Do you wanna eat ramen at my place ? (Zawgyi&Unicode)

9.1K 989 14
                                    

တကယ်ကိုပဲ စီနီယာက မျက်နှာတည်နဲ့ ခပ်ပြတ်ပြတ်ပြောပြီး ရှေ့က ထွက်သွားသည်။

ထမင်းစားခန်းထိ ရောက်ဖို့ အခန်းမည်မျှကို ဖြတ်ကျော်ခဲ့ရသည်ကို သူ မှတ်မိနိုင်မည်ပင် မထင်။

ကြားထဲမှာ ဥယျာဉ်အသေးစားလေးတစ်ခုသဖွယ် ဖန်တီးထားပြီး ကျောက်သားတို့ဖြင့် ပြုလုပ်ထားသော စားပွဲကုလားထိုင်များ တစက်စက်ဖြင့် ငြိမ့်ငြိမ့်ညောင်းညောင်းကျနေသော ရေတံခွန်အတုလေးကို သူငေးမိနေပြီးမှ နောက်ဆုံး ထမင်းစားခန်းနားရောက်ပြီဟု သိလိုက်ရသည်။

မလှမ်းမကမ်းက ကြည့်လိုက်သည်နှင့် သူ
ူတစ်ခါတစ်လေ ကြည့်ဖူးသော ရုပ်ရှင်များထဲက သူဋ္ဌေးအိမ်များအတိုင်းပင် စားပွဲရှည်ကြီးနှင့်
ရုပ်ရှင်ထဲကလောက်ထိ မများသော်လည်း သူ့အနေနဲ့ တစ်ပတ်လောက်တောင် စားမကုန်နိုင်လောက်သည့် တန်ဖိုးကြီး စားဖွယ်ရာများ ပန်းကန်များ။

' သားလေးကို ကြိုဆိုပါတယ်ကွယ် '

စားပွဲထိပ်က ချိုသာသော စကားသံနှင့်အတူ အတော်လေးကို အရွယ်တင်လှပသော အမျိုးသမီးတစ်ဦး စီနီယာနှင့်လည်း အတော်လေးကို တူနေသောကြောင့် အမေဟု တန်းပြောနိုင်မည့်ရုပ်မျိုး။
ဘာစကားမှ မပြောပဲ သူ့ကိုပြုံးပြနေသည့် ဘေးက အမျိုးသားက စီနီယ့ာ အဖေနေမှာ။

နှစ်ယောက်စလုံး၏ သွင်ပြင်လက္ခဏာက အထက်တန်းဆန်ပြီး အရွယ်တင်နုပျိုလွန်းသည်။

သူ့အနေနဲ့ ဂုဏ်သရေရှိ လူကြီးများနှင့် ပြောဆိုဆက်ဆံဖူးသည့် အတွေ့ကြုံ မရှိသလောက် နည်းလွန်းသလို အန်ကယ် အန်တီလို့ပဲခေါ်ရမလား အဒေါ် ဦးလေးပဲခေါ်ရမလား ဝေခွဲမရ သူ့ပုံစံမှာ အူကြောင်ကြောင်နိုင်နေလောက်သည်။

' ဟုတ်ကဲ့ ကျွန်တော် ဟို … '

ဒီကောင်လေးကတော့ လုပ်ပြီ အ ထစ်အ ထစ်နဲ့
သူစကားများချင်ရင်တော့လည်း သွက်နေတာပဲ

သူ့အဖေအမေနှစ်ယောက်စလုံး မတ်တပ်ထရပ်ပြီး ရင်းနှီးဖော်ရွေမှကို ပြသည့်ပုံဖမ်းနေသော်လည်း xiao zhan ထိုင်ရာက မထဖြစ်ပဲ ကြည့်နေလိုက်သည်။

Heaven in your eyes (Completed)Where stories live. Discover now