night that stars fall (Zawgyi&Unicode)

6.2K 769 41
                                    


Zawgyi

ရိပေါ် တိမ်တွေကို အကြောင်းမဲ့ငေးကြည့်နေမိတယ်။
တိမ်တွေက ဘာကြောင့် အချိန်တိုင်း ပြောင်းလဲနေရတာလည်း ဘာတွေပြောင်းလဲသွားသွား သူ့ဖြစ်တည်မှုလေးတိုင်းပဲ တစ်နေရာမှာပဲ အမြစ်တွယ်ပြီး ကျန်နေတဲ့ တိမ်စိုင်လေးတစ်ခုကော ရှိမနေနိုင်ဘူးလား။

သူအမြဲလာနေကျ ကျောင်းခေါင်မိုးထပ်လေးက တိတ်ဆိတ်လို့နေတယ်။
ကျောင်းလာတော့လည်း ဘာထူးလဲ
သူတွေ့ချင်တဲ့လူရဲ့ မျက်နှာထက် တိမ်တွေကိုပဲ ထိုင်ကြည့်နေရတယ်။

သူ့ဘဝတစ်လျှောက်လုံးမှာ ဘယ်တော့မှ လူတစ်ယောက်ကို အကြောင်းမဲ့ မမုန်းတီးဖူးဘူး။
ဒါပေမဲ့ yueyue ဆိုတဲ့ကောင်မလေး အမေရိကမှာ အေးဆေးကျောင်းမတက်ဘူး
ကျောင်းပိတ်တိုင်း ခဏခဏ ပြန်လာတယ်။
သူ့ဘာသူ ဘာပဲဖြစ်ဖြစ်ပါ
ူစိတ်မဝင်စားပေမယ့် ပြန်လာတိုင်း ကျန့်ကောနဲ့ ဒိတ်ကြတာမျိုးကျတော့ သူဘယ်လိုစိတ်မျိုးနဲ့ သည်းခံပေးရမလဲ။

အဲ့ကောင်မလေးနဲ့ ပတ်သတ်လာရင် ကျန့်ကောကိုကြည့်လိုက်တိုင်း မျက်ဝန်းကျယ်ထဲမှာ နှစ်မျိုးသော ခံစားချက်။
အားနာမှုနဲ့ သံယောဇဉ်။
အဲ့ကောင်မလေးကို လုံးဝမကြိုက်သေးမှန်း သူပထမဆုံးသိခွင့်ရလိုက်တုန်းက ပျော်လွန်းလို့ ရူးမတတ်ပဲ။
ခက်တာက ချစ်တာ သဘောကျတာထက် ပိုဆိုးပြီး ဒစ်လည်နေတဲ့ နှောင်ဖွဲ့မှုတွေ။

ကျန့်ကောကို အရူးအမူးသဘောကျနေတဲ့ မိန်းမချောလေးကို ကျန့်ကောက အရမ်းအားနာနေတယ်။
ပိုဆိုးတာ ငယ်သံယောဇဉ်
ငယ်ငယ်တည်းက ခြံချင်းကပ် တူတူဆော့ကစားခဲ့ကြတဲ့ ညီမငယ်လေး ဒီထက်ပိုပြီး ဘယ်လို ခံစားချက်မှ မရှိတာ နှစ်ယောက် ဆုံမိကြတိုင်း ခံစားမိတဲ့အရာပဲ။

ဒါပေမဲ့ အမေရိကက ပြန်လာတိုင်း သူ့ကိုအရင်ဆုံး လာရှာတတ်တဲ့
အပြစ်ကင်းစင်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို
ဘယ်လိုနည်းနဲ့မှ ပစ်ပစ်ခါခါမပြောရက်နိုင်ဘူး

ကျန့်ကောက ဘယ်လိုပဲ အတွင်းစိတ်နဲ့ အပြင်က အပြုံးနဲ့ကွာနေနေ အဲ့အားနာတတ်တဲ့ အကျင့်လေး မပျောက်သရွေ့ မမြင်ရတဲ့ကြိုးတွေနဲ့ အချည်ခံနေရအုံးမှာပဲ။

Heaven in your eyes (Completed)Where stories live. Discover now