားကို မျက်ဝန်းတို့က တစ်ဆင့် မြင်နိုင်နေမည့် သူ့အဖြစ်ကို ကြောက်သထက် ကြောက်နေမိပြီ။

Heaven in your eyes (Completed)Where stories live. Discover now