Long night day dreams -2 *

6.2K 663 25
                                    


Zawgyi

တဖြေးဖြေး မျက်လုံးတွေ မှေးစင်း ပိတ်ကျသွားတဲ့သူက
သူ့နားကို ရောက်လာတဲ့ သူ တစ်ယောက် မဟုတ်ဘူး အချိန်ခဏလေးအတွင်းမှာ ထပ်ရောက်လာတဲ့ နောက်တစ်ယောက်ကိုပါ မသိနိုင်တော့ဘူး။

' ကလေးရယ် '

ကလေးလေးတစ်ယောက်လို သူ့လက်ပေါ်မှာ တစ်ခါတည်း အိပ်မောကျသွားတဲ့ ကောင်လေး။ ဒီမျက်နှာလေးကို သူဘယ်လောက်တောင် လွမ်းခဲ့ရတာလည်း။ မထိရက် မကိုင်ရက်လောက်အောင် မြတ်နိုးမိတဲ့  တစ်စက်မှ မပြောင်းလဲသွားတဲ့ ဒီမျက်နှာ အစိတ်အပိုင်းလေးတွေ သူ လက်ဖျားနဲ့ပဲ ဖွဖွ တို့ထိမိတယိ။

ဘာတွေများ သောက ရောက်စရာတွေ ရှိနေပြန်လို့လည်း
အနည်းငယ် ချောင်ကျနေတဲ့ ကလေးရဲ့ပါးပြင်ကျမျက်ရည်တွေနဲ့ စိုစွတ်လို့

မို့အစ်အစ်ဖြစ်နေတဲ့ မျက်လုံးလေးတွေကို
သူအနီးကပ်ကြည့်ခွင့်ရတဲ့ အချိန်မှာ သူ့မျက်လုံးတွေ မြင်နိုင်စွမ်း ရှိနေတာ ကံအကောင်းဆုံးပဲလို့ ခံစားမိတယ်။

ရင်းနှီးတဲ့ ကိုယ်ငွေ့မှာ အသားကျသလို အသက်ပုံမှန်ရှူနေတဲ့ ခန္ဓာကိုယ်ကို သူပွေ့ယူဖို့ ပြင်လိုက်တယ်။

ဘာကိစ္စတွေပဲ ရှိခဲ့ ရှိခဲ့ ခု သူပြန်ရောက်လာပြီ။
ဘယ်သူမှ ထပ်ပြီး ဆံခြည်တစ်မျှင်ကိုတောင် မထိနိုင်အောင် ကာကွယ်ပေးမှာ။

' ဝမ်ရိပေါ် … '

အသည်းအသန် ပြေးဝင်လာတဲ့ လူတစ်ယောက်က ကလပ်ရဲ့ အနေအထား နဲ့မလိုက်ဖက်စွာ အနောက်တိုင်းဝတ်စုံ ဖရိုဖရဲနဲ့။

မျက်နှာချင်းဆိုင်တာနဲ့ စူးရဲတဲ့အကြည့်ချင်းက တစ်ယောက်ကို တစ်ယောက် ထိုးဖောက်မတတ်။

' အော် ခင်ဗျား '

' ခင်ဗျား ပြန်ရောက်လာပြီပဲ မျက်စိတွေလည်း
ခု ကန်းမနေတော့ဘူးပေါ့ … '

' ဟုတ်တယ် အဲ့ဒါကြောင့် ရိပေါ်ကို မင်း ဆက်ဆံချင်သလို ဆက်ဆံလို့ မရတော့ဘူး
သူ့နားမှာ ငါရှိနေပြီ မင်းလို အပေါ်ယံဆန်တဲ့ လူနဲ့ဆက်ပြီး ပေါင်းသင်းခွင့် မပြုနိုင်တော့ဘူး '

မဲ့ပြုံးတစ်ချက်ပြုံးလိုက်တဲ့ပုံကို ဝမ်ဟန် စနိုးစနောင့်ဖြစ်စွာ ကြည့်နေမိတယ်။
ဒီကောင်လေးက ဘာတွေ ဒီလောက်ယုံကြည်မှု ရှိနေရတာလည်း ?

Heaven in your eyes (Completed)Where stories live. Discover now