baby steps (Zawgyi&Unicode)

6.9K 807 23
                                    

တကယ်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် လူတစ်ယောက်အပေါ်မှာ ဒီလိုအခွင့်အရေးမယူသင့်ဘူးလေ။
ဒါပေမဲ့လည်း သံလိုက်တစ်ခုလို ဆွဲငင်နေသော အိစက်ညက်ညောသော အထိအတွေ့လေးတစ်ခုကနေ သူ နည်းနည်းလေးမှ မစွန့်ခွာချင်သေး။

တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံက ပို၍ ပြင်းထန်လာသည်ကိုလည်း သူနဲ့မဆိုင်သလို မသိချင်ယောင်ဆောင်နေရသေးသည်။ ဒီအခိုက်အတန့်လေးမှာပဲ အချိန်တွေ ရပ်တန့်သွားရင် ဘယ်လောက်ကောင်းမလည်း?

အနီးကပ်မြင်နေရသော မျက်တောင်ရှည်တွေကို တစ်ပင်ချင်းရေကြည့်ချင်သေးသည်။ နှာခေါင်းထိပ် လုံးလုံးလေးကိုလည်း ဆွဲပြီးကိုက်ထားချင်လာသည်။ အိပ်ပျော်နိုင်သူကြီးကတော့ ဒီဒုက္ခသည်ကို လုံးဝမသိကျိုးကျွန်ပြုထားပြီး အေးချမ်းတည်ငြိမ်လျက်။

ရုတ်တရက် အနီးကပ်ဆုံးရှိနေသည်မို့ အသေးဆုံးလှုပ်ရှားမှုလေးတစ်ခုကို သူသတိထားမိသည်နှင့် ချက်ချင်း အနားက ခွာလိုက်ရသည်။ သူနှောင့်ယှက်တာများ လွန်သွားပြီလား ?

စားပွဲမှာ မြန်မြန်ဝင်ထိုင်လိုက်ပေမဲ့ တရှိန်းရှိန်းအပူတက်နေသလို ခံစားချက်ကြီးက မပျောက်သွားသေးဘူး ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ပထမဆုံးအနမ်းက သူပထမဆုံးစိတ်လှုပ်ရှားမိသူ တစ်ယောက်နဲ့ ဖြစ်တာမို့ နည်းနည်းတော့ ကျေနပ်မိသည်။

ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်သွားပေမဲ့ မျက်လုံးတွေက ခုမှပွင့်လာတာမို့ သူမသိနိုင်ပါဘူး
ဝမ်ရိပေါ် သူ့ကိုယ်သူ အားပေးရင်းပဲ ရင်ခုန်သံကိုချော့သိပ်နေလိုက်တယ်။

' ငါ အိပ်ပျော်တာ ကြာသွားလား ဘယ်နှနာရီရှိပြီလည်း အိမ်မက်က ကောင်းနေတာကွာ '

နိုးလာတာနဲ့စကားများတော့တဲ့ တစ်ယောက်ကြောင့် သူသက်ပြင်းကိုပဲ ချလိုက်မိတော့တယ်။ ဒီလိုခဏခဏ သူ့စိတ်မထိန်းနိုင်ရင် ဘယ်လိုလုပ်မလည်း ?

'ဟိုကောင်မလေးနဲ့ မဒိတ်တော့ဘူးလား ?'

စာရေးချင်ယောင်ဆောင်ရင်း မေးကြည့်ရသည်။

' အင်း ဒိတ်မှာလေ သူက ငယ်ငယ်တုန်းကနဲ့ မတူတော့ဘူး အရမ်းပွင့်လင်းပြီး ပြောင်းလဲသွားတာ တခြားတစ်ယောက်လိုပဲ ငါ မနည်း မှီအောင်လိုက်နေရတယ် '

Heaven in your eyes (Completed)Where stories live. Discover now