the darkest day has come. (Zawgyi&Unicode)

6.9K 741 33
                                    

ဒါမျိုးကျတော့ အသံလေးက တကယ်ကို ကြောက်နေသည့်ပုံစံ နူးနူးညံ့ညံ့လေးမို့ xiaozhan ပြုံးမိသွားသည်။

' ခုနက ရန်ဖြစ်တော့ တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူးလား အဖော်ပါလို့လား '

' … '
ဘာစကားမှမဆိုနိုင်ပဲ သူ့ကိုမျက်လုံးပြူးပြီး အံကြိတ်ပြနေသော ဒေါသအိုး !

' ငါ့အခန်းထဲကို ခဏလိုက်ခဲ့ အဝတ်အစားတွေပေးမယ် ပြီးရင်တော့ guest room မှာပဲ အိပ်ရမယ် ရန်ဖြစ်လို့ ပြစ်ဒဏ်ပေးတာ '

ညစ်ကျယ်ကျယ် ပြုံးစိစိနဲ့ပြောသောပုံစံက သူ့ရဲ့စီနီယာ တကယ့်ပုံစံအမှန်။
အမြဲတမ်းတော့ သူ့ကိုလိုက်လျော ဂရုစိုက်ပေမဲ့ အမှတ်မထင် ဤကဲ့သို့လည်း ထထဖောက်သေးသည်။

သူ့တစ်ကိုယ်လုံးက တကယ်ပဲ ညစ်ပတ်ပေပွနေသည်မို့ စီနီယာငှားပေးသည့် အကျီတစ်စုံကို လဲဝတ်လိုက်ရသည်။
ရနေကျ ကိုယ်သင်းရနံ့သင်းသင်းကြောင့် အကျီလဲဝတ်နေရင်း ရင်ခုန်ရသေးသည်။ စီနီယာနှင့် သူက ကိုယ်လုံးကိုယ်ထည် သိပ်မကွာပေမဲ့ ခြေတံအနည်းငယ်ပိုရှည်သော စီနီယာကြောင့် ညဝတ်ဘောင်းဘီရှည်က အနည်းငယ်ပုံကျချင်နေသည်။

' ကဲ လူဆိုးလေး အိပ်လို့ရပြီ '

' ကျွန်တော် လူဆိုးမဟုတ်ဘူး '

' ဟားဟား သိပါတယ်ကွာ မံမီကောင် ! '

စကားပြောလိုက်တိုင်းလည်း အနိုင်ယူချင်စိတ်မရှိခဲ့သော သူက အမြဲတမ်း အရှုံးပေးရသည်သာ ။ စနေနောက်နေရရင် စိတ်ချမ်းသာနေသူမို့ သဘောရှိစခွင့်ပေးထားမည်။

တိတ်ဆိတ်သော အခန်းကျယ်ကြီးသို့ သူ့ကို လိုက်ပို့ပေးသည်။
တကယ်တမ်း တစ်ယောက်တည်း အိပ်ရတော့မည်ဟု စဉ်းစားလိုက်တော့ သူဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ။ အခန်းကို ဝေ့ဝိုက် ကြည့်လိုက်တော့ ကုတင်ခြေရင်းတွင် အရင်ဆုံး tv ကိုတွေ့တာမို့ သူ remote မြန်မြန်ယူကာ ဖွင့်လိုက်သည်။

' မအိပ်သေးပဲ tv ကြည့်မလို့လား ဒီလောက်ပင်ပန်းထားတာကို '

' … ' သူဘာမှပြန်မပြောပဲ ရှေးခေတ်က drama များဆက်တိုက်လာနေသော လိုင်းတစ်လိုင်းကို ရွေးချယ်ပြီး အသံကို ခပ်တိုးတိုးလုပ်လိုက်သည်။
ပြီးမှ အိပ်ရာပေါ် တက်သွားလိုက်ပြီး စောင်ဖြင့် တစ်ကိုယ်လုံး ခြေဖျားအထိ လုံအောင် ဖုံးအုပ်ထားလိုက်သည်။ သူလုပ်သမျှကို လက်နှစ်ဖက်နောက်ပစ်ပြီး လိုက်ကြည့်နေသော စီနီယာ။

Heaven in your eyes (Completed)Where stories live. Discover now