i can see your thoughts (Zawgyi&Unicode)

13.3K 1K 5
                                    

အရိုက်ခံနေကျ နေရာဖြစ်လည်း ထပ်အရိုက်ခံရရင် ပိုနာတုန်းပဲတဲ့

သူ့အတွက်တော့ နေ့တိုင်း လူတွေနဲ့တွေ့ဆုံဆက်ဆံရတာ ပင်ပန်းလွန်းလှတယ်။
လူတိုင်းနီးပါးရဲ့မျက်နှာဟာ အတွင်းစိတ်ကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတစ်ခုလိုပဲ။
တစ်ထပ်တည်းကျနေချိန်လဲ ရှိသလို အမည်းကို အဖြူနဲ့အုပ်ထားတဲ့ အခိုက်အတန့်တွေကော။

' အစ်ကို ကျွန်တော် ပြန်ရောက်ပြီ '
' yibo လေး ပင်ပန်းနေမှာပဲ နားအုံး'

အခန်းထောင့်က ခုတင်မှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ အစ်ကို့ကို မြင်ရတာ သူ့စိတ်ကိုအေးချမ်းစေတယ်။
ကျောပိုးအိတ်ကို အသာချွတ်ရင်း အစ်ကို့ ခြေရင်းမှာ ထိုင်ချလိုက်တော့ သူရှိရာဘက်ကို လက်ကိုဆန့်တန်းလာတဲ့ အစ်ကိုရဲ့လက်သွယ်သွယ်လေးတွေ သူ အသာလေးကိုင်ပြီး သူ့ဆံပင်တွေပေါ် တင်ပေးလိုက်တယ်။
အစ်ကိုက သူ့ဆံပင်တွေကို ပွတ်သပ်ရတာ သဘောကျတယ်တဲ့။
နူးညံ့ပြီး ခွေးပေါက်စလေးအမွှေးလိုပဲလို့တောင် ပြောဖူးတယ် ခွေးတွေကို သူသဘောမကျပေမယ့် အစ်ကိုက သဘောကျပုံရလို့ သူပြိုင်မပြောခဲ့ဘူး

ဒီလို ငြိမ်ငြိမ်လေးထိုင်နေရင် တစ်လောကလုံးမှာ အစ်ကိုနဲ့သူ နှစ်ယောက်တည်း အရမ်းငြိမ်းချမ်းတယ်လို့ ခံစားရတယ် သူမြင်ခဲ့ရတဲ့ အတွေးတွေ မကောင်းတာမှန်သမျှက ခဏသူနဲ့ ကင်းကွာသွားသလိုပဲ

' ဘာတွေ ဒီလောက်တောင် စဉ်းစားနေတာလဲ ဒီနေ့ဘာဖြစ်ခဲ့လို့လဲ '

အစ်ကို့ရဲ့ အာရုံကတော့ တကယ့်ကို အံ့မခန်းပါပဲ။ဒါမှမဟုတ် နှလုံးသားချင်းနီးတော့ ခံစားချက်ချင်းလဲ နီးကပ်နေတာများလား

'ဘာမှမဟုတ်ပါဘူး အစ်ကို ကျွန်တော် ရေသွားချိုးတော့မယ် ပြီးရင် ညစာပြင်ပေးမယ်နော် '

ရေဖွင့်ချလိုက်ပြီး ရေပန်းအောက်မှာ ရပ်နေပေမယ့် သူ့အတွေးတွေက ကျလာတဲ့ရေတွေလို ပြန့်ကြဲလွင့်စင်နေတယ်။

သူ့ကိုမွေးတဲ့မိဘတွေဆိုတာကိုလည်း သူမြင်ခွင့်တောင် မရခဲ့ဘူး
လောကကြီးထဲရောက်လာပြီး ပထမဆုံး သိရခဲ့တဲ့မျက်နှာက သူတို့မိဘမဲ့ဂေဟာမှူး
မျက်လုံးတွေက တစ်ဆင့် လူ့စိတ်ကိုမြင်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူ့အသက်သုံးလေးနှစ်ပေါ့

Heaven in your eyes (Completed)Where stories live. Discover now