Sincerely lovingly*

6.2K 704 46
                                    


Warning - a slightly mature content
အရမ်းမပြောပလောက်ပေမဲ့ *warning ပေးပါတယ်နော်

Zawgyi

သူမျက်လုံးကို ဖွင့်လိုက်ချိန်မှာ ပိန်းပိတ်မှောင်မိုက်နေသော အမှောင်ထု။
ကျင့်သားရနေသော မျက်လုံးက မီးခလုတ်ကို အလွယ်တကူရှာဖွေနိုင်သည်။

ဖွင့်လိုက်ရင်း သူခုတလော နေနေကျပုံစံအတိုင်း စာအုပ်တစ်အုပ်နဲ့ ဖုန်းစင်လေး ဘေးမှာ နေရာယူလိုက်သည်။

အစ်ကို့ကို ဖုန်းပြန်ဆက်လို့မရတော့ပေမဲ့ နောက်ထပ် ဆက်သွယ်မှုတစ်စုံတစ်ရာများ ရှိလာနိုင်မလား မသိသည်အတွက်ကြောင့် ညဘက်ဆို သူအမြဲတမ်း နိုးနိုးကြားကြားရှိနေအောင် ပြင်ဆင်သည်။ နေ့လည်ဘက်တော့ ရရင် ရသလို အိပ်သည်။

လူပေါင်းသောင်းခြောက်ထောင်၏ အမှုများ ရှုပ်ထွေးပွေလီနေသည့် ရဲစခန်းကလည်း အစ်ကို့ကိုရှာရန်တစ်ခုလေး အတွက်ကို အလုပ်ကောင်းကောင်းလုပ်ပုံ မပေါ်သလို နောက်ထပ် စီနီယာ့ကိုလည်း ဒုက္ခထပ်မပေးချင်တော့။

သူသာ မနက်အိပ် ညနိုးအကျင့်ဖြစ်သွားသည် သူ့စောင့်နေသော ဖုန်းကတော့ အရိပ်အယောင်လေးပင် ပေါ်မလာခဲ့။
မျှော်လင့်ချက်တို့လည်း တဖြေးဖြေး ပြန်လည် ဆုတ်ယုတ်လာပြီး နှလုံးသားက အနည်းငယ် အေးစက်လာသည်။
ဘဝမှာ မျှော်လင့်တာတွေ ဖြစ်မလာတိုင်း ဘယ်သူ့ကိုအပြစ်တင်ရမည်လည်း။

အနည်းဆုံးတော့ အစ်ကို ဘေးကင်းကင်းနဲ့ အသက်ရှင်တည်ရှိနေသည်ကို သိရ၍ သူ့စိတ်တစ်နေရာမှာတော့ အေးချမ်းမှု ရှိသည်။

ဒီလိုနဲ့ ကျောင်းခရီးသွားမည့် ရက် ရောက်လာခဲ့သည်။
ဒီအတောအတွင်း သူသေရင်တောင် ဖုန်းနားသေရင်း ဖုန်းသရဲဖြစ်ဖို့များနေသည်မို့
စိတ်ကို လျှော့ချလိုက်ပြီး ခရီးသွားဖို့ တစ်ထစ်ချ ရည်ရွယ်လိုက်ကာ အဝတ်အစားနည်းနည်းပါးပါးယူပြီး အိမ်က ထွက်လာသည်။

သူတို့ စီးနင်းလိုက်ပါမည့် ကားကြီးများ ရှိရာ စုရပ်သို့ရောက်တော့

' ဟေး ဝမ်ရိပေါ် တကယ်လာတာပဲ '
' အင်း '

' ဒါနဲ့ မင်း ဟိုလှည့်ဒီလှည့်နဲ့ ဘယ်သူ့ကိုရှာနေတာလည်း ? '

Heaven in your eyes (Completed)Unde poveștirile trăiesc. Descoperă acum