closer and closer (Zawgyi&Unicode)

7.1K 874 38
                                    

သူ တစ်ခုခုကို အစ်ကိုနဲ့ ဆွေးနွေးစကားပြောကြည့်ချင်ပေမဲ့ ယခု အနေအထားအရ သူလဲပင်ပန်းနေပြီး အစ်ကိုလည်း သိပ်ရွှင်လန်းပုံမရသည်မို့ နောက်မှပဲ ပြောရန်ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့မနက် သူ ကျောင်းမသွားခင် အစ်ကိုနှင့် အတူ မနက်စာပြင်ဆင်နေချိန် သူတို့တိုက်ခန်းရှေ့မှ ကြားရသော အဆက်မပြတ်ဘဲတီးသံ ။

' yibo ရေ ဘယ်သူလည်း မသိဘူး စောစောစီးစီး '

' ကျွန်တော် သွားကြည့်လိုက်မယ် '

သူကမန်းကတန်းထွက်ကြည့်လိုက်တော့ တံခါးဝမှာ စပ်ဖြီးဖြီးဖြင့် ရပ်နေသူက ကိုယ်တော်ချော သူ့ရဲ့ စီနီယာကြီးပဲ။ ဒီအချိန်က ကျောင်းသွားဖို့ အရမ်းစောလွန်းနေသေးပေမဲ့ တစ်ယောက်သောသူကတော့ ကျောင်းဝတ်စုံအပြည့်နဲ့ လန်းဆန်းတက်ကြွစွာ သူ့ကိုပြုံးပြနေခဲ့သည်။

' junior လေး ကျောင်းသွားကြမယ်လေ '

သူ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ အိမ်ထဲကို အတင်းတိုးတိုက်ဝင်ပြီး ဧည့်ခန်းထဲတွင် အခန့်သား နေရာယူလိုက်လေပြီ။

' ဝါး မနက်စာပြင်နေတာလား အနံ့က မွှေးနေတာပဲ '

မသိရင် သူနဲ့နှစ်ရှည်လများ ပေါင်းသင်းလာခဲ့ဖူးသလို တရင်းတနှီး လုပ်ပြနေသေးသည်။
စီနီယာ့မှာလည်း ဒီလိုမျက်နှာပြောင်တဲ့ အကျင့်လေး ရှိတာပဲ။ သူ ခေါင်းကိုပဲ ခါယမ်းမိပြီး ထိုပိုင်နိုင်လွန်းသူကြီးကို မေးလိုက်သည်။

' မနက်စာ စားအုံးမလား ကျွန်တော်က စားပြီးမှသွားမှာ '

' ဟင့်အင်း ရတယ် မင်းနဲ့မင်းအစ်ကိုပဲစားပါ ငါက မနက်ဆို americano တစ်ခွက်ဆို ရပြီ '

ဆိုဖာသေးသေးလေးပေါ်တွင် ခြေချင်းချိတ်ထိုင်ရင်း စားပွဲပေါ်က စာအုပ်ကို ကောက်ကိုင်ပြီး ပြောလိုက်သော စီနီယာကြောင့် wangyibo သူ့ကိုယ်သူ စားပွဲထိုးတစ်ယောက်လိုပင် ခံစားလိုက်ရသည်။

' မနက်စာစားပြီးတာနဲ့ အတူသွားမယ်နော် အောက်မှာ driver စောင့်နေတယ် '

စာအုပ်က အကြည့်ကိုမလွှဲဘဲ လှမ်းပြောသော စကားသံကြောင့် သူ ထမင်းစားခန်း ( မီးဖိုချောင်လည်း ဖြစ်သည် ) သို့ရောက်လုဆဲဆဲ ခြေလှမ်းများ ရပ်တန့်သွားရသည်။

Heaven in your eyes (Completed)Where stories live. Discover now