my kind of heaven

6K 688 10
                                    

' ကဲ နောက်ဆုံးနှစ် မရောက်ခင် စာမေးပွဲလဲ မဖြေခင်လေး လေ့လာရေးခရီးသွားဖို့ စာရင်းကောက်ခိုင်းထားတာ အတန်းခေါင်းဆောင် ရပြီလား စာရင်းလေး ပြပါအုံး တီချယ့်ကို ? '

'ဟုတ်ကဲ့ '

' မလိုက်တဲ့လူတွေက
ဝမ်ဟန် ဝမ်ရိပေါ် ဒီနှစ်ယောက်ပဲလား ?
ဝမ်ဟန်က မိသားစုနဲ့ ခရီးလိုက်သွားဖို့ ခွင့် တင်ထားတယ် ဝမ်ရိပေါ်ကကော '

' သူက ပိုက်ဆံမရှိလို့တဲ့ တီချယ် '

' အော် '

အတန်းခေါင်းဆောင်ရဲ့ ပြန်ဖြေသံမှာ တစ်ခါတည်း ပါးစပ်ပိတ်သွားသော ဆရာမ။

သူ့ကိုလည်း ဘာမှ ထပ်မမေးပဲ တခြား လေ့လာရေးခရီးနဲ့ သက်ဆိုင်သောအရာများပဲ  ပြောနေကြသည်မို့
သူ့ကိစ္စပြီးပြီ ဟု သဘောထားလိုက်တာ တစ်ခါတည်း စားပွဲပေါ်မှောက်အိပ်နေလိုက်သည်။

ဒီကျောင်းတက်ကတည်းက တစ်နှစ်တစ်ခါ သွားနေကျ လေ့လာရေးခရီးကို သူတစ်ခါမှ မလိုက်ဖူးခဲ့။

အရင်က အစ်ကို ဘယ်လောက်ပဲ တိုက်တွန်းတွန်း သူနားမထောင်ခဲ့တာ အမြဲတမ်း စာလုပ်ဖို့ ဒီလို လူအစုအဝေးနဲ့ ခရီးသွားတတ်ဖို့။

ခရီးသွားဖို့ စကားစလိုက်တိုင်း အကြောင်းအမျိုးမျိုးနဲ့ ရှောင်ပြေးတတ်သော သူ့ကို အစ်ကိုကလည်း နောက်ထပ် မတွန်းတော့။

တကယ်တမ်း အစ်ကိုမပါဘဲ သူပဲ သာယာတဲ့နေရာတွေ သွားပြီး အပေါင်းအသင်းတွေနဲ့ ပျော်ပါးသုံးဖြုန်းနေရမှာလည်း ဘယ်လိုမှူစိတ်မကောင်းနိုင်ခဲ့ဘူး။

' နေပါအုံး တီချယ်ရေ ဝမ်ရိပေါ်က လိုက်မှာ
နောက် ကျွန်တော်တို့လဲ ပါတယ် လိုက်လို့ရတယ်မလား တီချယ် '

စပ်ဖြဲဖြဲ အသံကျယ်ကျယ်နဲ့ အခန်းထဲ ဝင်လာသော ကျန့်ကောနှင့် သူငယ်ချင်းများကြောင့် တစ်တန်းလုံး အသံများထွက်လာသည်။

' ရိပေါ်က ငွေရေးကြေးရေးကြောင့် '

' တီချယ်ကလည်း ကျွန်တော် စိုက်ပေးမှာပါဆို နောက်ထပ် အဆင်မပြေတဲ့သူ ရှိသေးလား ? '

အတန်းသားများဘက်ကို လှည့်မေးပေမယ့် အကုန်လုံးက ပြုံးကာရယ်ကာနှင့် မရှိပါဘူး စီနီယာ ဟု ညီညွတ်စွာ ဝိုင်းအော်ကြလေသည်။

Heaven in your eyes (Completed)Where stories live. Discover now