the first cloud was so pretty (Zawgyi&Unicode)

9.3K 979 7
                                    

' အစ်ကို '
'ကလေး '
လူနာခုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေသော အစ့်ကိုကို သူ ဝှီးချဲပေါ်ကနေ ဟန်မဆောင်နိုင်စွာ ထွေးပွေ့ချင်မိသည်။

တစ်ရက်တည်းမှာပင် နဂို ဖြူလျော့ပါးလျသော မျက်နှာက ပိုချောင်ကျသွားသလိုပင်။

' ဒဏ်ရာက ဘယ်လိုနေသေးလည်း ဟင် ပြောပါအုံး အရမ်းနာနေသေးလား ဘာ့ကြောင့်များ ဒီလောက်တောင် ကလေးကိုဓားနဲ့ ရက်ရက်စက်စက် ထိုးရက်ရတာလည်းကွာ'

သူ့မျက်နှာကို ဖြေးဖြေးချင်း ပွတ်သပ်ကိုင်တွယ်ရင်း မျက်ရည်တွေ တမံလိုကျိုးကျကာ အစ်ကိုက ဆိုသည်။
စိတ်သဘောထား နူးညံ့လွန်းသော အစ်ကို့ရဲ့သောကထုထည်ကို ခံစားမိသော သူ့ရင်ထဲမှာလည်း မချိမဆံ့။

သူ့အနာကို မတော်တဆ ထိမိမည်စိုး၍ မဝံ့မရဲ သတိထားနေသော အစ်ကို့ပုံစံလေးကို သူသနားလွန်းလှသည်။
ညက သူ့အကြောင်းကြားပြီး shock ရ၍ မူးလဲသွားပြီးနောက် ဆေးရုံရောက် သတိရလာချိန်တွင်လည်း သူက ခွဲခန်းထဲက မထွက်သေး

အစ်ကို ဘယ်လောက်တောင် တစ်ယောက်တည်း ဆောက်တည်ရာမရဖြစ်နေလိမ့်မလဲ

နှစ်ယောက်တည်း ရှိတဲ့ဘဝမှာ တစ်ယောက်က ဘယ်လို ဒဏ်ရာရနေမှန်းမသိ ပြေးသွားကြည့်ချင်ပေမဲ့ ကိုယ်ကိုယ်တိုင်က အမြင်အာရုံချို့တဲ့နေလျှင် သူများအကူအညီမှ မပါလျှင် ဘယ်လိုမှ အဆင်မပြေနိုင်သော ဘဝကို ဘယ်လို ခံစားရလိမ့်လေမလည်း ။

' ခု ကျွန်တော် ဘာမှမဖြစ်တော့ဘူး အစ်ကို
နော် အားလုံးကောင်းသွားပြီ ဓားထိတာလည်း ရှပ်ခနဲပါ အပေါ်ယံလေးပါ အစ်ကိုရဲ့ '

' ငါတို့ အစ်ကိုများ တန်းမူးလဲသွားတာနော် သတ္တိကောင်းလိုက်တာ '

ဒဏ်ရာကို ခဏမေ့ထားကာ အားနည်းသူ အစ်ကိုအတွက် စိတ်သက်သာရာ ရလိုရငြား စကားများပဲ သူရွေးပြောနေမိသည်။
သူစရောက်လာတည်းက သူ့လက်ကို ကိုင်ထားသည့် လက်က ခုထိမလွှတ်သေး။
နှစ်ယောက်သား ငိုရင်း ချော့ရင်းပင် အချိန်က ကုန်မှန်းမသိ ကုန်သွားသည်။
ဆေးရုံထမင်းကို သူက drip ချိတ်ထား၍ မလိုသော်လည်း အစ်ကို ဖြူဖျော့ဖျော့လေးကို ထမင်းမကုန်ကုန်အောင် ချော့ကျေွးရသေးသည်။

Heaven in your eyes (Completed)Where stories live. Discover now