ငါ့အမေ ရတနာကုန်သည်တွေနဲ့ ပွဲစားတွေကော ချိန်းထားတယ်ပြောတယ် အဲ့ဒါ စိတ်လိုက်ဖတ်ပေးပါလား
' ကျွန်တော့် မျက်လုံးကို အဲ့လို ငွေကြေး အကျိုးအမြတ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ အသုံးမချဘူး '
စစ်တုရင်ကစားကြည့်ရင်ကော ကောင်လေး မင်းစွမ်းရည်က အဲ့ဒါနဲ့ဆို အရမ်းနာမည်ကြီးသွားမှာ
'နာမည်မကြီးချင်ပါဘူး '
အားယိုး ကောင်လေးရာ
' ဟေးးးး ငါ့ကိုလိုက်ကြည့်နေတဲ့ကောင်မလေး အသစ်တိုးလာပြန်ပြီ သူငါ့ကို
တကယ်ကြိုက်တာမှ ဟုတ်ရဲ့လား ကြည့်ပေးပါအုံးးး '' ဟင် ဒီအဖွားရဲ့အကြည့်တွေက ဝမ်းနည်းနေသလိုပဲ ဘာလို့လဲ ကြည့်ပေး ကြည့်ပေးး '
' သူ့မြေးကို သတိရနေတာ သူ့မြေးသာ အသက်ရှင်နေရင် ကျွန်တော်တို့လိုပဲ ကျောင်းတက်ပြီး ပျော်ရွှင်နေမှာပဲလို့ တွေးနေတာ '
'အော် သနားလိုက်တာ ပန်းတွေအကုန်ဝယ်လိုက်မယ် အဲ့အဖွားဆီက ပြီးရင် မင်းယူသွားလိုက် '
' ဝမ်ရိပေါ် ကျောင်းအတူသွားမယ်ဆို '
' ဝမ်ရိပေါ် ငါ့ကို ဟိုတစ်ယောက်ကိုကြည့်ပေးစမ်းပါ '' ဂျူနီယာလေး ဟေး ' ရိပေါ်ရေ ' ဆရာကြီးဝမ် '
ဟုတ်တာကော မဟုတ်တာကော တတွတ်တွတ် ကြည့်ခိုင်းတတ်သည့် စီနီယာတစ်ယောက်ကိုတော့ သူ လက်ကော ခြေကော တစ်ကိုယ်လုံးလန်နေပြီ။
ကျောင်းမှာလည်း အမြဲလိုလိုတစ်ယောက်တည်း ရှိတတ်သည့် သူ့နား တပူးပူး တတွဲတွဲလိုက်ကပ်သည်။ စီနီယာ တကယ့်ကိုစကားများမှန်း သူ ခုမှသိတော့သည်။
အရင်ကတော့ မိုးနဲ့မြေလို အဆင့်အတန်းချင်း ကွာခြားသည့် သူတို့နှစ်ယောက် ပူးတွဲနေမှုကို အမျိုးမျိုး သူရှေ့တွင်ကော ကွယ်ရာမှာပါ အတင်းပြောကြသော်လည်း အချိန်နည်းနည်းကြာလာသည်နှင့်အမျှ သူတို့လဲ ငြီးငွေ့လာပုံပင်။
အများဆုံး သူတို့ထင်မြင်ယူဆလိုက်တာတော့ ကြင်နာသနားတတ်တဲ့ နတ်သားလေး xiao zhan က အပယ်ခံကောင်လေးတစ်ယောက်ကို သနားသဖြင့် ဂရုစိုက် ပေါင်းသင်းပေးနေပြန်ပြီပေါ့ လူတွေဘာပြောပြော စီနီယာကတော့ အပြုံးမပျက်ပဲ သူကျတော့ ပိုပြီး ခပ်တည်တည်ပဲ တူံ့ပြန်ဖြစ်သည်။
ESTÁS LEYENDO
Heaven in your eyes (Completed)
RomanceBL / Fanfiction ခင်ဗျားက အဖြူနဲ့အမည်းလို တစ်ချိန်တည်းမှာပဲ သိပ်ကို ကွာခြားနေတတ်တယ်။ မင်းငါ့ကို ခွဲခြားနိုင်ချိန်တိုင်းမှာတော့ အဖြူရောင်လေးပဲ ဖြစ်ချင်တယ်။ တခြား ဘာအရောင်မှမလွှမ်းတဲ့ အဖြူရောင် တိမ်တိုက်တွေကို မင်းချစ်တယ်လို့ ပြောဖူးတယ်မလား။ ကိုယ်အရမ်...